Great Wall Hotel၌ နာရီပေါင်း(၆၀)ပိတ်မိနေသူအမျိုးသမီးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့အောင်မြင်စွာကယ်တင်

 768

သန့်ဇင်(NP News)-မတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ Great Wall Hotel၌ နာရီပေါင်း(၆၀)ပိတ်မိနေသူအမျိုးသမီးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့ အောင်မြင်စွာ ကယ်တင်နိုင်ငံခဲ့ကြောင်း သိရသည်။

တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် ယနေ့(မတ်လ ၃၁ရက်)၊ နံနက် ၁နာရီ ၄၀မိနစ်အချိန်တွင် ချမ်းမြသာစည်မြို့နယ်ရှိ ငလျင်ဒဏ်သင့် Great Wall Hotelမှ ပိတ်မိနေသူအမျိုသမီးတစ်ဦးကို (၅)နာရီခန့်အကြာ အပြင်းအထန် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာ အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့သည့် Great Wall Hotelအတွင်း နာရီပေါင်း(၆၀)ခန့် ပိတ်မိနေခဲ့ခြင်းဖြစ်ပြီး ပြန်လည်ကယ်ဆယ် နိုင်ခဲ့ရာတွင် အသက်လက္ခဏာများ ကောင်းမွန်လျက်ရှိရာ တရုတ်ကယ်ဆယ်ရေးအဖွဲ့ မန္တလေးမြို့သို့ ရောက်ရှိပြီးနောက် ပထမဦးဆုံးကယ်တင် နိုင်ခဲ့သော အသက်ရှင်သူဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် မြန်မာ့ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ရှန်းကျန့် (Shenzhen) စေတနာ့ဝန်ထမ်းကယ်ဆယ်ရေး အဖွဲ့နှင့် ရုရှားကယ်ဆယ်ရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက်ကယ်ဆယ်ရေးအတွင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီး(၃)ဦး၏ ရုပ်အလောင်းများကိုလည်း ရှာဖွေတွေရှိခဲ့ပြီး လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
Great Wall Hotel၌ နာရီေပါင္း(၆၀)ပိတ္မိေနသူအမ်ိဳးသမီးကို တ႐ုတ္ကယ္ဆယ္ေရးအဖြဲ႕ေအာင္ျမင္စြာကယ္တင္

သန႔္ဇင္(NP News)-မတ္ ၃၁

မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ Great Wall Hotel၌ နာရီေပါင္း(၆၀)ပိတ္မိေနသူအမ်ိဳးသမီးကို တ႐ုတ္ကယ္ဆယ္ေရးအဖြဲ႕ ေအာင္ျမင္စြာ ကယ္တင္ႏိုင္ငံခဲ့ေၾကာင္း သိရသည္။

တ႐ုတ္ကယ္ဆယ္ေရးအဖြဲ႕သည္ ယေန႔(မတ္လ ၃၁ရက္)၊ နံနက္ ၁နာရီ ၄၀မိနစ္အခ်ိန္တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ငလ်င္ဒဏ္သင့္ Great Wall Hotelမွ ပိတ္မိေနသူအမ်ိဳသမီးတစ္ဦးကို (၅)နာရီခန႔္အၾကာ အျပင္းအထန္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားလုပ္ေဆာင္ရာ ေအာင္ျမင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးသည္ ငလ်င္ဒဏ္ေၾကာင့္ၿပိဳက်ခဲ့သည့္ Great Wall Hotelအတြင္း နာရီေပါင္း(၆၀)ခန႔္ ပိတ္မိေနခဲ့ျခင္းျဖစ္ၿပီး ျပန္လည္ကယ္ဆယ္ ႏိုင္ခဲ့ရာတြင္ အသက္လကၡဏာမ်ား ေကာင္းမြန္လ်က္ရွိရာ တ႐ုတ္ကယ္ဆယ္ေရးအဖြဲ႕ မႏၲေလးၿမိဳ႕သို႔ ေရာက္ရွိၿပီးေနာက္ ပထမဦးဆုံးကယ္တင္ ႏိုင္ခဲ့ေသာ အသက္ရွင္သူျဖစ္ေၾကာင္းလည္း သိရသည္။

ထိုသို႔ကယ္ဆယ္ေရးလုပ္ငန္းမ်ားလုပ္ေဆာင္ရာတြင္ ျမန္မာ့ လူမႈကယ္ဆယ္ေရးအဖြဲ႕မ်ား၊ ရွန္းက်န႔္ (Shenzhen) ေစတနာ့ဝန္ထမ္းကယ္ဆယ္ေရး အဖြဲ႕ႏွင့္ ႐ုရွားကယ္ဆယ္ေရး အဖြဲ႕တို႔ ပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယေန႔ နံနက္ကယ္ဆယ္ေရးအတြင္း အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီး(၃)ဦး၏ ႐ုပ္အေလာင္းမ်ားကိုလည္း ရွာေဖြေတြရွိခဲ့ၿပီး လက္ရွိတြင္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.