မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို MAIမှ အခမဲ့သယ်ယူပို့ဆောင်ပေးမည်

1807

သန့်ဇင်(NP News)-မတ် ၂၉
မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို MAIမှ အခမဲ့သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း Myanmar Airways International(MAI)က ယနေ့(မတ်လ ၂၉ရက်)၊ မွန်းလွဲပိုင်းတွင် ၎င်းတို့၏လူမှုကွန်ယက် Facebookစာမျက်မှတစ်ဆင့် ထုတ်ပြန်ကြေငြာ ထားသည်။
၎င်းတို့၏ထုတ်ပြန်ချက်တွင် အခက်အခဲကြုံတွေ့ရသည့်အချိန်တိုင်းတွင် စည်းလုံးညီညွတ်မှုက အားဖြစ်စေကြောင်းနှင့် မြန်မာနိုင်ငံတွင် ယမန်နေ့(မတ်လ ၂၈ရက်)က လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှံးမှုများ ရင်ဆိုင်နေရသည့်အချိန်တွင် MAI သည် အရေးပေါ်ကူညီကယ်ဆယ်ရန်နှင့် လိုအပ်လျက်ရှိသည့်နေရာများသို့ အထောက်အပံ့များပေးနိုင်ရန် ပြည်သူများနှင့်အတူ အပြည့်အဝရပ် တည်ကာ ကူညီဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် MAI We Care အစီအစဉ်ဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် ကယ်ဆယ်ရေးအဖွဲ့များနှင့် ၎င်းတို့၏ပစ္စည်းကိရိယာများအား သယ်ဆောင်ရန် special charter flight များ စီစဉ်ပေးခြင်း၊ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အခမဲ့သယ်ယူပို့ဆောင်ပေးခြင်း (စည်းကမ်းချက်များနှင့်အညီ)နှင့် MAI နှင့် ကမ္ဘာတစ်ဝှမ်းရှိ မိတ်ဖက်အဖွဲ့အစည်းများ စုပေါင်း၍ ပံ့ပိုးကူညီမှုများပေးအပ်ခြင်း ကဏ္ဍများတွင် ကြိုစားဆောင်ရွက်ပေးလျက်ရှိကြောင်း ရေးသားထားသည်။
“ဒီလိုအချိန်ကြီးမှာတော့ ဖြစ်နိုင်ရင် ပါတီစွဲတွေ၊ ကဏ္ဍစွဲတွေ၊ အရောင်ကာလာစွဲတွေ၊ လူမျိုးစွဲတွေဖယ်ပြီးတော့ အားလုံး လူသားချင်းစာနာတဲ့စိတ်နဲ့ တစ်နိုင်ငံလုံးကို ဖြစ်နိုင်တဲ့ဘက်ကဝိုင်းဝန်းကူညီပြီး ပြန်လည်ပြီးတော့ ထူထောင်ကြပါ”ဟု MAIမှ တာဝန်ရှိသူတစ်ဦးက NP Newsမှ တစ်ဆင့် အကြံပြုပြောကြားသည်။
ထို့ပြင် မြေငလျင်ဘေးအတွက် ပါဝင်လှူဒါန်းရန်လိုပါက Hotline: 9787 & +95 9 880 443 787 Email: [email protected] သို့ဆက်သွယ်နိုင်ပြီး အခမဲ့ကုန်စည်ပို့ဆောင်လိုပါက Phone: +95 9 250 157 233, +95 9 259 820 459 & +95 9 420 034 611
Email: [email protected]သို့ ဆက်သွယ်နိုင်ကြောင်းလည်း MIA(Myanmar Airways International)က ထုတ်ပြန်ထားသည်။

Zawgyi Version:
ျမန္မာႏိုင္ငံသို႔ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီမ်ားကို MAIမွ အခမဲ့သယ္ယူပို႔ေဆာင္ေပးမည္
သန႔္ဇင္(NP News)-မတ္ ၂၉
ျမန္မာႏိုင္ငံသို႔ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီမ်ားကို MAIမွ အခမဲ့သယ္ယူပို႔ေဆာင္ေပးမည္ျဖစ္ေၾကာင္း Myanmar Airways International(MAI)က ယေန႔(မတ္လ ၂၉ရက္)၊ မြန္းလြဲပိုင္းတြင္ ၎တို႔၏လူမႈကြန္ယက္ Facebookစာမ်က္မွတစ္ဆင့္ ထုတ္ျပန္ေၾကျငာ ထားသည္။
၎တို႔၏ထုတ္ျပန္ခ်က္တြင္ အခက္အခဲႀကဳံေတြ႕ရသည့္အခ်ိန္တိုင္းတြင္ စည္းလုံးညီၫြတ္မႈက အားျဖစ္ေစေၾကာင္းႏွင့္ ျမန္မာႏိုင္ငံတြင္ ယမန္ေန႔(မတ္လ ၂၈ရက္)က လႈပ္ခတ္ခဲ့သည့္ ငလ်င္ေဘးဒဏ္ေၾကာင့္ ပ်က္စီးဆုံးရွံးမႈမ်ား ရင္ဆိုင္ေနရသည့္အခ်ိန္တြင္ MAI သည္ အေရးေပၚကူညီကယ္ဆယ္ရန္ႏွင့္ လိုအပ္လ်က္ရွိသည့္ေနရာမ်ားသို႔ အေထာက္အပံ့မ်ားေပးႏိုင္ရန္ ျပည္သူမ်ားႏွင့္အတူ အျပည့္အဝရပ္ တည္ကာ ကူညီေဆာင္႐ြက္လ်က္ရွိေၾကာင္း ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ MAI We Care အစီအစဥ္ျဖင့္ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္မ်ားအတြက္ ကယ္ဆယ္ေရးအဖြဲ႕မ်ားႏွင့္ ၎တို႔၏ပစၥည္းကိရိယာမ်ားအား သယ္ေဆာင္ရန္ special charter flight မ်ား စီစဥ္ေပးျခင္း၊ ျမန္မာႏိုင္ငံသို႔ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီမ်ား အခမဲ့သယ္ယူပို႔ေဆာင္ေပးျခင္း (စည္းကမ္းခ်က္မ်ားႏွင့္အညီ)ႏွင့္ MAI ႏွင့္ ကမာၻတစ္ဝွမ္းရွိ မိတ္ဖက္အဖြဲ႕အစည္းမ်ား စုေပါင္း၍ ပံ့ပိုးကူညီမႈမ်ားေပးအပ္ျခင္း က႑မ်ားတြင္ ႀကိဳစားေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ေရးသားထားသည္။
“ဒီလိုအခ်ိန္ႀကီးမွာေတာ့ ျဖစ္ႏိုင္ရင္ ပါတီစြဲေတြ၊ က႑စြဲေတြ၊ အေရာင္ကာလာစြဲေတြ၊ လူမ်ိဳးစြဲေတြဖယ္ၿပီးေတာ့ အားလုံး လူသားခ်င္းစာနာတဲ့စိတ္နဲ႔ တစ္ႏိုင္ငံလုံးကို ျဖစ္ႏိုင္တဲ့ဘက္ကဝိုင္းဝန္းကူညီၿပီး ျပန္လည္ၿပီးေတာ့ ထူေထာင္ၾကပါ”ဟု MAIမွ တာဝန္ရွိသူတစ္ဦးက NP Newsမွ တစ္ဆင့္ အႀကံျပဳေျပာၾကားသည္။
ထို႔ျပင္ ေျမငလ်င္ေဘးအတြက္ ပါဝင္လႉဒါန္းရန္လိုပါက Hotline: 9787 & +95 9 880 443 787 Email: [email protected] သို႔ဆက္သြယ္ႏိုင္ၿပီး အခမဲ့ကုန္စည္ပို႔ေဆာင္လိုပါက Phone: +95 9 250 157 233, +95 9 259 820 459 & +95 9 420 034 611
Email: [email protected]သို႔ ဆက္သြယ္ႏိုင္ေၾကာင္းလည္း MIA(Myanmar Airways International)က ထုတ္ျပန္ထားသည္။