ငလျင်အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ သိန်းတစ်သောင်းဝန်းကျင်ခန့် လှူဒါန်းမည်

 409

ချယ်ရီ(NP News)-မတ်၃၁

ငလျင်ဒဏ်ခံစားပြီး လိုအပ်နေသူများအား အနည်းဆုံး သိန်းတစ်သောင်းဝန်းကျင်ခန့် လှူဒါန်းသွားရန် ရည်ရွယ်ထားကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ယနေ့(မတ်လ၃၁ ရက်)၌ အထက်ပါကဲ့သို့ အသိ‌ပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်(မတ်လ ၂၈ ရက်)က ဖြစ်ပွားခဲ့သော စစ်ကိုင်း၊ မန္တလေးမြို့ အနီးကိုဗဟိုပြုသော ငလျင်ကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာသူများ နှင့် ဘေးအန္တရာယ် ကြုံတွေ့ရသူများကို မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယမန်နေ့(မတ်လ ၃၀ရက်)တွင် ပြုလုပ်ခဲ့သော အသင်း၏အလုပ်အမှုဆောင် အထူးအစည်းအဝေး၌ မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များက အသင်း၏ ရန်ပုံငွေမှ ငွေကျပ် သိန်း (၃,၀၀၀)ကို မတည်ထားပြီး ငလျင်ဘေးကို ဆိုးရွားစွာ ခံစားခဲ့ရသော မန္တလေးမြို့နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှ မြို့များ၊ စစ်ကိုင်း၊ နေပြည်တော်နှင့် တောင်ကြီး၊ အင်းလေး၊ အောင်ပန်းမြို့များရှိ ငလျင်ဒဏ် ခံစားပြီး လိုအပ်နေသူများအား ချက်ခြင်းကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျပ်သိန်း (၅,၀၀၀) အပြင် ငါးဆယ်သား ဆီဘူးပေါင်း တစ်သိန်း (ကျပ်သိန်း ၄,၀၀၀ခန့်တန်ဖိုး)ကိုလည်း ငလျင်ဒဏ်ခံသည့်ဒေသများမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်သွယ်လှူဒါန်းသွားကြမည်ဖြစ်ပြီး ၎င်းတို့အသင်းအနေဖြင့် စုစုပေါင်း အနည်းဆုံး သိန်းတစ်သောင်းဝန်းကျင်ခန့် လှူဒါန်းသွားရန် ရည်ရွယ်ပါကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

Zawgyi Version:
ငလ်င္အတြက္ ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္းမွ သိန္းတစ္ေသာင္းဝန္းက်င္ခန႔္ လႉဒါန္းမည္

ခ်ယ္ရီ(NP News)-မတ္၃၁

ငလ်င္ဒဏ္ခံစားၿပီး လိုအပ္ေနသူမ်ားအား အနည္းဆုံး သိန္းတစ္ေသာင္းဝန္းက်င္ခန႔္ လႉဒါန္းသြားရန္ ရည္႐ြယ္ထားေၾကာင္း ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္းက အသိေပးထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္းက ယေန႔(မတ္လ၃၁ ရက္)၌ အထက္ပါကဲ့သို႔ အသိ‌ေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ၿပီးခဲ့သည့္(မတ္လ ၂၈ ရက္)က ျဖစ္ပြားခဲ့ေသာ စစ္ကိုင္း၊ မႏၲေလးၿမိဳ႕ အနီးကိုဗဟိုျပဳေသာ ငလ်င္ေၾကာင့္ ေသဆုံး၊ ထိခိုက္ဒဏ္ရာသူမ်ား ႏွင့္ ေဘးအႏၲရာယ္ ႀကဳံေတြ႕ရသူမ်ားကို ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္းက ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ယမန္ေန႔(မတ္လ ၃၀ရက္)တြင္ ျပဳလုပ္ခဲ့ေသာ အသင္း၏အလုပ္အမႈေဆာင္ အထူးအစည္းအေဝး၌ ျမန္မာႏိုင္ငံဆီကုန္သည္ ႏွင့္ ဆီလုပ္ငန္းရွင္မ်ားက အသင္း၏ ရန္ပုံေငြမွ ေငြက်ပ္ သိန္း (၃,၀၀၀)ကို မတည္ထားၿပီး ငလ်င္ေဘးကို ဆိုး႐ြားစြာ ခံစားခဲ့ရေသာ မႏၲေလးၿမိဳ႕ႏွင့္ မႏၲေလးတိုင္းေဒသႀကီးအတြင္းမွ ၿမိဳ႕မ်ား၊ စစ္ကိုင္း၊ ေနျပည္ေတာ္ႏွင့္ ေတာင္ႀကီး၊ အင္းေလး၊ ေအာင္ပန္းၿမိဳ႕မ်ားရွိ ငလ်င္ဒဏ္ ခံစားၿပီး လိုအပ္ေနသူမ်ားအား ခ်က္ျခင္းကူညီေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ က်ပ္သိန္း (၅,၀၀၀) အျပင္ ငါးဆယ္သား ဆီဘူးေပါင္း တစ္သိန္း (က်ပ္သိန္း ၄,၀၀၀ခန႔္တန္ဖိုး)ကိုလည္း ငလ်င္ဒဏ္ခံသည့္ေဒသမ်ားမွ သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ဆက္သြယ္လႉဒါန္းသြားၾကမည္ျဖစ္ၿပီး ၎တို႔အသင္းအေနျဖင့္ စုစုေပါင္း အနည္းဆုံး သိန္းတစ္ေသာင္းဝန္းက်င္ခန႔္ လႉဒါန္းသြားရန္ ရည္႐ြယ္ပါေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။

Picture

Pyae Soan Kyaw

03/04/2025 00:55

တစ်ဖက်မှာအလှူဒါနလုပ်ပြီးအခြားတစ်ဖက်မှာ​စျေးနှုန်းမြှင့်တင်တာမျိုးမရှိ​အောင်လည်း ထိန်း​ကျောင်း​ပေး​စေလိုပါတယ်။

Related news

© 2021. All rights reserved.