ရေနံမြေသစ်များ ရှာဖွေရေးအတွက် ကွင်းဆင်းသုတေသနလုပ်ငန်းများပြုလုပ်ရန် စီစဉ်နေ

1346

Pearl (NP News) - မတ် ၅
စွမ်းအင်ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ကျောင်းသားများပူးပေါင်းကာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ခိုအောင်းနိုင်သည့် ရေနံမြေသစ်များရှာဖွေရန် ကွင်းဆင်းသုတေသနလုပ်ငန်းများပြုလုပ်ရန်စီစဉ်နေ ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးက NP News ကို ပြောသည်။
စွမ်အင်းဝန်ကြီးဌာနအနေဖြင့် ရေနံမြေသစ်များ ရှာဖွေရန်အတွက် မြေပြင်ကွင်းဆင်း တိုင်းတာ ခြင်း၊ စစ်ဆေးခြင်းတို့ကို အချို့ရေနံမြေများတွင် စတင်လုပ်ဆောင်နေကြောင်း သိရသည်။
ထို့ပြင် ဝန်ကြီးဌာနနှင့် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ် (သန်လျင်) ၊ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်၊ ရေနံချောင်းတက္ကသိုလ် တို့မှ ရေနံဘာသာရပ်နှင့်ပတ်သက်၍ တတ်ရောက်နေ သည့် ကျောင်းသားများနှင့်ပူးပေါင်းကာ ကွင်းဆင်းလေ့လာရန်အတွက် ညှိနှိုင်းမှုများလည်း ဆောင်ရွက် နေကြောင်း သိရသည်။
“ရေနံမြေသစ်တွေရှာဖို့ဆိုပြီးတော့ ပထမဦးဆုံး အဆင့်အနေနဲ့ တိုင်းတာတို့၊ မြေပြင်ကွင်းဆင်း တိုင်းတာတာတို့ စစ်ဆေးတာတို့ အရင်ဦးဆုံး လုပ်ရပါတယ်။ အဲဒါတွေကိုတော့ တချို့သော ရေနံမြေမှာ လုပ်နေပါတယ်။ နောက်တစ်ခုက ရေနံမြေအသစ် ရှာဖို့အတွက်လည်း ရေနံဘာသာရပ်နဲ့ပတ်သက်ပြီး တက်နေတဲ့ကျောင်းသားတွေ၊ မဟာဘွဲ့၊ ပါရဂူဘွဲ့တို့ တက်နေတဲ့ကျောင်းသားတွေနဲ့ ရေနံမြေအသစ်တွေ ရှာမယ့်နေရာတွေမှာ ပူးပေါင်းရှာဖွေရေးတွေ လုပ်ဖို့အတွက်ကို ဝန်ကြီးဌာနနဲ့ပေါင်းပြီးတော့ လုပ်ဖို့ အတွက် လုပ်နေပါတယ်။ ကျောင်းသားတွေနဲ့ပေါင်း ပြီးတော့ ကွင်းဆင်းလေ့လာဖို့အတွက် ညှိနှိုင်းပြီးပါပြီ။ မကြာခင်လည်း သွားပြီးတော့ ကွင်းဆင်းလေ့လာဖို့ရှိပါတယ်။ နေရာကိုတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး” ဟု ဦးမင်းမင်းဦးက ပြောသည်။
လက်ရှိတွင် ရေနံမြေလုပ်ငန်းအများစုသည် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လုပ်ကိုင်နေကြပြီး နေ့စဉ်ရေနံစိမ်း စည်(၄၀ဝဝ) ခန့်ရရှိနေကြောင်း လည်း သိရသည်။
“ရေနံမြေသစ်ရှာမှ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ထပ်ပြီးတော့ တိုးထွက်လာမယ်။ တိုးထွက် လာမယ်ဆိုရင် ပြည်တွင်းမှာ လိုအပ်နေတာကို ပိုမိုပြီးဖြည့်ဆည်းပေးနိုင်မယ်။ ဥပမာ သဘာဝ ဓာတ်ငွေ့ ပိုထွက်လာရင် သဘာဝဓာတ်ငွေ့သုံးတဲ့နေရာမှာ ပိုသုံးလာနိုင်မယ်။ ရေနံစိမ်းပိုထွက်လာရင် ရေနံချက် စက်ရုံတွေမှာ ချက်လုပ်ပြီးတော့ ပြည်တွင်းထုတ်လုပ်မှု ပိုများပြီးတော့ များများဖြည့်ဆည်းပေးနိုင်မယ်” ဟု ဦးမင်းမင်းဦးက ဆက်လက်ပြောသည်။
ယခုနှစ်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့်ရေနံမြေသစ်များ ရှာဖွေတွေ့ရှိနိုင် ရေးအတွက် ကွင်းဆင်း လေ့လာသုတေသနပြုရန် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြီးခဲ့သည့်ရက်ပိုင်းတွင် တိုက်တွန်းပြောကြားခဲ့သည်။
zawgyi version
ေရနံေျမသစ္မ်ား ရွာေဖြေရးအတြက္ ကြင္းဆင္းသုေတသနလုပ္ငန္းမ်ားျပဳလုပ္ရန္ စီစဥ္ေန
Pearl (NP News) - မတ္ ၅
စြမ္းအင္ဝန္ႀကီးဌာနႏွင့္ သက္ဆိုင္ရာ ေက်ာင္းသားမ်ားပူးေပါင္းကာ ေရနံႏွင့္သဘာဝ ဓာတ္ေငြ႕ ခိုေအာင္းႏိုင္သည့္ ေရနံေျမသစ္မ်ားရွာေဖြရန္ ကြင္းဆင္းသုေတသနလုပ္ငန္းမ်ားျပဳလုပ္ရန္စီစဥ္ေန ေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန၊ ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးမင္းမင္းဦးက NP News ကို ေျပာသည္။
စြမ္အင္းဝန္ႀကီးဌာနအေနျဖင့္ ေရနံေျမသစ္မ်ား ရွာေဖြရန္အတြက္ ေျမျပင္ကြင္းဆင္း တိုင္းတာ ျခင္း၊ စစ္ေဆးျခင္းတို႔ကို အခ်ိဳ႕ေရနံေျမမ်ားတြင္ စတင္လုပ္ေဆာင္ေနေၾကာင္း သိရသည္။
ထို႔ျပင္ ဝန္ႀကီးဌာနႏွင့္ ရန္ကုန္တကၠသိုလ္၊ ရန္ကုန္နည္းပညာတကၠသိုလ္ (သန္လ်င္) ၊ ရန္ကုန္ အေနာက္ပိုင္းတကၠသိုလ္၊ ေရနံေခ်ာင္းတကၠသိုလ္ တို႔မွ ေရနံဘာသာရပ္ႏွင့္ပတ္သက္၍ တတ္ေရာက္ေန သည့္ ေက်ာင္းသားမ်ားႏွင့္ပူးေပါင္းကာ ကြင္းဆင္းေလ့လာရန္အတြက္ ညႇိႏႈိင္းမႈမ်ားလည္း ေဆာင္႐ြက္ ေနေၾကာင္း သိရသည္။
“ေရနံေျမသစ္ေတြရွာဖို႔ဆိုၿပီးေတာ့ ပထမဦးဆုံး အဆင့္အေနနဲ႔ တိုင္းတာတို႔၊ ေျမျပင္ကြင္းဆင္း တိုင္းတာတာတို႔ စစ္ေဆးတာတို႔ အရင္ဦးဆုံး လုပ္ရပါတယ္။ အဲဒါေတြကိုေတာ့ တခ်ိဳ႕ေသာ ေရနံေျမမွာ လုပ္ေနပါတယ္။ ေနာက္တစ္ခုက ေရနံေျမအသစ္ ရွာဖို႔အတြက္လည္း ေရနံဘာသာရပ္နဲ႔ပတ္သက္ၿပီး တက္ေနတဲ့ေက်ာင္းသားေတြ၊ မဟာဘြဲ႕၊ ပါရဂူဘြဲ႕တို႔ တက္ေနတဲ့ေက်ာင္းသားေတြနဲ႔ ေရနံေျမအသစ္ေတြ ရွာမယ့္ေနရာေတြမွာ ပူးေပါင္းရွာေဖြေရးေတြ လုပ္ဖို႔အတြက္ကို ဝန္ႀကီးဌာနနဲ႔ေပါင္းၿပီးေတာ့ လုပ္ဖို႔ အတြက္ လုပ္ေနပါတယ္။ ေက်ာင္းသားေတြနဲ႔ေပါင္း ၿပီးေတာ့ ကြင္းဆင္းေလ့လာဖို႔အတြက္ ညႇိႏႈိင္းၿပီးပါၿပီ။ မၾကာခင္လည္း သြားၿပီးေတာ့ ကြင္းဆင္းေလ့လာဖို႔ရွိပါတယ္။ ေနရာကိုေတာ့ အတိအက် မသတ္မွတ္ရေသးပါဘူး” ဟု ဦးမင္းမင္းဦးက ေျပာသည္။
လက္ရွိတြင္ ေရနံေျမလုပ္ငန္းအမ်ားစုသည္ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီးႏွင့္ ဧရာဝတီတိုင္းေဒသႀကီးတို႔တြင္ လုပ္ကိုင္ေနၾကၿပီး ေန႔စဥ္ေရနံစိမ္း စည္(၄၀ဝဝ) ခန႔္ရရွိေနေၾကာင္း လည္း သိရသည္။
“ေရနံေျမသစ္ရွာမွ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ေတြ ထပ္ၿပီးေတာ့ တိုးထြက္လာမယ္။ တိုးထြက္ လာမယ္ဆိုရင္ ျပည္တြင္းမွာ လိုအပ္ေနတာကို ပိုမိုၿပီးျဖည့္ဆည္းေပးႏိုင္မယ္။ ဥပမာ သဘာဝ ဓာတ္ေငြ႕ ပိုထြက္လာရင္ သဘာဝဓာတ္ေငြ႕သုံးတဲ့ေနရာမွာ ပိုသုံးလာႏိုင္မယ္။ ေရနံစိမ္းပိုထြက္လာရင္ ေရနံခ်က္ စက္႐ုံေတြမွာ ခ်က္လုပ္ၿပီးေတာ့ ျပည္တြင္းထုတ္လုပ္မႈ ပိုမ်ားၿပီးေတာ့ မ်ားမ်ားျဖည့္ဆည္းေပးႏိုင္မယ္” ဟု ဦးမင္းမင္းဦးက ဆက္လက္ေျပာသည္။
ယခုႏွစ္အတြင္း ေရနံႏွင့္သဘာဝဓာတ္ေငြ႕ ခိုေအာင္းႏိုင္သည့္ေရနံေျမသစ္မ်ား ရွာေဖြေတြ႕ရွိႏိုင္ ေရးအတြက္ ကြင္းဆင္း ေလ့လာသုေတသနျပဳရန္ စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ တိုက္တြန္းေျပာၾကားခဲ့သည္။