တောင်ကိုရီးယား အနုပညာရှင်များစွာ တောမီးဘေးအတွက် လှူဒါန်းမှုများပြုလုပ်

144

Pika (NP News)
တောင်ကိုရီးယားနိုင်ငံရှိ အနုပညာရှင်များစွာသည် နိုင်ငံတွင်းတွင်ဆက်လက်ဖြစ်ပွားလျက်ရှိ သော တောမီးလောင်ကျွမ်းမှုဒဏ်ကို ခံခဲ့ရသူများအတွက် အကူအညီများထောက်ပံ့ပေးရန် လှူဒါန်းမှု အသီးသီးကို လုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။
ပြီးခဲ့သည့် မတ်လ(၂၁)ရက်ကစတင်ဖြစ်ပွားခဲ့သော တောမီးလောင်ကျွမ်းမှုကြောင့် မြေဧက ပေါင်း(၁၁၉၀ဝဝ)ကျော် မီးလောင်ကျွမ်းသွားခဲ့ပြီး လူ(၃၀)ဦးသေဆုံးကာ လူပေါင်း(၃၇၀ဝဝ)ကျော် နေရပ် စွန့်ခွာထွက်ပြေးခဲ့ရကြောင်းသိရသည်။ အဆိုပါ အနုပညာရှင်များ၏ လှူဒါန်းငွေများကို မီးသတ်သမား များ၏ ဒဏ်ရာများကို ကုသပေးခြင်း၊ မီးဘေးသင့်သူများအတွက် လိုအပ်သည်များကို ပံ့ပိုးပေးခြင်းနှင့် တောမီးကြောင့် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်လုပ်ဆောင်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ပြောကြားခဲ့သည်။
အသက်(၃၁)နှစ်အရွယ် အဆိုတော် IU တစ်ဦးတည်းက Hope Bridge Korea Disaster Relief အဖွဲ့အစည်းကို ဝမ်သန်း(၂၀ဝ)လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် BTS အဖွဲ့ဝင်များဖြစ်ကြသော SUGA ၊ J-HOPE ၊ RM တို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ ဝမ် သန်း (၁၀ဝ)စီ အသီးသီးလှူဒါန်း ခဲ့ကြပြီး V က ဝမ်သန်း(၂၀ဝ)လှူဒါန်းခဲ့ကြောင်းသိရသည်။ နောက်ထပ် BTS အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဂျောင်ကွတ် သည် Hope Bridge Korea Disaster Relief အဖွဲ့အစည်းကို ဝမ်(၁)ဘီလျံ လှူဒါန်းခဲ့ ကြောင်း သိရသည်။ တောင်ကိုရီးယားရှိ အခြားနာမည်ကျော် အနုပညာရှင်အများအပြားနှင့် အဖွဲ့များ သည်လည်း မီးဘေးသင့်ပြည်သူများကို ကူညီရန်နှင့် တောမီးငြိမ်းသတ်ရန်လုပ်ဆောင်နေသော မီးသတ် သမားများကို ထောက်ပံ့ပေးမှုများလုပ်ဆောင်ရန်အတွက် အခြားလှူဒါန်းမှု အသီးသီးကိုလုပ်ဆောင်ခဲ့ကြ ကြောင်း လည်းသိရသည်။

Zawgyi Version:
ေတာင္ကိုရီးယား အႏုပညာရွင္မ်ားစြာ ေတာမီးေဘးအတြက္ လႉဒါန္းမႈမ်ားျပဳလုပ္
Pika (NP News)
ေတာင္ကိုရီးယားႏိုင္ငံရွိ အႏုပညာရွင္မ်ားစြာသည္ ႏိုင္ငံတြင္းတြင္ဆက္လက္ျဖစ္ပြားလ်က္ရွိ ေသာ ေတာမီးေလာင္ကြၽမ္းမႈဒဏ္ကို ခံခဲ့ရသူမ်ားအတြက္ အကူအညီမ်ားေထာက္ပံ့ေပးရန္ လႉဒါန္းမႈ အသီးသီးကို လုပ္ေဆာင္ခဲ့ၾကေၾကာင္းသိရသည္။
ၿပီးခဲ့သည့္ မတ္လ(၂၁)ရက္ကစတင္ျဖစ္ပြားခဲ့ေသာ ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ ေျမဧက ေပါင္း(၁၁၉၀ဝဝ)ေက်ာ္ မီးေလာင္ကြၽမ္းသြားခဲ့ၿပီး လူ(၃၀)ဦးေသဆုံးကာ လူေပါင္း(၃၇၀ဝဝ)ေက်ာ္ ေနရပ္ စြန႔္ခြာထြက္ေျပးခဲ့ရေၾကာင္းသိရသည္။ အဆိုပါ အႏုပညာရွင္မ်ား၏ လႉဒါန္းေငြမ်ားကို မီးသတ္သမား မ်ား၏ ဒဏ္ရာမ်ားကို ကုသေပးျခင္း၊ မီးေဘးသင့္သူမ်ားအတြက္ လိုအပ္သည္မ်ားကို ပံ့ပိုးေပးျခင္းႏွင့္ ေတာမီးေၾကာင့္ ပ်က္စီးဆုံးရႈံးမႈ အနည္းဆုံးျဖစ္ေအာင္လုပ္ေဆာင္ရာတြင္ အသုံးျပဳသြားမည္ျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ထုတ္ျပန္ေျပာၾကားခဲ့သည္။
အသက္(၃၁)ႏွစ္အ႐ြယ္ အဆိုေတာ္ IU တစ္ဦးတည္းက Hope Bridge Korea Disaster Relief အဖြဲ႕အစည္းကို ဝမ္သန္း(၂၀ဝ)လႉဒါန္းခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ BTS အဖြဲ႕ဝင္မ်ားျဖစ္ၾကေသာ SUGA ၊ J-HOPE ၊ RM တို႔သည္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားထံသို႔ ဝမ္ သန္း (၁၀ဝ)စီ အသီးသီးလႉဒါန္း ခဲ့ၾကၿပီး V က ဝမ္သန္း(၂၀ဝ)လႉဒါန္းခဲ့ေၾကာင္းသိရသည္။ ေနာက္ထပ္ BTS အဖြဲ႕ဝင္တစ္ဦးျဖစ္သည့္ ေဂ်ာင္ကြတ္ သည္ Hope Bridge Korea Disaster Relief အဖြဲ႕အစည္းကို ဝမ္(၁)ဘီလ်ံ လႉဒါန္းခဲ့ ေၾကာင္း သိရသည္။ ေတာင္ကိုရီးယားရွိ အျခားနာမည္ေက်ာ္ အႏုပညာရွင္အမ်ားအျပားႏွင့္ အဖြဲ႕မ်ား သည္လည္း မီးေဘးသင့္ျပည္သူမ်ားကို ကူညီရန္ႏွင့္ ေတာမီးၿငိမ္းသတ္ရန္လုပ္ေဆာင္ေနေသာ မီးသတ္ သမားမ်ားကို ေထာက္ပံ့ေပးမႈမ်ားလုပ္ေဆာင္ရန္အတြက္ အျခားလႉဒါန္းမႈ အသီးသီးကိုလုပ္ေဆာင္ခဲ့ၾက ေၾကာင္း လည္းသိရသည္။