ဂျပန်ပြည်မှ ဆေးဝါးနှင့်ဆေးကုသရေးလေယာဥ် မြန်မာနိုင်ငံသို့ရောက်ရှိ

 1979

NP News ဧပြီ (၉)ရက်
ဂျပန်နိုင်ငံမှ ဆေးဝါးတွေနှင့် ရောဂါရှာဖွေရေးစမ်းသပ်ကိရိယာတွေ အပါအဝင် ဆေးကုသရေးဆိုင်ရာအထောက် အကူပြုပစ္စည်းတွေ တင်ဆောင်လာမည့် လေယာဉ်အား မြန်မာနိုင်ငံကို ရောက်ရှိလာကြောင်း ရန်ကုန်မြို့ရှိ ဂျပန်သံရုံးက ထုတ်ပြန်ထားသည်။
ယင်းပစ္စည်းများ ကို တင်ဆောင်လာမည့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ C-130 သယ်ယူပို့ဆောင် ရေးလေယာဉ်ကို အစောဆုံး ဧပြီ ၈ ရက်နေ့တွင် Komaki လေတပ်စခန်းမှ မြန်မာနိုင်ငံသို့ ထွက်ခွာခဲ့ရာ ဧပြီလ၉ ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိလာ ကြောင်းသိရသည်။
မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့်ဖြစ်ပေါ်ခဲ့သော မြောက်မြားစွာရှိသည့် ထိခိုက်ပျက်စီးမှုများအတွက် ကယ်ဆယ်ကုသပေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့ (JDR) က လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကူညီထောက်ပံ့ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက်ဖြစ်ပြီး ဂျပန်အစိုးရအနေဖြင့် အပြောင်းအလဲမရှိသည့် မူဝါဒနှင့်အညီ ဆေးကုသရေးဆိုင်ရာလိုအပ်ချက်များ ကို ဖြည့်ဆည်းပေးခြင်း အပါအဝင် တိုက်ရိုက်အကျိုးခံစားရရှိစေမည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများကို အစွမ်းကုန်ဆက်လက်ကူညီ ပံ့ပိုးပေးမည် ဖြစ်ကြောင်း ဂျပန်သံရုံးက ထုတ်ပြန် ထားသည်။

ဂျပန်အစိုးရအနေဖြင့်မတ် ၃၁ ရက်တွင် အဖွဲ့ဝင် ၅ ဦးပါသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့ (JDR)ကို စတင်စေလွှတ်ခဲ့ပြီး ဧပြီ ၂ ရက်တွင် အဖွဲ့ဝင် ၃၂ ဦးပါဝင်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာ နည်းပညာအဖွဲ့ (JDR) ထပ်မံစေလွှတ်ခဲ့ကြောင်းသိရသည်။
မတ် ၃၀ ရက်တွင် Disaster Emergency Logistics System for ASEAN (DELSA) မှ အရေးပေါ်သုံး မိုးကာစ ၂၄၀ နဲ့ ရွက်ဖျင်တဲ ၄၅၀ ကို ပို့ဆောင်ပေးခဲ့သည့်အပြင် ငလျင်ဒဏ်သင့်ပြည်သူများအတွက် အခြေခံလိုအပ်တဲ့ နေ့စဉ်သုံးပစ္စည်းတွေဖြစ်သည့် သန့်ရှင်းရေးပစ္စည်းများ ၊ ရေနှင့်ရေသန့်စက်များ ကို JICA မှတဆင့် ထောက်ပံ့ပေးအပ်ဖို့ ဆုံးဖြတ် ထားကြောင်းသိရသည်။
ဧပြီ ၂ ရက်မှာ ဒေါ်လာ ခြောက်သန်းကို အရေးပေါ်ထောက်ပံ့ငွေအဖြစ် နိုင်ငံတကာ အဖွဲ့အစည်းများမှ တစ်ဆင့် ထောက်ပံ့ပေးအပ်သွားဖို့ ပြင်ဆင်ထား ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန် ထားသည်။

Zawgyi Version:
ဂ်ပန္ျပည္မွ ေဆးဝါးႏွင့္ေဆးကုသေရးေလယာဥ္ ျမန္မာႏိုင္ငံသို႔ေရာက္ရွိ
NP News ဧၿပီ (၉)ရက္
ဂ်ပန္ႏိုင္ငံမွ ေဆးဝါးေတြႏွင့္ ေရာဂါရွာေဖြေရးစမ္းသပ္ကိရိယာေတြ အပါအဝင္ ေဆးကုသေရးဆိုင္ရာအေထာက္ အကူျပဳပစၥည္းေတြ တင္ေဆာင္လာမည့္ ေလယာဥ္အား ျမန္မာႏိုင္ငံကို ေရာက္ရွိလာေၾကာင္း ရန္ကုန္ၿမိဳ႕ရွိ ဂ်ပန္သံ႐ုံးက ထုတ္ျပန္ထားသည္။
ယင္းပစၥည္းမ်ား ကို တင္ေဆာင္လာမည့္ ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕၏ C-130 သယ္ယူပို႔ေဆာင္ ေရးေလယာဥ္ကို အေစာဆုံး ဧၿပီ ၈ ရက္ေန႔တြင္ Komaki ေလတပ္စခန္းမွ ျမန္မာႏိုင္ငံသို႔ ထြက္ခြာခဲ့ရာ ဧၿပီလ၉ ရက္ေန႔ နံနက္ပိုင္းတြင္ ေရာက္ရွိလာ ေၾကာင္းသိရသည္။
မတ္ ၂၈ ရက္မွာ ျမန္မာႏိုင္ငံမွာ လႈပ္ခတ္ခဲ့သည့္ ငလ်င္ေၾကာင့္ျဖစ္ေပၚခဲ့ေသာ ေျမာက္ျမားစြာရွိသည့္ ထိခိုက္ပ်က္စီးမႈမ်ားအတြက္ ကယ္ဆယ္ကုသေပးရန္ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိေနသည့္ သဘာဝေဘး အႏၲရာယ္ဆိုင္ရာ အေရးေပၚကယ္ဆယ္ေရးေဆးဘက္ဆိုင္ရာနည္းပညာအဖြဲ႕ (JDR) က လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာကူညီေထာက္ပံ့ေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္ႏိုင္ဖို႔အတြက္ျဖစ္ၿပီး ဂ်ပန္အစိုးရအေနျဖင့္ အေျပာင္းအလဲမရွိသည့္ မူဝါဒႏွင့္အညီ ေဆးကုသေရးဆိုင္ရာလိုအပ္ခ်က္မ်ား ကို ျဖည့္ဆည္းေပးျခင္း အပါအဝင္ တိုက္႐ိုက္အက်ိဳးခံစားရရွိေစမည့္ လူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာအကူအညီမ်ားကို အစြမ္းကုန္ဆက္လက္ကူညီ ပံ့ပိုးေပးမည္ ျဖစ္ေၾကာင္း ဂ်ပန္သံ႐ုံးက ထုတ္ျပန္ ထားသည္။

ဂ်ပန္အစိုးရအေနျဖင့္မတ္ ၃၁ ရက္တြင္ အဖြဲ႕ဝင္ ၅ ဦးပါေသာ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ အေရးေပၚကယ္ဆယ္ေရး ေဆးဘက္ဆိုင္ရာနည္းပညာအဖြဲ႕ (JDR)ကို စတင္ေစလႊတ္ခဲ့ၿပီး ဧၿပီ ၂ ရက္တြင္ အဖြဲ႕ဝင္ ၃၂ ဦးပါဝင္ေသာ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ အေရးေပၚကယ္ဆယ္ေရး ေဆးဘက္ဆိုင္ရာ နည္းပညာအဖြဲ႕ (JDR) ထပ္မံေစလႊတ္ခဲ့ေၾကာင္းသိရသည္။
မတ္ ၃၀ ရက္တြင္ Disaster Emergency Logistics System for ASEAN (DELSA) မွ အေရးေပၚသုံး မိုးကာစ ၂၄၀ နဲ႔ ႐ြက္ဖ်င္တဲ ၄၅၀ ကို ပို႔ေဆာင္ေပးခဲ့သည့္အျပင္ ငလ်င္ဒဏ္သင့္ျပည္သူမ်ားအတြက္ အေျခခံလိုအပ္တဲ့ ေန႔စဥ္သုံးပစၥည္းေတြျဖစ္သည့္ သန႔္ရွင္းေရးပစၥည္းမ်ား ၊ ေရႏွင့္ေရသန႔္စက္မ်ား ကို JICA မွတဆင့္ ေထာက္ပံ့ေပးအပ္ဖို႔ ဆုံးျဖတ္ ထားေၾကာင္းသိရသည္။
ဧၿပီ ၂ ရက္မွာ ေဒၚလာ ေျခာက္သန္းကို အေရးေပၚေထာက္ပံ့ေငြအျဖစ္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားမွ တစ္ဆင့္ ေထာက္ပံ့ေပးအပ္သြားဖို႔ ျပင္ဆင္ထား ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံးက ထုတ္ျပန္ ထားသည္။

Related news

© 2021. All rights reserved.