ပနားမားတူးမြောင်းကို ထိန်းချုပ်ရန် စစ်ဘက်ဆိုင်ရာရွေးချယ်ခွင့်များ ဒေါ်နယ်ထရမ့် တောင်းဆို

875

Pika (NP News) - မတ် ၁၆
တရုတ်၏ဩဇာလွှမ်းမိုးမှုများမှ ပနားမားတူးမြောင်းကို လုံခြုံစေမည့်အစီအစဉ်များရေးဆွဲရန် အမေရိကန် စစ်တပ်ကို သမ္မတဒေါ်နယ်ထရမ့်က ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာ၊ CNN နှင့် NBC သတင်းဌာနတို့က ရေးသားဖော်ပြထားသည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ် တာဝန်ယူချိန်မှစတင်ပြီး ပနားမားတူးမြောင်းကို ပြန်လည်သိမ်းယူမည်ဆိုသည့် ခြိမ်းခြောက်မှုအများအပြားကို လုပ်ဆောင်ခဲ့ပြီးနောက် လပိုင်းအကြာတွင် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အတ္တလန္တိတ်နှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ဆက်သွယ်ပေးသည့်အရေးကြီးသော ရေကြောင်းဆိုင်ရာလမ်းကြောင်းတစ်ခုဖြစ်သည့် ပနားမားတူးမြောင်းသည် (၁၉၉၉)ခုနှစ်ကတည်းက ပနားမားနိုင်ငံ ၏ ထိန်းချုပ်မှုအောက်တွင်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပနားမားတူးမြောင်းတွင် ကောက်ခံနေသော အခကြေးငွေနှင့် အဆိုပါဒေသတွင် တရုတ်၏ တည်ရှိမှုမြင့် တက်လာခြင်းအပေါ် စိုးရိမ်မှုများကို ကိုးကားပြီး ပနားမားတူးမြောင်းကို ပြန်လည်သိမ်းယူရန် ဒေါ် နယ်ထရမ့်က အကြိမ်ကြိမ် ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုနှစ်အစောပိုင်းတွင် ဒေါ်နယ်ထရမ့်သည် ပနားမားတူးမြောင်းကို ပြန်လည်ထိန်းချုပ်ရန်အတွက် စစ်အင်အားအသုံးပြုမှုကိုငြင်းဆိုခဲ့ပြီး အမေရိကန်၏ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေး အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ရွေးချယ်စရာအားလုံးမှာ စားပွဲဝိုင်း ပေါ်တွင်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
အမေရိကန်အစိုးရသည် ပနားမားတူးမြောင်းတွင် အမေရိကန်၏ အကန့်အသတ်မရှိ ဝင်ရောက် ခွင့်များရရှိ စေရန်အတွက် ရွေးချယ်ခွင့်များ ချက်ချင်းထောက်ပံ့ပေးရန် အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ကို တရားဝင် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကားပြီး CNN က ရေးသားဖော်ပြခဲ့ သည်။
ထုတ်ပြန်ချက်တစ်ခုတွင် “ပနားမားတူးမြောင်းကို တရားမျှတပြီး အတားအဆီးမရှိတဲ့ အမေရိ ကန် စစ်တပ်နဲ့ကုန်သွယ်မှုဆိုင်ရာ ဝင်ရောက်ခွင့်တွေ ရရှိစေဖို့အတွက် ယုံကြည်စိတ်ချရတဲ့ စစ်ဘက်ဆိုင်ရာရွေးချယ်မှု တွေ ပေးဆောင်စေလိုပါတယ်” ဟု ရေးသားဖော်ပြထားသည်။

Zawgyi Version:
ပနားမားတူးေျမာင္းကို ထိန္းခ်ဳပ္ရန္ စစ္ဘက္ဆိုင္ရာေ႐ြးခ်ယ္ခြင့္မ်ား ေဒၚနယ္ထရမ့္ ေတာင္းဆို
Pika (NP News) - မတ္ ၁၆
တ႐ုတ္၏ဩဇာလႊမ္းမိုးမႈမ်ားမွ ပနားမားတူးေျမာင္းကို လုံၿခဳံေစမည့္အစီအစဥ္မ်ားေရးဆြဲရန္ အေမရိကန္ စစ္တပ္ကို သမၼတေဒၚနယ္ထရမ့္က ၫႊန္ၾကားထားေၾကာင္း သတင္းရင္းျမစ္မ်ား၏ ေျပာၾကားခ်က္ကို ကိုးကားၿပီး ႐ိုက္တာ၊ CNN ႏွင့္ NBC သတင္းဌာနတို႔က ေရးသားေဖာ္ျပထားသည္။
ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတအျဖစ္ တာဝန္ယူခ်ိန္မွစတင္ၿပီး ပနားမားတူးေျမာင္းကို ျပန္လည္သိမ္းယူမည္ဆိုသည့္ ၿခိမ္းေျခာက္မႈအမ်ားအျပားကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ လပိုင္းအၾကာတြင္ ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ အတၱလႏၲိတ္ႏွင့္ ပစိဖိတ္သမုဒၵရာတို႔ကို ဆက္သြယ္ေပးသည့္အေရးႀကီးေသာ ေရေၾကာင္းဆိုင္ရာလမ္းေၾကာင္းတစ္ခုျဖစ္သည့္ ပနားမားတူးေျမာင္းသည္ (၁၉၉၉)ခုႏွစ္ကတည္းက ပနားမားႏိုင္ငံ ၏ ထိန္းခ်ဳပ္မႈေအာက္တြင္ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ပနားမားတူးေျမာင္းတြင္ ေကာက္ခံေနေသာ အခေၾကးေငြႏွင့္ အဆိုပါေဒသတြင္ တ႐ုတ္၏ တည္ရွိမႈျမင့္ တက္လာျခင္းအေပၚ စိုးရိမ္မႈမ်ားကို ကိုးကားၿပီး ပနားမားတူးေျမာင္းကို ျပန္လည္သိမ္းယူရန္ ေဒၚ နယ္ထရမ့္က အႀကိမ္ႀကိမ္ ၿခိမ္းေျခာက္ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ယခုႏွစ္အေစာပိုင္းတြင္ ေဒၚနယ္ထရမ့္သည္ ပနားမားတူးေျမာင္းကို ျပန္လည္ထိန္းခ်ဳပ္ရန္အတြက္ စစ္အင္အားအသုံးျပဳမႈကိုျငင္းဆိုခဲ့ၿပီး အေမရိကန္၏ စီးပြားေရးႏွင့္ အမ်ိဳးသားလုံၿခဳံေရး အက်ိဳးစီးပြားမ်ားကို ကာကြယ္ရန္အတြက္ ေ႐ြးခ်ယ္စရာအားလုံးမွာ စားပြဲဝိုင္း ေပၚတြင္ရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
အေမရိကန္အစိုးရသည္ ပနားမားတူးေျမာင္းတြင္ အေမရိကန္၏ အကန႔္အသတ္မရွိ ဝင္ေရာက္ ခြင့္မ်ားရရွိ ေစရန္အတြက္ ေ႐ြးခ်ယ္ခြင့္မ်ား ခ်က္ခ်င္းေထာက္ပံ့ေပးရန္ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္ကို တရားဝင္ ေတာင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္း သတင္းရင္းျမစ္မ်ား၏ ေျပာၾကားခ်က္ကို ကိုးကားၿပီး CNN က ေရးသားေဖာ္ျပခဲ့ သည္။
ထုတ္ျပန္ခ်က္တစ္ခုတြင္ “ပနားမားတူးေျမာင္းကို တရားမွ်တၿပီး အတားအဆီးမရွိတဲ့ အေမရိ ကန္ စစ္တပ္နဲ႔ကုန္သြယ္မႈဆိုင္ရာ ဝင္ေရာက္ခြင့္ေတြ ရရွိေစဖို႔အတြက္ ယုံၾကည္စိတ္ခ်ရတဲ့ စစ္ဘက္ဆိုင္ရာေ႐ြးခ်ယ္မႈ ေတြ ေပးေဆာင္ေစလိုပါတယ္” ဟု ေရးသားေဖာ္ျပထားသည္။