ငလျင်ဒဏ်ကြောင့် အင်းဝတံတား(စစ်ကိုင်း) ရေလမ်းကြောင်း ယာယီပြောင်းလဲ သတ်မှတ်

 1888

NP News ဧပြီ (၄)ရက်
ငလျင်ဒဏ်ကြောင့် အင်းဝတံတား(စစ်ကိုင်း) ရေလမ်းကြောင်း ယာယီပြောင်းလဲ သတ်မှတ်ထားပြီး အစုန်၊ အဆန် ယာယီရေလမ်းအဖြစ် ရေလယ်တိုင်အမှတ် (၅) နှင့် (၆)ကြား သတ်မှတ်ပေးထားကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက်ထုတ်ပြန်ထား ကြောင်းသိရသည်။
ယခင်က အဆိုပါ တံတားကို ဖြတ်သန်းသွားလာရသည့် ရေလမ်းတွင် ရေယာဉ်များဖြစ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ် (၄) နှင့် (၅) ကြားမှလည်းကောင်း၊ အဆန်ရေလမ်း အဖြစ် ရေလယ်တိုင်အမှတ် (၃)နှင့် (၄)ကြားမှလည်းကောင်း သတ်မှတ်ပေးခဲ့သော်လည်း ငလျင်ဒဏ်ကြောင့် သတ်မှတ်ရေလမ်းအတွင်းရှိ တံတားခုံးများပြိုကျခဲ့ရာ မတ်လ ၃၀ ရက်မှစ၍ ပြောင်းလဲ သတ်မှတ်ပေးထားခြင်း ဖြစ်သည်။
ပြောင်းလဲမည့် ယာယီရေလမ်း၏ ကင်းလွတ်အကျယ်မှာ ပေ ၃၅၀ ရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံး ရေမျက်နှာပြင်အထက် ပေ ၄၀ ရှိပြီး ရေလယ်တိုင်အမှတ် (၅)၏ ထိပ်ပိုင်းတွင် ကွဲအက်မှုများဖြစ်ပေါ်နေခြင်း ကြောင့် ရေယာဉ်များသတိထားကာ တံတားရေလမ်းကို ဖြတ်သန်းရန် လိုအပ်တယ်ကြောင်းသတိပေး ထုတ်ပြန်ထားသည်။
ထို့အပြင် တံတားရေလမ်းကို ဖြတ်သန်းကြမယ့် ရေယာဉ်များအနေဖြင့် ရေလယ်တိုင်နှစ်ခုကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်းမပြုရန်နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆက်ဖြတ်သန်းကြရန်အပြင် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သောအကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတံတား(အင်းဝ)၏ ခုံးတံတားသံပေါင် ၆ ခု ပျက်စီးပြီးမြစ်အတွင်းသို့ ပြိုကျသွားခြင်း၊ အလားတူ စစ်ကိုင်းတံတားအသစ်သည်လည်း တံတားပေါ်နှင့် ချဉ်းကပ်လမ်းများ၌ ပျက်စီးမှုအချို့ဖြစ်ပေါ်သွားသဖြင့် ဖြတ်သန်းခွင့်ကန့်သတ်ချက်များရှိနေခြင်းကြောင့် လူနှင့် ယာဉ်များ ဖြတ်သန်းသွားလာရေး အခက်အခဲကြုံတွေ့မှုများရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

Zawgyi Version:
ငလ်င္ဒဏ္ေၾကာင့္ အင္းဝတံတား(စစ္ကိုင္း) ေရလမ္းေၾကာင္း ယာယီေျပာင္းလဲ သတ္မွတ္
NP News ဧၿပီ (၄)ရက္
ငလ်င္ဒဏ္ေၾကာင့္ အင္းဝတံတား(စစ္ကိုင္း) ေရလမ္းေၾကာင္း ယာယီေျပာင္းလဲ သတ္မွတ္ထားၿပီး အစုန္၊ အဆန္ ယာယီေရလမ္းအျဖစ္ ေရလယ္တိုင္အမွတ္ (၅) ႏွင့္ (၆)ၾကား သတ္မွတ္ေပးထားေၾကာင္း ေရအရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ ေရလမ္းသတိေပးႏႈိးေဆာ္ခ်က္ထုတ္ျပန္ထား ေၾကာင္းသိရသည္။
ယခင္က အဆိုပါ တံတားကို ျဖတ္သန္းသြားလာရသည့္ ေရလမ္းတြင္ ေရယာဥ္မ်ားျဖစ္သန္းသြားလာရန္ ေရလမ္းေၾကာင္းကို အစုန္ေရလမ္းအျဖစ္ ေရလယ္တိုင္အမွတ္ (၄) ႏွင့္ (၅) ၾကားမွလည္းေကာင္း၊ အဆန္ေရလမ္း အျဖစ္ ေရလယ္တိုင္အမွတ္ (၃)ႏွင့္ (၄)ၾကားမွလည္းေကာင္း သတ္မွတ္ေပးခဲ့ေသာ္လည္း ငလ်င္ဒဏ္ေၾကာင့္ သတ္မွတ္ေရလမ္းအတြင္းရွိ တံတားခုံးမ်ားၿပိဳက်ခဲ့ရာ မတ္လ ၃၀ ရက္မွစ၍ ေျပာင္းလဲ သတ္မွတ္ေပးထားျခင္း ျဖစ္သည္။
ေျပာင္းလဲမည့္ ယာယီေရလမ္း၏ ကင္းလြတ္အက်ယ္မွာ ေပ ၃၅၀ ရွိၿပီး ကင္းလြတ္အျမင့္မွာ အျမင့္ဆုံး ေရမ်က္ႏွာျပင္အထက္ ေပ ၄၀ ရွိၿပီး ေရလယ္တိုင္အမွတ္ (၅)၏ ထိပ္ပိုင္းတြင္ ကြဲအက္မႈမ်ားျဖစ္ေပၚေနျခင္း ေၾကာင့္ ေရယာဥ္မ်ားသတိထားကာ တံတားေရလမ္းကို ျဖတ္သန္းရန္ လိုအပ္တယ္ေၾကာင္းသတိေပး ထုတ္ျပန္ထားသည္။
ထို႔အျပင္ တံတားေရလမ္းကို ျဖတ္သန္းၾကမယ့္ ေရယာဥ္မ်ားအေနျဖင့္ ေရလယ္တိုင္ႏွစ္ခုၾကားမွ ယွဥ္ၿပိဳင္ခုတ္ေမာင္းျခင္းမျပဳရန္ႏွင့္ တြဲတြန္းေရယာဥ္မ်ား တစ္တြဲခ်င္းသာ ခ်ိတ္ဆက္ျဖတ္သန္းၾကရန္အျပင္ အစုန္ဦးစားေပး၍ ဝင္ေပါက္သို႔ ခ်ဥ္းကပ္ရာတြင္ လုံေလာက္ေသာအကြာအေဝးမွ ခ်ဥ္းကပ္လမ္းေၾကာင္းမွန္ျဖင့္ ထိန္းသိမ္းခုတ္ေမာင္းၾကရန္ ေရအရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ ထုတ္ျပန္ထားသည္။
မတ္လ ၂၈ ရက္က လႈပ္ခတ္ခဲ့ေသာ ျပင္းထန္ငလ်င္ဒဏ္ေၾကာင့္ စစ္ကိုင္းတံတား(အင္းဝ)၏ ခုံးတံတားသံေပါင္ ၆ ခု ပ်က္စီးၿပီးျမစ္အတြင္းသို႔ ၿပိဳက်သြားျခင္း၊ အလားတူ စစ္ကိုင္းတံတားအသစ္သည္လည္း တံတားေပၚႏွင့္ ခ်ဥ္းကပ္လမ္းမ်ား၌ ပ်က္စီးမႈအခ်ိဳ႕ျဖစ္ေပၚသြားသျဖင့္ ျဖတ္သန္းခြင့္ကန႔္သတ္ခ်က္မ်ားရွိေနျခင္းေၾကာင့္ လူႏွင့္ ယာဥ္မ်ား ျဖတ္သန္းသြားလာေရး အခက္အခဲႀကဳံေတြ႕မႈမ်ားရွိေနေၾကာင္း ေဒသခံျပည္သူမ်ားထံမွ သိရသည္။

Related news

© 2021. All rights reserved.