ငလျင်ဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်အစားအစာနှင့် လိုအပ်သည်များကူညီရန် MRFက အရေးပေါ်လှုပ်ရှားမှုအဖွဲ့ကိုဖွဲ့စည်း

 3185

ချယ်ရီ(NP News)-မတ် ၂၉

ငလျင်ဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်အစားအစာနှင့် လိုအပ်သည်များကူညီရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က အရေးပေါ်လှုပ်ရှားမှုအဖွဲ့ကိုဖွဲ့စည်းလိုက်ကြောင်း ယနေ့(မတ်လ ၂၉ ရက်)၊ ညနေပိုင်းက ထုတ်ပြန်သည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ယမန်နေ့(မတ်လ၂၈ရက်)က ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင် ဘေးဒဏ်ကြောင့် သက်ရောက်မှုဒဏ်ခံရသူများနှင့် ဒေသများကိုကူညီရန် "MRF Operation AID - Action in Disaster” အမည်ဖြင့် အရေးပေါ်လှုပ်ရှားမှုအဖွဲ့ (Task Force) အသစ်တစ်ခုကို စတင်ဖွဲ့စည်းကာ တာဝန်ပေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါအဖွဲ့ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ညီနောင်အသင်းများနှင့် ဆန်စပါးလုပ်ငန်းကဏ္ဍ မှ မိသားစုများပူးပေါင်းကာ အရေးပေါ် အခြေအနေတွင် ကယ်ဆယ်ရေးစခန်းများ၊ စုရပ်များသို့ ပြောင်းရွှေ့နေထိုင်ရသူများအတွက် အရေးပေါ် အစားအစာနှင့် လိုအပ်မှုများအတွက် ချက်ချင်းကူညီမှုများ စီစဉ်ပေးရန်နှင့် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများ၊ UMFCCI နှင့် စီးပွားရေး အသင်းအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရေးသားထားသည်။

ထို့ပြင် ထိခိုက်ပျက်စီး ပြိုပျက်နေသော အဆောက်အဦများ၊ အပျက်အစီးများအား Volunteer လုပ်အားပေး လုပ်သားများ၏ အကူအညီဖြင့် ကူညီရှင်းလင်းပေးရန်နှင့် မြို့ရွာများ၊ ရပ်ကွက်များတွင် လိုအပ်သည့် အကူအညီများအား ဆောင်ရွက်ပေးရန်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ မိတ်ဖက်များနှင့် ပူးပေါင်း၍ Humanitarian Assistance များ၊ ရေတို/ရေရှည် အကူအညီများ၊ လုပ်ငန်းစဉ်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးရန်နှင့် ကူညီဆောင်ရွက်ပေးရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Zawgyi Version:
ငလ်င္ဒဏ္သင့္ျပည္သူမ်ားအတြက္ အေရးေပၚအစားအစာႏွင့္ လိုအပ္သည္မ်ားကူညီရန္ MRFက အေရးေပၚလႈပ္ရွားမႈအဖြဲ႕ကိုဖြဲ႕စည္း
ခ်ယ္ရီ(NP News)-မတ္ ၂၉

ငလ်င္ဒဏ္သင့္ျပည္သူမ်ားအတြက္ အေရးေပၚအစားအစာႏွင့္ လိုအပ္သည္မ်ားကူညီရန္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF)က အေရးေပၚလႈပ္ရွားမႈအဖြဲ႕ကိုဖြဲ႕စည္းလိုက္ေၾကာင္း ယေန႔(မတ္လ ၂၉ ရက္)၊ ညေနပိုင္းက ထုတ္ျပန္သည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ယမန္ေန႔(မတ္လ၂၈ရက္)က ျဖစ္ပြားခဲ့ေသာ အင္အားအလြန္ျပင္းထန္သည့္ ေျမငလ်င္ ေဘးဒဏ္ေၾကာင့္ သက္ေရာက္မႈဒဏ္ခံရသူမ်ားႏွင့္ ေဒသမ်ားကိုကူညီရန္ "MRF Operation AID - Action in Disaster” အမည္ျဖင့္ အေရးေပၚလႈပ္ရွားမႈအဖြဲ႕ (Task Force) အသစ္တစ္ခုကို စတင္ဖြဲ႕စည္းကာ တာဝန္ေပး ေဆာင္႐ြက္ေနၿပီ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

အဆိုပါအဖြဲ႕ကို ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၊ ညီေနာင္အသင္းမ်ားႏွင့္ ဆန္စပါးလုပ္ငန္းက႑ မွ မိသားစုမ်ားပူးေပါင္းကာ အေရးေပၚ အေျခအေနတြင္ ကယ္ဆယ္ေရးစခန္းမ်ား၊ စုရပ္မ်ားသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ရသူမ်ားအတြက္ အေရးေပၚ အစားအစာႏွင့္ လိုအပ္မႈမ်ားအတြက္ ခ်က္ခ်င္းကူညီမႈမ်ား စီစဥ္ေပးရန္ႏွင့္ ႏိုင္ငံေတာ္အစိုးရ၊ တိုင္းေဒသႀကီး/ ျပည္နယ္ အစိုးရမ်ား၊ UMFCCI ႏွင့္ စီးပြားေရး အသင္းအဖြဲ႕မ်ား၊ လူမႈေရး အသင္းအဖြဲ႕မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ေရးသားထားသည္။

ထို႔ျပင္ ထိခိုက္ပ်က္စီး ၿပိဳပ်က္ေနေသာ အေဆာက္အဦမ်ား၊ အပ်က္အစီးမ်ားအား Volunteer လုပ္အားေပး လုပ္သားမ်ား၏ အကူအညီျဖင့္ ကူညီရွင္းလင္းေပးရန္ႏွင့္ ၿမိဳ႕႐ြာမ်ား၊ ရပ္ကြက္မ်ားတြင္ လိုအပ္သည့္ အကူအညီမ်ားအား ေဆာင္႐ြက္ေပးရန္ႏွင့္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ား၊ မိတ္ဖက္မ်ားႏွင့္ ပူးေပါင္း၍ Humanitarian Assistance မ်ား၊ ေရတို/ေရရွည္ အကူအညီမ်ား၊ လုပ္ငန္းစဥ္မ်ားအေပၚ ေပါင္းစပ္ညႇိႏႈိင္းေပးရန္ႏွင့္ ကူညီေဆာင္႐ြက္ေပးရန္အတြက္ ဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.