ဓာတ်မြေဩဇာအရည်အသွေးမပြည့်ဝမှုကြောင့် သီးနှံထွက်နှုန်းကျဆင်းပြီး နိုင်ငံ့ဂျီဒီပီလည်း လျော့ကျနေဟုဆို

472

ယွန်း (NP News) - မတ် ၆
ပြည်တွင်း၌ရောင်းချနေသည့် ဓာတ်မြေဩဇာများ၏ အရည်အသွေးမပြည့်ဝမှုကြောင့် သီးနှံအထွက်နှုန်းကျဆင်းသည့်အပြင် နိုင်ငံ့ဂျီဒီပီလည်း လျော့ကျနေရကြောင်း စိုက်ပျိုးရေးပညာရှင်အသိုင်းအဝိုင်းထံမှ သိရသည်။
မြန်မာနိုင်ငံ၏ ဓာတ်မြေဩဇာဈေးနှုန်းသည် ကမ္ဘာ့ဓာတ်မြေဩဇာဈေးနှုန်းအပြောင်းအလဲပေါ်တွင် မူတည် နေပြီး ပြည်ပမှတင်သွင်းလာသည့် ယူရီးယားပုလဲဓာတ်မြေဩဇာ ၅ဝ ကီလိုဂရမ် တစ်အိတ်သည် ပြည်တွင်း၌ ငွေကျပ် (၁၃၀ဝဝဝ) အထိ ပေါက်ဈေးရှိနေသည်။
သို့သော် ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူ ဖြန့်ဖြူးရောင်းချရေးကော်မတီအနေဖြင့် နိုင်ငံတော် ရည်òန်းဈေးအရ ဓာတ်မြေဩဇာတစ်အိတ်လျှင် ငွေကျပ်(၉၅၀ဝဝ)နှင့် (၁၀ဝဝဝ၀)ကြားတွင်သာ ရောင်းချခွင့်ပေးထားကြောင်း သိရသည်။
‘ပြည်တွင်းမှာက နိုင်ငံတော်က ရောင်းခိုင်းတာက တစ်သိန်းအောက်၊ တင်သွင်းရတာကိုက ဈေးနှုန်းက တစ်သိန်းကျော်နေတော့ ဘယ်လိုမှ ပြောင်းလဲလို့မရဘူး။ ဓာတ်မြေဩဇာတင်သွင်းရောင်းချတဲ့လုပ်ငန်းရှင်တွေက ဘယ်အရှုံးခံမှာလဲ။ နိုင်ငံတော်ကြောင့် ဘာအမြတ်မှမတင်ရဘဲနဲ့ကို (၄)သောင်းလောက် အရှုံးပေါ်တယ်လေ။ အဲဒါ တစ်အိတ်ကို(၇)သောင်းလောက် အမြတ်ကျန်အောင် အရည် အသွေးကို လျှော့ပြီပေါ့။ အိတ်ခွံပေါ်မှာ (၁၅) ပတ်လည် ကွန်ပေါင်းလို့ရေးထားမယ်။ ဒါပေမဲ့ အထဲမှာ ယူရီးယားက (၁၅) အချိုးမပါပဲနဲ့ (၅) လောက်ပဲထည့်တယ်။ အဲဒီ မြေဩဇာကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဘယ်တောင်သူလယ်သမားရဲ့ အိမ်မှာ ဓာတ်ခွဲခန်းရှိလို့လဲ။ အိတ်ခွံပေါ်မှာ ရေးထားတဲ့ အချိုးတွေအတိုင်း မြန်မာနိုင်ငံမှာ ရောင်းချနေတဲ့ မည်သည့်ဓာတ်မြေဩဇာမှမပါဘူး}ဟု စိုက်ပျိုးရေး ပညာရှင်တစ်ဦးက NP News ကို ပြောသည်။
ထိုသို့ အရည်အသွေးမပြည့်ဝခြင်းများ သည် တောင်သူများအပေါ်တွင် အဓိကသက်ရောက်မှုရှိနေပြီး အထွက်နှုန်းကျဆင်းခြင်းများကြောင့် နိုင်ငံတော်၏ဂျီဒီပီလည်း လျော့နေရကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။
“မြေဩဇာတွေက အချိုးမမှန်တော့ သက်မှတ်တဲ့စံချိန်စံòန်းအတိုင်း မထည့်တဲ့အတွက် မြေဩဇာတွေကို သုံးနေပေမယ့်လည်း သီးနှံတွေရဲ့ထွက်နှုန်းတွေဟာ ထွက်သင့်သလောက် မထွက်တော့ဘူး။ လယ်တစ်ဧကကို ဓာတ်မြေဩဇာအချိုးမပြည့်ဝလို့ (၁၀) တင်းလောက်အထွက်လျော့တယ်ဆိုရင် (၁၀) ဧကဆို တင်း(၁၀ဝ)။ နွေရော မိုးရောပေါင်းရင် ဧကပေါင်းက (၁၅)သန်းလောက်ရှိတယ်။ စပါးတင်း သန်းပေါင်း(၁၅၀)လောက်က အဲဒီကူလီကူမာတွေ ကြားထဲမှာ ကျွန်တော်တို့နိုင်ငံရဲ့ ဂျီဒီပီ၊ ကျွန်တော်တို့ နိုင်ငံရဲ့ဘဏ္ဍာငွေဟာ ထိုးဆင်းသွားတာ။ ဘာတွေနစ်နာလဲဆိုရင် ကနဦးနစ်နာတာက တောင်သူလယ်သမားပြီးရင် နိုင်ငံတော်ပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် ယခုနှစ် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာ တန်ချိန် (၁ ဒသမ ၆) သန်း တင်သွင်းရန် လျာထားကြောင်း သိရသည်။

Zawgyi Version:
ဓာတ္ေျမဩဇာအရည္အေသြးမျပည့္ဝမႈေၾကာင့္ သီးႏွံထြက္ႏႈန္း က်ဆင္းၿပီး ႏိုင္ငံ့ဂ်ီဒီပီလည္း ေလ်ာ့က်ေနဟုဆို
ယြန္း (NP News) - မတ္ ၆
ျပည္တြင္း၌ေရာင္းခ်ေနသည့္ ဓာတ္ေျမဩဇာမ်ား၏ အရည္အေသြးမျပည့္ဝမႈေၾကာင့္ သီးႏွံအထြက္ႏႈန္းက်ဆင္းသည့္အျပင္ ႏိုင္ငံ့ဂ်ီဒီပီလည္း ေလ်ာ့က်ေနရေၾကာင္း စိုက္ပ်ိဳးေရးပညာရွင္အသိုင္းအဝိုင္းထံမွ သိရသည္။
ျမန္မာႏိုင္ငံ၏ ဓာတ္ေျမဩဇာေဈးႏႈန္းသည္ ကမာၻ႔ဓာတ္ေျမဩဇာေဈးႏႈန္းအေျပာင္းအလဲေပၚတြင္ မူတည္ ေနၿပီး ျပည္ပမွတင္သြင္းလာသည့္ ယူရီးယားပုလဲဓာတ္ေျမဩဇာ ၅ဝ ကီလိုဂရမ္ တစ္အိတ္သည္ ျပည္တြင္း၌ ေငြက်ပ္ (၁၃၀ဝဝဝ) အထိ ေပါက္ေဈးရွိေနသည္။
သို႔ေသာ္ ယူရီးယားဓာတ္ေျမဩဇာ ဝယ္ယူ ျဖန႔္ျဖဴးေရာင္းခ်ေရးေကာ္မတီအေနျဖင့္ ႏိုင္ငံေတာ္ ရည္òန္းေဈးအရ ဓာတ္ေျမဩဇာတစ္အိတ္လွ်င္ ေငြက်ပ္(၉၅၀ဝဝ)ႏွင့္ (၁၀ဝဝဝ၀)ၾကားတြင္သာ ေရာင္းခ်ခြင့္ေပးထားေၾကာင္း သိရသည္။
‘ျပည္တြင္းမွာက ႏိုင္ငံေတာ္က ေရာင္းခိုင္းတာက တစ္သိန္းေအာက္၊ တင္သြင္းရတာကိုက ေဈးႏႈန္းက တစ္သိန္းေက်ာ္ေနေတာ့ ဘယ္လိုမွ ေျပာင္းလဲလို႔မရဘူး။ ဓာတ္ေျမဩဇာတင္သြင္းေရာင္းခ်တဲ့လုပ္ငန္းရွင္ေတြက ဘယ္အရႈံးခံမွာလဲ။ ႏိုင္ငံေတာ္ေၾကာင့္ ဘာအျမတ္မွမတင္ရဘဲနဲ႔ကို (၄)ေသာင္းေလာက္ အရႈံးေပၚတယ္ေလ။ အဲဒါ တစ္အိတ္ကို(၇)ေသာင္းေလာက္ အျမတ္က်န္ေအာင္ အရည္ အေသြးကို ေလွ်ာ့ၿပီေပါ့။ အိတ္ခြံေပၚမွာ (၁၅) ပတ္လည္ ကြန္ေပါင္းလို႔ေရးထားမယ္။ ဒါေပမဲ့ အထဲမွာ ယူရီးယားက (၁၅) အခ်ိဳးမပါပဲနဲ႔ (၅) ေလာက္ပဲထည့္တယ္။ အဲဒီ ေျမဩဇာကို ျမန္မာတစ္ႏိုင္ငံလုံးမွာရွိတဲ့ ဘယ္ေတာင္သူလယ္သမားရဲ႕ အိမ္မွာ ဓာတ္ခြဲခန္းရွိလို႔လဲ။ အိတ္ခြံေပၚမွာ ေရးထားတဲ့ အခ်ိဳးေတြအတိုင္း ျမန္မာႏိုင္ငံမွာ ေရာင္းခ်ေနတဲ့ မည္သည့္ဓာတ္ေျမဩဇာမွမပါဘူး}ဟု စိုက္ပ်ိဳးေရး ပညာရွင္တစ္ဦးက NP News ကို ေျပာသည္။
ထိုသို႔ အရည္အေသြးမျပည့္ဝျခင္းမ်ား သည္ ေတာင္သူမ်ားအေပၚတြင္ အဓိကသက္ေရာက္မႈရွိေနၿပီး အထြက္ႏႈန္းက်ဆင္းျခင္းမ်ားေၾကာင့္ ႏိုင္ငံေတာ္၏ဂ်ီဒီပီလည္း ေလ်ာ့ေနရေၾကာင္း သုံးသပ္ေျပာဆိုမႈမ်ား ရွိေနသည္။
“ေျမဩဇာေတြက အခ်ိဳးမမွန္ေတာ့ သက္မွတ္တဲ့စံခ်ိန္စံòန္းအတိုင္း မထည့္တဲ့အတြက္ ေျမဩဇာေတြကို သုံးေနေပမယ့္လည္း သီးႏွံေတြရဲ႕ထြက္ႏႈန္းေတြဟာ ထြက္သင့္သေလာက္ မထြက္ေတာ့ဘူး။ လယ္တစ္ဧကကို ဓာတ္ေျမဩဇာအခ်ိဳးမျပည့္ဝလို႔ (၁၀) တင္းေလာက္အထြက္ေလ်ာ့တယ္ဆိုရင္ (၁၀) ဧကဆို တင္း(၁၀ဝ)။ ေႏြေရာ မိုးေရာေပါင္းရင္ ဧကေပါင္းက (၁၅)သန္းေလာက္ရွိတယ္။ စပါးတင္း သန္းေပါင္း(၁၅၀)ေလာက္က အဲဒီကူလီကူမာေတြ ၾကားထဲမွာ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ဂ်ီဒီပီ၊ ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ဘ႑ာေငြဟာ ထိုးဆင္းသြားတာ။ ဘာေတြနစ္နာလဲဆိုရင္ ကနဦးနစ္နာတာက ေတာင္သူလယ္သမားၿပီးရင္ ႏိုင္ငံေတာ္ပဲ” ဟု ၎က ဆက္လက္ေျပာသည္။
ယူရီးယားေျမဩဇာ ဝယ္ယူျဖန႔္ျဖဴးေရာင္းခ်ေရး ဦးေဆာင္ေကာ္မတီအေနျဖင့္ ယခုႏွစ္ (၂၀၂၄-၂၀၂၅) ဘ႑ာႏွစ္အတြင္း ဓာတ္ေျမဩဇာ တန္ခ်ိန္ (၁ ဒသမ ၆) သန္း တင္သြင္းရန္ လ်ာထားေၾကာင္း သိရသည္။