ငလျင်ကြောင့် အင်းဝမြို့ရှိ ပျက်စီးသွားသော ရှေးဟောင်းအမွေအနှစ်များကို အရေးပေါ်ကာကွယ်ရေး ဆောင်ရွက်သွားမည်

 799

ပုံစာ - ၂၀၁၆ခုနှစ်က ပုဂံတွင် အရေးပေါ်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက််ခဲ့သောပုံ
စော (NP News)
စစ်ကိုင်းမြို့ကို အခြေပြု၍ လှုပ်ခတ်သွားသည့် အင်အားပြင်းငလျင်ကြောင့် ပျက်စီးသွားသော မန္တလေးတိုင်းဒေသကြီး အင်းဝမြို့ရှိ ရှေးဟောင်းအမွေအနှစ်များကို အရေးပေါ်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း ‌ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဆောင်ရွက်နေသူတစ်ဦးက NP News ကို ပြောသည်။
ငလျင်ကြောင့် အင်းဝဒေသရှိ မယ်နုအုတ်ကျောင်းအပါအဝင် မောင်အိုကျောင်းတိုက်၊ လေးထပ် ကြီးအပြင် ထင်ရှားသော အခြားရှေး‌ဟောင်းအဆောက်အအုံအမွေအနှစ်များလည်း ပျက်စီးခဲ့ရသည်။ “အရေးပေါ်ကာကွယ်ရေးပေါ့။ ဘယ်လိုလဲဆို တော့ မိုးရွာလာမယ်။ မှန်းထားတာဆိုရင် မေလ ပထမ ပတ်နဲ့ တတိယပတ်လောက်မှာ မိုးများလာတဲ့အချိန်မှာ တကယ်လို့ အခြေအနေအကြောင်းကြောင်း တွေကြောင့် ဒီအမွေအနှစ်ပစ္စည်းတွေကို ဘာမှမလုပ်နိုင်သေးရင် မိုးရေတွေ ယိုဝင်ရင် ပုဂံမှာ(၂၀၁၆)မှာ လုပ်ခဲ့တဲ့ အတွေ့အကြုံအရဆိုရင် ပိုပြီးတော့ ပျက်စီးမှုများတယ်လေ။ ပျက်စီးမှုများတဲ့အခါကျတော့ ပရဟိတ အသင်းတစ်သင်းလည်း ထောင်ထားတာရှိတယ်ပေါ့နော်။ အဲဒီပရဟိတအသင်းကနေပြီးတော့ ရှေးဟောင်းသုတေသနဌာနကို ခွင့်ပြုချက် လှမ်းတောင်းမယ်ပေါ့။ အင်းဝနဲ့ မန္တလေးတိုင်းကိုပေါ့” ဟု ၎င်းက ပြောသည်။
အဆိုပါအရေးပေါ်ကာကွယ်ရေးနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီး ဌာနကို ခွင့်ပြုချက် မတောင်းခံရသေးသော်လည်း လိုအပ်ချက်များကို မေးမြန်းထားကြောင်း သိရ သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ အရှေ့ဘက် မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင် ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၃ရက်၊ မွန်းလွဲပိုင်းတွင် အသိပေးထုတ် ပြန်ထားသေးသည်။
“လောလောဆယ်မှာ လက်ရှိအနေအထားအရ ဘာမှမလုပ်နိုင်သေးတဲ့အခါမျိုးမှာ မိုးကာ အုပ် မယ်။ မိုးရေလုံအောင်အထိလုပ်မယ်။ နောက် တစ်ခုက ‌ရှေးဟာင်းသုတေသနဌာနကို ခွင့်ပြုချက်တောင်း ပြီးတော့ ပြိုပျက်နေတဲ့အဆောက်အအုံတွေကို မူလအတိုင်းပဲထားထားမှာ၊ ပြိုနေတဲ့အတိုင်းပဲ ထားခဲ့မှာ အဲဒီအပေါ်မှာ မိုးကာတွေလုံနေအောင် အုပ်မယ် အဲဒီထဲကို မိုး‌ရေတွေ စီးမကျအောင် မိုးရေတားတဲ့ လမ်း ကြောင်းတွေဖောက်ပြီးတော့ အရေးပေါ် ကာကွယ်ရေးအတွက်ပဲသွားမှာ” ဟု ၎င်းကဆက်လက်ပြော သည်။
ငလျင်ကြောင့် အင်းဝဒေသရှိ ယဉ်ကျေးမှုအမွေအနှစ် အပျက်အစီးစာရင်းကို ရှေးဟောင်းသုတေ သီ၊ စာရေးဆရာဘိုရှိတ်(ရတနာပူရ)က ပြုစုနေကြောင်းလည်း သိရသည်။ “အဲဒါကျတော့ Details Assessment မကောက်ရသေးတဲ့အတွက် ပြောလို့မရသေးဘူး။ ဘယ်လောက်ထိ ပျက်စီးသွားလဲဆိုတာ လေ။ ဓာတ်ပုံအနေနဲ့ ပြောလို့လည်းမရဘူး”ဟု ၎င်းကဆိုသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ အင္းဝၿမိဳ႕ရွိ ပ်က္စီးသြားေသာ ေရွးေဟာင္းအေမြအႏွစ္မ်ားကို အေရးေပၚကာကြယ္ေရး ေဆာင္႐ြက္သြားမည္
ေစာ (NP News)
စစ္ကိုင္းၿမိဳ႕ကို အေျချပဳ၍ လႈပ္ခတ္သြားသည့္ အင္အားျပင္းငလ်င္ေၾကာင့္ ပ်က္စီးသြားေသာ မႏၲေလးတိုင္းေဒသႀကီး အင္းဝၿမိဳ႕ရွိ ေရွးေဟာင္းအေမြအႏွစ္မ်ားကို အေရးေပၚကာကြယ္ေရးလုပ္ငန္း ေဆာင္႐ြက္သြားရန္ စီစဥ္ေနေၾကာင္း ‌ေရွးေဟာင္းအေမြအႏွစ္ထိန္းသိမ္းေရးေဆာင္႐ြက္ေနသူတစ္ဦးက NP News ကို ေျပာသည္။
ငလ်င္ေၾကာင့္ အင္းဝေဒသရွိ မယ္ႏုအုတ္ေက်ာင္းအပါအဝင္ ေမာင္အိုေက်ာင္းတိုက္၊ ေလးထပ္ ႀကီးအျပင္ ထင္ရွားေသာ အျခားေရွး‌ေဟာင္းအေဆာက္အအုံအေမြအႏွစ္မ်ားလည္း ပ်က္စီးခဲ့ရသည္။ “အေရးေပၚကာကြယ္ေရးေပါ့။ ဘယ္လိုလဲဆို ေတာ့ မိုး႐ြာလာမယ္။ မွန္းထားတာဆိုရင္ ေမလ ပထမ ပတ္နဲ႔ တတိယပတ္ေလာက္မွာ မိုးမ်ားလာတဲ့အခ်ိန္မွာ တကယ္လို႔ အေျခအေနအေၾကာင္းေၾကာင္း ေတြေၾကာင့္ ဒီအေမြအႏွစ္ပစၥည္းေတြကို ဘာမွမလုပ္ႏိုင္ေသးရင္ မိုးေရေတြ ယိုဝင္ရင္ ပုဂံမွာ(၂၀၁၆)မွာ လုပ္ခဲ့တဲ့ အေတြ႕အႀကဳံအရဆိုရင္ ပိုၿပီးေတာ့ ပ်က္စီးမႈမ်ားတယ္ေလ။ ပ်က္စီးမႈမ်ားတဲ့အခါက်ေတာ့ ပရဟိတ အသင္းတစ္သင္းလည္း ေထာင္ထားတာရွိတယ္ေပါ့ေနာ္။ အဲဒီပရဟိတအသင္းကေနၿပီးေတာ့ ေရွးေဟာင္းသုေတသနဌာနကို ခြင့္ျပဳခ်က္ လွမ္းေတာင္းမယ္ေပါ့။ အင္းဝနဲ႔ မႏၲေလးတိုင္းကိုေပါ့” ဟု ၎က ေျပာသည္။
အဆိုပါအေရးေပၚကာကြယ္ေရးႏွင့္ပတ္သက္၍ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီး ဌာနကို ခြင့္ျပဳခ်က္ မေတာင္းခံရေသးေသာ္လည္း လိုအပ္ခ်က္မ်ားကို ေမးျမန္းထားေၾကာင္း သိရ သည္။ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔မွ ေလေႏြးမ်ားႏွင့္ တ႐ုတ္ျပည္မႀကီးေပၚရွိ ေလဖိအားႀကီးရပ္ဝန္းေဒမွ ေ႐ြ႕လ်ားလာေသာ ေလေအးမ်ားေတြ႕ဆုံမႈေၾကာင့္လည္းေကာင္း၊ အေရွ႕ဘက္ မွ ေ႐ြ႕လ်ားလာေသာ ေလေပြလႈိင္းမ်ား၏ အရွိန္ေၾကာင့္လည္းေကာင္း အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းႏိုင္ ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ဧၿပီလ ၃ရက္၊ မြန္းလြဲပိုင္းတြင္ အသိေပးထုတ္ ျပန္ထားေသးသည္။
“ေလာေလာဆယ္မွာ လက္ရွိအေနအထားအရ ဘာမွမလုပ္ႏိုင္ေသးတဲ့အခါမ်ိဳးမွာ မိုးကာ အုပ္ မယ္။ မိုးေရလုံေအာင္အထိလုပ္မယ္။ ေနာက္ တစ္ခုက ‌ေရွးဟာင္းသုေတသနဌာနကို ခြင့္ျပဳခ်က္ေတာင္း ၿပီးေတာ့ ၿပိဳပ်က္ေနတဲ့အေဆာက္အအုံေတြကို မူလအတိုင္းပဲထားထားမွာ၊ ၿပိဳေနတဲ့အတိုင္းပဲ ထားခဲ့မွာ အဲဒီအေပၚမွာ မိုးကာေတြလုံေနေအာင္ အုပ္မယ္ အဲဒီထဲကို မိုး‌ေရေတြ စီးမက်ေအာင္ မိုးေရတားတဲ့ လမ္း ေၾကာင္းေတြေဖာက္ၿပီးေတာ့ အေရးေပၚ ကာကြယ္ေရးအတြက္ပဲသြားမွာ” ဟု ၎ကဆက္လက္ေျပာ သည္။
ငလ်င္ေၾကာင့္ အင္းဝေဒသရွိ ယဥ္ေက်းမႈအေမြအႏွစ္ အပ်က္အစီးစာရင္းကို ေရွးေဟာင္းသုေတ သီ၊ စာေရးဆရာဘိုရွိတ္(ရတနာပူရ)က ျပဳစုေနေၾကာင္းလည္း သိရသည္။ “အဲဒါက်ေတာ့ Details Assessment မေကာက္ရေသးတဲ့အတြက္ ေျပာလို႔မရေသးဘူး။ ဘယ္ေလာက္ထိ ပ်က္စီးသြားလဲဆိုတာ ေလ။ ဓာတ္ပုံအေနနဲ႔ ေျပာလို႔လည္းမရဘူး”ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.