နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်

450

စော(NP News)-ဧပြီ ၇
နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယမန်နေ့( ဧပြီလ ၆ရက်)၊ ည ၇ နာရီအချိန်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်း ဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှု ကြောင့်လည်းကောင်း ၊အရှေ့ဘက်မှရွေ့လျား လာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် လည်းကောင်း အချိန်အခါမဟုတ်မိုးရွာနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် ဧပြီလ ၆ရက်ညပိုင်း မှ ၁၁ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။
ထို့ပြင် ဧပြီလ ၁၂ရက်မှ ၁၄ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

Zawgyi Version:
ေနျပည္ေတာ္အပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕၌ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းႏိုင္
ေစာ(NP News)-ဧၿပီ ၇
ေနျပည္ေတာ္အပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕၌ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယမန္ေန႔( ဧၿပီလ ၆ရက္)၊ ည ၇ နာရီအခ်ိန္တြင္ ထုတ္ျပန္ထားျခင္းျဖစ္သည္။
အဆိုပါထုတ္ျပန္ခ်က္အရ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔မွ ေလေႏြးမ်ားႏွင့္ တ႐ုတ္ျပည္မႀကီးေပၚရွိ ေလဖိအားႀကီးရပ္ဝန္း ေဒသမွ ေ႐ြ႕လ်ားလာေသာ ေလေအးမ်ားေတြ႕ဆုံမႈ ေၾကာင့္လည္းေကာင္း ၊အေရွ႕ဘက္မွေ႐ြ႕လ်ား လာေသာ ေလေပြလႈိင္းမ်ား၏ အရွိန္ေၾကာင့္ လည္းေကာင္း၊ အပူပ်ံတက္တိမ္မ်ား ျဖစ္ထြန္းမႈ အားေကာင္းျခင္းေၾကာင့္ လည္းေကာင္း အခ်ိန္အခါမဟုတ္မိုး႐ြာႏိုင္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ဧၿပီလ ၆ရက္ညပိုင္း မွ ၁၁ရက္ေန႔အထိ ေနျပည္ေတာ္၊ ရန္ကုန္တိုင္း၊ မႏၲေလးတိုင္း၊ ပဲခူးတိုင္း၊ မေကြးတိုင္း၊ ဧရာဝတီတိုင္း၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲမွ ေနရာစိပ္စိပ္ႏွင့္ စစ္ကိုင္းတိုင္း၊ တနသၤာရီတိုင္း၊ ကခ်င္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း ႐ြာႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ဧၿပီလ ၁၂ရက္မွ ၁၄ရက္ေန႔အတြင္း ေနျပည္ေတာ္၊ ရန္ကုန္တိုင္း၊ မႏၲေလးတိုင္း၊ ပဲခူးတိုင္း၊ မေကြးတိုင္း၊ စစ္ကိုင္းတိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ ျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း ႐ြာႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ အခ်ိန္အခါမဟုတ္မိုး႐ြာျခင္းႏွင့္အတူ ေလျပင္းမ်ား တိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္း၊ မိုးသီးေႂကြျခင္းႏွင့္ ေျမၿပိဳျခင္းစသည့္ မိုးေလဝသ ျဖစ္စဥ္မ်ား ျဖစ္ေပၚႏိုင္ပါသျဖင့္ ႀကိဳတင္သတိျပဳႏိုင္ရန္ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ထုတ္ျပန္ထားသည္။