ယခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် (၃) သန်းနီးပါး တင်ပို့ရန်လျာထား

171

ယွန်း/ချယ်ရီ(NP News)- မတ် ၈
ယခု(၂၀၂၅)ခုနှစ်တွင် ဆန်တန်ချိန်(၃)သန်းနီးပါး တင်ပို့ရန် လျာထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က အသိပေးပြောကြားသည်။
ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ယနေ့(မတ်လ ၈ ရက်)တွင် ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)၌ ကျင်းပခဲ့သည့် ဆန်နှင့်ဆန်ထွက်ပစ္စည်းများ အရည်အသွေးနှင့် တိကျစွာတိုင်းတာမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ၌ အထက်ပါကဲ့သို ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ဆန်တင်ပို့မှု များပြားသည့် နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်တွင် ဆန်တန်ချိန် (၃) သန်းနီးပါးတင်ပို့နိုင်ခဲ့သည်။
ပြည်တွင်း၌ ပြည်ပသို့ ဆန်တင်ပို့နေသည့် ကုမ္ပဏီ (၁၀၀) ကျော်ရှိနေပြီး ယခုနှစ်တွင်လည်း ဆန်တန်ချိန် (၃) သန်းနီးပါး တင်ပို့ရန် လျာထားကြောင်း ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆိုသည်။
"ပြီးခဲ့တဲ့နှစ် ၂၀၂၄ Marketing Year မှာ ဇန်နဝါရီကနေ ဒီဇင်ဘာအထိကို ဆန်တန်ချိန် (၂ ဒသမ ၇၆) သန်း တင်ပို့နိုင်ခဲ့ပါတယ်။ ဒီတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ (၁ ဒသမ ၃) ဘီလျံကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးတဲ့ အနေအထားဖြစ်ပါတယ်။ ဆန်စပါးအသင်းချုပ်မှာ အသင်းဝင် ကုမ္ပဏီ (၁၀၀၀) ကျော် ရှိပါတယ်။ ဒီထဲမှာ Export လုပ်နေတဲ့ ကုမ္ပဏီ (၁၀၀) ကျော်ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလာမယ့် ၂၀၂၅ မှာလည်း ဆန်တန်ချိန် (၃) သန်းလောက် ရည်မှန်းချက်ထားပြီး တင်ပို့နိုင်အောင် ကြိုးစားနေပါတယ်" ဟု ဦးရဲမင်းအောင်က အသိပေးပြောထားသည်။
ယခု (၂၀၂၄ -၂၀၂၅) ဘဏ္ဍာရေးနှစ်၌ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်တန်ချိန် ၂ သန်းနီးပါး တင်ပို့ရန် လျာထားပြီး ပို့ကုန်ရငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဘီလျံအထိ ရရှိရန် မျှော်မှန်းထားသော်လည်း ဆန်တန်ချိန် (၃) သန်းနီးပါးအထိ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အခမ်းအနား၌ ဆန်စပါးရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းစဉ်များအတွက် SI Unit နှင့်ပတ်သက်၍ ဆွေးနွေးအသိပညာပေးခြင်း အပါအဝင် မြန်မာဆန်စပါးလုပ်ငန်းအတွက် AI၊ IOT နှင့် Machine Learning များအကြောင်းမိတ်ဆက်ခြင်းအပြင် နေရောင်ခြည်စွမ်းအင် (Solar Energy) တိုးမြှင့်သုံးစွဲရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့သည်။

Zawgyi Version:
ယခုႏွစ္တြင္ ျပည္ပသို႔ ဆန္တန္ခ်ိန္ (၃) သန္းနီးပါး တင္ပို႔ရန္လ်ာထား
ယြန္း/ခ်ယ္ရီ(NP News)- မတ္ ၈
ယခု(၂၀၂၅)ခုႏွစ္တြင္ ဆန္တန္ခ်ိန္(၃)သန္းနီးပါး တင္ပို႔ရန္ လ်ာထားေၾကာင္း ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္က အသိေပးေျပာၾကားသည္။
ဥကၠ႒ ဦးရဲမင္းေအာင္က ယေန႔(မတ္လ ၈ ရက္)တြင္ ကုန္သည္စက္မႈအသင္းခ်ဳပ္(UMFCCI)၌ က်င္းပခဲ့သည့္ ဆန္ႏွင့္ဆန္ထြက္ပစၥည္းမ်ား အရည္အေသြးႏွင့္ တိက်စြာတိုင္းတာမႈဆိုင္ရာ အသိပညာေပးေဆြးေႏြးပြဲ၌ အထက္ပါကဲ့သို ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံအေနျဖင့္ ျပည္ပသို႔ဆန္တင္ပို႔မႈ မ်ားျပားသည့္ ႏိုင္ငံျဖစ္ၿပီး ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္တြင္ ဆန္တန္ခ်ိန္ (၃) သန္းနီးပါးတင္ပို႔ႏိုင္ခဲ့သည္။
ျပည္တြင္း၌ ျပည္ပသို႔ ဆန္တင္ပို႔ေနသည့္ ကုမၸဏီ (၁၀၀) ေက်ာ္ရွိေနၿပီး ယခုႏွစ္တြင္လည္း ဆန္တန္ခ်ိန္ (၃) သန္းနီးပါး တင္ပို႔ရန္ လ်ာထားေၾကာင္း ဥကၠ႒ ဦးရဲမင္းေအာင္က ဆိုသည္။
"ၿပီးခဲ့တဲ့ႏွစ္ ၂၀၂၄ Marketing Year မွာ ဇန္နဝါရီကေန ဒီဇင္ဘာအထိကို ဆန္တန္ခ်ိန္ (၂ ဒသမ ၇၆) သန္း တင္ပို႔ႏိုင္ခဲ့ပါတယ္။ ဒီတင္ပို႔မႈကေန အေမရိကန္ေဒၚလာ (၁ ဒသမ ၃) ဘီလ်ံကို ႏိုင္ငံေတာ္အတြက္ ႏိုင္ငံျခားဝင္ေငြရွာေဖြေပးတဲ့ အေနအထားျဖစ္ပါတယ္။ ဆန္စပါးအသင္းခ်ဳပ္မွာ အသင္းဝင္ ကုမၸဏီ (၁၀၀၀) ေက်ာ္ ရွိပါတယ္။ ဒီထဲမွာ Export လုပ္ေနတဲ့ ကုမၸဏီ (၁၀၀) ေက်ာ္ရွိပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အခုလာမယ့္ ၂၀၂၅ မွာလည္း ဆန္တန္ခ်ိန္ (၃) သန္းေလာက္ ရည္မွန္းခ်က္ထားၿပီး တင္ပို႔ႏိုင္ေအာင္ ႀကိဳးစားေနပါတယ္" ဟု ဦးရဲမင္းေအာင္က အသိေပးေျပာထားသည္။
ယခု (၂၀၂၄ -၂၀၂၅) ဘ႑ာေရးႏွစ္၌ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ဆန္တန္ခ်ိန္ ၂ သန္းနီးပါး တင္ပို႔ရန္ လ်ာထားၿပီး ပို႔ကုန္ရေငြအေနျဖင့္ အေမရိကန္ေဒၚလာ ၁ ဘီလ်ံအထိ ရရွိရန္ ေမွ်ာ္မွန္းထားေသာ္လည္း ဆန္တန္ခ်ိန္ (၃) သန္းနီးပါးအထိ တင္ပို႔ႏိုင္ခဲ့ျခင္းျဖစ္သည္။
အဆိုအခမ္းအနားသို႔ သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ေဒါက္တာေအာင္ေဇယ် အပါအဝင္ သက္ဆိုင္ရာတာဝန္ရွိသူမ်ား တက္ေရာက္ခဲ့သည္။
အခမ္းအနား၌ ဆန္စပါးေရာင္းဝယ္ေဖာက္ကားျခင္းလုပ္ငန္းစဥ္မ်ားအတြက္ SI Unit ႏွင့္ပတ္သက္၍ ေဆြးေႏြးအသိပညာေပးျခင္း အပါအဝင္ ျမန္မာဆန္စပါးလုပ္ငန္းအတြက္ AI၊ IOT ႏွင့္ Machine Learning မ်ားအေၾကာင္းမိတ္ဆက္ျခင္းအျပင္ ေနေရာင္ျခည္စြမ္းအင္ (Solar Energy) တိုးျမႇင့္သုံးစြဲေရးတို႔ကို အသိပညာေပးေဆြးေႏြးခဲ့သည္။