ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များအတွက် အကာအကွယ်ပစ္စည်းများ နှင့် ပြန်လည်ထူထောင်ရေးအတွက် ဆောက်လုပ်ရေး ပစ္စည်းများ လှူဒါန်းပေးရန် မေတ္တာရပ်ခံ

1659

Pearl (NP News) - မတ် ၃၁
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များလိုအပ်နေသည့် အကာအကွယ်ပစ္စည်းများ နှင့် ပြန်လည်ထူထောင်ရေးအတွက် ဆောက်လုပ်ရေးပစ္စည်းများ လှူဒါန်းပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မေတ္တာရပ်ခံထားသည်။
တပ်မတော်သားများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ငလျင်ဒဏ်သင့်ဒေသများတွင် တတ်နိုင်သည့် အကာအကွယ်များ အသုံးပြုကာ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေကြသော်လည်း အကာအကွယ်ဦးထုပ်များ၊ အကာအကွယ်မျက်မှန်များ နှင့် အကာအကွယ် လက်အိတ်များစွာ လိုအပ်နေကြောင်း သိရသည်။
“ကူညီကယ်ဆယ်ပေးနေရတဲ့ ရုပ်ပုံလွှာတွေကိုလည်း အားလုံးတွေ့နိုင်မှာဖြစ်ပါတယ်။ အားလုံးကြည့်လိုက်ပါ။ ယူနီဖောင်းတွေ ဝတ်ဆင်ထားပေမယ့်၊ တတ်နိုင်တဲ့အကာအကွယ်တွေ ဝတ်ဆင်ထားပေမယ့် ပြိုကျနေတဲ့ မာကျောတဲ့ အင်္ဂတေ တွေ၊ အုတ်တွေ၊ သံချောင်းတွေ ဖယ်ထုတ်တာ မြင်မှာပါ။ သူတို့လက်မှာ ဘာလက်အိတ်မှ စွတ်ထားတာ မတွေ့ရပါဘူး။ အကာအကွယ်ဦးထုပ်မပါပါဘူး။ အကာအကွယ်ဦးထုပ်၊ အကာအကွယ်မျက်မှန်၊ အကာအကွယ် လက်အိတ်တွေလိုအပ်ပါတယ်။ လှူနေတဲ့ အလှူတွေအပေါ်မှာ ကန့်သတ်တာမဟုတ်ပါဘူး။ တကယ်လိုအပ်နေတာကို ပြောဆိုခြင်းဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် ငလျင်ဒဏ်ကြောင့် အဆောက်အဦများ၊ လမ်းများ၊ တံတားများ များစွာပျက်စီးခဲ့ရပြီး ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန်အတွပ် ဘိလပ်မြေများ၊ သံချောင်းများ နှင့် ကတ္တရာများ စသည့် ဆောက်လုပ်ရေး ပစ္စည်းအများအပြား လိုအပ်မည်ဖြစ်သဖြင့် လှူဒါန်းပေးရန်လည်း တိုက်တွန်းပြောကြားထားသည်။
“ဒါ့အပြင် မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ထိခိုက်ပျက်စီးမှုထဲမှာ အဆောက်အဦးတွေ၊ လမ်းတွေ၊ တံတားတွေ ပျက်စီးတာလည်း မြင်ရမှာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာ ပြန်လည်ထူထောင်ရေး ပစ္စည်းတွေ အများအပြားကို လိုအပ်မှာဖြစ်ပါတယ်။ ဆောက်လုပ်ရေးအတွက် ဘိလပ်မြေတွေ၊ သံချောင်းတွေ၊ ကတ္တရာတွေ ဒါတွေ အတွက်လည်း လှူဒါန်းနိုင်ဖို့ တိုက်တွန်းလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။

Zawgyi Version:
ကူညီကယ္ဆယ္ေရးအဖြဲ႕ဝင္မ်ားအတြက္ အကာအကြယ္ပစၥည္းမ်ား ႏွင့္ ျပန္လည္ထူေထာင္ေရးအတြက္ ေဆာက္လုပ္ေရး ပစၥည္းမ်ား လႉဒါန္းေပးရန္ ေမတၱာရပ္ခံ
Pearl (NP News) - မတ္ ၃၁
ကူညီကယ္ဆယ္ေရးအဖြဲ႕ဝင္မ်ားလိုအပ္ေနသည့္ အကာအကြယ္ပစၥည္းမ်ား ႏွင့္ ျပန္လည္ထူေထာင္ေရးအတြက္ ေဆာက္လုပ္ေရးပစၥည္းမ်ား လႉဒါန္းေပးရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေမတၱာရပ္ခံထားသည္။
တပ္မေတာ္သားမ်ား၊ ၾကက္ေျခနီအဖြဲ႕ဝင္မ်ား၊ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားသည္ ငလ်င္ဒဏ္သင့္ေဒသမ်ားတြင္ တတ္ႏိုင္သည့္ အကာအကြယ္မ်ား အသုံးျပဳကာ ကူညီကယ္ဆယ္ေရးမ်ား ေဆာင္႐ြက္ေပးေနၾကေသာ္လည္း အကာအကြယ္ဦးထုပ္မ်ား၊ အကာအကြယ္မ်က္မွန္မ်ား ႏွင့္ အကာအကြယ္ လက္အိတ္မ်ားစြာ လိုအပ္ေနေၾကာင္း သိရသည္။
“ကူညီကယ္ဆယ္ေပးေနရတဲ့ ႐ုပ္ပုံလႊာေတြကိုလည္း အားလုံးေတြ႕ႏိုင္မွာျဖစ္ပါတယ္။ အားလုံးၾကည့္လိုက္ပါ။ ယူနီေဖာင္းေတြ ဝတ္ဆင္ထားေပမယ့္၊ တတ္ႏိုင္တဲ့အကာအကြယ္ေတြ ဝတ္ဆင္ထားေပမယ့္ ၿပိဳက်ေနတဲ့ မာေက်ာတဲ့ အဂၤေတ ေတြ၊ အုတ္ေတြ၊ သံေခ်ာင္းေတြ ဖယ္ထုတ္တာ ျမင္မွာပါ။ သူတို႔လက္မွာ ဘာလက္အိတ္မွ စြတ္ထားတာ မေတြ႕ရပါဘူး။ အကာအကြယ္ဦးထုပ္မပါပါဘူး။ အကာအကြယ္ဦးထုပ္၊ အကာအကြယ္မ်က္မွန္၊ အကာအကြယ္ လက္အိတ္ေတြလိုအပ္ပါတယ္။ လႉေနတဲ့ အလႉေတြအေပၚမွာ ကန႔္သတ္တာမဟုတ္ပါဘူး။ တကယ္လိုအပ္ေနတာကို ေျပာဆိုျခင္းျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ထို႔ျပင္ ငလ်င္ဒဏ္ေၾကာင့္ အေဆာက္အဦမ်ား၊ လမ္းမ်ား၊ တံတားမ်ား မ်ားစြာပ်က္စီးခဲ့ရၿပီး ျပန္လည္ထူေထာင္ေရးေဆာင္႐ြက္ရန္အတြပ္ ဘိလပ္ေျမမ်ား၊ သံေခ်ာင္းမ်ား ႏွင့္ ကတၱရာမ်ား စသည့္ ေဆာက္လုပ္ေရး ပစၥည္းအမ်ားအျပား လိုအပ္မည္ျဖစ္သျဖင့္ လႉဒါန္းေပးရန္လည္း တိုက္တြန္းေျပာၾကားထားသည္။
“ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ ႀကဳံေတြ႕ခဲ့ရတဲ့ ထိခိုက္ပ်က္စီးမႈထဲမွာ အေဆာက္အဦးေတြ၊ လမ္းေတြ၊ တံတားေတြ ပ်က္စီးတာလည္း ျမင္ရမွာျဖစ္ပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီး ျပန္လည္ထူေထာင္ေရးလုပ္တဲ့အခါမွာ ျပန္လည္ထူေထာင္ေရး ပစၥည္းေတြ အမ်ားအျပားကို လိုအပ္မွာျဖစ္ပါတယ္။ ေဆာက္လုပ္ေရးအတြက္ ဘိလပ္ေျမေတြ၊ သံေခ်ာင္းေတြ၊ ကတၱရာေတြ ဒါေတြ အတြက္လည္း လႉဒါန္းႏိုင္ဖို႔ တိုက္တြန္းလိုပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာသည္။