မန္တလေးငလျင်ကြီးကြောင့် မသန်စွမ်းသူများ ပြန်လည်ထူထောင်နိုင်ရန်အတွက် အထောက်အပံ့များ လိုအပ်နေ

382

စော(NP News)-ဧပြီ ၉
မန္တလေးငလျင်ကြီးကြောင့် မသန်စွမ်းသူများ ပြန်လည်ထူထောင်နိုင်ရန်အတွက် အထောက်အပံ့များ လိုအပ်နေကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်က ယနေ့ (ဧပြီလ ၉ရက်)တွင် အသိပေးထားခြင်းဖြစ်သည်။
ပြီးခဲသည့် မတ်လ ၂၈ရက်နေ့က အင်အားပြင်းမန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့သဖြင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တို့တွင် ထိခိုက်ပျက်စီးဆုံးရှုံးများ ဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်။
အဆိုပါဒေသများရှိ ငလျှင်ဘေးဒဏ်သင့် မသန်စွမ်းသူများအတွက် အထောက်အကူပြုကိရိယာများ၊ စားနပ်ရိက္ခာများ၊ အဝတ်အထည်များနှင့် ဝင်ငွေရလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် ငွေကြေး အထောက်အပံ့များစွာ လိုအပ်နေကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်က ဆိုသည်။
ထို့ကြောင့် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ်၆၄၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ကို လှူဒါန်းနိုင်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံသားများဘဏ် ငွေစာရင်းအမှတ် 1038 6061 0000 159 Myanmar Federation of Persons with Disabilities သို့မဟုတ် KPayဖြင့် လှူဒါန်းလိုပါက ဥက္ကဌ (ဖုန်း 09 5189894)၊ ဒုတိယဥက္ကဌ-၁ (09 401591651)သို့ ဆက်သွယ်၍လည်းကောင်း ပေးပို့လှူဒါန်းနိုင်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်က ဖော်ပြထားသည်။

Zawgyi Version:
မႏၲေလးငလ်င္ႀကီးေၾကာင့္ မသန္စြမ္းသူမ်ား ျပန္လည္ထူေထာင္ႏိုင္ရန္အတြက္ အေထာက္အပံ့မ်ား လိုအပ္ေန
ေစာ(NP News)-ဧၿပီ ၉
မႏၲေလးငလ်င္ႀကီးေၾကာင့္ မသန္စြမ္းသူမ်ား ျပန္လည္ထူေထာင္ႏိုင္ရန္အတြက္ အေထာက္အပံ့မ်ား လိုအပ္ေနေၾကာင္း ျမန္မာႏိုင္ငံမသန္စြမ္းသူမ်ားအသင္းခ်ဳပ္က ယေန႔ (ဧၿပီလ ၉ရက္)တြင္ အသိေပးထားျခင္းျဖစ္သည္။
ၿပီးခဲသည့္ မတ္လ ၂၈ရက္ေန႔က အင္အားျပင္းမႏၲေလးငလ်င္ႀကီး လႈပ္ခတ္ခဲ့သျဖင့္ ေနျပည္ေတာ္အပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တို႔တြင္ ထိခိုက္ပ်က္စီးဆုံးရႈံးမ်ား ျဖစ္ေပၚခဲ့ၿပီး လူထိခိုက္ေသဆုံးမႈမ်ားလည္းရွိခဲ့သည္။
အဆိုပါေဒသမ်ားရွိ ငလွ်င္ေဘးဒဏ္သင့္ မသန္စြမ္းသူမ်ားအတြက္ အေထာက္အကူျပဳကိရိယာမ်ား၊ စားနပ္ရိကၡာမ်ား၊ အဝတ္အထည္မ်ားႏွင့္ ဝင္ေငြရလုပ္ငန္းမ်ား ျပန္လည္ထူေထာင္ႏိုင္ရန္ ေငြေၾကး အေထာက္အပံ့မ်ားစြာ လိုအပ္ေနေၾကာင္း ျမန္မာႏိုင္ငံမသန္စြမ္းသူမ်ားအသင္းခ်ဳပ္က ဆိုသည္။
ထို႔ေၾကာင့္ ရန္ကုန္ၿမိဳ႕၊ မရမ္းကုန္းၿမိဳ႕နယ္၊ ကမာၻေအးဘုရားလမ္း၊ အမွတ္၆၄၊ ျမန္မာႏိုင္ငံ မသန္စြမ္းသူမ်ားအသင္းခ်ဳပ္ကို လႉဒါန္းႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံသားမ်ားဘဏ္ ေငြစာရင္းအမွတ္ 1038 6061 0000 159 Myanmar Federation of Persons with Disabilities သို႔မဟုတ္ KPayျဖင့္ လႉဒါန္းလိုပါက ဥကၠဌ (ဖုန္း 09 5189894)၊ ဒုတိယဥကၠဌ-၁ (09 401591651)သို႔ ဆက္သြယ္၍လည္းေကာင္း ေပးပို႔လႉဒါန္းႏိုင္ေၾကာင္း ျမန္မာႏိုင္ငံမသန္စြမ္းသူမ်ားအသင္းခ်ဳပ္က ေဖာ္ျပထားသည္။