အင်္ဂပူ၊ လေးမျက်နှာအကြား AA တိုက်ပွဲဖော်မှုကြောင့် ဒေသခံများ အိုးအိမ်စွန့်ခွာပြေးနေရ

2972

ချယ်ရီ (NP News) - မတ် ၃ဝ
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအစပ် အင်္ဂပူ၊ လေးမျက်နှာအကြားရှိ ရွာများတွင် AA ပူးပေါင်းအဖွဲ့ များတိုက်ပွဲဖော်မှုကြောင့် ဧရာဝတီဒေသခံများ အိုးအိမ်စွန့်ခွာပြေးနေရကြောင်း ဒေသခံများထံ NP News ၏ ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
AA က ရခိုင်၊ ဧရာဝတီအစပ်၌ ပြီးခဲ့ သည့်(မတ်လ ၂၀ ရက်) ဝန်းကျင်ခန့်မှ စတင် တိုက်ပွဲဖော်ဆောင် နေရာ လက်ရှိတွင် ဝါးတောကွင်း၊ ပိန္နဲကွင်း၊ ပန်းတောကြီး၊ လဲခုံစသည့် ရွာတို့တွင် တိုက်ပွဲ ဖြစ်ပွားနေလျက် ရှိကြောင်း သိရသည်။
“အခုဖြစ်နေတာက အင်္ဂပူနဲ့ လေးမျက်နှာအဆက် ရိုးမဘက်ပေါ့။ မနေ့ကအထိကတော့ ပစ်တာခတ်တာတွေ ရှိတာပေါ့။ အစ်မတို့ရွာထဲမှာ PDF တွေ ရောက်နေတယ်။ ရွာမှာက ဖုန်းလိုင်းက တော့ရပေမယ့် ပိတ်ထားရတယ်။ သိမ်းတာတို့၊ စစ်တာတို့ ရှိတယ်လေ။ အစ်မတို့ ဘက်က စစ်ရှောင် ထွက်သွားတဲ့သူတွေကတော့ ပြန်ဝင်တယ် ဆိုတာ အခုထိမရှိသေးဘူး။ ရွာထဲမှာ ကျန်ခဲ့တဲ့သူလောက်ပဲ လောလောဆယ်က ရှိနေတာပေါ့နော်။ ရွာထဲမှာ သူတို့တိုက်ပွဲဖြစ်လာရင် ကုဖို့ (PDF) ဆေးခန်းတွေ ဖွင့်ထားတယ်လို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အတူ AA နှင့်ပူးပေါင်းအဖွဲ့များ ဧရာဝတီတိုင်းအတွင်းသို့ ဝင်လာသည့် လမ်းကြောင်းများနှင့်ပတ်သက်၍လည်း သာပေါင်းမြို့ရှိ ဒေသခံတစ်ဦးက “သာပေါင်းအခြေအနေက ငြိမ်နေပေမယ့် ကွင်းကောက်ဘက်ကလေးမှာ နည်းနည်းလှုပ်လှုပ်ဖြစ်နေတယ်။ ကွင်းကောက်ဘက်မှာ သစ်ထုတ်တဲ့ တောလမ်းဘက်က နည်းနည်းဖောက် ထားတော့ အဲဒီနေရာကနေ ယိုစိမ့်ပြီးတော့ ဝင်လာပုံပေါက်ပါတယ်။ ကွင်းကောက်၊ ပိန္နဲကွင်းဘက်မှာတော့ ပစ်တာ ခတ်တာတွေ နည်းနည်းရှိတယ်လို့ပြောတယ်။ ကွင်းကောက်ဘက်က နည်းနည်းဆူဆူဖြစ်သွားတယ်” ဟု NP News သို့ ပြောသည်။
ယခုကဲ့သို့ AA ပူးပေါင်းအဖွဲ့များ၏ တိုက်ပွဲဖော်မှုသည် သေနတ်သံမကြားလိုသောဒေသခံများကို စိတ်ပူပန်မှုဖြစ်စေ ပြီး အခြေမဲ့၊ အနေမဲ့ဖြစ်စေခြင်းကို ဦးတည်လုပ်ဆောင်နေခြင်းမျိုးသာဖြစ်ကြောင်း သာပေါင်းမြို့ရှိ ဒေသခံတစ်ဦးက ဆိုသည်။
“ရှောပြာတို့၊ ကုန်းပြင်တို့၊ လက်ပံပင်တို့ တတန်းလုံးဘက်ကလူတွေဆို (AA) ဘက်ကနေ တက်လာလို့ အကုန်ပြေး တယ်တဲ့။ အမြဲတမ်းပစ်တဲ့ အသံတွေတော့ ကြားတယ်။ အန်တီတို့လည်း စောင့်ကြည့်နေရတာပေါ့။ ပြေးဖို့၊ ရှောင်ဖို့ဆိုတာက မလွယ်ဘူး။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးခိုးချင်၊ ဝှက်ချင် နေတဲ့သူကရှိနေတော့ အခုအိမ်တွေမှာ ပစ္စည်းတွေထားပြီး သွားမယ်ဆိုရင် နောက်ပြန်လှည့်ကြည့်ရင် မရှိတော့ဘူး။ အမှန်က ခိုးချင်ဝှက်ချင်နေတဲ့သူတွေ က ထပြီးပြဿနာရှာတာမျိုးတွေဖြစ်နေတာပေါ့။ ကုန်းပြင်ဘက်က ရှောင်တဲ့သူတွေဆိုရင် ထားခဲ့ပြီး ပြန်လာလို့ ရှိရင် ဘာမှမရှိတော့ဘူး။ တချို့ကျတော့ လည်း နိုင်ငံရေးပျက်တာကို အခွင့်ကောင်းယူပြီး လုပ်တာမျိုးပေါ့” ဟု ငါးသိုင်းချောင်းမှ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသော ရွာများမှ ဒေသခံများတွင် ငွေကြေးအဆင်ပြေသူများက ရန်ကုန်၊ ပုသိမ်အစရှိသည့်မြို့များသို့ စစ်ရှောင်လာကြပြီး အခြေခံဒေသခံများအဖို့ တိုက်ပွဲမဖြစ်နိုင်သေးသော ရွာအချို့သို့သာ သွားရောက်စစ်ရှောင်နေကြရကြောင်း သိရသည်။

အဂၤပူ၊ ေလးမ်က္ႏွာအၾကား AA တိုက္ပြဲေဖာ္မႈေၾကာင့္ ေဒသခံမ်ား အိုးအိမ္စြန႔္ခြာေျပးေနရ
ခ်ယ္ရီ (NP News) - မတ္ ၃ဝ
ရခိုင္ျပည္နယ္ႏွင့္ ဧရာဝတီတိုင္းအစပ္ အဂၤပူ၊ ေလးမ်က္ႏွာအၾကားရွိ ႐ြာမ်ားတြင္ AA ပူးေပါင္းအဖြဲ႕ မ်ားတိုက္ပြဲေဖာ္မႈေၾကာင့္ ဧရာဝတီေဒသခံမ်ား အိုးအိမ္စြန႔္ခြာေျပးေနရေၾကာင္း ေဒသခံမ်ားထံ NP News ၏ ဆက္သြယ္ေမးျမန္းထားခ်က္အရ သိရသည္။
AA က ရခိုင္၊ ဧရာဝတီအစပ္၌ ၿပီးခဲ့ သည့္(မတ္လ ၂၀ ရက္) ဝန္းက်င္ခန႔္မွ စတင္ တိုက္ပြဲေဖာ္ေဆာင္ ေနရာ လက္ရွိတြင္ ဝါးေတာကြင္း၊ ပိႏၷဲကြင္း၊ ပန္းေတာႀကီး၊ လဲခုံစသည့္ ႐ြာတို႔တြင္ တိုက္ပြဲ ျဖစ္ပြားေနလ်က္ ရွိေၾကာင္း သိရသည္။
“အခုျဖစ္ေနတာက အဂၤပူနဲ႔ ေလးမ်က္ႏွာအဆက္ ႐ိုးမဘက္ေပါ့။ မေန႔ကအထိကေတာ့ ပစ္တာခတ္တာေတြ ရွိတာေပါ့။ အစ္မတို႔႐ြာထဲမွာ PDF ေတြ ေရာက္ေနတယ္။ ႐ြာမွာက ဖုန္းလိုင္းက ေတာ့ရေပမယ့္ ပိတ္ထားရတယ္။ သိမ္းတာတို႔၊ စစ္တာတို႔ ရွိတယ္ေလ။ အစ္မတို႔ ဘက္က စစ္ေရွာင္ ထြက္သြားတဲ့သူေတြကေတာ့ ျပန္ဝင္တယ္ ဆိုတာ အခုထိမရွိေသးဘူး။ ႐ြာထဲမွာ က်န္ခဲ့တဲ့သူေလာက္ပဲ ေလာေလာဆယ္က ရွိေနတာေပါ့ေနာ္။ ႐ြာထဲမွာ သူတို႔တိုက္ပြဲျဖစ္လာရင္ ကုဖို႔ (PDF) ေဆးခန္းေတြ ဖြင့္ထားတယ္လို႔ ေျပာတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။
ထို႔အတူ AA ႏွင့္ပူးေပါင္းအဖြဲ႕မ်ား ဧရာဝတီတိုင္းအတြင္းသို႔ ဝင္လာသည့္ လမ္းေၾကာင္းမ်ားႏွင့္ပတ္သက္၍လည္း သာေပါင္းၿမိဳ႕ရွိ ေဒသခံတစ္ဦးက “သာေပါင္းအေျခအေနက ၿငိမ္ေနေပမယ့္ ကြင္းေကာက္ဘက္ကေလးမွာ နည္းနည္းလႈပ္လႈပ္ျဖစ္ေနတယ္။ ကြင္းေကာက္ဘက္မွာ သစ္ထုတ္တဲ့ ေတာလမ္းဘက္က နည္းနည္းေဖာက္ ထားေတာ့ အဲဒီေနရာကေန ယိုစိမ့္ၿပီးေတာ့ ဝင္လာပုံေပါက္ပါတယ္။ ကြင္းေကာက္၊ ပိႏၷဲကြင္းဘက္မွာေတာ့ ပစ္တာ ခတ္တာေတြ နည္းနည္းရွိတယ္လို႔ေျပာတယ္။ ကြင္းေကာက္ဘက္က နည္းနည္းဆူဆူျဖစ္သြားတယ္” ဟု NP News သို႔ ေျပာသည္။
ယခုကဲ့သို႔ AA ပူးေပါင္းအဖြဲ႕မ်ား၏ တိုက္ပြဲေဖာ္မႈသည္ ေသနတ္သံမၾကားလိုေသာေဒသခံမ်ားကို စိတ္ပူပန္မႈျဖစ္ေစ ၿပီး အေျခမဲ့၊ အေနမဲ့ျဖစ္ေစျခင္းကို ဦးတည္လုပ္ေဆာင္ေနျခင္းမ်ိဳးသာျဖစ္ေၾကာင္း သာေပါင္းၿမိဳ႕ရွိ ေဒသခံတစ္ဦးက ဆိုသည္။
“ေရွာျပာတို႔၊ ကုန္းျပင္တို႔၊ လက္ပံပင္တို႔ တတန္းလုံးဘက္ကလူေတြဆို (AA) ဘက္ကေန တက္လာလို႔ အကုန္ေျပး တယ္တဲ့။ အၿမဲတမ္းပစ္တဲ့ အသံေတြေတာ့ ၾကားတယ္။ အန္တီတို႔လည္း ေစာင့္ၾကည့္ေနရတာေပါ့။ ေျပးဖို႔၊ ေရွာင္ဖို႔ဆိုတာက မလြယ္ဘူး။ ဘာလို႔လဲဆိုေတာ့ ဒီလိုမ်ိဳးခိုးခ်င္၊ ဝွက္ခ်င္ ေနတဲ့သူကရွိေနေတာ့ အခုအိမ္ေတြမွာ ပစၥည္းေတြထားၿပီး သြားမယ္ဆိုရင္ ေနာက္ျပန္လွည့္ၾကည့္ရင္ မရွိေတာ့ဘူး။ အမွန္က ခိုးခ်င္ဝွက္ခ်င္ေနတဲ့သူေတြ က ထၿပီးျပႆနာရွာတာမ်ိဳးေတြျဖစ္ေနတာေပါ့။ ကုန္းျပင္ဘက္က ေရွာင္တဲ့သူေတြဆိုရင္ ထားခဲ့ၿပီး ျပန္လာလို႔ ရွိရင္ ဘာမွမရွိေတာ့ဘူး။ တခ်ိဳ႕က်ေတာ့ လည္း ႏိုင္ငံေရးပ်က္တာကို အခြင့္ေကာင္းယူၿပီး လုပ္တာမ်ိဳးေပါ့” ဟု ငါးသိုင္းေခ်ာင္းမွ ေဒသခံတစ္ဦးက ေျပာသည္။
လက္ရွိတြင္ တိုက္ပြဲျဖစ္ပြားေနေသာ ႐ြာမ်ားမွ ေဒသခံမ်ားတြင္ ေငြေၾကးအဆင္ေျပသူမ်ားက ရန္ကုန္၊ ပုသိမ္အစရွိသည့္ၿမိဳ႕မ်ားသို႔ စစ္ေရွာင္လာၾကၿပီး အေျခခံေဒသခံမ်ားအဖို႔ တိုက္ပြဲမျဖစ္ႏိုင္ေသးေသာ ႐ြာအခ်ိဳ႕သို႔သာ သြားေရာက္စစ္ေရွာင္ေနၾကရေၾကာင္း သိရသည္။