ရည်ရွယ်ချက် မည်မျှကောင်းစေကာမူ လုပ်ရပ်မှားလျှင် ကောင်းသည့်ရည်ရွယ်ချက်ပါ ပျောက်တတ်သည်ကို ဂရုပြုသင့်သည့် စစ်မှုထမ်းကိစ္စ

598

ကိုနေ (ဥပဒေ) - မတ် ၂ဝ
ပြည်သူ့စစ်မှုထမ်းဥပဒေကို နားလည်မှုရှိစေရန် ယခုတစ်ပတ် အပိုင်း(၄)တွင်တော့ ပြည်သူ့စစ်မှုထမ်း နည်း ဥပဒေများ နောက်ဆက်တွဲပါ ပုံစံ(၆)၊ ပုံစံ (၇-က)၊ ပုံစံ(၇-ခ)၊ ပုံစံ(၇-ဂ)တို့နှင့်ပတ်သက်ပြီး ဆက်လက်ရေးသား ဖော်ပြလိုက်ရသည်။
ပြီးခဲ့သည့်အပတ် အပိုင်း(၃)တွင် ပြည်သူ့စစ်မှု ထမ်းနည်းဥပဒေများ နောက်ဆက်တွဲပါ ပုံစံ(၅)အထိ ပုံစံတစ်ခု ချင်းစီအလိုက် သက်ဆိုင်သည့်ပုဒ်မများ၊ နည်းဥပဒေများဖြင့် ချိတ်ဆက်ရေးသားခဲ့ပြီးဖြစ်ရာ နောက်ဆုံး ဖော်ပြခဲ့ သည့် ပုံစံ(၅)မှာ စစ်မှုထမ်းရန်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းသူကို ထုတ်ပေးရန် မှတ်ပုံတင် လက်မှတ်ပုံစံဖြစ်သည်။ တစ်နည်းအားဖြင့် စာဖတ်သူများထဲမှ စစ်မှုထမ်း ရန်အသက်အရွယ်ရောက်သူများက ကိုယ်တိုင် [ပုံစံ (၃-က)]/ကိုယ်စား [ပုံစံ(၃-ခ)] တို့ဖြင့် မြို့နယ်ပြည် သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံ သွားရောက် မှတ်ပုံ တင်စာရင်းရေး သွင်းပြီးသည့်အခါ ပြန်လည်ရရှိလာမည့်ပုံစံဖြစ်သည်။
တစ်ဖက်တွင် မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့မှ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ ရပ်ကွက်နှင့်ကျေးရွာများအတွင်း နေထိုင်ကြသော နိုင်ငံသားများအနက်မှ နှစ်တစ်နှစ်၏ ဒီဇင်ဘာလ(၃၁) ရက်ရောက်သည့်အခါတိုင်း စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူများကို ပြုစုပေး ပို့လာသည့် ပုံစံ(၁)နှင့်အတူ လာ ရောက်မှတ်ပုံတင် စာရင်းရေးသွင်းကြသော ပုံစံ(၃-က)နှင့် ပုံစံ(၃-ခ)တို့အနက်မှ သက်ဆိုင်ရာခေါင်းစဉ်အလိုက် သီးခြားစီ ခွဲပြီး စာရင်းရေးသွင်းထားသည့် ပုံစံ(၄-က)၊ ပုံစံ (၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ) တို့ကို ထိုသို့ သီးခြား စီခွဲပြီး စာရင်းရေး သွင်းပြုစုလိုက်သည့်နေ့မှ သတ် မှတ်ရက်အတွင်း သက်ဆိုင်ရာ နေပြည်တော်အဖွဲ့ (သို့) တိုင်းဒေသကြီး (သို့) ပြည်နယ်အဖွဲ့မှ တစ်ဆင့် ဗဟိုအဖွဲ့သို့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်းဥပဒေ(၁၉) အရ ပေးပို့လိုက် မည်ဖြစ်သည်။
[ဤနေရာတွင် မေးစရာမေးခွန်းတစ်ခုရှိလာသည်။ မည်သည့်အတွက် ဗဟိုပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေး အဖွဲ့ထံ ပုံစံ(၁)နှင့်အတူ ပုံစံ(၄-က)၊ ပုံစံ (၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄- ဃ)တို့ကို အတူတွဲ၍ ပေးပို့ရပါသနည်း။]
မိမိတစ်ဦးတည်း၏ ထင်မြင်ယူဆချက်အနေဖြင့် ဗဟိုအဖွဲ့အနေဖြင့် မြို့နယ်တစ်ခုတွင် စစ်မှုထမ်းရ မည့်အသက် အရွယ်ရောက်သူဦးရေ(ပုံစံ(၁)အရ)နှင့် အဆိုပါ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူ များအနက်မှ မှတ်ပုံတင် လာရောက် ရေးသွင်းသည့်ဦး ရေ [ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ)တို့အရ]ကို ပြန်လည်ချိန်ညှိသိရှိနိုင်ရန် ပေးပို့ခိုင်းခြင်း ဖြစ်မည်ဟု ယူဆမိပါသည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်းဥပဒေ (၂၀)အရ ဗဟိုအဖွဲ့သည် မြို့နယ်အဖွဲ့မှပေးပို့လာ သေစာရင်း [ပုံစံ(၁)၊ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ (၄-ဂ)၊ ပုံစံ(၄-ဃ)]ကိုစိစစ်ပြီး အဆိုပါစာရင်းကို လက်ခံရရှိသည့်နေ့မှ သတ်မှတ် ရက်အတွင်း ဆေးစစ် ဆေးရန် ဆင့်ခေါ်ရမည့်အရေအတွက်ကိုသတ်မှတ်၍ မြို့နယ်အဖွဲ့သို့ပေးပို့မည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ မြို့နယ်အဖွဲ့ကပေးပို့လာသောစာရင်းထဲမှ ဗဟိုအဖွဲ့က ဆေးစစ်ဆေးရန်ဆင့်ခေါ်ရမည့်အရေအတွက်စာ ရင်းကို ပြန်လည်ပေးပို့ခြင်းဖြစ်ပါသည်။ [ဤနေရာ တွင် မြို့နယ်အဖွဲ့အနေဖြင့် ဗဟိုအဖွဲ့ထံ ပုံစံ (၁)နှင့် အတူ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄- ဃ)တို့ကို အတူပေးပို့ရန် သတ်မှတ်ပြဋ္ဌာန်းထားရခြင်းမှာ ဗဟိုအဖွဲ့အနေဖြင့် အဆိုပါမြို့နယ် အတွက် ဆေးစစ်ဆေးရန် သတ်မှတ်ရမည့်အရေအတွက် ချိန်ညှိနိုင် စေရန် ပေးပို့ခိုင်းခြင်းဖြစ်မည်ဟု လည်းယူဆမိပါ သည်။]
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက်ဆက်တွဲပါ ပုံစံ(၆)သည် စစ်မှုထမ်းရန်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသူကို ဆေးစစ်ဆေးရန်ဆင့်ခေါ်စာပုံစံဖြစ်သည်။ အဆိုပါ ပုံစံ(၆)ဖြစ်သည့် ဆေးစစ် ဆေးရန်ဆင့်ခေါ်စာနှင့်ပတ်သက်၍ သိရှိထားကြရန်မှာ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်းဥပဒေ(၂)(ဍ)တွင် ဆေးစစ်ဆေးရေးဘုတ် အဖွဲ့ဆိုသည်မှာ ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံ ရသူများအား ဆေးစစ်ဆေးရန် ဆေးဝန်ထမ်းညွှန်ကြား ရေးမှူးရုံးကဖွဲ့စည်းပေးသည့် တပ်မတော် ဆေးစစ် ဆေးရေးဘုတ် အဖွဲ့ကိုဆိုသည် ဟုလည်းကောင်း၊ နည်းဥပဒေ(၂)(ဏ)တွင် ဆေးစစ်ဆေးရန်ဆင့်ခေါ် စာဆိုသည်မှာ ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် အ သက်အရွယ်ရောက်ပြီး မှတ်ပုံတင်လက်မှတ်ရရှိထားသည့် နိုင်ငံသားများအား ဥပဒေ ပုဒ်မ(၉) ပုဒ်မခွဲ(ခ)အရ ဆေးစစ်ဆေးရန် မြို့နယ်အဖွဲ့က ပုံစံ (၆)ဖြင့် အကြောင်းကြားသည့်စာကိုဆိုသည်ဟုလည်း ကောင်း၊ ပြည်သူ့စစ်မှု ထမ်းဥပဒေ ပုဒ်မ(၉)(ခ)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့သည် မှတ်ပုံတင်လက်မှတ် လက်ဝယ်ရရှိ ထားပြီးသော စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူကို ဆေးစစ်ရန်အတွက် ဆင့်ခေါ်နိုင်သည်ဟုလည်းကောင်း၊ ပြည် သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်းဥပဒေ(၂၁)တွင် မြို့နယ်အဖွဲ့သည် (က)မှတ်ပုံတင်စာရင်းသွင်းထား သူများအနက်မှ ဗဟိုအဖွဲ့၏ညွှန်ကြားချက်နှင့်အညီ သတ်မှတ်အရေအတွက်ကိုဆေးစစ်ဆေးရန် ဆင့်ခေါ် စာ ပုံစံ(၆)ဖြင့် ဆင့်ခေါ်ရမည်။ (ခ)ဆေးစစ်ဆေးခြင်းကို ဆေးစစ်ဆေးရေးဘုတ်အဖွဲ့ဖြင့်စစ်ဆေးရမည်ဟု လည်းကောင်း အသီးသီး ဖော်ပြ ပြဋ္ဌာန်းထားရှိသည်။
ဆိုလိုသည်မှာ သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ်အဆင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ဗဟိုအဖွဲ့ထံပေးပို့လိုက်သောစာရင်း [ပုံစံ(၁)၊ ပုံစံ (၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ)]တို့ကို ဗဟိုအဖွဲ့က စစ်ပြီးနောက် ဆေးစစ်ဆေးရမည့် သတ် မှတ်အရေအတွက်ကို စာရင်းလက်ခံရရှိသည့်နေ့မှစ၍ သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာမြို့နယ်အဖွဲ့သို့ ပြန်လည်ပေးပို့မည်ဖြစ်ရာ သက်ဆိုင်ရာမြို့နယ်အဖွဲ့မှ ဗဟိုအဖွဲ့ကသတ်မှတ်ပေးပို့လာသည့် သတ်မှတ်အ ရေအတွက်အတိုင်း ဆေးစစ်ဆေးရန် ပုံစံ(၆)ဖြင့် ပေး ပို့အကြောင်းကြားလာမည်ဖြစ်သည်။ ဤသည်မှာ စာဖတ်သူများထံ ဒုတိယအကြိမ်ထပ်မံရောက်ရှိလာနိုင်သည့် ဆင့်ခေါ်စာလည်းဖြစ်နိုင်သည်။ ပထမအကြိမ် စာဖတ်သူများထံရောက်ရှိလာမည့် ဆင့်ခေါ်စာမှာ စစ်မှုထမ်းရန်အရွယ်ရောက်သူအဖြစ် မှတ်ပုံ တင်ရန်ဆင့်ခေါ်စာ [ပုံစံ(၂)] ဖြစ်သည်။ [အဆို ပါ ပုံစံ(၂)နှင့်ပတ်သက်၍လည်း အကျယ်တဝင့် ရေးသားဖော်ပြခဲ့ပြီးဖြစ် ပါသည်]
ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ(၂၃)(ခ)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က ပုဒ်မ(၉)ပုဒ် မခွဲ(ခ) အရ ဆေးစစ်ရန်အတွက်ဆင့်ခေါ်ချိန်တွင် လာရောက်သတင်းပို့ရန် ပျက်ကွက်ခြင်းပြုလျှင် သို့မဟုတ် ပျက်ကွက် မှုတစ်ခုခုကို ခိုင်လုံသောအကြောင်း ပြချက်မရှိဘဲ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ် ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်ဟုပြဋ္ဌာန်းထားရာ စာဖတ်သူ များအနေဖြင့် မိမိတို့ထံသော်လည်းကောင်း၊ မိမိတို့၏ မိသားစုပတ်ဝန်း ကျင်/ဆွေမျိုးသားချင်းများထံသော်လည်းကောင်း ပုံစံ(၆)ဖြင့် ဆေးစစ်ဆေးရန်ဆင့်ခေါ်စာရောက်ရှိလာပါက ဆေးသွားရောက်စစ်ဆေးရန်လိုအပ်မည်ဖြစ် ကြောင်းကို သတိပြုမိကြစေရန် ဖော်ပြရေးသားလိုက်ရသည်။ [ပုံစံ(၂)/ပုံစံ(၆)တို့ဖြင့် ဆင့်ခေါ်ခြင်းခံရ သည်မှာ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းမဟုတ်သည်ကို လည်း ဂရုပြုစေချင်မိပါသည်]
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နောက်ဆက်တွဲပါ
- ပုံစံ(၇-က)မှာ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်း လွတ်ခွင့်ပြုရန် လျှောက်ထားသည့်ပုံစံ
- ပုံစံ(၇-ခ)မှာ ပြည်သူ့စစ်မှုထမ်းခြင်းမှ စစ်မှု ထမ်းရမည့်ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးရန် လျှောက်ထားသည့်ပုံစံ
- ပုံစံ(၇-ဂ)မှာ ပြည်သူ့စစ်မှုထမ်းခြင်းမှ သီးခြား ဖော်ပြထားသော ကာလအပိုင်းအခြားအထိ ရွှေ့ဆိုင်း ရန်လျှောက်ထားသည့်ပုံစံ တို့ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက်ဆက် တွဲပါ ပုံစံ(၇-က)၊ ပုံစံ(၇-ခ)၊ ပုံစံ(၇-ဂ)တို့နှင့်ပတ် သက်၍လည်း ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်းဥပဒေ(၂၂)တွင် စစ်မှုထမ်းနိုင်မည့်ကျန်းမာရေး အဆင့်မီကြောင်း သက်ဆိုင်ရာ ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့၏အတည်ပြုချက်ရသည့်နေ့မှစ၍ သတ်မှတ်ရက်အတွင်း ဆင့်ခေါ်ခြင်း ခံရသူသည် မိမိအား စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန် လျှောက်ထားလို ပါက ပုံစံ(၇-က)ဖြင့်ဖြစ်စေ၊ စစ်မှုထမ်းရ မည့်ကာလ အပိုင်း အခြားကို လျှော့ပေါ့ပေးရန် လျှောက်ထားလိုပါက ပုံစံ(၇-ခ)ဖြင့်ဖြစ်စေ၊ သီးခြားဖော်ပြထားသော ကာလအပိုင်း အခြားအထိ ရွှေ့ဆိုင်းရန်လျှောက်ထား လိုပါက ပုံစံ(၇-ဂ)ဖြင့်ဖြစ်စေ အကြောင်းပြချက်များ ကိုဖော်ပြ၍ အထောက် အထားစာရွက်စာတမ်းများ ပူးတွဲလျက် မြို့နယ်အဖွဲ့သို့ လျှောက်ထားရမည်ဟုသတ် မှတ်ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။
ဆိုလိုသည်မှာ ပုံစံ(၆)ဖြင့် ဆေးစစ်ဆေးရန်ဆင့် ခေါ်ခြင်းခံရပြီး သက်ဆိုင်ရာ တပ်မတော်ဆေးစစ်ဆေး ရေးဘုတ်အဖွဲ့ထံ ဆေးစစ်ဆေးမှုခံယူပြီးနောက် ဆေး စစ်ဆေးမှုအောင်မြင်ပြီးသည့်အခါ မိမိတို့၏ ပြည်သူ့ စစ်မှုထမ်း ဆောင်ရမည့်အပေါ် ကင်းလွတ်ခွင့်လျှောက် ထားခြင်း/စစ်မှုထမ်းရမည့်ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးရန် လျှောက်ထားခြင်း/စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားကို ရွှေ့ဆိုင်းပေးရန် လျှောက်ထားခြင်းတို့ကို ပြုလုပ်ရမည့် ပုံစံများဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဆောင်ရခြင်းနှင့်ပတ်သက်ပြီး မည်ကဲ့သို့သောသူများမှာ ကင်းလွတ်ခွင့်/လျှော့ ပေါ့ ခွင့်/ရွှေ့ ဆိုင်းခွင့်များ ရရှိပါမည်နည်းဟုဆိုရာတွင် ဤဆောင်းပါးကို စတင်ရေးသားဖော်ပြခဲ့သည့် NP News ၏ အတွဲ(၁)၊ အမှတ်(၅၃)တွင် “ထူးခြားမှုတစ်ခုအနေဖြင့် နည်းဥပဒေမထွက်လာ ခင်မှာတင် ပြည်သူ့စစ်မှုထမ်းဥပဒေပါ ကင်းလွတ်ခွင့် (၅)ချက်၊ ရွှေ့ဆိုင်းခွင့်(၆)ချက်များအပြင် သီးခြား ထပ်မံကြေညာလာသည့် ကင်းလွတ်ခွင့်(၈)ချက်၊ လျှော့ပေါ့ခွင့်(၃)ချက်၊ ရွှေ့ဆိုင်းခွင့်(၅)ချက်တို့ကို ဦးစွာ ကြေညာလာခြင်းဖြစ်သည်။
အဆိုပါ ကင်းလွတ်ခွင့် စုစုပေါင်း(၁၃)ချက်၊ လျှော့ပေါ့ခွင့်(၃) ချက်နှင့် ရွှေ့ဆိုင်းခွင့် စုစုပေါင်း(၁၁)ချက်တို့ကို နိုင်ငံပိုင်မီဒီယာများ/နိုင်ငံပိုင်သတင်းစာ များမှလည်း ထုတ်ပြန်ကြေညာလျက်ရှိရာ စာဖတ်သူ များအနေဖြင့် သိရှိထားရန် အင်မတန်အရေးကြီးသည်ကို ဆောင်းပါးကို ဆက်လက်ဖတ်ရှုရာမှ သိရှိလာပေ လိမ့်မည်”ဟု ဖော်ပြရေးသားခဲ့ပြီးဖြစ်ပါ၍ အဆိုပါ ကင်းလွတ်ခွင့်(၁၃)ချက်/လျှော့ပေါ့ခွင့်(၃)ချက်/ ရွှေ့ဆိုင်းခွင့်(၁၁)ချက်တို့နှင့်ပတ်သက်ပြီး နိုင်ငံတော် မှ တရား ဝင်ကြေညာထားသည့်အတိုင်း သီးခြားဖော်ပြ ပေးလိုက်ရသည်။
စာဖတ်သူများအနေဖြင့် မိမိတို့မှာ မည်သည့်အချက်အလက်များထဲတွင်အကျုံးဝင်ကြောင်း သိရှိပြီးပါက သက် ဆိုင်ရာ လျှောက်ထားရမည့်ပုံစံများနှင့် အညီ [ပုံစံ(၇-က)၊ ပုံစံ(၇-ခ)၊ ပုံစံ(၇-ဂ)]လျှောက် ထားနိုင်မည်ဖြစ်ကြောင်း ဖော်ပြ ရေးသားတင်ပြလိုက်ရပါသည်။
ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများပါ နောက်ဆက်တွဲပုံစံများကို ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပြည်သူ့ စစ်မှုထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အတူ ဆက်လက်ရေးသားဖော်ပြပေးပါဦးမည်။

Zawgyi Version:
ရည္႐ြယ္ခ်က္ မည္မွ်ေကာင္းေစကာမူ လုပ္ရပ္မွားလွ်င္ ေကာင္းသည့္ရည္႐ြယ္ခ်က္ပါ ေပ်ာက္တတ္သည္ကို ဂ႐ုျပဳ သင့္သည့္ စစ္မႈထမ္းကိစၥ
ကိုေန (ဥပေဒ) - မတ္ ၂ဝ
ျပည္သူ႔စစ္မႈထမ္းဥပေဒကို နားလည္မႈရွိေစရန္ ယခုတစ္ပတ္ အပိုင္း(၄)တြင္ေတာ့ ျပည္သူ႔စစ္မႈထမ္း နည္း ဥပေဒမ်ား ေနာက္ဆက္တြဲပါ ပုံစံ(၆)၊ ပုံစံ (၇-က)၊ ပုံစံ(၇-ခ)၊ ပုံစံ(၇-ဂ)တို႔ႏွင့္ပတ္သက္ၿပီး ဆက္ လက္ေရးသား ေဖာ္ျပလိုက္ရသည္။
ၿပီးခဲ့သည့္အပတ္ အပိုင္း(၃)တြင္ ျပည္သူ႔စစ္မႈ ထမ္းနည္းဥပေဒမ်ား ေနာက္ဆက္တြဲပါ ပုံစံ(၅)အထိ ပုံစံတစ္ခု ခ်င္းစီအလိုက္ သက္ဆိုင္သည့္ပုဒ္မမ်ား၊ နည္းဥပေဒမ်ားျဖင့္ ခ်ိတ္ဆက္ေရးသားခဲ့ၿပီးျဖစ္ရာ ေနာက္ဆုံး ေဖာ္ျပခဲ့ သည့္ ပုံစံ(၅)မွာ စစ္မႈထမ္းရန္အ႐ြယ္ေရာက္သူအျဖစ္ မွတ္ပုံတင္စာရင္းသြင္းသူကို ထုတ္ေပးရန္ မွတ္ပုံတင္ လက္မွတ္ပုံစံျဖစ္သည္။ တစ္နည္းအားျဖင့္ စာဖတ္သူမ်ားထဲမွ စစ္မႈထမ္း ရန္အသက္အ႐ြယ္ေရာက္သူမ်ားက ကိုယ္တိုင္ [ပုံစံ (၃-က)]/ကိုယ္စား [ပုံစံ(၃-ခ)] တို႔ျဖင့္ ၿမိဳ႕နယ္ျပည္ သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕ထံ သြားေရာက္ မွတ္ပုံ တင္စာရင္းေရး သြင္းၿပီးသည့္အခါ ျပန္လည္ရရွိလာမည့္ပုံစံျဖစ္သည္။
တစ္ဖက္တြင္ ၿမိဳ႕နယ္ ျပည္သူ႔စစ္မႈထမ္းဆင့္ ေခၚေရးအဖြဲ႕မွ ရပ္ကြက္ႏွင့္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ားက ၎တို႔၏ ရပ္ကြက္ႏွင့္ေက်း႐ြာမ်ားအတြင္း ေနထိုင္ၾကေသာ ႏိုင္ငံသားမ်ားအနက္မွ ႏွစ္တစ္ႏွစ္၏ ဒီဇင္ဘာလ(၃၁) ရက္ေရာက္သည့္အခါတိုင္း စစ္မႈထမ္းရမည့္အသက္အ႐ြယ္ေရာက္သူမ်ားကို ျပဳစုေပး ပို႔လာသည့္ ပုံစံ(၁)ႏွင့္အတူ လာ ေရာက္မွတ္ပုံတင္ စာရင္းေရးသြင္းၾကေသာ ပုံစံ(၃-က)ႏွင့္ ပုံစံ(၃-ခ)တို႔အနက္မွ သက္ဆိုင္ရာေခါင္းစဥ္အလိုက္ သီးျခားစီ ခြဲၿပီး စာရင္းေရးသြင္းထားသည့္ ပုံစံ(၄-က)၊ ပုံစံ (၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ) တို႔ကို ထိုသို႔ သီးျခား စီခြဲၿပီး စာရင္းေရး သြင္းျပဳစုလိုက္သည့္ေန႔မွ သတ္ မွတ္ရက္အတြင္း သက္ဆိုင္ရာ ေနျပည္ေတာ္အဖြဲ႕ (သို႔) တိုင္းေဒသႀကီး (သို႔) ျပည္နယ္အဖြဲ႕မွ တစ္ဆင့္ ဗဟိုအဖြဲ႕သို႔ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္းဥပေဒ(၁၉) အရ ေပးပို႔လိုက္ မည္ျဖစ္သည္။
[ဤေနရာတြင္ ေမးစရာေမးခြန္းတစ္ခုရွိလာသည္။ မည္သည့္အတြက္ ဗဟိုျပည္သူ႔စစ္မႈထမ္းဆင့္ ေခၚေရး အဖြဲ႕ထံ ပုံစံ(၁)ႏွင့္အတူ ပုံစံ(၄-က)၊ ပုံစံ (၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄- ဃ)တို႔ကို အတူတြဲ၍ ေပးပို႔ရပါသနည္း။]
မိမိတစ္ဦးတည္း၏ ထင္ျမင္ယူဆခ်က္အေနျဖင့္ ဗဟိုအဖြဲ႕အေနျဖင့္ ၿမိဳ႕နယ္တစ္ခုတြင္ စစ္မႈထမ္းရ မည့္အသက္ အ႐ြယ္ေရာက္သူဦးေရ(ပုံစံ(၁)အရ)ႏွင့္ အဆိုပါ စစ္မႈထမ္းရမည့္အသက္အ႐ြယ္ေရာက္သူ မ်ားအနက္မွ မွတ္ပုံတင္ လာေရာက္ ေရးသြင္းသည့္ဦး ေရ [ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ)တို႔အရ]ကို ျပန္လည္ခ်ိန္ညႇိသိရွိႏိုင္ရန္ ေပးပို႔ခိုင္းျခင္း ျဖစ္မည္ဟု ယူဆမိပါသည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္းဥပေဒ (၂၀)အရ ဗဟိုအဖြဲ႕သည္ ၿမိဳ႕နယ္အဖြဲ႕မွေပးပို႔လာ ေသစာရင္း [ပုံစံ(၁)၊ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ (၄-ဂ)၊ ပုံစံ(၄-ဃ)]ကိုစိစစ္ၿပီး အဆိုပါစာရင္းကို လက္ခံရရွိသည့္ေန႔မွ သတ္မွတ္ ရက္အတြင္း ေဆးစစ္ ေဆးရန္ ဆင့္ေခၚရမည့္အေရအတြက္ကိုသတ္မွတ္၍ ၿမိဳ႕နယ္အဖြဲ႕သို႔ေပးပို႔မည္ျဖစ္ပါသည္။ ဆိုလိုသည္မွာ ၿမိဳ႕နယ္အဖြဲ႕ကေပးပို႔လာေသာစာရင္းထဲမွ ဗဟိုအဖြဲ႕က ေဆးစစ္ေဆးရန္ဆင့္ေခၚရမည့္အေရအတြက္စာ ရင္းကို ျပန္လည္ေပးပို႔ျခင္းျဖစ္ပါသည္။ [ဤေနရာ တြင္ ၿမိဳ႕နယ္အဖြဲ႕အေနျဖင့္ ဗဟိုအဖြဲ႕ထံ ပုံစံ (၁)ႏွင့္ အတူ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄- ဃ)တို႔ကို အတူေပးပို႔ရန္ သတ္မွတ္ျပ႒ာန္းထားရျခင္းမွာ ဗဟိုအဖြဲ႕အေနျဖင့္ အဆိုပါၿမိဳ႕နယ္ အတြက္ ေဆးစစ္ေဆးရန္ သတ္မွတ္ရမည့္အေရအတြက္ ခ်ိန္ညႇိႏိုင္ ေစရန္ ေပးပို႔ခိုင္းျခင္းျဖစ္မည္ဟု လည္းယူဆမိပါ သည္။]
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ဆက္တြဲပါ ပုံစံ(၆)သည္ စစ္မႈထမ္းရန္အ႐ြယ္ေရာက္သူအျဖစ္ မွတ္ပုံတင္လက္မွတ္ထုတ္ေပးထားသူကို ေဆးစစ္ေဆးရန္ဆင့္ေခၚစာပုံစံျဖစ္သည္။ အဆိုပါ ပုံစံ(၆)ျဖစ္သည့္ ေဆးစစ္ ေဆးရန္ဆင့္ေခၚစာႏွင့္ပတ္သက္၍ သိရွိထားၾကရန္မွာ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္းဥပေဒ(၂)(ဍ)တြင္ ေဆးစစ္ေဆးေရးဘုတ္ အဖြဲ႕ဆိုသည္မွာ ျပည္သူ႔စစ္မႈထမ္းရန္ ဆင့္ေခၚျခင္းခံ ရသူမ်ားအား ေဆးစစ္ေဆးရန္ ေဆးဝန္ထမ္းၫႊန္ၾကား ေရးမႉး႐ုံးကဖြဲ႕စည္းေပးသည့္ တပ္မေတာ္ ေဆးစစ္ ေဆးေရးဘုတ္ အဖြဲ႕ကိုဆိုသည္ ဟုလည္းေကာင္း၊ နည္းဥပေဒ(၂)(ဏ)တြင္ ေဆးစစ္ေဆးရန္ဆင့္ေခၚ စာဆိုသည္မွာ ျပည္သူ႔စစ္မႈထမ္းေဆာင္ရမည့္ အ သက္အ႐ြယ္ေရာက္ၿပီး မွတ္ပုံတင္လက္မွတ္ရရွိထားသည့္ ႏိုင္ငံသားမ်ားအား ဥပေဒ ပုဒ္မ(၉) ပုဒ္မခြဲ(ခ)အရ ေဆးစစ္ေဆးရန္ ၿမိဳ႕နယ္အဖြဲ႕က ပုံစံ (၆)ျဖင့္ အေၾကာင္းၾကားသည့္စာကိုဆိုသည္ဟုလည္း ေကာင္း၊ ျပည္သူ႔စစ္မႈ ထမ္းဥပေဒ ပုဒ္မ(၉)(ခ)တြင္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးၿမိဳ႕နယ္အဖြဲ႕သည္ မွတ္ပုံတင္လက္မွတ္ လက္ဝယ္ရရွိ ထားၿပီးေသာ စစ္မႈထမ္းရမည့္ အသက္အ႐ြယ္ေရာက္သူကို ေဆးစစ္ရန္အတြက္ ဆင့္ေခၚႏိုင္သည္ဟုလည္းေကာင္း၊ ျပည္ သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္းဥပေဒ(၂၁)တြင္ ၿမိဳ႕နယ္အဖြဲ႕သည္ (က)မွတ္ပုံတင္စာရင္းသြင္းထား သူမ်ားအနက္မွ ဗဟိုအဖြဲ႕၏ၫႊန္ၾကားခ်က္ႏွင့္အညီ သတ္မွတ္အေရအတြက္ကိုေဆးစစ္ေဆးရန္ ဆင့္ေခၚ စာ ပုံစံ(၆)ျဖင့္ ဆင့္ေခၚရမည္။ (ခ)ေဆးစစ္ေဆးျခင္းကို ေဆးစစ္ေဆးေရးဘုတ္အဖြဲ႕ျဖင့္စစ္ေဆးရမည္ဟု လည္းေကာင္း အသီးသီး ေဖာ္ျပ ျပ႒ာန္းထားရွိသည္။
ဆိုလိုသည္မွာ သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ ၿမိဳ႕နယ္အဆင့္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕မွ ဗဟိုအဖြဲ႕ထံေပးပို႔လိုက္ေသာစာရင္း [ပုံစံ(၁)၊ ပုံစံ (၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ)]တို႔ကို ဗဟိုအဖြဲ႕က စစ္ၿပီးေနာက္ ေဆးစစ္ေဆးရမည့္ သတ္ မွတ္အေရအတြက္ကို စာရင္းလက္ခံရရွိသည့္ေန႔မွစ၍ သတ္မွတ္ရက္အတြင္း သက္ဆိုင္ရာၿမိဳ႕နယ္အဖြဲ႕သို႔ ျပန္လည္ေပးပို႔မည္ျဖစ္ရာ သက္ဆိုင္ရာၿမိဳ႕နယ္အဖြဲ႕မွ ဗဟိုအဖြဲ႕ကသတ္မွတ္ေပးပို႔လာသည့္ သတ္မွတ္အ ေရအတြက္အတိုင္း ေဆးစစ္ေဆးရန္ ပုံစံ(၆)ျဖင့္ ေပး ပို႔အေၾကာင္းၾကားလာမည္ျဖစ္သည္။ ဤသည္မွာ စာဖတ္သူမ်ားထံ ဒုတိယအႀကိမ္ထပ္မံေရာက္ရွိလာႏိုင္သည့္ ဆင့္ေခၚစာလည္းျဖစ္ႏိုင္သည္။ ပထမအႀကိမ္ စာဖတ္သူမ်ားထံေရာက္ရွိလာမည့္ ဆင့္ေခၚစာမွာ စစ္မႈထမ္းရန္အ႐ြယ္ေရာက္သူအျဖစ္ မွတ္ပုံ တင္ရန္ဆင့္ေခၚစာ [ပုံစံ(၂)] ျဖစ္သည္။ [အဆို ပါ ပုံစံ(၂)ႏွင့္ပတ္သက္၍လည္း အက်ယ္တဝင့္ ေရးသားေဖာ္ျပခဲ့ၿပီးျဖစ္ ပါသည္]
ျပည္သူ႔စစ္မႈထမ္းဥပေဒပုဒ္မ(၂၃)(ခ)တြင္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးၿမိဳ႕နယ္အဖြဲ႕က ပုဒ္မ(၉)ပုဒ္ မခြဲ(ခ) အရ ေဆးစစ္ရန္အတြက္ဆင့္ေခၚခ်ိန္တြင္ လာေရာက္သတင္းပို႔ရန္ ပ်က္ကြက္ျခင္းျပဳလွ်င္ သို႔မဟုတ္ ပ်က္ကြက္ မႈတစ္ခုခုကို ခိုင္လုံေသာအေၾကာင္း ျပခ်က္မရွိဘဲ က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္း ခံရလွ်င္ ထိုသူကို သုံးႏွစ္ ထက္မပိုေသာေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ ရမည္ဟုျပ႒ာန္းထားရာ စာဖတ္သူ မ်ားအေနျဖင့္ မိမိတို႔ထံေသာ္လည္းေကာင္း၊ မိမိတို႔၏ မိသားစုပတ္ဝန္း က်င္/ေဆြမ်ိဳးသားခ်င္းမ်ားထံေသာ္လည္းေကာင္း ပုံစံ(၆)ျဖင့္ ေဆးစစ္ေဆးရန္ဆင့္ေခၚစာေရာက္ရွိလာပါက ေဆးသြားေရာက္စစ္ေဆးရန္လိုအပ္မည္ျဖစ္ ေၾကာင္းကို သတိျပဳမိၾကေစရန္ ေဖာ္ျပေရးသားလိုက္ရသည္။ [ပုံစံ(၂)/ပုံစံ(၆)တို႔ျဖင့္ ဆင့္ေခၚျခင္းခံရ သည္မွာ စစ္မႈထမ္းရန္ ဆင့္ေခၚျခင္းမဟုတ္သည္ကို လည္း ဂ႐ုျပဳေစခ်င္မိပါသည္]
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ ေနာက္ဆက္တြဲပါ
- ပုံစံ(၇-က)မွာ ျပည္သူ႔စစ္မႈထမ္းျခင္းမွ ကင္း လြတ္ခြင့္ျပဳရန္ ေလွ်ာက္ထားသည့္ပုံစံ
- ပုံစံ(၇-ခ)မွာ ျပည္သူ႔စစ္မႈထမ္းျခင္းမွ စစ္မႈ ထမ္းရမည့္ကာလအပိုင္းအျခားကို ေလွ်ာ့ေပါ့ေပးရန္ ေလွ်ာက္ထားသည့္ပုံစံ
- ပုံစံ(၇-ဂ)မွာ ျပည္သူ႔စစ္မႈထမ္းျခင္းမွ သီးျခား ေဖာ္ျပထားေသာ ကာလအပိုင္းအျခားအထိ ေ႐ႊ႕ဆိုင္း ရန္ေလွ်ာက္ထားသည့္ပုံစံ တို႔ျဖစ္သည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ဆက္ တြဲပါ ပုံစံ(၇-က)၊ ပုံစံ(၇-ခ)၊ ပုံစံ(၇-ဂ)တို႔ႏွင့္ပတ္ သက္၍လည္း ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္းဥပေဒ(၂၂)တြင္ စစ္မႈထမ္းႏိုင္မည့္က်န္းမာေရး အဆင့္မီေၾကာင္း သက္ဆိုင္ရာ ေဆးစစ္ေဆးေရး ဘုတ္အဖြဲ႕၏အတည္ျပဳခ်က္ရသည့္ေန႔မွစ၍ သတ္မွတ္ရက္အတြင္း ဆင့္ေခၚျခင္း ခံရသူသည္ မိမိအား စစ္မႈထမ္းျခင္းမွ ကင္းလြတ္ခြင့္ျပဳရန္ ေလွ်ာက္ထားလို ပါက ပုံစံ(၇-က)ျဖင့္ျဖစ္ေစ၊ စစ္မႈထမ္းရ မည့္ကာလ အပိုင္း အျခားကို ေလွ်ာ့ေပါ့ေပးရန္ ေလွ်ာက္ထားလိုပါက ပုံစံ(၇-ခ)ျဖင့္ျဖစ္ေစ၊ သီးျခားေဖာ္ျပထားေသာ ကာလအပိုင္း အျခားအထိ ေ႐ႊ႕ဆိုင္းရန္ေလွ်ာက္ထား လိုပါက ပုံစံ(၇-ဂ)ျဖင့္ျဖစ္ေစ အေၾကာင္းျပခ်က္မ်ား ကိုေဖာ္ျပ၍ အေထာက္ အထားစာ႐ြက္စာတမ္းမ်ား ပူးတြဲလ်က္ ၿမိဳ႕နယ္အဖြဲ႕သို႔ ေလွ်ာက္ထားရမည္ဟုသတ္ မွတ္ျပ႒ာန္းထားသည္ကို ေတြ႕ရွိရသည္။
ဆိုလိုသည္မွာ ပုံစံ(၆)ျဖင့္ ေဆးစစ္ေဆးရန္ဆင့္ ေခၚျခင္းခံရၿပီး သက္ဆိုင္ရာ တပ္မေတာ္ေဆးစစ္ေဆး ေရးဘုတ္အဖြဲ႕ထံ ေဆးစစ္ေဆးမႈခံယူၿပီးေနာက္ ေဆး စစ္ေဆးမႈေအာင္ျမင္ၿပီးသည့္အခါ မိမိတို႔၏ ျပည္သူ႔ စစ္မႈထမ္း ေဆာင္ရမည့္အေပၚ ကင္းလြတ္ခြင့္ေလွ်ာက္ ထားျခင္း/စစ္မႈထမ္းရမည့္ကာလအပိုင္းအျခားကို ေလွ်ာ့ေပါ့ေပးရန္ ေလွ်ာက္ထားျခင္း/စစ္မႈထမ္းရမည့္ ကာလအပိုင္းအျခားကို ေ႐ႊ႕ဆိုင္းေပးရန္ ေလွ်ာက္ထားျခင္းတို႔ကို ျပဳလုပ္ရမည့္ ပုံစံမ်ားျဖစ္သည္။
ျပည္သူ႔စစ္မႈထမ္းေဆာင္ရျခင္းႏွင့္ပတ္သက္ၿပီး မည္ကဲ့သို႔ေသာသူမ်ားမွာ ကင္းလြတ္ခြင့္/ေလွ်ာ့ ေပါ့ ခြင့္/ေ႐ႊ႕ ဆိုင္းခြင့္မ်ား ရရွိပါမည္နည္းဟုဆိုရာတြင္ ဤေဆာင္းပါးကို စတင္ေရးသားေဖာ္ျပခဲ့သည့္ NP News ၏ အတြဲ(၁)၊ အမွတ္(၅၃)တြင္ “ထူးျခားမႈတစ္ခုအေနျဖင့္ နည္းဥပေဒမထြက္လာ ခင္မွာတင္ ျပည္သူ႔စစ္မႈထမ္းဥပေဒပါ ကင္းလြတ္ခြင့္ (၅)ခ်က္၊ ေ႐ႊ႕ဆိုင္းခြင့္(၆)ခ်က္မ်ားအျပင္ သီးျခား ထပ္မံေၾကညာလာသည့္ ကင္းလြတ္ခြင့္(၈)ခ်က္၊ ေလွ်ာ့ေပါ့ခြင့္(၃)ခ်က္၊ ေ႐ႊ႕ဆိုင္းခြင့္(၅)ခ်က္တို႔ကို ဦးစြာ ေၾကညာလာျခင္းျဖစ္သည္။
အဆိုပါ ကင္းလြတ္ခြင့္ စုစုေပါင္း(၁၃)ခ်က္၊ ေလွ်ာ့ေပါ့ခြင့္(၃) ခ်က္ႏွင့္ ေ႐ႊ႕ဆိုင္းခြင့္ စုစုေပါင္း(၁၁)ခ်က္တို႔ကို ႏိုင္ငံပိုင္မီဒီယာမ်ား/ႏိုင္ငံပိုင္သတင္းစာ မ်ားမွလည္း ထုတ္ျပန္ေၾကညာလ်က္ရွိရာ စာဖတ္သူ မ်ားအေနျဖင့္ သိရွိထားရန္ အင္မတန္အေရးႀကီးသည္ကို ေဆာင္းပါးကို ဆက္လက္ဖတ္ရႈရာမွ သိရွိလာေပ လိမ့္မည္”ဟု ေဖာ္ျပေရးသားခဲ့ၿပီးျဖစ္ပါ၍ အဆိုပါ ကင္းလြတ္ခြင့္(၁၃)ခ်က္/ေလွ်ာ့ေပါ့ခြင့္(၃)ခ်က္/ ေ႐ႊ႕ဆိုင္းခြင့္(၁၁)ခ်က္တို႔ႏွင့္ပတ္သက္ၿပီး ႏိုင္ငံေတာ္ မွ တရား ဝင္ေၾကညာထားသည့္အတိုင္း သီးျခားေဖာ္ျပ ေပးလိုက္ရသည္။
စာဖတ္သူမ်ားအေနျဖင့္ မိမိတို႔မွာ မည္သည့္အခ်က္အလက္မ်ားထဲတြင္အက်ဳံးဝင္ေၾကာင္း သိရွိၿပီးပါက သက္ ဆိုင္ရာ ေလွ်ာက္ထားရမည့္ပုံစံမ်ားႏွင့္ အညီ [ပုံစံ(၇-က)၊ ပုံစံ(၇-ခ)၊ ပုံစံ(၇-ဂ)]ေလွ်ာက္ ထားႏိုင္မည္ျဖစ္ေၾကာင္း ေဖာ္ျပ ေရးသားတင္ျပလိုက္ရပါသည္။
ဆက္လက္၍ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ားပါ ေနာက္ဆက္တြဲပုံစံမ်ားကို ျပည္သူ႔စစ္မႈထမ္းဥပေဒ၊ ျပည္သူ႔ စစ္မႈထမ္းနည္းဥပေဒမ်ားပါ ျပ႒ာန္းခ်က္မ်ားႏွင့္အတူ ဆက္လက္ေရးသားေဖာ္ျပေပးပါဦးမည္။