ငလျင်ဘေးသင့်ပြည်သူများအတွက် အကယ်ဒမီဝတ်မှုန်ရွှေရည်၊ အကယ်ဒမီနေတိုးအပါအဝင် အနုပညာများက အလှူငွေများ ပေးအပ်လှူဒါန်းနေ

 12968

သန့်ဇင် (NP News) - မတ် ၂၉

ငလျင်ဘေးသင့်ပြည်သူများအတွက် အကယ်ဒမီဝတ်မှုန်ရွှေရည်၊ အကယ်ဒမီနေတိုးအပါအဝင် အနုပညာများက အလှူငွေများ ပေးအပ်လှူဒါန်းနေကြောင်း “ခိုင်နှင်းဝေရင်သွေးများဂေဟာ”၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့(မတ်လ ၂၈ရက်) မွန်းလွဲ ၁၂နာရီ ၅၁မိနစ်က မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် (၂၁)ကီလိုမီတာခန့်အကွာ၊ မန္တလေးမြို့၏ အရှောက်မြောက်ဘက် (၂၀)ကီလိုမီတာခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး(၇ ဒသမ ၇)ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်လှုပ်ခတ်သွားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော် ကောင်စီနယ် မြေနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။

အဆိုပါ မြေငလျင်ကြောင့် အသက်အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့သောပြည်သူများအတွက် ခိုင်နှင်းဝေဖောင်ရှင်းမှ မတည်အလှူငွေကျပ်သိန်း (၁၀၀၀)လှူဒါန်းထားပြီး အခြားသော နာမည်ကျော်အနုပညာရှင်များဖြစ်ကြသည့် အကယ်ဒမီဝတ်မှုန်ရွှေရည်တို့ ဇနီးမောင်နှံက ငွေကျပ်သိန်း(၃၀၀)၊ အကယ်ဒမီနေတိုးတို့ဇနီးမောင်နှံမှ ငွေကျပ်သိန်း(၁၀၀)၊ သရုပ်ဆောင် အိချောတို့ဇနီးမောင်နှံမှ ငွေကျပ်သိန်း (၁၀၀)၊ သရုပ်ဆောင်နော်ဖောအယ်ထားမှ ငွေကျပ်သိန်း(၁၀၀)တို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် သရုပ်ဆောင်ကျော်ထက်အောင်က (၁၀)သိန်းကျပ် လှူဒါန်းခဲ့ပြီး သရုပ်ဆောင်ကိုဘင်းနှင့် နှိုင်းယှဉ်မြင့်မိုလ်တို့မိသားစုက (၁၀)သိန်း ကျပ်၊ သရုပ်ဆောင်ဗညားဘုန်းပြည့်မှ (၁၆)သိန်းကျပ်၊ သရုပ်ဆောင်ယုသန္တာတင်က သိန်း(၅၀)ကျပ်၊ အဆိုတော်သရုပ်ဆောင်လွှမ်းပိုင်က သိန်း(၅၀)ကျပ်၊ အဆိုတော်ရဲလေး သိန်း(၃၀)ကျပ်၊ အဆိုတော်မေလသံစဉ်က သိန်း(၆၀)ကျပ်၊ သရုပ်ဆောင်ညီထွဋ်ခေါင်က (၇)သိန်းကျပ်တို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် အကယ်ဒမီအေးချမ်းမောင်ကလည်း ငလျင်ဘေးသင့်ပြည့်သူများအတွက် အလှူငွေကျပ်သိန်း (၁၀၀)လှူဒါန်းထားကြောင်း ၎င်း၏လူမှုကွန်ယက် Facebook စာမျက်နှာထက်တွင် ဖော်ပြထားသည်။

မြန်မာ့မြေငလျင်နှင့်ပတ်သက်၍ နိုင်ငံတကာအကူညီမှုများလည်းများစွာရရှိခဲ့ပြီး အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဂျပန်၊ မလေးရှားတို့ကလည်း လူသားချင်းစာနာမှုအကူအညီများပေးအပ်နေကြကြောင်း သိရသည်။

Zawgyi Version:
ငလ်င္ေဘးသင့္ျပည္သူမ်ားအတြက္ အကယ္ဒမီဝတ္မႈန္ေ႐ႊရည္၊ အကယ္ဒမီေနတိုးအပါအဝင္ အႏုပညာမ်ားက အလႉေငြမ်ား ေပးအပ္လႉဒါန္းေန
သန႔္ဇင္ (NP News) - မတ္ ၂၉

ငလ်င္ေဘးသင့္ျပည္သူမ်ားအတြက္ အကယ္ဒမီဝတ္မႈန္ေ႐ႊရည္၊ အကယ္ဒမီေနတိုးအပါအဝင္ အႏုပညာမ်ားက အလႉေငြမ်ား ေပးအပ္လႉဒါန္းေနေၾကာင္း “ခိုင္ႏွင္းေဝရင္ေသြးမ်ားေဂဟာ”၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ယမန္ေန႔(မတ္လ ၂၈ရက္) မြန္းလြဲ ၁၂နာရီ ၅၁မိနစ္က မႏၲေလးေျမငလ်င္စခန္းမွ ေျမာက္ဘက္ (၂၁)ကီလိုမီတာခန႔္အကြာ၊ မႏၲေလးၿမိဳ႕၏ အေရွာက္ေျမာက္ဘက္ (၂၀)ကီလိုမီတာခန႔္အကြာကို ဗဟိုျပဳ၍ အင္အားရစ္ခ်္တာစေကး(၇ ဒသမ ၇)ရွိ အင္အားအလြန္ျပင္းထန္ေသာ ေျမငလ်င္လႈပ္ခတ္သြားခဲ့ၿပီး စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ေနျပည္ေတာ္ ေကာင္စီနယ္ ေျမႏွင့္ ပဲခူးတိုင္းေဒသႀကီးတို႔တြင္ ငလ်င္ဒဏ္ကို ျပင္းျပင္းထန္ထန္ခံစားခဲ့ရၿပီး အသက္အိုးအိမ္မ်ား ပ်က္စီးဆုံးရႈံးခဲ့ၾကရသည္။

အဆိုပါ ေျမငလ်င္ေၾကာင့္ အသက္အိုးအိမ္ပ်က္စီးဆုံးရႈံးခဲ့ေသာျပည္သူမ်ားအတြက္ ခိုင္ႏွင္းေဝေဖာင္ရွင္းမွ မတည္အလႉေငြက်ပ္သိန္း (၁၀၀၀)လႉဒါန္းထားၿပီး အျခားေသာ နာမည္ေက်ာ္အႏုပညာရွင္မ်ားျဖစ္ၾကသည့္ အကယ္ဒမီဝတ္မႈန္ေ႐ႊရည္တို႔ ဇနီးေမာင္ႏွံက ေငြက်ပ္သိန္း(၃၀၀)၊ အကယ္ဒမီေနတိုးတို႔ဇနီးေမာင္ႏွံမွ ေငြက်ပ္သိန္း(၁၀၀)၊ သ႐ုပ္ေဆာင္ အိေခ်ာတို႔ဇနီးေမာင္ႏွံမွ ေငြက်ပ္သိန္း (၁၀၀)၊ သ႐ုပ္ေဆာင္ေနာ္ေဖာအယ္ထားမွ ေငြက်ပ္သိန္း(၁၀၀)တို႔ လႉဒါန္းခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ သ႐ုပ္ေဆာင္ေက်ာ္ထက္ေအာင္က (၁၀)သိန္းက်ပ္ လႉဒါန္းခဲ့ၿပီး သ႐ုပ္ေဆာင္ကိုဘင္းႏွင့္ ႏႈိင္းယွဥ္ျမင့္မိုလ္တို႔မိသားစုက (၁၀)သိန္း က်ပ္၊ သ႐ုပ္ေဆာင္ဗညားဘုန္းျပည့္မွ (၁၆)သိန္းက်ပ္၊ သ႐ုပ္ေဆာင္ယုသႏၲာတင္က သိန္း(၅၀)က်ပ္၊ အဆိုေတာ္သ႐ုပ္ေဆာင္လႊမ္းပိုင္က သိန္း(၅၀)က်ပ္၊ အဆိုေတာ္ရဲေလး သိန္း(၃၀)က်ပ္၊ အဆိုေတာ္ေမလသံစဥ္က သိန္း(၆၀)က်ပ္၊ သ႐ုပ္ေဆာင္ညီထြဋ္ေခါင္က (၇)သိန္းက်ပ္တို႔ လႉဒါန္းခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အကယ္ဒမီေအးခ်မ္းေမာင္ကလည္း ငလ်င္ေဘးသင့္ျပည့္သူမ်ားအတြက္ အလႉေငြက်ပ္သိန္း (၁၀၀)လႉဒါန္းထားေၾကာင္း ၎၏လူမႈကြန္ယက္ Facebook စာမ်က္ႏွာထက္တြင္ ေဖာ္ျပထားသည္။

ျမန္မာ့ေျမငလ်င္ႏွင့္ပတ္သက္၍ ႏိုင္ငံတကာအကူညီမႈမ်ားလည္းမ်ားစြာရရွိခဲ့ၿပီး အေမရိကန္၊ တ႐ုတ္၊ အိႏၵိယ၊ ႐ုရွား၊ ဂ်ပန္၊ မေလးရွားတို႔ကလည္း လူသားခ်င္းစာနာမႈအကူအညီမ်ားေပးအပ္ေနၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.