လက်ဘနွန်နဲ့ဆက်ဆံရေးတွေ ပုံမှန်ပြန်ဖြစ်ဖို့ အစ္စရေး လိုလားနေ

 90

Pika (NP News) - မတ် ၁၃

ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ကြေညာခဲ့တဲ့ လက်ဘနွန်နဲ့ အမေရိကန်ကြားဝင်ဆွေးနွေးပွဲတွေကနေတစ်ဆင့် အိမ်နီးချင်းလက်ဘနွန်နိုင်ငံနဲ့ ဆက်ဆံရေးတွေကို ပုံမှန်ပြန်လည်တည်ဆောက်နိုင်ဖို့ အစ္စရေးအစိုးရက မျှော်လင့်ထားတယ်လို့ အစ္စရေးအကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ လက်ဘနွန်နဲ့ အစ္စရေးတို့ကြားဖြစ်ပွားလျက်ရှိတဲ့ နှစ်နိုင်ငံကြား နယ်နိမိတ်မျဉ်းသတ်မှတ်ခြင်း အပါအဝင် အငြင်းပွားမှုအများအပြားကို သံတမန်နည်လမ်းအရ ဖြေရှင်းနိုင်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်ပေးနေတယ်လို့ သတင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲတွေအတွင်း ဆွေးနွေးမယ့် အခြားအကြောင်းအရာတွေဟာ အစ္စရေးက ဖမ်းဆီးထိန်းသိမ်းထားတဲ့ လက်ဘနွန်အကျဉ်းသားတွေကို ပြန်လွှတ်ပေးရေးနဲ့ လက်ဘနွန်မှာ အစ္စရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားဆဲဖြစ်တဲ့ နေရာ(၅)ခုအကြောင်းတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ အမည်မဖော်လိုတဲ့ အစ္စရေးအကြီးတန်းအရာရှိတစ်ဦး က “လက်ဘနွန်နဲ့ လုပ်ဆောင်မယ့်ဆွေးနွေးပွဲအသစ်တွေမှာ အစ္စရေးရဲ့ရည်ရွယ်ချက်က ပုံမှန်ပြန်ဖြစ်အောင် လုပ်ဆောင်ဖို့ပါပဲ” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် အဲဒီတွေ့ဆုံဆွေးနွေးပွဲတွေကို မကြာခင်အချိန်အတွင်း စတင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း အမေရိကန်အရာရှိတွေက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
လက္ဘႏြန္နဲ႔ဆက္ဆံေရးေတြ ပုံမွန္ျပန္ျဖစ္ဖို႔ အစၥေရး လိုလားေန
Pika (NP News) - မတ္ ၁၃

ယခုသီတင္းပတ္အတြင္း ထုတ္ျပန္ေၾကညာခဲ့တဲ့ လက္ဘႏြန္နဲ႔ အေမရိကန္ၾကားဝင္ေဆြးေႏြးပြဲေတြကေနတစ္ဆင့္ အိမ္နီးခ်င္းလက္ဘႏြန္ႏိုင္ငံနဲ႔ ဆက္ဆံေရးေတြကို ပုံမွန္ျပန္လည္တည္ေဆာက္ႏိုင္ဖို႔ အစၥေရးအစိုးရက ေမွ်ာ္လင့္ထားတယ္လို႔ အစၥေရးအႀကီးတန္းအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ဟာ လက္ဘႏြန္နဲ႔ အစၥေရးတို႔ၾကားျဖစ္ပြားလ်က္ရွိတဲ့ ႏွစ္ႏိုင္ငံၾကား နယ္နိမိတ္မ်ဥ္းသတ္မွတ္ျခင္း အပါအဝင္ အျငင္းပြားမႈအမ်ားအျပားကို သံတမန္နည္လမ္းအရ ေျဖရွင္းႏိုင္ဖို႔အတြက္ ညႇိႏႈိင္းေဆာင္႐ြက္မႈေတြကို လုပ္ေဆာင္ေပးေနတယ္လို႔ သတင္းမီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။

အဲဒီေဆြးေႏြးပြဲေတြအတြင္း ေဆြးေႏြးမယ့္ အျခားအေၾကာင္းအရာေတြဟာ အစၥေရးက ဖမ္းဆီးထိန္းသိမ္းထားတဲ့ လက္ဘႏြန္အက်ဥ္းသားေတြကို ျပန္လႊတ္ေပးေရးနဲ႔ လက္ဘႏြန္မွာ အစၥေရးတပ္ဖြဲ႕ေတြ သိမ္းပိုက္ထားဆဲျဖစ္တဲ့ ေနရာ(၅)ခုအေၾကာင္းတို႔လည္း ပါဝင္တယ္လို႔ သိရပါတယ္။ အမည္မေဖာ္လိုတဲ့ အစၥေရးအႀကီးတန္းအရာရွိတစ္ဦး က “လက္ဘႏြန္နဲ႔ လုပ္ေဆာင္မယ့္ေဆြးေႏြးပြဲအသစ္ေတြမွာ အစၥေရးရဲ႕ရည္႐ြယ္ခ်က္က ပုံမွန္ျပန္ျဖစ္ေအာင္ လုပ္ေဆာင္ဖို႔ပါပဲ” လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီေတြ႕ဆုံေဆြးေႏြးပြဲေတြကို မၾကာခင္အခ်ိန္အတြင္း စတင္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔လည္း အေမရိကန္အရာရွိေတြက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.