လုပ်ငန်းရှင်တွေကို ဆိုလာတပ်ခိုင်းဖို့ နစက ဒုဥက္ကဌ ညွှန်ကြား

1875

NP News မတ်လ (၁၂)ရက်
မြန်မာနိုင်ငံအတွင်း ဆိုလာတွေတပ်ဆင်ခြင်းက တွက်ခြေကိုက်တာကြောင့် တပ်မတော်တွင် စမ်းသပ် တပ်ဆင်ထားပြီးဖြစ်ရာ သက်ဆိုင်ရာကုမ္ပဏီ နှင့်လုပ်ငန်းရှင်တာဝန်ရှိသူများကို တိုက်တွန်းကြရန် နစက ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
မတ်လ ၁၁ ရက်နေ့တွင် နေပြည်တော်မှာ ပြုလုပ်သည့် မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒုတိယအကြိမ် အစည်းအဝေးအတွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးနှင့်ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
" တပ်မတော်မှာလည်း ၂၀မဂ္ဂါဝပ် ဆိုလာ plant တပ်ဆင်ခဲ့ရာမှာ အရင်းကြေကာလ ၃နှစ်ခွဲဖြစ်တာကြောင့် မကြာမီအရင်းကြေကာလကို ရောက်ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် တွက်ခြေကိုက်တဲ့အပြင် ပိုလျှံတဲ့ လျှပ်စစ်ဓာတ်အားတွေကို နိုင်ငံတော်ကို ပြန်လည်ရောင်းချနိုင်မှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေကို တာဝန်ရှိသူတွေက ရှင်းလင်းပြောကြား တိုက်တွန်းဆောင်ရွက်ရမှာဖြစ်ပါတယ်" လို့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
ထို့အပြင် အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များ၏အဓိကလိုအပ်ချက်မှာ လျှပ်စစ်မီးအပြည့်အဝရရှိရေး ဖြစ်ပြီးသီလဝါစီးပွားရေးဇုန်၌ ကိုယ်ပိုင် ဆိုလာပလန့်တွေဆောက်လုပ်ရန်နှင့် ဆိုလာတပ်ဆင်ပြီးစီးပါက ၁၆ မဂ္ဂါဝပ်ကျော် နီးပါး ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း နစက ဒုဥက္ကဌက ပြောပါတယ်။

Zawgyi Version:
လုပ္ငန္းရွင္ေတြကို ဆိုလာတပ္ခိုင္းဖို႔ နစက ဒုဥကၠဌ ၫႊန္ၾကား
NP News မတ္လ (၁၂)ရက္
ျမန္မာႏိုင္ငံအတြင္း ဆိုလာေတြတပ္ဆင္ျခင္းက တြက္ေျခကိုက္တာေၾကာင့္ တပ္မေတာ္တြင္ စမ္းသပ္ တပ္ဆင္ထားၿပီးျဖစ္ရာ သက္ဆိုင္ရာကုမၸဏီ ႏွင့္လုပ္ငန္းရွင္တာဝန္ရွိသူမ်ားကို တိုက္တြန္းၾကရန္ နစက ဒုဥကၠဌ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ေျပာၾကားသည္။
မတ္လ ၁၁ ရက္ေန႔တြင္ ေနျပည္ေတာ္မွာ ျပဳလုပ္သည့္ ျမန္မာ့အထူးစီးပြားေရးဇုန္ဆိုင္ရာ ဗဟိုအဖြဲ႕ ၂၀၂၄-၂၀၂၅ ဘ႑ာေရးႏွစ္ ဒုတိယအႀကိမ္ အစည္းအေဝးအတြင္ ေနေရာင္ျခည္စြမ္းအင္သုံး ဆိုလာမီးႏွင့္ပတ္သက္ၿပီး ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
" တပ္မေတာ္မွာလည္း ၂၀မဂၢါဝပ္ ဆိုလာ plant တပ္ဆင္ခဲ့ရာမွာ အရင္းေၾကကာလ ၃ႏွစ္ခြဲျဖစ္တာေၾကာင့္ မၾကာမီအရင္းေၾကကာလကို ေရာက္ရွိမွာျဖစ္ပါတယ္။ ဒါေၾကာင့္ တြက္ေျခကိုက္တဲ့အျပင္ ပိုလွ်ံတဲ့ လွ်ပ္စစ္ဓာတ္အားေတြကို ႏိုင္ငံေတာ္ကို ျပန္လည္ေရာင္းခ်ႏိုင္မွာျဖစ္တဲ့အတြက္ သက္ဆိုင္ရာ ကုမၸဏီေတြ လုပ္ငန္းရွင္ေတြကို တာဝန္ရွိသူေတြက ရွင္းလင္းေျပာၾကား တိုက္တြန္းေဆာင္႐ြက္ရမွာျဖစ္ပါတယ္" လို႔ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ေျပာသည္။
ထို႔အျပင္ အထူးစီးပြားေရးဇုန္မ်ားႏွင့္ စက္မႈဇုန္မ်ား၏အဓိကလိုအပ္ခ်က္မွာ လွ်ပ္စစ္မီးအျပည့္အဝရရွိေရး ျဖစ္ၿပီးသီလဝါစီးပြားေရးဇုန္၌ ကိုယ္ပိုင္ ဆိုလာပလန္႔ေတြေဆာက္လုပ္ရန္ႏွင့္ ဆိုလာတပ္ဆင္ၿပီးစီးပါက ၁၆ မဂၢါဝပ္ေက်ာ္ နီးပါး ထုတ္လုပ္ႏိုင္မည္ျဖစ္ေၾကာင္း နစက ဒုဥကၠဌက ေျပာပါတယ္။