ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒထံ NP News နှင့် The Statesman Journal အဖွဲ့သားများမှ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အလှူငွေ လှူဒါန်း

4705

NP News - ဧပြီ ၉
ငလျင်ဘေးသင့်ပြည်သူများအတွက် တတ်အားသရွေ့ ကူညီစောင့်ရှောက်ပေးလျက်ရှိသော ဆရာတော် အရှင်ဆေကိန္ဒ ထံ NP News နှင့် The Statesman Journal သတင်းဌာနမှ အလှူငွေကျပ်(၁ဝ)သိန်းနှင့် အခြားသောနေရာများအတွက် ကျပ်(၈)သိန်း လှူဒါန်းခဲ့သည်။
ဆရာတော်အရှင်ဆေကိန္ဒသည် လက်ရှိတွင် စစ်ကိုင်းမြို့ရှိ ကျောင်းတော်ဆောင်တွင် သီတင်းသုံးနေထိုင်၍ စစ်ကိုင်းမြို့အတွင်း ပြိုကျပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ လူနေအိမ်များ အတွက် နိုင်သည့်ဝန်ထက် ပို၍ထမ်းကာ ကူညီလျက်ရှိကြောင်း သိရှိရသည်။
ဆရာတော်အရှင်ဆေကိန္ဒက “ပြည်သူပြည်သားအားလုံး ကုသိုလ်စိတ်နဲ့နေထိုင်ကြပါ။ ကုသိုလ်စိတ်နဲ့နေကြ မယ်ဆိုရင် ကောင်းတဲ့စိတ် ကောင်းတဲ့ကုသိုလ်ဖြစ်ပြီး ကောင်းတာတွေဖြစ်မယ်။ အခုခေတ်ကျတော့လည်း ကိလေသာတွေ တယ်များသကိုး၊ ဘုန်းဘုန်း တစ်နေ့က ပြောပါတယ်။ အသိဥာဏ်ရှိသူတို့က လောကတာဝန်တွေ ကို မယူဝံ့လျှင် အသိဥာဏ်မဲ့သူတို့၏ လောကဖျက်ဆီးခြင်းကို အပြစ်ဆိုဖွယ်မမြင် လို့ ပြောခဲ့တယ်မလား။ တို့ အသိဥာဏ်ရှိသူတွေက တတ်နိုင်သလောက် စောင့်ရှောက်ကြတာပေါ့ ” ဟု မိန့်ကြားခဲ့သည်။
ထို့ပြင် ဆရာတော်က “မီဒီယာအနေနဲ့ မတိမ်းမစောင်းဘဲ ရပ်တည်ဖို့၊ ငွေဝယ်ကျွန် အဖြစ်မခံကြဖို့၊ တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်မြတ်နိုးတဲ့ မီဒီယာသားကောင်းဖြစ်ကြဖို့ လိုအပ်ကြောင်း” ဆုံးမ ြသဝါဒပေးခဲ့ သည်။
အရှင်ဆေကိန္ဒကျောင်းဆောင်တွင် မနက်၊ နေ့လည်၊ ညစာ ထမင်း သုံးနပ်လုံးကို နေ့စဥ်မပြတ်ကျွေးမွေးလျက်ရှိ ပြီး၊ မည်သူမဆို လာရောက်သုံးဆောင်နိုင်ကြောင်း သိရသည်။
NP News အဖွဲ့သားများအနေဖြင့် စစ်ကိုင်းမြို့သို့ သွားရောက်သတင်းယူစဥ◌် ဧပြီလ ၈ ရက်ကလည်း ဆရာတော်ထံတွင် မနက်စာ ထမင်းကြော်၊ အကြော်၊ ငါးခြောက်အစပ်ကြော်တို့ဖြင့် စားသောက်သုံးဆောင်ခဲ့ ကြပြီး၊ မြို့အနှံ့ သတင်းများ ရယူပြီးနောက်တွင်လည်း နေ့လည် ၂ နာရီအချိန်ခန့်တွင် နေ့လည်စာပါ ဝင်ရောက် သုံးဆောင်ခဲ့ကြသည်။
ဆရာတော်၏ ဟင်းချက်စားဖိုဆောင်တွင် တာဝန်ယူထားသော အဖွဲ့သားများသည် ငလျင်ဘေးဒဏ်သင့် သံဃာ တော်များ၊ သီလရှင်ဆရာလေးများ အပါအဝင် ပရဟိတအဖွဲ့သားများ၊ နေအိမ်ပြိုကျမှုကြောင့် နေထိုင်ရန်အပြင် စားသုံးရန်အတွက် ဒုက္ခရောက်နေကြသည့် ဒေသခံများ၊ သတင်းသမားများ၊ အလှူရှင်များအတွက် ယခုကဲ့သို့ နေ့ညမပြတ် ချက်ပြုတ်ကျွေးမွေးနေရခြင်းကိုပင် တဖက်တလမ်းက ကူညီပေးနိုင်သည့်အတွက် အလွန်ပင် ကြည်နူးမိကြောင်း ဆိုကြသည်။
စစ်ကိုင်းမြို့အတွင်းသို့ သတင်းအဖွဲ့လှည့်ပတ်သတင်းယူစဥ◌်အတွင်း တိုက်ဝါကြီးကျောင်းဆရာတော်ထံ အလှူငွေကျပ် (၅) သိန်းကို ပေးအပ်ခဲ့ပြီး၊ မြို့တွင်းလှည့်လည်သတင်းရယူမှုတွင် ပါဝင်ကူညီပေးခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက်လည်း အလှူငွေကျပ် (၃) သိန်းကို NP News နှင့် The Statesman Journal မိသားစုက ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါအလှူငွေများသည် NP News နှင့် The Statesman Journal ကို အားပေးကြည့်ရှုကြသည့် မိဘပြည်သူများ၏ လစဥ◌်ကြေး ထည့်ဝင်ငွေများထဲမှ ထုတ်ယူအသုံးပြုခဲ့ခြင်းဖြစ် သည်။

Zawgyi Version:
ဓမၼဒူတ ဆရာေတာ္အရွင္ေဆကိႏၵထံ NP News ႏွင့္ The Statesman Journal အဖြဲ႕သားမ်ားမွ ငလ်င္ဒဏ္သင့္ျပည္သူမ်ားအတြက္ အလႉေငြ လႉဒါန္း
NP News - ဧၿပီ ၉
ငလ်င္ေဘးသင့္ျပည္သူမ်ားအတြက္ တတ္အားသေ႐ြ႕ ကူညီေစာင့္ေရွာက္ေပးလ်က္ရွိေသာ ဆရာေတာ္ အရွင္ေဆကိႏၵ ထံ NP News ႏွင့္ The Statesman Journal သတင္းဌာနမွ အလႉေငြက်ပ္(၁ဝ)သိန္းႏွင့္ အျခားေသာေနရာမ်ားအတြက္ က်ပ္(၈)သိန္း လႉဒါန္းခဲ့သည္။
ဆရာေတာ္အရွင္ေဆကိႏၵသည္ လက္ရွိတြင္ စစ္ကိုင္းၿမိဳ႕ရွိ ေက်ာင္းေတာ္ေဆာင္တြင္ သီတင္းသုံးေနထိုင္၍ စစ္ကိုင္းၿမိဳ႕အတြင္း ၿပိဳက်ပ်က္စီးသြားေသာ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ သီလရွင္ေက်ာင္းမ်ား၊ လူေနအိမ္မ်ား အတြက္ ႏိုင္သည့္ဝန္ထက္ ပို၍ထမ္းကာ ကူညီလ်က္ရွိေၾကာင္း သိရွိရသည္။
ဆရာေတာ္အရွင္ေဆကိႏၵက “ျပည္သူျပည္သားအားလုံး ကုသိုလ္စိတ္နဲ႔ေနထိုင္ၾကပါ။ ကုသိုလ္စိတ္နဲ႔ေနၾက မယ္ဆိုရင္ ေကာင္းတဲ့စိတ္ ေကာင္းတဲ့ကုသိုလ္ျဖစ္ၿပီး ေကာင္းတာေတြျဖစ္မယ္။ အခုေခတ္က်ေတာ့လည္း ကိေလသာေတြ တယ္မ်ားသကိုး၊ ဘုန္းဘုန္း တစ္ေန႔က ေျပာပါတယ္။ အသိဥာဏ္ရွိသူတို႔က ေလာကတာဝန္ေတြ ကို မယူဝံ့လွ်င္ အသိဥာဏ္မဲ့သူတို႔၏ ေလာကဖ်က္ဆီးျခင္းကို အျပစ္ဆိုဖြယ္မျမင္ လို႔ ေျပာခဲ့တယ္မလား။ တို႔ အသိဥာဏ္ရွိသူေတြက တတ္ႏိုင္သေလာက္ ေစာင့္ေရွာက္ၾကတာေပါ့ ” ဟု မိန႔္ၾကားခဲ့သည္။
ထို႔ျပင္ ဆရာေတာ္က “မီဒီယာအေနနဲ႔ မတိမ္းမေစာင္းဘဲ ရပ္တည္ဖို႔၊ ေငြဝယ္ကြၽန္ အျဖစ္မခံၾကဖို႔၊ တိုင္းျပည္ႏွင့္လူမ်ိဳးအေပၚ ခ်စ္ျမတ္ႏိုးတဲ့ မီဒီယာသားေကာင္းျဖစ္ၾကဖို႔ လိုအပ္ေၾကာင္း” ဆုံးမ ၾသဝါဒေပးခဲ့ သည္။
အရွင္ေဆကိႏၵေက်ာင္းေဆာင္တြင္ မနက္၊ ေန႔လည္၊ ညစာ ထမင္း သုံးနပ္လုံးကို ေန႔စဥ္မျပတ္ေကြၽးေမြးလ်က္ရွိ ၿပီး၊ မည္သူမဆို လာေရာက္သုံးေဆာင္ႏိုင္ေၾကာင္း သိရသည္။
NP News အဖြဲ႕သားမ်ားအေနျဖင့္ စစ္ကိုင္းၿမိဳ႕သို႔ သြားေရာက္သတင္းယူစဥ◌္ ဧၿပီလ ၈ ရက္ကလည္း ဆရာေတာ္ထံတြင္ မနက္စာ ထမင္းေၾကာ္၊ အေၾကာ္၊ ငါးေျခာက္အစပ္ေၾကာ္တို႔ျဖင့္ စားေသာက္သုံးေဆာင္ခဲ့ ၾကၿပီး၊ ၿမိဳ႕အႏွံ႔ သတင္းမ်ား ရယူၿပီးေနာက္တြင္လည္း ေန႔လည္ ၂ နာရီအခ်ိန္ခန႔္တြင္ ေန႔လည္စာပါ ဝင္ေရာက္ သုံးေဆာင္ခဲ့ၾကသည္။
ဆရာေတာ္၏ ဟင္းခ်က္စားဖိုေဆာင္တြင္ တာဝန္ယူထားေသာ အဖြဲ႕သားမ်ားသည္ ငလ်င္ေဘးဒဏ္သင့္ သံဃာ ေတာ္မ်ား၊ သီလရွင္ဆရာေလးမ်ား အပါအဝင္ ပရဟိတအဖြဲ႕သားမ်ား၊ ေနအိမ္ၿပိဳက်မႈေၾကာင့္ ေနထိုင္ရန္အျပင္ စားသုံးရန္အတြက္ ဒုကၡေရာက္ေနၾကသည့္ ေဒသခံမ်ား၊ သတင္းသမားမ်ား၊ အလႉရွင္မ်ားအတြက္ ယခုကဲ့သို႔ ေန႔ညမျပတ္ ခ်က္ျပဳတ္ေကြၽးေမြးေနရျခင္းကိုပင္ တဖက္တလမ္းက ကူညီေပးႏိုင္သည့္အတြက္ အလြန္ပင္ ၾကည္ႏူးမိေၾကာင္း ဆိုၾကသည္။
စစ္ကိုင္းၿမိဳ႕အတြင္းသို႔ သတင္းအဖြဲ႕လွည့္ပတ္သတင္းယူစဥ◌္အတြင္း တိုက္ဝါႀကီးေက်ာင္းဆရာေတာ္ထံ အလႉေငြက်ပ္ (၅) သိန္းကို ေပးအပ္ခဲ့ၿပီး၊ ၿမိဳ႕တြင္းလွည့္လည္သတင္းရယူမႈတြင္ ပါဝင္ကူညီေပးခဲ့ေသာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအတြက္လည္း အလႉေငြက်ပ္ (၃) သိန္းကို NP News ႏွင့္ The Statesman Journal မိသားစုက ေပးအပ္လႉဒါန္းခဲ့သည္။ အဆိုပါအလႉေငြမ်ားသည္ NP News ႏွင့္ The Statesman Journal ကို အားေပးၾကည့္ရႈၾကသည့္ မိဘျပည္သူမ်ား၏ လစဥ◌္ေၾကး ထည့္ဝင္ေငြမ်ားထဲမွ ထုတ္ယူအသုံးျပဳခဲ့ျခင္းျဖစ္ သည္။