မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ(၃,၆၀၀)ဦး၊ ဒဏ်ရာရရှိသူ (၅,၀၁၇)ဦး၊ ပျောက်ဆုံးသူ(၁၆၀)ဦးအထိ ရှိခဲ့

390

ချယ်ရီ(NP News)- ဧပြီ ၈
ယမန်နေ့(ဧပြီလ ၇ ရက်)အထိ မန္တလေးငလျင်ကြီးဒဏ်ကြောင့် သေဆုံးသူစုစုပေါင်း(၃,၆၀၀)ဦး၊ ဒဏ်ရာရရှိသူ (၅,၀၁၇)ဦး၊ ပျောက်ဆုံးသူ(၁၆၀)ဦးအထိ ရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ကူညီကယ်ဆယ်မှုများအနေဖြင့် ယမန်နေ့(ဧပြီလ ၇ရက်)အထိ နိုင်ငံပေါင်း (၂၀)မှ လေယာဉ်ဖြင့်(၉၄)ခေါက်၊ မော်တော်ယာဉ်(၆)စီး၊ သင်္ဘော(၅)စီး ရောက်ရှိ ကူညီပြီးဖြစ်ကာ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း (၁,၇၃၈)ဦးလွှတ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ပြောကြားထားသည်။
“ထောက်ပံ့ရေးပစ္စည်း (၁,၂၈၁)တန်ကျော်၊ ကယ်ဆယ်ရေးပစ္စည်း (၈၄၄)တန်ကျော် ရောက်ရှိပြီး ဖြစ်ပါတယ်။ ကူညီကယ်ဆယ်မှုတွေ အနေနဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းအဖွဲ့တွေနဲ့ နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အသက်ရှင်လျက် အမျိုးသား(၃၃၈)ဦး၊ အမျိုးသမီး(၃၁၅)ဦး၊ စုစုပေါင်း (၆၅၃)ဦး၊ သေဆုံးသူတွေ့ရှိမှုအနေနဲ့ အမျိုးသား(၃၄၀)ဦး၊ အမျိုးသမီး(၃၆၀)ဦး၊ စုစုပေါင်း(၇၀၀)ဦး ကူညီကယ်ဆယ်နိုင်ခဲ့ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့နောက် မြန်မာနိုင်ငံကို ကူညီကယ်ဆယ်ရေးအဖွဲ့ လွှတ်ပေးခြင်း၊ ပစ္စည်းများဖြင့် ထောက်ပံ့ပေးသော နိုင်ငံ(၂၀)တို့မှာ ရုရှား၊ တရုတ်၊ တရုတ်(ဟောင်ကောင်)၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘီလာရုဇ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖိလစ်ပိုင်၊ ဂျပန်၊ နီပေါ၊ ပါကစ္စတန်၊တူကီရက်၊ အမေရိကန်၊ သီရိအလင်္ကာတို့ဖြစ်ပြီး ကူညီကယ်ဆယ်မှုများ၊ ထောက်ပံ့ပစ္စည်း ပို့ဆောင်ပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
မႏၲေလးငလ်င္ႀကီးေၾကာင့္ ေသဆုံးသူ(၃,၆၀၀)ဦး၊ ဒဏ္ရာရရွိသူ (၅,၀၁၇)ဦး၊ ေပ်ာက္ဆုံးသူ(၁၆၀)ဦးအထိ ရွိခဲ့
ခ်ယ္ရီ(NP News)- ဧၿပီ ၈
ယမန္ေန႔(ဧၿပီလ ၇ ရက္)အထိ မႏၲေလးငလ်င္ႀကီးဒဏ္ေၾကာင့္ ေသဆုံးသူစုစုေပါင္း(၃,၆၀၀)ဦး၊ ဒဏ္ရာရရွိသူ (၅,၀၁၇)ဦး၊ ေပ်ာက္ဆုံးသူ(၁၆၀)ဦးအထိ ရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ထားခ်က္အရ သိရသည္။
ကူညီကယ္ဆယ္မႈမ်ားအေနျဖင့္ ယမန္ေန႔(ဧၿပီလ ၇ရက္)အထိ ႏိုင္ငံေပါင္း (၂၀)မွ ေလယာဥ္ျဖင့္(၉၄)ေခါက္၊ ေမာ္ေတာ္ယာဥ္(၆)စီး၊ သေဘၤာ(၅)စီး ေရာက္ရွိ ကူညီၿပီးျဖစ္ကာ ကယ္ဆယ္ေရးဝန္ထမ္းေပါင္း (၁,၇၃၈)ဦးလႊတ္ၿပီး ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အတြင္း ေျပာၾကားထားသည္။
“ေထာက္ပံ့ေရးပစၥည္း (၁,၂၈၁)တန္ေက်ာ္၊ ကယ္ဆယ္ေရးပစၥည္း (၈၄၄)တန္ေက်ာ္ ေရာက္ရွိၿပီး ျဖစ္ပါတယ္။ ကူညီကယ္ဆယ္မႈေတြ အေနနဲ႔ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕၊ ေစတနာ့ဝန္ထမ္းအဖြဲ႕ေတြနဲ႔ ႏိုင္ငံတကာက ကူညီကယ္ဆယ္ေရးအဖြဲ႕ေတြ ပူးေပါင္းၿပီး အသက္ရွင္လ်က္ အမ်ိဳးသား(၃၃၈)ဦး၊ အမ်ိဳးသမီး(၃၁၅)ဦး၊ စုစုေပါင္း (၆၅၃)ဦး၊ ေသဆုံးသူေတြ႕ရွိမႈအေနနဲ႔ အမ်ိဳးသား(၃၄၀)ဦး၊ အမ်ိဳးသမီး(၃၆၀)ဦး၊ စုစုေပါင္း(၇၀၀)ဦး ကူညီကယ္ဆယ္ႏိုင္ခဲ့ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ထို႔ေနာက္ ျမန္မာႏိုင္ငံကို ကူညီကယ္ဆယ္ေရးအဖြဲ႕ လႊတ္ေပးျခင္း၊ ပစၥည္းမ်ားျဖင့္ ေထာက္ပံ့ေပးေသာ ႏိုင္ငံ(၂၀)တို႔မွာ ႐ုရွား၊ တ႐ုတ္၊ တ႐ုတ္(ေဟာင္ေကာင္)၊ အိႏၵိယ၊ ထိုင္း၊ စင္ကာပူ၊ မေလးရွား၊ ဘဂၤလားေဒ့ရွ္၊ ဗီယက္နမ္၊ ယူေအအီး၊ လာအို၊ ဘီလာ႐ုဇ္၊ အင္ဒိုနီးရွား၊ ဘူတန္၊ ဖိလစ္ပိုင္၊ ဂ်ပန္၊ နီေပါ၊ ပါကစၥတန္၊တူကီရက္၊ အေမရိကန္၊ သီရိအလကၤာတို႔ျဖစ္ၿပီး ကူညီကယ္ဆယ္မႈမ်ား၊ ေထာက္ပံ့ပစၥည္း ပို႔ေဆာင္ေပးမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ခ်က္အရ သိရသည္။