ကျောက်ဖြူ SEZ ၏ တည်ဆောက်ရေးလုပ်ငန်းများ လာမည့်နှစ်ပိုင်းအတွင်း စတင်နိုင်ဖွယ်ရှိ

 1163

ယွန်း (NP News) - မတ် ၅

ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ ၏ လုပ်ငန်းများကို ပုံမှန်အတိုင်းဆောင်ရွက်လျက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းများ လာမည့်နှစ်ပိုင်းအတွင်း စတင်နိုင်ဖွယ်ရှိကြောင်း အဆိုပါ SEZ နှင့် ပတ်သက်၍သိရှိသူ ကျောက်ဖြူဒေသခံတစ်ဦးက NP News သို့ ပြောကြားသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ နှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက် ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းလီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူ စာချုပ် (Concession Agreement ) ကို (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာ (၅) ရက်တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ Concession Agreement ၏ နောက်ဆက်တွဲစာချုပ်(Addendum)ကို ပြီးခဲ့သည့် (၂၀ ၂၃) ခုနှစ် ဒီဇင်ဘာ (၂၆)ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး Long Stop Date ကာလကို (၁၈)လ သက်တမ်း တိုးပေးခဲ့ကြောင်း သိရသည်။ Long Stop Date သက်တမ်းတိုးမြှင့်ထားသည့် ကာလသည် လာမည့်ဇွန်လတွင် ပြည့်မြောက်မည်ဖြစ်ပြီး အဆိုပါသက်တမ်းမပြည့်မြောက်မီ လုပ်ငန်းများ ပြီးပြတ်အောင်ဆောင်ရွက်နိုင်ရန် ရည်မှန်း ချက်ထားဆောင်ရွက်လျက်ရှိသည့်အတွက် သတ်မှတ်ရက် မရောက်မီ လုပ်ငန်းများကို ပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကျောက်ဖြူ SEZ တည်ဆောက်ရေးအတွက် ကြိုတင်ဆန်းစစ်မှုများကို ပုံမှန်အတိုင်း ဆောင်ရွက်နေပြီး အရှိန်အဟုန်ကောင်းကောင်းဖြင့် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေ ကြောင်း သိရသည်။ “ဒါနဲ့ပတ်သက်ပြီးတော့ အရှိန်အဟုန် ကောင်းကောင်းနဲ့ အကောင်အထည်ဖော်နိုင် ဖို့ရှိတယ်။ စီမံကိန်းရပ်တန့်တာမျိုးတော့မရှိပါဘူး။ တည်ဆောက် ရေးလုပ်ငန်းတွေက မကြာမီနှစ်ပိုင်းအတွင်းမှာ ပေါ်လာပါမယ်။ နောက်ထပ် (၂) နှစ်၊ (၃) နှစ်အတွင်းမှာ ပေါ်ပေါက်လာနိုင်ပါတယ်။ လက်ရှိ မှာက ကြိုတင် ဆန်းစစ်တာတွေလုပ်ရသေးတယ်။ ပြင်ဆင်ရတာတွေ ရှိတယ်။ စီမံကိန်းတိုင်းရဲ့ လုပ်ငန်း အတိုင်း ကြိုတင်ပြင်ဆင်နေတာတွေတော့ရှိတယ်” ဟု အထက်ပါ ကျောက်ဖြူဒေသခံက ဆိုသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ရေးအတွက် အ စုရှယ်ယာရှင်များနှင့်သက်ဆိုင်သော သဘောတူစာချုပ်(Share-holders’ Agreement)တွင် ဖော်ပြထား သည့်အတိုင်း မြန်မာ- တရုတ်နှစ်ဖက်အနေဖြင့် စီမံကိန်းမစတင်မီ ကြိုတင်ဖြည့်ဆည်း ဆောင်ရွက်ရမည့် စာချုပ်ပါအချက်(၁၆)ချက်အနက် မြန်မာဘက်က ဆောင်ရွက်ရမည့်အချက်(၁၀)ချက်၊ မြန်မာ- တရုတ် ပူးပေါင်းဆောင်ရွက်ရမည့်အချက်(၄)ချက် စသည်ဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အဲဒီဘက်ကလုံခြုံရေးကတော့ တပ်ဘက် ကနေ ကောင်းကောင်းမွန်မွန်နဲ့ လုံခြုံရေးယူပေးနိုင် တယ်လို့ ယေဘုယျအားဖြင့် ပြောလို့ရတယ်။ ဘာဖြစ် လို့လဲဆိုရင် အရင်လိုနယ်မြေကကျယ်ပြန့်တာ မ ဟုတ်ဘဲနဲ့ မြို့တွေကလည်း သိပ်မကျန်တော့ဘူးဆိုတော့လေ။ ပိုပြီးတော့ အသေးစိတ်ယူနိုင်တဲ့ အနေ အထားရှိတာပေါ့။ လူတွေကသာ SEZ နဲ့ပတ်သက်ပြီး ထင်ချင်တာ ထင်နေကြတာ။ အခုက တရုတ်ရော မြန်မာရောက သူတို့လုပ်ရမယ့်ဟာတွေ သူတို့ဘာ သူတို့ တောက်လျှောက်လုပ်နေကြတာ။ ရပ်နားသွား တာတွေမရှိဘူး။ မြန်မာဘက်ကလည်း မြန်မာလုပ်ရမှာလုပ်တယ်၊ တရုတ်ကလည်း တရုတ်လုပ်ရမယ့် ဟာ တရုတ်လုပ်တယ်။ တည်ဆောက်ရေးလုပ်ငန်းတွေ ကတော့ မကြာမီနှစ်ပိုင်းအတွင်းမှာ ဖြစ်လာနိုင်ပါ တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် AA အဖွဲ့အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို နှောင့်ယှက်မည်မဟုတ်ကြောင်း နှင့် ကူညီကာကွယ်ပေးမည်ဟု ကြေညာထားခြင်းကြောင့် ကျောက်ဖြူမြို့ခံများအနေဖြင့် ကျောက်ဖြူမြို့ ၌ စစ်ဖြစ်လာနိုင်မည်မဟုတ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

zawgyi version
ေက်ာက္ျဖဴ SEZ ၏ တည္ေဆာက္ေရးလုပ္ငန္းမ်ား လာမည့္ႏွစ္ပိုင္းအတြင္း စတင္ႏိုင္ဖြယ္ရွိ
ယြန္း (NP News) - မတ္ ၅

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ SEZ ၏ လုပ္ငန္းမ်ားကို ပုံမွန္အတိုင္းေဆာင္႐ြက္လ်က္ရွိၿပီး တည္ေဆာက္ေရးလုပ္ငန္းမ်ား လာမည့္ႏွစ္ပိုင္းအတြင္း စတင္ႏိုင္ဖြယ္ရွိေၾကာင္း အဆိုပါ SEZ ႏွင့္ ပတ္သက္၍သိရွိသူ ေက်ာက္ျဖဴေဒသခံတစ္ဦးက NP News သို႔ ေျပာၾကားသည္။

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ေရနက္ဆိပ္ကမ္း စီမံကိန္းအေကာင္အထည္ေဖာ္ေရးအတြက္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္စီမံခန႔္ခြဲမႈေကာ္မတီ ႏွင့္ တ႐ုတ္ႏိုင္ငံ CITIC Group ျဖစ္သည့္ ေက်ာက္ ျဖဴအထူးစီးပြားေရးဇုန္ ေရနက္ဆိပ္ကမ္းလီမိတက္တို႔အၾကား လုပ္ငန္းလုပ္ကိုင္ခြင့္သေဘာတူ စာခ်ဳပ္ (Concession Agreement ) ကို (၂၀၂၀) ျပည့္ႏွစ္၊ ႏိုဝင္ဘာ (၅) ရက္တြင္ ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္သည္။

အဆိုပါ Concession Agreement ၏ ေနာက္ဆက္တြဲစာခ်ဳပ္(Addendum)ကို ၿပီးခဲ့သည့္ (၂၀ ၂၃) ခုႏွစ္ ဒီဇင္ဘာ (၂၆)ရက္တြင္ လက္မွတ္ေရးထိုးခဲ့ၿပီး Long Stop Date ကာလကို (၁၈)လ သက္တမ္း တိုးေပးခဲ့ေၾကာင္း သိရသည္။ Long Stop Date သက္တမ္းတိုးျမႇင့္ထားသည့္ ကာလသည္ လာမည့္ဇြန္လတြင္ ျပည့္ေျမာက္မည္ျဖစ္ၿပီး အဆိုပါသက္တမ္းမျပည့္ေျမာက္မီ လုပ္ငန္းမ်ား ၿပီးျပတ္ေအာင္ေဆာင္႐ြက္ႏိုင္ရန္ ရည္မွန္း ခ်က္ထားေဆာင္႐ြက္လ်က္ရွိသည့္အတြက္ သတ္မွတ္ရက္ မေရာက္မီ လုပ္ငန္းမ်ားကို ၿပီးစီးရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ ေက်ာက္ျဖဴ SEZ တည္ေဆာက္ေရးအတြက္ ႀကိဳတင္ဆန္းစစ္မႈမ်ားကို ပုံမွန္အတိုင္း ေဆာင္႐ြက္ေနၿပီး အရွိန္အဟုန္ေကာင္းေကာင္းျဖင့္ အေကာင္အထည္ေဖာ္ႏိုင္ရန္ ေဆာင္႐ြက္ေန ေၾကာင္း သိရသည္။ “ဒါနဲ႔ပတ္သက္ၿပီးေတာ့ အရွိန္အဟုန္ ေကာင္းေကာင္းနဲ႔ အေကာင္အထည္ေဖာ္ႏိုင္ ဖို႔ရွိတယ္။ စီမံကိန္းရပ္တန႔္တာမ်ိဳးေတာ့မရွိပါဘူး။ တည္ေဆာက္ ေရးလုပ္ငန္းေတြက မၾကာမီႏွစ္ပိုင္းအတြင္းမွာ ေပၚလာပါမယ္။ ေနာက္ထပ္ (၂) ႏွစ္၊ (၃) ႏွစ္အတြင္းမွာ ေပၚေပါက္လာႏိုင္ပါတယ္။ လက္ရွိ မွာက ႀကိဳတင္ ဆန္းစစ္တာေတြလုပ္ရေသးတယ္။ ျပင္ဆင္ရတာေတြ ရွိတယ္။ စီမံကိန္းတိုင္းရဲ႕ လုပ္ငန္း အတိုင္း ႀကိဳတင္ျပင္ဆင္ေနတာေတြေတာ့ရွိတယ္” ဟု အထက္ပါ ေက်ာက္ျဖဴေဒသခံက ဆိုသည္။

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ေရနက္ဆိပ္ကမ္းစီမံကိန္းအေကာင္အထည္ေဖာ္ေရးအတြက္ အ စုရွယ္ယာရွင္မ်ားႏွင့္သက္ဆိုင္ေသာ သေဘာတူစာခ်ဳပ္(Share-holders’ Agreement)တြင္ ေဖာ္ျပထား သည့္အတိုင္း ျမန္မာ- တ႐ုတ္ႏွစ္ဖက္အေနျဖင့္ စီမံကိန္းမစတင္မီ ႀကိဳတင္ျဖည့္ဆည္း ေဆာင္႐ြက္ရမည့္ စာခ်ဳပ္ပါအခ်က္(၁၆)ခ်က္အနက္ ျမန္မာဘက္က ေဆာင္႐ြက္ရမည့္အခ်က္(၁၀)ခ်က္၊ ျမန္မာ- တ႐ုတ္ ပူးေပါင္းေဆာင္႐ြက္ရမည့္အခ်က္(၄)ခ်က္ စသည္ျဖင့္ လုပ္ငန္းတာဝန္မ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

“အဲဒီဘက္ကလုံၿခဳံေရးကေတာ့ တပ္ဘက္ ကေန ေကာင္းေကာင္းမြန္မြန္နဲ႔ လုံၿခဳံေရးယူေပးႏိုင္ တယ္လို႔ ေယဘုယ်အားျဖင့္ ေျပာလို႔ရတယ္။ ဘာျဖစ္ လို႔လဲဆိုရင္ အရင္လိုနယ္ေျမကက်ယ္ျပန႔္တာ မ ဟုတ္ဘဲနဲ႔ ၿမိဳ႕ေတြကလည္း သိပ္မက်န္ေတာ့ဘူးဆိုေတာ့ေလ။ ပိုၿပီးေတာ့ အေသးစိတ္ယူႏိုင္တဲ့ အေန အထားရွိတာေပါ့။ လူေတြကသာ SEZ နဲ႔ပတ္သက္ၿပီး ထင္ခ်င္တာ ထင္ေနၾကတာ။ အခုက တ႐ုတ္ေရာ ျမန္မာေရာက သူတို႔လုပ္ရမယ့္ဟာေတြ သူတို႔ဘာ သူတို႔ ေတာက္ေလွ်ာက္လုပ္ေနၾကတာ။ ရပ္နားသြား တာေတြမရွိဘူး။ ျမန္မာဘက္ကလည္း ျမန္မာလုပ္ရမွာလုပ္တယ္၊ တ႐ုတ္ကလည္း တ႐ုတ္လုပ္ရမယ့္ ဟာ တ႐ုတ္လုပ္တယ္။ တည္ေဆာက္ေရးလုပ္ငန္းေတြ ကေတာ့ မၾကာမီႏွစ္ပိုင္းအတြင္းမွာ ျဖစ္လာႏိုင္ပါ တယ္”ဟု ၎က ဆက္လက္ေျပာသည္။

လက္ရွိတြင္ AA အဖြဲ႕အေနျဖင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ေႏွာင့္ယွက္မည္မဟုတ္ေၾကာင္း ႏွင့္ ကူညီကာကြယ္ေပးမည္ဟု ေၾကညာထားျခင္းေၾကာင့္ ေက်ာက္ျဖဴၿမိဳ႕ခံမ်ားအေနျဖင့္ ေက်ာက္ျဖဴၿမိဳ႕ ၌ စစ္ျဖစ္လာႏိုင္မည္မဟုတ္ေၾကာင္း သုံးသပ္မႈမ်ားလည္း ရွိေနသည္။

Related news

© 2021. All rights reserved.