တန့်ဆည်မြို့က ပြည်သူတို့၏ ညည်းညူသံ

 1743

သုတကျော် (NP News) - ဧပြီ ၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်သို့ PDF များရောက်မလာမီက ပြည်သူတို့၏ ဘဝရပ်တည် ရေး အခြေအနေကောင်းမွန်ခဲ့သည်။ PDF များရောက်ပြီးနောက် တိုက်ပွဲများဖော်ဆောင်သည်။ ထို့ နောက် ကျေးလက်ဒေသအချို့ကိုအခြေပြုကာ အရပ်ဘက်အုပ်ချုပ်ရေးတည်ထောင်သည်ဆို၏။ သို့သော် ကျေး ရွာသားတို့မှာ ဆက်ကြေးပေးရသည်။ တောင်းသမျှကိုပေးရသည်။ ထို့ပြင်ယခင်ထက် စီးပွားရေးချွတ်ခြုံ ကျသွားပြီး အကန့်အသတ်ဖြင့်နေထိုင်ရသောအခြေအနေ ဆိုက်ရောက်သွားတော့သည်။ အဆိုပါ အခြေ အနေများနှင့်ပတ်သက်၍ တန့်ဆည်မြို့နယ်မှဒေသခံတစ်ဦးထံ NP News မှ ဆက်သွယ်မေးမြန်းထား သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - တန့်ဆည်မြို့နယ်က လက်ရှိအခြေအနေကို အရင်ဆုံး အကြမ်းဖျင်းပြောပြပေးပါလား။
ဖြေ - (၂၀၂၁)ကာလက ကျွန်မတို့ရွာမှာ လေးယောက်လောက်သေပြီးတော့ ခြောက်အိမ်လောက် မီးရှို့ခံရ တာလေ။ အဲဒီနောက်ပိုင်းကျတော့ ရွာထဲမှာ သူတို့ (PDF)နဲ့မတည့်တဲ့သူတွေက မနေရဲကြတော့ဘူး။ အခု ကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ PDF က အုပ် ချုပ်နေတယ်။ ကျွန်မတို့ရွာဘက်ပေါ့။ အဲဒီတော့ ဘယ်လို ဖြစ်လဲဆိုတော့ အကြောက်တရားနဲ့နေရတာပေါ့။ အခုအလှူအတန်းတွေလုပ်တယ်ဆိုရင် တပို့တွဲ မတိုင် ခင်က လုပ်ခွင့်ရတယ်။ အခုတော့ အလှူအတန်းတွေလုပ်ခွင့်မရတော့ဘူး။
မေး - PDF တွေ လာပြီးတဲ့နောက် အဲဒီဒေသဘက် အခြေအနေတွေက ဘယ်လိုဖြစ်သွားလဲခင်ဗျ။
ဖြေ - တောင်သူတွေက အိုးပစ်၊ အိမ်ပစ် ဖြစ်ရတယ်။ စပါးဈေးကမငြိမ်ဘူး။ လမ်းပန်းမကောင်းတော့တာ။ ဒါကြောင့် ကိုယ့်ထွက်ကုန်က တန်ရာတန်ကြေး မရ တာပေါ့။ ရွှေဘိုမှာပေါက်တဲ့ဈေးနဲ့ ကိုယ့်ရွာနဲ့ဆို လာ တဲ့ပွဲစားတွေကိုပဲရောင်းရတာပေါ့။ စီးပွားရေးက ကျပ်တယ်။ အခုဆို ကျောင်းသားတွေ ကျောင်းလည်းမ တက်ရတော့ သူတို့ဆီကအမိန့်ယူပြီး ရေနံဘက်ထွက် ကြ၊ အလုပ်လုပ်ကြနဲ့ လုပ်ကိုင်စားနေရတာပေါ့။ စပါးက မရောင်းရတော့လေ။ မြို့တွေ ဘာတွေ မသွားရဲဘူး။ မထွက်ရဲဘူး။
မေး - မသွားရဲတာလား။
ဖြေ - ဟုတ်တယ်။ ဘယ်မှမထွက်ရဲဘူး။ အရင်တုန်းက ပြေးပြီးပြန်ဝင်တဲ့သူတွေဆိုရင် သူတို့အဖွဲ့ကို တစ် ယောက်ငါးသောင်းပေးပြီး ရွာထဲပြန်ဝင်ရတာ။
မေး - မိသားစုတစ်စုကို ငါးသောင်းလား၊ မိသားစု ငါးယောက်ရှိရင် တစ်ယောက်ငါးသောင်းလား။
ဖြေ - တစ်ယောက်ကို ငါးသောင်း။ အခု သဘောမယ် နင်တို့ ဘာလို့ ပြန်ကြတာတုံးလို့မေးရင် မပြန်ရင် ရွာက သားသမီးတွေ၊ အမျိုးတွေ ကျန်ရစ်တာကိုး။ အဲဒါတွေကို ဖမ်းဆီးမှာ၊ သိမ်းမှာနဲ့ခြိမ်းခြောက်တော့ ပြန်ရတာ။ အဲဒါ အခုရွာကနေ ပြန်ထွက်ဖို့ကျတော့လည်း မလွယ်ပြန်ဘူး။ အဲဒီလိုရှိတယ်။
မေး - ထွက်ဖို့က ဘာတွေခက်တာလဲ။
ဖြေ - မလွယ်ဘူးလေ။ ဘယ်သွားမှာတုံး၊ ဘယ်မှာ နေမှာတုံး၊ အကြာကြီးလားတို့ ဘာတို့ ကန့်သတ်တာ တို့။ သူတို့နဲ့လိုင်းမတူရင် ပိုပြီးကန့်သတ်တာပေါ့။
မေး - တန့်ဆည်မြို့နယ်ဘက်တွေမှာ စပါးက ရောင်းရခက်တော့ ဘာတွေလုပ်နေကြပါသလဲ။
ဖြေ - ကျွန်မတို့ရွာဘက်က နွေစပါးက စိုက်တယ်။ စိုက်လို့ရတယ် ရောင်းမရဘူးဖြစ်နေတာ။ ဒီနှစ်အဖို့က တော့ ဝယ်တဲ့သူကို မလာဘူး။ ပွဲစားလည်း မလာဘူး။ အဲဒီတော့ စပါးတွေဒီအတိုင်းပဲ။ သဘောကတော့ စပါးနဲ့အလဲအလှယ်လုပ်ပြီး စားသောက်နေရတာပေါ့။ စပါးပေးပေါ့။ အဲဒီလိုဖြစ်နေတာ။ လက်ထဲ ငွေ မရွှင်ဘူးပေါ့။ အရင်တုန်းကတော့ စပါးငါးရာရတယ်၊ ခြောက်ရာရတယ်ဆိုရင် သုံးရာလောက်ရောင်း ပြီးတော့ ကျန်တာကို ဖလှယ်လို့ရတယ်လေ။ အခုကတော့ စက်နဲ့ရိတ်တဲ့သူတွေတောင် အပြည့်မပေးနိုင် သေးဘူးလေ။ ရိတ်တဲ့သူတွေကို အကြွေးစနစ်နဲ့ဖြစ် နေတာပေါ့။
မေး - ကျွန်တော်တို့ကြားရတဲ့အခြေအနေမှာ ဆက်ကြေးအနေနဲ့ လစဉ်ပေးရတာရှိတယ်လို့ပြောတယ်။ တကယ်လို့များ သူတို့တောင်းတာမပေးရင် ဘာလုပ်နိုင်လဲ။
ဖြေ - အပြစ်တွေပေးပြီး သတ်ပစ်မှာပေါ့။ မပေးဘူးလည်း မပြောရဲပါဘူး။ ပေးကြရတယ်။ ချေးငှားပြီး ပေး ရတာပေါ့။ အကြောက်တရားနဲ့ အုပ်ချုပ်နေတာလေ။
မေး - အဲဒီက ပြည်သူတွေမှာ အကြောက်တရားက ဘယ်လောက်တောင် စိုးမိုးနေလဲ။
ဖြေ - ဪ ဒီလိုပဲ ခြောက်တာကတော့ သိတယ်မို့လား။ အရင်တုန်းကဆို ဘယ်သူ၊ ဘယ်သူတွေ သတ် မယ်ဆိုပြီး ရွာတွေ၊ လမ်းတွေတောင် စာပစ်တာ။ သူတို့ဆို ရန်ကုန်တွေ ဘာတွေပြေးကြရတာလေ။ နောက်တော့ ငွေပေးပြီးပြန်လာနေပေါ့။ ငြိမ်ငြိမ်နေ မလှုပ်နဲ့ဆိုတဲ့သဘောနဲ့ ရောက်ကတည်းက ဩဝါဒ တွေပေးတာပေါ့။ သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာပေါ့။ ပြီးတော့ ခုနကပေးတယ်ဆိုတဲ့ဟာက မတတ်နိုင်ဘူးလေ။ စားစရာမရှိ လျော်စရာရှိပဲလေ။ စားစရာမရှိ လည်း သူတို့ကိုပေးဖို့က ကြံဖန်ပြီး ပေး ကြရတာ။
မေး - တန့်ဆည်မှာ PDF တွေမရောက်ခင်က လုပ်စားကိုင်စားရတာ အခြေအနေကောင်းလား။
ဖြေ - အစိုးရလက်အောက်တုန်းကတော့ အခွင့် လည်းသာတယ်။ ဒီဘက်က ဆန်စပါးထွက်တဲ့ နယ်မြေ လေ။ တစ်ပြည်လုံးကို ကားက ရန်ကုန်အထိ တိုက်ရိုက်ပေါက်ပြီး ကုန်တွေရောက်တာ။ တန့်ဆည်က လမ်းဆုံလမ်းခွမြို့လေ။ အခုဆို မုံရွာတို့၊ ရေဦးတို့ ဆို ကားတွေသွားမှမရတာ။ လမ်းလည်း တန်းတန်း သွားမရတဲ့ခေတ်ဖြစ်သွားပြီ။ အရင်ခေတ်နဲ့က စီးပွား ရေးလည်းမတူဘူး။ အကြောက်တရားတွေလည်း မတူပါဘူး။
မေး - အစ်မကြီးတို့ရွာဘက်ကျတော့ ပကဖ တို့ ပလဖ တို့ ရှိလား။
ဖြေ - ဘာမှမရှိဘူး။ သူတို့ PDF အဖွဲ့တွေပဲ ရှိတာ။
မေး - သူတို့ အုပ်ချုပ်တဲ့ပုံစံက သူတို့ပါးစပ်က ထွက်တာကိုနာခံ ဆိုတဲ့သဘောလား။ ဥပဒေတို့၊ စည်းကမ်းတို့ ရှိလား။
ဖြေ - မြင်တာတော့ သူတို့ပါးစပ်က အားလုံးပဲ။ အလှူတစ်ခုလုပ်မယ်ဆိုရင်တောင် သူတို့ပေးတဲ့ရက် ကိုလုပ်ရတာ။ သူတို့ခိုင်းသလိုလုပ်ရတာ။ အလှူအ တန်းတွေမှာဆိုရင် သူတို့ဖွင့်ခိုင်းတဲ့သီချင်းဖွင့်ရပြီး တော့ သူတို့အဖွဲ့တွေပဲ ကကြ၊ ခုန်ကြတာ။ ဆိုင်းတွေ ဘာတွေငှားရင်လည်း သိန်းတစ်ရာပေးရမယ်ဆို ဘယ်သူက ဆိုင်းငှားနိုင်တော့မှာလဲ။ ဘယ်သူမှ ဆိုင်း မငှားပါဘူး။ ကိုယ့်သားသမီးအရွယ်ရောက်ရင်တောင် လှူချင်ရင်တောင် ဆိုင်းတွေဘာတွေမထည့်တော့ဘူး။ ဆိုးတာ က သူတို့ပေးတဲ့ရက် လှူရတာ။ တစ်ခါ အသိတစ်ယောက် အလှူတစ်ခုလုပ်တော့ နင်တို့စပါး ပေါ်တဲ့ အချိန် လှူတာမဟုတ်ဘူးလို့ပြောတော့ သူတို့ သတ်မှတ်ပေးတဲ့ရက်လှူရတာတဲ့။ ကိုင်း စပါးတောင် မရိတ်ရသေးဘူး အလှူလုပ်ရပြီ။
မေး - အညာက အလှူအတန်းလုပ်ရင် တော်တော်လေး စည်စည်ကားကား၊ အပြည့်အဝ လှူလေ့ရှိတော့ သူတို့တွေက အလှူလုပ်ခွင့်ပေးတော့ကော အဆင် ပြေရဲ့လား။
ဖြေ - ဘယ်လိုခေါ်မလဲ ကိုယ့်မိတ်နဲ့ကိုယ် အစဉ်အ ဆက်ရှိတာဆိုတော့ စည်တော့စည်ကားတာပေါ့။ သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ အလှူလုပ်ရတာပေါ့။
မေး - ဆက်ကြေးသဘောမျိုး လစဉ်ပေးရတဲ့ အခြေအနေကော ရှိလား။
ဖြေ - တော်နေကျရင်ရိက္ခာလိုလို့ဆိုပြီး ကောက် တယ်။ ကျွန်မတို့ဒေသကို ဘယ်အရပ်ကရောက်လာ မှန်းမသိတဲ့ PDF တွေဆို မင်္ဂလာတောင်ဆောင်ကြ သေးတယ်။ ဘာညာပေါ့။ ဘေးက ထောက်ပံ့ရတယ်။ တစ်နှစ်ကြေးလည်း ကောက်တယ်။ မနှစ်က ကောက်တယ်။ မကြာမကြာ ကောက်တာပေါ့။ ဟိုရက်ကဆို လက်နက်ဝယ်ဖို့ဆိုပြီး ငါးသောင်းကောက်တယ်။ ကျွန်မတို့ဘက်က PDF နှစ်ဖွဲ့ဖြစ်နေတော့ ညှိကောက် နေကြတယ်ထင်ပါတယ်။ ရွာသူရွာသားတွေကတော့ ပေးနေကြတာပေါ့။
မေး - နှစ်ခါပေးရသလို ဖြစ်နေတာလား။
ဖြေ - နှစ်ခါတော့ မဟုတ်ဘူး။ တစ်နှစ် စပါးပေါ်ခါနီးရင် တောင်းတာ။ သူတို့လိုအပ်ရင် တောင်းတာပေါ့။ လက်နက်ဝယ်ဖို့ အကြောင်းပြပြီးလည်း တောင်း တာပဲ။
မေး - အခု အစ်မတို့ မြို့နယ်ဘက်ကနေ တခြားကို သွားမယ်ဆို ဘယ်လိုအခက်အခဲရှိလဲ။
ဖြေ - တန့်ဆည်အထိ သွားစီးရတာပေါ့။ ကားထွက်တဲ့ နေ့သွားစီးရတာ။ ကားတွေက ပုံမှန် မထွက်တော့ ဘူးလေ။ ရွာသူ၊ ရွာသားတွေကလည်း ဘယ်မှသိပ်မသွားကြပါဘူး။ အကြောင်းရှိမှထွက်ရတာပေါ့။ ကိုယ့် ဘာသာကိုယ် ဈေးသည်လာတာဝယ်စားပေါ့။ ဟိုတလောကဆို ရေဦးဘက်တောင်မထွက်ရဘူး။ လမ်းမှာ ဂိတ်တွေရှိတယ်လေ။ သူတို့နဲ့အဆင်ပြေတဲ့ဈေးသည် တွေပဲလာကြပါတယ်။ ထွက်တဲ့ဟာလေးတွေပေါ့ ငါး လေး၊ ဖားလေး ဝယ်စားပေါ့ ဒါပါပဲ။
မေး - PDF ဂိတ်တွေကစစ်ဆေးတဲ့ပုံစံကော သိပါရစေ။
ဖြေ - လတ်တလောတော့ မရှိတော့ဘူး။ အရင်တုန်းက တော်တော်ကို ထွက်ရင်ဂိတ်များတာ။ အခုတော့ စစ်ကြောင်းတွေဘာတွေရှိတော့ ဂိတ်တွေကမရှိတော့ ဘူး။ ထွက်ရင်တော့ မေးတယ်။ မှတ်ပုံတင်ပြ လိုက်။ ဘယ်ကတုံး ဘာညာမေးတာပေါ့။ ဟိုတလောကဆို တန့်ဆည်ကလူတွေက ရေဦးဈေး မဝယ်ရဘူး တဲ့။ တန့်ဆည်ပြန်ဝယ်ရမယ်တွေဘာတွေဖြစ်တဲ့အထိတောင် နယ်မြေခွဲလိုက်သေးတယ်။ အခုတော့ သွားလာပြီးဝယ်နေကြတာပဲ။ ဒါပေမဲ့ လူတွေက သိပ်မထွက်ကြတော့ဘူး။
မေး - ဆိုတော့ လုပ်ချင်ရာလုပ်နေတဲ့ပုံဖြစ်နေတာလား။
ဖြေ - သူတို့အမိန့်နဲ့နေရတာပါပဲ။ ရွာမှာက ဥပဒေ စိုးမိုးမှုမရှိဘူးဖြစ်နေတာ။ သူတို့ပြောတဲ့ ဥပဒေနဲ့ပဲ နေရတာ။ စစ်ကြောင်းလာတုန်းဆို ပြေးရတာလေ။ မပြေးရင်လည်း ဒလန်ပဲလေ။ သူတို့ကတော့ ရှေ့ဆုံး ကပြေးတာပေါ့။ စစ်ကြောင်းလာရင် ပြေး၊ ပြန်ရင် ဝင်နေလိုက်ရင် ပြီးပြီ။
မေး - ဆိုတော့ အစ်မပြောစကားမှာ စိတ်ဝင်စားစရာ တစ်ခုတွေ့တယ်။ စစ်ကြောင်းလာရင် ပြေး၊ မပြေး ရင် ဒလန်ဆိုတာလေ။ ပြည်ပရောက် မီဒီယာတွေမှာတော့ စစ်ကြောင်းလာလို့ ရွာလုံးကျွတ်ပြေးရတယ် ဆိုပြီး သတင်းတွေရေးကြတယ်။ ဒီအပေါ်မှာ ထပ်ပြောပေးပါလား။
မေး - စစ်ကြောင်းလာလို့ ပြေးရတယ်ဆိုတာက စစ်တပ်ကို ကြောက်လို့မဟုတ်ဘူး။ သူတို့ ပြေးခိုင်းလို့ ပြေးရတာလေ။ အဲဒီကျတော့ စစ်ကြောင်းလာလို့မေးရင် သူတို့အကြောင်းတွေ ပြောမှာစိုးလို့လည်းနေမှာ ပေါ့။ ဘယ်သူမှမကျန်ရဘူး အကုန်ပြေးရတာ။ စစ်ကြောင်း လာတာပဲ ပြေးစရာလားဆိုတော့ မပြေးလို့ မရဘူး။ မပြေးရင် ဒလန်ပဲ။ အဲဒီလို။ စစ်ကြောင်းလာလို့ပြေးတယ်ဆိုတာက PDF တွေက ပြေးခိုင်းထား တာ။ မပြေးရင် ဒလန်ဆိုသတ်မှာ။ စစ်သားနဲ့စကားပြောရင်တောင် မလွယ်ဘူးလေ သတ်ပစ်ကြတာ။ သူတို့ဥပဒေက အဲဒီလိုပဲ။ စားစရာရိက္ခာလေးတွတင်ပြီး ပြေးကြရ တာ။ နွားလှည်းရှိသူက နွားလှည်း၊ ဆိုင်ကယ်ရှိသူက ဆိုင်ကယ်ပေါ့။
မေး - ဒေသခံပြည်သူတွေအဖို့မှာ အရင်ကလည်း ကျပ်၊ သူတို့ကြောင့်လည်းကျပ် အခုတစ်ခါ စစ်ကြောင်း လာလည်းပြေးခိုင်းတော့ အဆင်ပြေကြပါရဲ့ လား။
ဖြေ - စားစရာရှိတာလေးတွေ ယူ၊ မိတ်ဆွေတွေ အိမ် ရောက်၊ မိတ်ဆွေတွေက ကျွေးမွေး၊ ပြီးရင် ပြန်လာ ကြရတာပေါ့။
မေး - သူတို့အမိန့်အောက်မှာနေကြရတာတော့ ပြည်သူအချင်းချင်း ရိုင်းပင်းကူညီပြီး အသက်မသေ အောင် မွေးနေရတယ်လို့ ပြောနိုင်မလား။
ဖြေ - ဟုတ်တာပေါ့ အဲဒီလိုပြောလို့ရတယ်။ တစ်ရွာမှာ သုံးပုံနှစ်ပုံလောက်က သူတို့ဘက်ကလိုလိုပေါ့။ သူတို့လည်းသိနေကြပေမယ့် မပြောရဲဘူး။ သိနေတယ်။ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာ သိနေတယ်။ ဒလန်လို့အထင်မခံရအောင် နေနေကြရတာ ပေါ့။
မေး - အင်တာနက်တွေမှာ မြင်ရတာရှိပါတယ်။ အရင်က ရွာမှာ အဖက်လုပ်မခံရသူတွေက PDF တွေကို ခေါ်လာပြီး သူတို့လည်း PDF လုပ် ဗိုလ်ကျတယ် ဆိုတာပေါ့။ အစ်မတို့ဘက်ကော ဒါမျိုးရှိလား။
ဖြေ - ရှိတာပေါ့။ အဲဒီအဖွဲ့ ဖွဲ့လိုက်တည်း ဝါးလုံးတိုင် အိမ်ဆောက်နေတဲ့သူတွေက အကောင်တွေ ဖြစ် ကုန်တာပဲ။ သူရင်းငှားတို့၊ ကြွက်ထိုး၊ ဖားလိုက်တို့ကနေ ဘယ်လိုခေါ်မလဲ မရှိဒေါသခေါ်မလား။ အရင် တုန်းက နှိမ်ခံရတယ်ဆိုတာကနေ သေနတ်ကိုင်ရတော့ မော်ကြွားချင်တယ် ခေါ်မလား။ မုန်းရင်တောင် ခေါ်ရိုက်ခံရ တဲ့အဆင့်မျိုးအထိ ဖြစ်တယ်။ မတည့်တဲ့သူကို ခေါ်တောင်ရိုက်သေးတယ်။
မေး - သူတို့ကော အခုပိုက်ဆံရှိသွားလား။ ခုနကလို လူမျိုးတွေကပေါ့။
ဖြေ - နည်းနည်းပါးပါးပေါ့။ ပိုက်ဆံ တောင့်သွားကြတာပေါ့။ ဘယ်လောက် အထုပ်ပိုင်လဲတော့ မသိဘူး။ တစ်ခုတော့ရှိတယ်။ အရင်တုန်းက ဘေးရွာတွေမှာ တိုက်ပွဲတိုက်တော့ နှစ်ယောက်လား သေတယ်။ နောက်တော့ တိုက်ပွဲမလိုက်တော့ဘဲ ရွာမှာ အရင်က ဗိုလ်လုပ်နေတာ။ အခုကတော့ မတိုက်တဲ့လူတွေ အိမ်ပြန်ဆိုတာ လုပ်တယ်ပြောတယ်။
မေး - အစ်မတို့က စစ်ဘေးကို တကယ်ကြုံရတဲ့ ဒေသခံပေါ့လေ။ တခြားဒေသက စစ်ကိုခေါ်နေတဲ့သူ တွေကို ဘာပြောချင်လဲ။
ဖြေ - စစ်ရဲ့အတွေ့အကြုံတွေ တကယ်ခံစားနေရတဲ့ သူတွေဘက်ကနေခံစားကြည့်ပြီး စစ်ဖြစ်တဲ့မြို့ ရွာ တွေကို လေ့လာသင့်ပါတယ်။ စစ်ကိုခေါ်ရင် ဘယ်လိုဖြစ်တယ်ဆိုတာပေါ့။ မျက်လုံးတွေ၊ နားတွေ ပိတ်မ နေကြပါနဲ့လို့ပြောချင်တယ်။ မပြောရဲ မဆိုရဲတွေက ပိုဆိုး တာပေါ့။ ပြောချင်ပေမယ့် မပြောရဲတာပေါ့။
မေး - အဲဒီ မပြောရဲဘူးဆိုတဲ့အခြေအနေကို နည်းနည်းပြောပြပါလား။
ဖြေ - မပြောရဲဘူးလေ။ သူတို့အုပ်ချုပ်နေတာ အေးဆေးပဲဆိုပြီးအုပ်ချုပ်နေတာ။ PDF တွေရဲ့ သဘော အတိုင်းနေနေရတာပေါ့။

ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Version:
တန႔္ဆည္ၿမိဳ႕က ျပည္သူတို႔၏ ညည္းညဴသံ
သုတေက်ာ္ (NP News) - ဧၿပီ ၄

စစ္ကိုင္းတိုင္း၊ တန႔္ဆည္ၿမိဳ႕နယ္သို႔ PDF မ်ားေရာက္မလာမီက ျပည္သူတို႔၏ ဘဝရပ္တည္ ေရး အေျခအေနေကာင္းမြန္ခဲ့သည္။ PDF မ်ားေရာက္ၿပီးေနာက္ တိုက္ပြဲမ်ားေဖာ္ေဆာင္သည္။ ထို႔ ေနာက္ ေက်းလက္ေဒသအခ်ိဳ႕ကိုအေျချပဳကာ အရပ္ဘက္အုပ္ခ်ဳပ္ေရးတည္ေထာင္သည္ဆို၏။ သို႔ေသာ္ ေက်း ႐ြာသားတို႔မွာ ဆက္ေၾကးေပးရသည္။ ေတာင္းသမွ်ကိုေပးရသည္။ ထို႔ျပင္ယခင္ထက္ စီးပြားေရးခြၽတ္ၿခဳံ က်သြားၿပီး အကန႔္အသတ္ျဖင့္ေနထိုင္ရေသာအေျခအေန ဆိုက္ေရာက္သြားေတာ့သည္။ အဆိုပါ အေျခ အေနမ်ားႏွင့္ပတ္သက္၍ တန႔္ဆည္ၿမိဳ႕နယ္မွေဒသခံတစ္ဦးထံ NP News မွ ဆက္သြယ္ေမးျမန္းထား သည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - တန႔္ဆည္ၿမိဳ႕နယ္က လက္ရွိအေျခအေနကို အရင္ဆုံး အၾကမ္းဖ်င္းေျပာျပေပးပါလား။
ေျဖ - (၂၀၂၁)ကာလက ကြၽန္မတို႔႐ြာမွာ ေလးေယာက္ေလာက္ေသၿပီးေတာ့ ေျခာက္အိမ္ေလာက္ မီးရႈိ႕ခံရ တာေလ။ အဲဒီေနာက္ပိုင္းက်ေတာ့ ႐ြာထဲမွာ သူတို႔ (PDF)နဲ႔မတည့္တဲ့သူေတြက မေနရဲၾကေတာ့ဘူး။ အခု က်ေတာ့ ဘယ္လိုျဖစ္လဲဆိုေတာ့ PDF က အုပ္ ခ်ဳပ္ေနတယ္။ ကြၽန္မတို႔႐ြာဘက္ေပါ့။ အဲဒီေတာ့ ဘယ္လို ျဖစ္လဲဆိုေတာ့ အေၾကာက္တရားနဲ႔ေနရတာေပါ့။ အခုအလႉအတန္းေတြလုပ္တယ္ဆိုရင္ တပို႔တြဲ မတိုင္ ခင္က လုပ္ခြင့္ရတယ္။ အခုေတာ့ အလႉအတန္းေတြလုပ္ခြင့္မရေတာ့ဘူး။
ေမး - PDF ေတြ လာၿပီးတဲ့ေနာက္ အဲဒီေဒသဘက္ အေျခအေနေတြက ဘယ္လိုျဖစ္သြားလဲခင္ဗ်။
ေျဖ - ေတာင္သူေတြက အိုးပစ္၊ အိမ္ပစ္ ျဖစ္ရတယ္။ စပါးေဈးကမၿငိမ္ဘူး။ လမ္းပန္းမေကာင္းေတာ့တာ။ ဒါေၾကာင့္ ကိုယ့္ထြက္ကုန္က တန္ရာတန္ေၾကး မရ တာေပါ့။ ေ႐ႊဘိုမွာေပါက္တဲ့ေဈးနဲ႔ ကိုယ့္႐ြာနဲ႔ဆို လာ တဲ့ပြဲစားေတြကိုပဲေရာင္းရတာေပါ့။ စီးပြားေရးက က်ပ္တယ္။ အခုဆို ေက်ာင္းသားေတြ ေက်ာင္းလည္းမ တက္ရေတာ့ သူတို႔ဆီကအမိန႔္ယူၿပီး ေရနံဘက္ထြက္ ၾက၊ အလုပ္လုပ္ၾကနဲ႔ လုပ္ကိုင္စားေနရတာေပါ့။ စပါးက မေရာင္းရေတာ့ေလ။ ၿမိဳ႕ေတြ ဘာေတြ မသြားရဲဘူး။ မထြက္ရဲဘူး။
ေမး - မသြားရဲတာလား။
ေျဖ - ဟုတ္တယ္။ ဘယ္မွမထြက္ရဲဘူး။ အရင္တုန္းက ေျပးၿပီးျပန္ဝင္တဲ့သူေတြဆိုရင္ သူတို႔အဖြဲ႕ကို တစ္ ေယာက္ငါးေသာင္းေပးၿပီး ႐ြာထဲျပန္ဝင္ရတာ။
ေမး - မိသားစုတစ္စုကို ငါးေသာင္းလား၊ မိသားစု ငါးေယာက္ရွိရင္ တစ္ေယာက္ငါးေသာင္းလား။
ေျဖ - တစ္ေယာက္ကို ငါးေသာင္း။ အခု သေဘာမယ္ နင္တို႔ ဘာလို႔ ျပန္ၾကတာတုံးလို႔ေမးရင္ မျပန္ရင္ ႐ြာက သားသမီးေတြ၊ အမ်ိဳးေတြ က်န္ရစ္တာကိုး။ အဲဒါေတြကို ဖမ္းဆီးမွာ၊ သိမ္းမွာနဲ႔ၿခိမ္းေျခာက္ေတာ့ ျပန္ရတာ။ အဲဒါ အခု႐ြာကေန ျပန္ထြက္ဖို႔က်ေတာ့လည္း မလြယ္ျပန္ဘူး။ အဲဒီလိုရွိတယ္။
ေမး - ထြက္ဖို႔က ဘာေတြခက္တာလဲ။
ေျဖ - မလြယ္ဘူးေလ။ ဘယ္သြားမွာတုံး၊ ဘယ္မွာ ေနမွာတုံး၊ အၾကာႀကီးလားတို႔ ဘာတို႔ ကန႔္သတ္တာ တို႔။ သူတို႔နဲ႔လိုင္းမတူရင္ ပိုၿပီးကန႔္သတ္တာေပါ့။
ေမး - တန႔္ဆည္ၿမိဳ႕နယ္ဘက္ေတြမွာ စပါးက ေရာင္းရခက္ေတာ့ ဘာေတြလုပ္ေနၾကပါသလဲ။
ေျဖ - ကြၽန္မတို႔႐ြာဘက္က ေႏြစပါးက စိုက္တယ္။ စိုက္လို႔ရတယ္ ေရာင္းမရဘူးျဖစ္ေနတာ။ ဒီႏွစ္အဖို႔က ေတာ့ ဝယ္တဲ့သူကို မလာဘူး။ ပြဲစားလည္း မလာဘူး။ အဲဒီေတာ့ စပါးေတြဒီအတိုင္းပဲ။ သေဘာကေတာ့ စပါးနဲ႔အလဲအလွယ္လုပ္ၿပီး စားေသာက္ေနရတာေပါ့။ စပါးေပးေပါ့။ အဲဒီလိုျဖစ္ေနတာ။ လက္ထဲ ေငြ မ႐ႊင္ဘူးေပါ့။ အရင္တုန္းကေတာ့ စပါးငါးရာရတယ္၊ ေျခာက္ရာရတယ္ဆိုရင္ သုံးရာေလာက္ေရာင္း ၿပီးေတာ့ က်န္တာကို ဖလွယ္လို႔ရတယ္ေလ။ အခုကေတာ့ စက္နဲ႔ရိတ္တဲ့သူေတြေတာင္ အျပည့္မေပးႏိုင္ ေသးဘူးေလ။ ရိတ္တဲ့သူေတြကို အေႂကြးစနစ္နဲ႔ျဖစ္ ေနတာေပါ့။
ေမး - ကြၽန္ေတာ္တို႔ၾကားရတဲ့အေျခအေနမွာ ဆက္ေၾကးအေနနဲ႔ လစဥ္ေပးရတာရွိတယ္လို႔ေျပာတယ္။ တကယ္လို႔မ်ား သူတို႔ေတာင္းတာမေပးရင္ ဘာလုပ္ႏိုင္လဲ။
ေျဖ - အျပစ္ေတြေပးၿပီး သတ္ပစ္မွာေပါ့။ မေပးဘူးလည္း မေျပာရဲပါဘူး။ ေပးၾကရတယ္။ ေခ်းငွားၿပီး ေပး ရတာေပါ့။ အေၾကာက္တရားနဲ႔ အုပ္ခ်ဳပ္ေနတာေလ။
ေမး - အဲဒီက ျပည္သူေတြမွာ အေၾကာက္တရားက ဘယ္ေလာက္ေတာင္ စိုးမိုးေနလဲ။
ေျဖ - ဪ ဒီလိုပဲ ေျခာက္တာကေတာ့ သိတယ္မို႔လား။ အရင္တုန္းကဆို ဘယ္သူ၊ ဘယ္သူေတြ သတ္ မယ္ဆိုၿပီး ႐ြာေတြ၊ လမ္းေတြေတာင္ စာပစ္တာ။ သူတို႔ဆို ရန္ကုန္ေတြ ဘာေတြေျပးၾကရတာေလ။ ေနာက္ေတာ့ ေငြေပးၿပီးျပန္လာေနေပါ့။ ၿငိမ္ၿငိမ္ေန မလႈပ္နဲ႔ဆိုတဲ့သေဘာနဲ႔ ေရာက္ကတည္းက ဩဝါဒ ေတြေပးတာေပါ့။ သတ္ပစ္မယ္ဆိုၿပီး ၿခိမ္းေျခာက္တာေပါ့။ ၿပီးေတာ့ ခုနကေပးတယ္ဆိုတဲ့ဟာက မတတ္ႏိုင္ဘူးေလ။ စားစရာမရွိ ေလ်ာ္စရာရွိပဲေလ။ စားစရာမရွိ လည္း သူတို႔ကိုေပးဖို႔က ႀကံဖန္ၿပီး ေပး ၾကရတာ။
ေမး - တန႔္ဆည္မွာ PDF ေတြမေရာက္ခင္က လုပ္စားကိုင္စားရတာ အေျခအေနေကာင္းလား။
ေျဖ - အစိုးရလက္ေအာက္တုန္းကေတာ့ အခြင့္ လည္းသာတယ္။ ဒီဘက္က ဆန္စပါးထြက္တဲ့ နယ္ေျမ ေလ။ တစ္ျပည္လုံးကို ကားက ရန္ကုန္အထိ တိုက္႐ိုက္ေပါက္ၿပီး ကုန္ေတြေရာက္တာ။ တန႔္ဆည္က လမ္းဆုံလမ္းခြၿမိဳ႕ေလ။ အခုဆို မုံ႐ြာတို႔၊ ေရဦးတို႔ ဆို ကားေတြသြားမွမရတာ။ လမ္းလည္း တန္းတန္း သြားမရတဲ့ေခတ္ျဖစ္သြားၿပီ။ အရင္ေခတ္နဲ႔က စီးပြား ေရးလည္းမတူဘူး။ အေၾကာက္တရားေတြလည္း မတူပါဘူး။
ေမး - အစ္မႀကီးတို႔႐ြာဘက္က်ေတာ့ ပကဖ တို႔ ပလဖ တို႔ ရွိလား။
ေျဖ - ဘာမွမရွိဘူး။ သူတို႔ PDF အဖြဲ႕ေတြပဲ ရွိတာ။
ေမး - သူတို႔ အုပ္ခ်ဳပ္တဲ့ပုံစံက သူတို႔ပါးစပ္က ထြက္တာကိုနာခံ ဆိုတဲ့သေဘာလား။ ဥပေဒတို႔၊ စည္းကမ္းတို႔ ရွိလား။
ေျဖ - ျမင္တာေတာ့ သူတို႔ပါးစပ္က အားလုံးပဲ။ အလႉတစ္ခုလုပ္မယ္ဆိုရင္ေတာင္ သူတို႔ေပးတဲ့ရက္ ကိုလုပ္ရတာ။ သူတို႔ခိုင္းသလိုလုပ္ရတာ။ အလႉအ တန္းေတြမွာဆိုရင္ သူတို႔ဖြင့္ခိုင္းတဲ့သီခ်င္းဖြင့္ရၿပီး ေတာ့ သူတို႔အဖြဲ႕ေတြပဲ ကၾက၊ ခုန္ၾကတာ။ ဆိုင္းေတြ ဘာေတြငွားရင္လည္း သိန္းတစ္ရာေပးရမယ္ဆို ဘယ္သူက ဆိုင္းငွားႏိုင္ေတာ့မွာလဲ။ ဘယ္သူမွ ဆိုင္း မငွားပါဘူး။ ကိုယ့္သားသမီးအ႐ြယ္ေရာက္ရင္ေတာင္ လႉခ်င္ရင္ေတာင္ ဆိုင္းေတြဘာေတြမထည့္ေတာ့ဘူး။ ဆိုးတာ က သူတို႔ေပးတဲ့ရက္ လႉရတာ။ တစ္ခါ အသိတစ္ေယာက္ အလႉတစ္ခုလုပ္ေတာ့ နင္တို႔စပါး ေပၚတဲ့ အခ်ိန္ လႉတာမဟုတ္ဘူးလို႔ေျပာေတာ့ သူတို႔ သတ္မွတ္ေပးတဲ့ရက္လႉရတာတဲ့။ ကိုင္း စပါးေတာင္ မရိတ္ရေသးဘူး အလႉလုပ္ရၿပီ။
ေမး - အညာက အလႉအတန္းလုပ္ရင္ ေတာ္ေတာ္ေလး စည္စည္ကားကား၊ အျပည့္အဝ လႉေလ့ရွိေတာ့ သူတို႔ေတြက အလႉလုပ္ခြင့္ေပးေတာ့ေကာ အဆင္ ေျပရဲ႕လား။
ေျဖ - ဘယ္လိုေခၚမလဲ ကိုယ့္မိတ္နဲ႔ကိုယ္ အစဥ္အ ဆက္ရွိတာဆိုေတာ့ စည္ေတာ့စည္ကားတာေပါ့။ သူတို႔ရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ အလႉလုပ္ရတာေပါ့။
ေမး - ဆက္ေၾကးသေဘာမ်ိဳး လစဥ္ေပးရတဲ့ အေျခအေနေကာ ရွိလား။
ေျဖ - ေတာ္ေနက်ရင္ရိကၡာလိုလို႔ဆိုၿပီး ေကာက္ တယ္။ ကြၽန္မတို႔ေဒသကို ဘယ္အရပ္ကေရာက္လာ မွန္းမသိတဲ့ PDF ေတြဆို မဂၤလာေတာင္ေဆာင္ၾက ေသးတယ္။ ဘာညာေပါ့။ ေဘးက ေထာက္ပံ့ရတယ္။ တစ္ႏွစ္ေၾကးလည္း ေကာက္တယ္။ မႏွစ္က ေကာက္တယ္။ မၾကာမၾကာ ေကာက္တာေပါ့။ ဟိုရက္ကဆို လက္နက္ဝယ္ဖို႔ဆိုၿပီး ငါးေသာင္းေကာက္တယ္။ ကြၽန္မတို႔ဘက္က PDF ႏွစ္ဖြဲ႕ျဖစ္ေနေတာ့ ညႇိေကာက္ ေနၾကတယ္ထင္ပါတယ္။ ႐ြာသူ႐ြာသားေတြကေတာ့ ေပးေနၾကတာေပါ့။
ေမး - ႏွစ္ခါေပးရသလို ျဖစ္ေနတာလား။
ေျဖ - ႏွစ္ခါေတာ့ မဟုတ္ဘူး။ တစ္ႏွစ္ စပါးေပၚခါနီးရင္ ေတာင္းတာ။ သူတို႔လိုအပ္ရင္ ေတာင္းတာေပါ့။ လက္နက္ဝယ္ဖို႔ အေၾကာင္းျပၿပီးလည္း ေတာင္း တာပဲ။
ေမး - အခု အစ္မတို႔ ၿမိဳ႕နယ္ဘက္ကေန တျခားကို သြားမယ္ဆို ဘယ္လိုအခက္အခဲရွိလဲ။
ေျဖ - တန႔္ဆည္အထိ သြားစီးရတာေပါ့။ ကားထြက္တဲ့ ေန႔သြားစီးရတာ။ ကားေတြက ပုံမွန္ မထြက္ေတာ့ ဘူးေလ။ ႐ြာသူ၊ ႐ြာသားေတြကလည္း ဘယ္မွသိပ္မသြားၾကပါဘူး။ အေၾကာင္းရွိမွထြက္ရတာေပါ့။ ကိုယ့္ ဘာသာကိုယ္ ေဈးသည္လာတာဝယ္စားေပါ့။ ဟိုတေလာကဆို ေရဦးဘက္ေတာင္မထြက္ရဘူး။ လမ္းမွာ ဂိတ္ေတြရွိတယ္ေလ။ သူတို႔နဲ႔အဆင္ေျပတဲ့ေဈးသည္ ေတြပဲလာၾကပါတယ္။ ထြက္တဲ့ဟာေလးေတြေပါ့ ငါး ေလး၊ ဖားေလး ဝယ္စားေပါ့ ဒါပါပဲ။
ေမး - PDF ဂိတ္ေတြကစစ္ေဆးတဲ့ပုံစံေကာ သိပါရေစ။
ေျဖ - လတ္တေလာေတာ့ မရွိေတာ့ဘူး။ အရင္တုန္းက ေတာ္ေတာ္ကို ထြက္ရင္ဂိတ္မ်ားတာ။ အခုေတာ့ စစ္ေၾကာင္းေတြဘာေတြရွိေတာ့ ဂိတ္ေတြကမရွိေတာ့ ဘူး။ ထြက္ရင္ေတာ့ ေမးတယ္။ မွတ္ပုံတင္ျပ လိုက္။ ဘယ္ကတုံး ဘာညာေမးတာေပါ့။ ဟိုတေလာကဆို တန႔္ဆည္ကလူေတြက ေရဦးေဈး မဝယ္ရဘူး တဲ့။ တန႔္ဆည္ျပန္ဝယ္ရမယ္ေတြဘာေတြျဖစ္တဲ့အထိေတာင္ နယ္ေျမခြဲလိုက္ေသးတယ္။ အခုေတာ့ သြားလာၿပီးဝယ္ေနၾကတာပဲ။ ဒါေပမဲ့ လူေတြက သိပ္မထြက္ၾကေတာ့ဘူး။
ေမး - ဆိုေတာ့ လုပ္ခ်င္ရာလုပ္ေနတဲ့ပုံျဖစ္ေနတာလား။
ေျဖ - သူတို႔အမိန႔္နဲ႔ေနရတာပါပဲ။ ႐ြာမွာက ဥပေဒ စိုးမိုးမႈမရွိဘူးျဖစ္ေနတာ။ သူတို႔ေျပာတဲ့ ဥပေဒနဲ႔ပဲ ေနရတာ။ စစ္ေၾကာင္းလာတုန္းဆို ေျပးရတာေလ။ မေျပးရင္လည္း ဒလန္ပဲေလ။ သူတို႔ကေတာ့ ေရွ႕ဆုံး ကေျပးတာေပါ့။ စစ္ေၾကာင္းလာရင္ ေျပး၊ ျပန္ရင္ ဝင္ေနလိုက္ရင္ ၿပီးၿပီ။
ေမး - ဆိုေတာ့ အစ္မေျပာစကားမွာ စိတ္ဝင္စားစရာ တစ္ခုေတြ႕တယ္။ စစ္ေၾကာင္းလာရင္ ေျပး၊ မေျပး ရင္ ဒလန္ဆိုတာေလ။ ျပည္ပေရာက္ မီဒီယာေတြမွာေတာ့ စစ္ေၾကာင္းလာလို႔ ႐ြာလုံးကြၽတ္ေျပးရတယ္ ဆိုၿပီး သတင္းေတြေရးၾကတယ္။ ဒီအေပၚမွာ ထပ္ေျပာေပးပါလား။
ေမး - စစ္ေၾကာင္းလာလို႔ ေျပးရတယ္ဆိုတာက စစ္တပ္ကို ေၾကာက္လို႔မဟုတ္ဘူး။ သူတို႔ ေျပးခိုင္းလို႔ ေျပးရတာေလ။ အဲဒီက်ေတာ့ စစ္ေၾကာင္းလာလို႔ေမးရင္ သူတို႔အေၾကာင္းေတြ ေျပာမွာစိုးလို႔လည္းေနမွာ ေပါ့။ ဘယ္သူမွမက်န္ရဘူး အကုန္ေျပးရတာ။ စစ္ေၾကာင္း လာတာပဲ ေျပးစရာလားဆိုေတာ့ မေျပးလို႔ မရဘူး။ မေျပးရင္ ဒလန္ပဲ။ အဲဒီလို။ စစ္ေၾကာင္းလာလို႔ေျပးတယ္ဆိုတာက PDF ေတြက ေျပးခိုင္းထား တာ။ မေျပးရင္ ဒလန္ဆိုသတ္မွာ။ စစ္သားနဲ႔စကားေျပာရင္ေတာင္ မလြယ္ဘူးေလ သတ္ပစ္ၾကတာ။ သူတို႔ဥပေဒက အဲဒီလိုပဲ။ စားစရာရိကၡာေလးတြတင္ၿပီး ေျပးၾကရ တာ။ ႏြားလွည္းရွိသူက ႏြားလွည္း၊ ဆိုင္ကယ္ရွိသူက ဆိုင္ကယ္ေပါ့။
ေမး - ေဒသခံျပည္သူေတြအဖို႔မွာ အရင္ကလည္း က်ပ္၊ သူတို႔ေၾကာင့္လည္းက်ပ္ အခုတစ္ခါ စစ္ေၾကာင္း လာလည္းေျပးခိုင္းေတာ့ အဆင္ေျပၾကပါရဲ႕ လား။
ေျဖ - စားစရာရွိတာေလးေတြ ယူ၊ မိတ္ေဆြေတြ အိမ္ ေရာက္၊ မိတ္ေဆြေတြက ေကြၽးေမြး၊ ၿပီးရင္ ျပန္လာ ၾကရတာေပါ့။
ေမး - သူတို႔အမိန႔္ေအာက္မွာေနၾကရတာေတာ့ ျပည္သူအခ်င္းခ်င္း ႐ိုင္းပင္းကူညီၿပီး အသက္မေသ ေအာင္ ေမြးေနရတယ္လို႔ ေျပာႏိုင္မလား။
ေျဖ - ဟုတ္တာေပါ့ အဲဒီလိုေျပာလို႔ရတယ္။ တစ္႐ြာမွာ သုံးပုံႏွစ္ပုံေလာက္က သူတို႔ဘက္ကလိုလိုေပါ့။ သူတို႔လည္းသိေနၾကေပမယ့္ မေျပာရဲဘူး။ သိေနတယ္။ ဘယ္သူမွားတယ္၊ မွန္တယ္ဆိုတာ သိေနတယ္။ ဒလန္လို႔အထင္မခံရေအာင္ ေနေနၾကရတာ ေပါ့။
ေမး - အင္တာနက္ေတြမွာ ျမင္ရတာရွိပါတယ္။ အရင္က ႐ြာမွာ အဖက္လုပ္မခံရသူေတြက PDF ေတြကို ေခၚလာၿပီး သူတို႔လည္း PDF လုပ္ ဗိုလ္က်တယ္ ဆိုတာေပါ့။ အစ္မတို႔ဘက္ေကာ ဒါမ်ိဳးရွိလား။
ေျဖ - ရွိတာေပါ့။ အဲဒီအဖြဲ႕ ဖြဲ႕လိုက္တည္း ဝါးလုံးတိုင္ အိမ္ေဆာက္ေနတဲ့သူေတြက အေကာင္ေတြ ျဖစ္ ကုန္တာပဲ။ သူရင္းငွားတို႔၊ ႂကြက္ထိုး၊ ဖားလိုက္တို႔ကေန ဘယ္လိုေခၚမလဲ မရွိေဒါသေခၚမလား။ အရင္ တုန္းက ႏွိမ္ခံရတယ္ဆိုတာကေန ေသနတ္ကိုင္ရေတာ့ ေမာ္ႂကြားခ်င္တယ္ ေခၚမလား။ မုန္းရင္ေတာင္ ေခၚ႐ိုက္ခံရ တဲ့အဆင့္မ်ိဳးအထိ ျဖစ္တယ္။ မတည့္တဲ့သူကို ေခၚေတာင္႐ိုက္ေသးတယ္။
ေမး - သူတို႔ေကာ အခုပိုက္ဆံရွိသြားလား။ ခုနကလို လူမ်ိဳးေတြကေပါ့။
ေျဖ - နည္းနည္းပါးပါးေပါ့။ ပိုက္ဆံ ေတာင့္သြားၾကတာေပါ့။ ဘယ္ေလာက္ အထုပ္ပိုင္လဲေတာ့ မသိဘူး။ တစ္ခုေတာ့ရွိတယ္။ အရင္တုန္းက ေဘး႐ြာေတြမွာ တိုက္ပြဲတိုက္ေတာ့ ႏွစ္ေယာက္လား ေသတယ္။ ေနာက္ေတာ့ တိုက္ပြဲမလိုက္ေတာ့ဘဲ ႐ြာမွာ အရင္က ဗိုလ္လုပ္ေနတာ။ အခုကေတာ့ မတိုက္တဲ့လူေတြ အိမ္ျပန္ဆိုတာ လုပ္တယ္ေျပာတယ္။
ေမး - အစ္မတို႔က စစ္ေဘးကို တကယ္ႀကဳံရတဲ့ ေဒသခံေပါ့ေလ။ တျခားေဒသက စစ္ကိုေခၚေနတဲ့သူ ေတြကို ဘာေျပာခ်င္လဲ။
ေျဖ - စစ္ရဲ႕အေတြ႕အႀကဳံေတြ တကယ္ခံစားေနရတဲ့ သူေတြဘက္ကေနခံစားၾကည့္ၿပီး စစ္ျဖစ္တဲ့ၿမိဳ႕ ႐ြာ ေတြကို ေလ့လာသင့္ပါတယ္။ စစ္ကိုေခၚရင္ ဘယ္လိုျဖစ္တယ္ဆိုတာေပါ့။ မ်က္လုံးေတြ၊ နားေတြ ပိတ္မ ေနၾကပါနဲ႔လို႔ေျပာခ်င္တယ္။ မေျပာရဲ မဆိုရဲေတြက ပိုဆိုး တာေပါ့။ ေျပာခ်င္ေပမယ့္ မေျပာရဲတာေပါ့။
ေမး - အဲဒီ မေျပာရဲဘူးဆိုတဲ့အေျခအေနကို နည္းနည္းေျပာျပပါလား။
ေျဖ - မေျပာရဲဘူးေလ။ သူတို႔အုပ္ခ်ဳပ္ေနတာ ေအးေဆးပဲဆိုၿပီးအုပ္ခ်ဳပ္ေနတာ။ PDF ေတြရဲ႕ သေဘာ အတိုင္းေနေနရတာေပါ့။

ေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.