နှစ်ရက်တာကြာမြင့်နေပြီဖြစ်သည့် ရွှေဘုန်းပွင့်တောင်တော်မှ တောမီးလောင်ကျွမ်းမှု မငြိမ်းနိုင်သေး

 1119

NP News- မတ် ၁၆

နှစ်ရက်တာကြာမြင့်နေပြီဖြစ်သည့် ရွှေဘုန်းပွင့်တောင်တော်မှ တောမီးလောင်ကျွမ်းမှု မငြိမ်းနိုင်သေးကြောင်း တောင်ကြီးမြို့ရှိ ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် မတ်လ(၁၄)ရက် နေ့လည်(၂)နာရီခွဲအချိန်ခန့်တွင် တောင်ကြီးမြို့အရှေ့ဘက်ရှိ ရွှေဘုန်းပွင့်ဘုရားအောက်တွင်ရှိသည့် ပတ္တမြားလိုဏ်ဂူ၏ အောက်ဘက်မှစ၍ တောမီးများ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

"တောင်ကြီးမှာက လေကအရမ်းတိုက်တာ။ အခုထိမီးကမငြိမ်းသေးဘူး။ တငွေ့ငွေ့နဲ့လောင်နေတာ။ အရန်မီးသတ်တွေဘာတွေကတော့ ကားရပ်လို့ရတဲ့နေရာတွေမှာရှိတယ်။ ပထမညကတော့ မီးတော်တော်များတယ်။ ရွှေဘုန်းပွင့်အောက်ကနေပဲစ‌လောင်တာ။ ပတ္တမြားဂူဆိုတာရှိတယ် အဲဒီကနေစတာ။ အခုဆိုရင်ပဲ နှစ်ညရှိသွားပြီ" ဟု အထက်ပါ ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါဖြစ်စဥ်ကြောင့် နေအိမ်တစ်လုံးမီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့် လူသေဆုံးမှုမရှိကြောင်း သိရသည်။

ရွှေဘုန်းပွင့်တောင်သည် မကြာခဏတောမီးလောင်ကျွမ်းလေ့ရှိသော်လည်း ယခုကဲ့သို့ ရက်ရှည်လောင်ကျွမ်းမှုမျိုးမရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

"မီးကတောင်ခြေအထိတော့မဆင်းဘူး။ တောင်ပေါ်ကတော့ တချို့နေရာတွေက ကားတက်လို့မရတဲ့နေရာတွေရှိတယ်။ တက်လို့ရတဲ့နေရာအထိကို ကြိုတင်ကာကွယ်ထားတာပေါ့။ အရင်ကလည်း လောင်တယ်။ ခါတိုင်းဆိုရင် အပေါ်ထောင်တက်သွားတဲ့မီးမျိုးဆို ခဏပဲ။ အခုကကျတော့ တငွေ့ငွေ့နဲ့လောင်နေတာ။ မီးလောင်တဲ့အထဲမှာတော့ ဒီတစ်ခါလောင်တာအကြာဆုံးပဲ"ဟု အထက်ပါ ဒေသခံလူမှုကူညီရေးအသင်းက ပြောသည်။

လက်ရှိတွင် ဒေသခံများအနေဖြင့် အဆိုပါတောမီးနှင့်ပတ်သက်၍ စိုးရိမ်စိတ်များလည်းရှိနေကြောင်း သိရသည်။

Zawgyi Version:
ႏွစ္ရက္တာၾကာျမင့္ေနၿပီျဖစ္သည့္ ေ႐ႊဘုန္းပြင့္ေတာင္ေတာ္မွ ေတာမီးေလာင္ကြၽမ္းမႈ မၿငိမ္းႏိုင္ေသး

NP News- မတ္ ၁၆

ႏွစ္ရက္တာၾကာျမင့္ေနၿပီျဖစ္သည့္ ေ႐ႊဘုန္းပြင့္ေတာင္ေတာ္မွ ေတာမီးေလာင္ကြၽမ္းမႈ မၿငိမ္းႏိုင္ေသးေၾကာင္း ေတာင္ႀကီးၿမိဳ႕ရွိ ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ(၁၄)ရက္ ေန႔လည္(၂)နာရီခြဲအခ်ိန္ခန႔္တြင္ ေတာင္ႀကီးၿမိဳ႕အေရွ႕ဘက္ရွိ ေ႐ႊဘုန္းပြင့္ဘုရားေအာက္တြင္ရွိသည့္ ပတၱျမားလိုဏ္ဂူ၏ ေအာက္ဘက္မွစ၍ ေတာမီးမ်ား စတင္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္သည္။

"ေတာင္ႀကီးမွာက ေလကအရမ္းတိုက္တာ။ အခုထိမီးကမၿငိမ္းေသးဘူး။ တေငြ႕ေငြ႕နဲ႔ေလာင္ေနတာ။ အရန္မီးသတ္ေတြဘာေတြကေတာ့ ကားရပ္လို႔ရတဲ့ေနရာေတြမွာရွိတယ္။ ပထမညကေတာ့ မီးေတာ္ေတာ္မ်ားတယ္။ ေ႐ႊဘုန္းပြင့္ေအာက္ကေနပဲစ‌ေလာင္တာ။ ပတၱျမားဂူဆိုတာရွိတယ္ အဲဒီကေနစတာ။ အခုဆိုရင္ပဲ ႏွစ္ညရွိသြားၿပီ" ဟု အထက္ပါ ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ေနအိမ္တစ္လုံးမီးကူးစက္ေလာင္ကြၽမ္းခဲ့ေၾကာင္း သိရၿပီး ထိခိုက္ဒဏ္ရာရရွိမႈႏွင့္ လူေသဆုံးမႈမရွိေၾကာင္း သိရသည္။

ေ႐ႊဘုန္းပြင့္ေတာင္သည္ မၾကာခဏေတာမီးေလာင္ကြၽမ္းေလ့ရွိေသာ္လည္း ယခုကဲ့သို႔ ရက္ရွည္ေလာင္ကြၽမ္းမႈမ်ိဳးမရွိေၾကာင္း ၎ကဆက္လက္ေျပာသည္။

"မီးကေတာင္ေျခအထိေတာ့မဆင္းဘူး။ ေတာင္ေပၚကေတာ့ တခ်ိဳ႕ေနရာေတြက ကားတက္လို႔မရတဲ့ေနရာေတြရွိတယ္။ တက္လို႔ရတဲ့ေနရာအထိကို ႀကိဳတင္ကာကြယ္ထားတာေပါ့။ အရင္ကလည္း ေလာင္တယ္။ ခါတိုင္းဆိုရင္ အေပၚေထာင္တက္သြားတဲ့မီးမ်ိဳးဆို ခဏပဲ။ အခုကက်ေတာ့ တေငြ႕ေငြ႕နဲ႔ေလာင္ေနတာ။ မီးေလာင္တဲ့အထဲမွာေတာ့ ဒီတစ္ခါေလာင္တာအၾကာဆုံးပဲ"ဟု အထက္ပါ ေဒသခံလူမႈကူညီေရးအသင္းက ေျပာသည္။

လက္ရွိတြင္ ေဒသခံမ်ားအေနျဖင့္ အဆိုပါေတာမီးႏွင့္ပတ္သက္၍ စိုးရိမ္စိတ္မ်ားလည္းရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.