စစ်ကိုင်းပြတ်ရွေ့နှင့် သတိထားရမည့်အရာများ

 2357

ပြီးခဲ့သည့် မတ်လ(၂၈)ရက်က အင်အားရစ်ချ်တာစကေး (၇ ဒသမ ၇)အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ရာ ပျက်စီး ဆုံးရှုံးမှုများပြားခဲ့သည်။ ပိတ်မိသူများကို ကယ်ထုတ်ရေး၊ သေဆုံး သူများကိုဖော်ယူရေးလုပ်ငန်း လုပ်ကိုင်နေကြ သော ကူညီ၊ ကယ်ဆယ်ရေးအဖွဲ့များမှာလည်း မအားလပ်နိုင်အောင် ဖြစ်နေကြရပြီ ဖြစ်သည်။ ထို့ပြင် နောက်ဆက်တွဲ ငလျင်များကလည်း ဆက်လှုပ်နေသေးရာ ပြည်သူများအနေဖြင့် စိုးရိမ် စိတ်ဖြင့် ဆက်လက်နေထိုင်နေရဆဲ ဖြစ်သည်။ ယင်းဖြစ်စဉ်အားလုံး၏ မြစ်ဖျားခံရသည်ကား မြန်မာနိုင်ငံ၏ အလယ်မှဖြတ်သန်းသွားသော စစ်ကိုင်းပြတ်ရွေ့ကြောင့် ဖြစ်သည်။ စစ်ကိုင်း ပြတ်ရွေ့၏ သဘာဝ၊ ဆိုးကျိုးများနှင့် သတိထား သင့်သည်များနှင့် ပတ်သက်၍ မိုးလေဝသပညာ ရှင် ဦးဝင်းနိုင်ကို NP News က ဆက်သွယ်မေးမြန်းကာ ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - ပထမဆုံးမေးချင်တာက အားလုံးလည်း အကြမ်းဖျင်းသိကြတယ်ဆိုပေမယ့် အခြေခံကျတာ ကနေစပြီး မေးချင် ပါတယ်ဆရာ။ အခု ငလျင်ကို ဖြစ်စေခဲ့တဲ့ စစ်ကိုင်းပြတ်ရွေ့အကြောင်း အကျဉ်းချုပ်လေး အရင် ရှင်းပြပေးပါလား ခင်ဗျာ။
ဖြေ - စစ်ကိုင်းပြတ်ရွေ့က (၁၈၃၀) ပြည့်နှစ်လောက်တည်းကိုက ဖြစ်ခဲ့တယ်ရှိတယ်ပေါ့နော်။ သို့သော် အခု နောက်ပိုင်းကာလမှာကတော့ နည်းပညာပိုင်းလည်း တိုးတက်လာတဲ့ အခါကျတော့ (၁၉၃၀၊ ၁၉၄၅) အဲဒီနောက် ပိုင်းမှာတော့ ဒီစစ်ကိုင်းပြတ်ရွေ့ ကြီးကို မြေပုံပေါ်မှာလည်း သေချာပုံဖော်ပြီး ဆွဲနိုင်တဲ့ အနေအထား ဖြစ်လာတာပေါ့။ ဖြစ်လာတယ်ဆိုတဲ့ အခါကျတော့ ဒီ စစ်ကိုင်းပြတ်ရွေ့က အပိုင်းတွေတော့ ခွဲထားတယ်။ သို့သော် အားလုံးကတော့ စစ်ကိုင်း ပြတ်ရွေ့ပဲပေါ့။ စစ်ကိုင်းပြတ်ရွေ့ကြီးအပေါ်မှာ လှုပ်တဲ့ငလျင်တွေကတော့ (၁၈၃၀)ကနေ စပြီးတော့ (၁၉၃၀)၊ အခု (၂၀၂၅)စသည်ဖြင့်ပေါ့နော် အကြမ်းဖျင်း နှစ်တစ်ရာတိုင်း၊ နှစ်တစ်ရာတိုင်းမှာ ငလျင်အကြီးကြီးတွေ လှုပ်တတ် တယ်။ အဲဒီလိုအနေ အထားမျိုးတွေ ရှိတယ်။ သူ့အပြင်ကို (၁၉၁၂)ခုနှစ်တို့၊ (၂၀ဝ၃)ခုနှစ် တောင်တွင်းကြီး ငလျင်တို့၊ ပုဂံ ငလျင်တို့ နောက်ပြီးတော့မှ ချောက်တို့၊ သပိတ်ကျင်းတို့ အဲဒီနေရာတွေမှာလည်း အင်အား အလယ်အလတ်အဆင့်၊ အဲဒါထက်ပိုတဲ့ ငလျင်မျိုးတွေလည်း လှုပ်ခဲ့တာတွေ ရှိပါတယ်။ (၆ ဒသမ ၈) အဲဒါမျိုးတွေ လှုပ်ခဲ့တယ်။ အဲဒီတော့ အခုက စစ်ကိုင်းနဲ့ တကောင်းအပိုင်းမှာရှိတဲ့ ပြတ်ရွေ့ အပိုင်း သုံးပိုင်းထဲမှာ ပေါ့နော်။ စစ်ကိုင်း - တကောင်း အပိုင်း၊ ပဲခူး-တောင်ငူ အပိုင်း စသည်ဖြင့် အပိုင်းတွေ ခွဲထားတယ်။ ခွဲထားပေမယ့် ဒီအပေါ်မှာပဲ ငလျင်ကြီး တွေ လှုပ်တတ်တယ်။ ရန်ကုန်မြို့ရဲ့ အရှေ့ဘက် မိုင် (၂၀) ကျော်လောက်ကနေ ဖြတ်ပြီးတော့ သွားတဲ့ဟာ က ဟိုးကချင်ပြည်နယ်ထဲ အထိရောက်တာကိုး။ အဲဒီတော့ ဒီစစ်ကိုင်းပြတ်ရွေ့ကြီးကတော့ နှစ်တော် တော်ကြာတဲ့အထိ ဒါဆက်ပြီးတော့ရှိနေဦးမယ်။ သူ့အပေါ်ကနေ ပြင်းထန်တဲ့ငလျင်ကြီးတွေလည်း နောက်အချိန်ကာလ အပိုင်းအခြားတွေမှာဆက်ပြီး လှုပ်တာတွေလည်း ရှိနေနိုင်ပါ သေးတယ်ဗျ။
မေး - ဆရာခင်ဗျာ အခုငလျင်ဒဏ်သင့် ဒေသတွေက ပြည်သူတွေဟာ နောက်ဆက်တွဲငလျင်တွေကို ကြောက်နေကြ တယ်ပေါ့လေ။ ဒါကို ကာလဘယ် လောက်အထိ ကြုံရနိုင်ပါသလဲ ဆရာ။
ဖြေ - အခု ပြီးခဲ့တဲ့ နောက်ဆက်တွဲငလျင်တွေအနေနဲ့ ဘယ်လောက်အထိများခဲ့ပြီးပြီလဲဆိုတဲ့ အနေအထားမှာ (၂၃၅)ကြိမ်လောက်အထိတော့ လှုပ်ပြီး သွားပြီ။ သူ့အရင်က ကျွန်တော်တို့နိုင်ငံထဲမှာတော့ မဟုတ်ဘူး။ အိန္ဒိယ တက်တိုးနစ်ပလိတ်နဲ့ ဒီဘက်က တက်တိုးနစ်နဲ့ အတူတူတွဲပြီး လှုပ်တဲ့နေရာတွေမှာ ဥပမာ - နီပေါငလျင် ဆိုပါတော့။ နီပေါ ငလျင်ဆိုရင် (၇ ဒသမ ၆) လှုပ်တယ်။ သူက လူကိုးထောင်လောက် အသေအပျောက် ဖြစ်တယ်။ ပြီးတော့ နောက်ဆက်တွဲ ငလျင်က အကြိမ် သုံးရာလောက်အထိ လှုပ်ပါတယ်။ အခု ကျွန်တော်တို့က အဲဒီအကြိမ် သုံးရာကိုတောင် မမီသေးဘူးပေါ့။ အဲဒီလို လှုပ်နိုင်ခြေကတော့ ရှိနေ သေးတယ်။
မေး - တချို့ပြည်ပ ပညာရှင်တွေက နှစ်လလောက်အထိ လှုပ်နိုင်တယ်လို့လည်း ပြောကြပါတယ်။ နောက်ဆက်တွဲ ငလျင်တွေဟာ အင်အား ရစ်ချ်တာ စကေး ဘယ်လောက်အထိ ရောက်လေ့ရှိပါသလဲ ခင်ဗျာ။
ဖြေ - ဟုတ်ပါတယ် အဲဒါလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေက အများကြီးရှိတာပေါ့။ တစ်လ၊ နှစ်လ အဲဒီလောက် အထိက လှုပ်နိုင်ခြေရှိတယ်။ ကျဲတော့ ကျဲသွားမယ်ပေါ့။ ဥပမာ -ဒီနေ့ (ဧပြီလ ၁ ရက်) ဆိုရင် ငလျင်လှုပ်လိုက်တဲ့ အနေအထားမှာ ထိုင်း ငလျင်ဌာနကရတဲ့ ဒေတာတွေကိုပဲ (၁၉၇၀) လောက်ကစပြီးတော့ ရတဲ့ဒေတာတွေကို အသေးစိတ် ပြန်ကြည့် တာပေါ့။ ကြည့်တော့ ပြီးခဲ့တဲ့ ငလျင် လှုပ်လိုက်တဲ့အနေအထားတွေမှာ ဒီနေ့ဆိုရင် တော် တော်လေး အကြိမ်ရေများများ လှုပ်တယ်လေ။ ထပ်ပြီးတော့ လှုပ်နိုင်ခြေလည်းရှိသေးတယ်။ ဒါပေမဲ့ အကြီးကြီးတွေတော့ မရှိတော့ဘူး။ အကြီးကြီးတွေ ဆိုတာက အများဆုံး (၄ ဒဿမ ၁၊ ၂) က ဒါ အကြီးဆုံးပေါ့။ ပြီးတော့တော့ (၂ ဒဿမ ၁) တို့လို သေးသေးလေးတွေပဲ ရှိတယ်။ အဲဒီတော့ ပဲခူးနား မှာဆိုလည်း ပဲခူး၊ တောင်ငူ၊ ဖြူး၊ ကညွတ်ကွင်းတို့ ဆိုလည်း အဲဒီပတ်ဝန်းကျင်းမှာ ဒီနေ့လှုပ်တာများတယ်။ ဒါပေမဲ့ သူလည်း သေးသေးပေါ့။ ငလျင်လှုပ်တဲ့ အင်အားကသေးလာတယ်။ လှုပ်တဲ့ အကြိမ် ရေက ကျဲလာတယ်ပေါ့။ တဖြည်းဖြည်းနဲ့ ပျောက်သွားနိုင်တယ်။ လျော့လာပြီးတော့ တဖြည်းဖြည်းနဲ့ ပျောက်ပြီး ပြီးသွားတဲ့အနေအထားကို ရောက်သွားနိုင်တယ်။ သို့သော် ဒီအချိန်သည်၊ နောက်ဆက်တွဲ ငလျင်လှုပ်နေတဲ့ အနေ အထားသည် ခုနကပြောသလို တစ်လလောက်လည်း ကြာရင်ကြာမယ်။ တစ်လထက် ပိုချင်လည်း ပိုသွားနိုင်ပါတယ်။
မေး - ဒုတိယတစ်ခု ဆက်စပ်မေးချင်တာက မှတ်သားရဖူးတာ ရှိပါတယ်။ စစ်ကိုင်းပြတ်ရွေ့ဟာ မလှုပ်ပဲ အချိန်ကြာ လေလေ ပြင်းအားများနိုင်လေလေ ဆိုတာပါဆရာ။ ငလျင်ပညာရှင်တွေ စိုးရိမ်တကြီး စောင့်ကြည့်ခဲ့ကြတဲ့ စစ်ကိုင်း ပြတ်ရွေ့ဟာ နှစ်ပေါင်း အခုတော့ (၇ ဒသမ ၇) ပြင်းအားနဲ့ လှုပ်ခဲ့ပြီပေါ့လေ။ နောက်ထပ် ဘယ်လောက်ကြာရင် စပြီး တော့ စိုးရိမ်ရ တော့မလဲ ဆရာ။
ဖြေ - (နောက်တစ်ကြိမ်က) အနည်းဆုံး နှစ်ပေါင်း ၅၀၊ ၆၀ လောက်ကတော့ အကြမ်းဖျင်း ခန့်မှန်းထား တာပေါ့။ ဒီအချိန် Circle ပေါ့။ အဲဒီလောက်မှာတော့ ပြန်ပြီးလှုပ်နိုင်တယ်။ တစ်ခုရှိတာက ပြင်းအား ရစ်ချ်တာစကေး (၇)ကျော်တဲ့ ငလျင် အကြီးကြီးတွေ ပေါ့။ (၇)အကျော် (၈)နီးပါးလောက်ရှိတဲ့ ငလျင် အကြီးကြီးတွေထက် ကာလနှစ်သုံးဆယ်၊ လေးဆယ်၊ ငါးဆယ် ကာလ ပတ်ဝန်းကျင်တွေမှာ လှုပ်နိုင်တာက အင်အား (၆ ဒသမ ၈) ပတ်ဝန်းကျင်၊ (၆) ပတ်ဝန်းကျင် အဲဒီ လောက်ပဲ လှုပ်နိုင်တော့တယ်။ (အဲဒီ လောက်နှစ်တွေအတွင်းမှာ အကြမ်းဖျင်းအားဖြင့် ငလျင်) အကြီးကြီးတော့ မလာ ဘူးပေါ့။
မေး - ရန်ကုန်က စစ်ကိုင်းပြတ်ရွေ့နဲ့ နီးတော့ ရန်ကုန်အနားမှာ ဗဟိုပြုတဲ့ ငလျင်က ဖြစ်လာနိုင်ဖွယ်ရာ ရှိပါသလား ဆရာ။ ငလျင်ကို ကြိုပြီးမခန့်မှန်းနိုင် ပေမယ့်ပေါ့။
ဖြေ - ငလျင်အကြီးကတော့ ရန်ကုန်ရဲ့ အရှေ့ဘက် ကနေသွားတဲ့ စစ်ကိုင်းပြတ်ရွေ့ရဲ့ အောက်ဆုံး အပိုင်းပေါ့။ အောက်ဆုံးအပိုင်းကနေ လှုပ်တဲ့အနေ အထားကတော့ (၁၉၃၀)မှာ (၇ ဒသမ ၄) လှုပ်တာ ပြီးသွားတဲ့ နောက်ပိုင်းတော့ မရှိသလောက်ပဲပေါ့။ ရန်ကုန်မှာ လှုပ်တတ်တာက ဒေးဒရဲ ပြတ်ရွေ့ကြီးကြောင့် လှုပ်တတ်တယ်။ ဒါပေမဲ့ အကြီးကြီး တော့ မဟုတ်ဘူး။ ငါး၊ ခြောက် ပတ်ဝန်းကျင်လောက် အထိတော့ လှုပ်တတ်ပါတယ်ခင်ဗျာ။
မေး - အခု လှုပ်ခဲ့တဲ့ ငလျင်ဟာ ဇောက်တိမ်တယ်လို့ ပြောကြပါတယ်။ ငလျင် ဇောက်တိမ်တယ်၊ နက်တယ် ဆိုတာက ဘာနဲ့ ဆိုင်ပါသလဲ ဆရာ။ ဘာကို ကြည့်ပြီး ပြောကြတာပါလဲ။
ဖြေ - သူက ဇောက်တိမ်တယ် ဆိုပေမယ့် အောက်က (၁၀)ကီလိုမီတာ ရှိတယ်ဗျ။ (၁၀)ကီလိုမီတာ ဆိုတာလည်း နည်းတော့မနည်းဘူးပေါ့နော်။ တချို့နေရာ တွေမှာ (၁)ကီလိုမီတာအနက်နဲ့ လှုပ်သွားတဲ့ (နောက်ဆက်တွဲ) ငလျင်တွေ လည်း ရှိတယ်။ (၁၀) ကီလိုမီတာနဲ့ လှုပ်တယ်ဆိုတာက အိန္ဒိယ တက် တိုးနစ်ပလိတ်နဲ့ ယူရိုအေးရှားနဲ့ နှစ်ခုကြား ပလိတ် နှစ်ခု သွားနေတဲ့အနေအထားကနေ လှုပ်တဲ့ ဥစ္စာကတော့ ပုံမှန်အားဖြင့် အဲဒီလောက်ပဲ လှုပ်နေတာတော့များတယ်။ (၁၀)ကီလိုမီတာနဲ့ပဲ ပုံမှန်သွားနေတယ် ပေါ့နော်။ ပင်လယ်ပေါ့။ ကပ္ပလီပင်လယ် မြောက်ပိုင်း မှာရှိတဲ့ ဘားမား မြေထု ချပ်ဆိုတာရှိတယ်။ ဘားမား တက်တိုးနစ် ပလိတ်ပေါ့။ စစ်ကိုင်း ပြတ်ရွေ့ဆိုတာက အဲဒီကနေ စတာပေါ့။ အဲဒီမှာက ပင်လယ်ထဲမှာ ဆိုတော့ (၂၅)ကီလိုမီတာ လောက်ကနေ လှုပ်တာများတယ်။ အဲဒီတော့ ကျွန်တော် ပြောချင်တာက ဒေသတစ်နေရာ၊ တစ်နေရာမှာ ဇောက်အနက်က ပုံမှန်လောက်ကို ဖြစ်နေတာပေါ့နော်။ မြန်မာပြည်မှာ လှုပ်တာတွေ ဆိုရင် (၁၀)ကီလိုမီတာ အနက်လောက် နဲ့ လှုပ်တယ်။ ရှမ်းပြည်ဘက်က ကျောက်ကြမ်း ပြတ် ရွေ့တို့ ဘာတို့ဆိုရင်လည်း အဲဒီလောက်ပဲ။ (၁၀) ကီလိုမီတာ၊ (၂၀)ကီလိုမီတာ အဲဒီလောက် ပတ်ဝန်းကျင်မှာ လှုပ်နေတာလေ။ အဲဒီလောက်က များပါတယ်။
မေး - မြန်မာ့မြေပေါ်မှာ ကျွန်တော်တို့ သတိထားရမယ့် ပြတ်ရွေ့က စစ်ကိုင်းပြတ်ရွေ့တစ်ခုပဲ ရှိတာလား ဆရာ။ တခြား ဘယ်ပြတ်ရွေ့ကို သတိထားရမလဲ ခင်ဗျာ။
ဖြေ - တော်တော်များပါတယ်။ ဥပမာ ဆိုပါတော့ ကဘော်ပြတ်ရွေ့ရှိတယ်။ အဲဒါဆိုရင်လည်း ကဘော် ချိုင့်ဝှမ်းဘက်မှာ ခဏခဏလှုပ်နေတဲ့အရာပေါ့။ ပြီးတော့ ဒေးဒရဲပြတ်ရွေ့ဆိုရင်လည်း မအူပင်တို့၊ ကျိုက်လတ်တို့ အဲဒီလောက် နေရာတွေမှာ တောက်လျှောက် လှုပ်နေတာရှိတယ်။ နောက်ပြီး တာချီလိတ် ဘက်မှာလည်း ရှိတယ်။ အဲဒါက ရှမ်းပြည် နယ်ဘက်က သေးသေးလေးတွေက အခုလည်းလှုပ်နေတယ်။ သူကတော့ သေးသေးနဲ့များများလှုပ်တယ်။ ဇောက် ကလည်း အဲဒီလောက်ပါပဲ တိမ်တိမ်ပဲ။ သို့သော် အား မပြင်းဘူး။ သို့သော် စစ်ကိုင်းပြတ်ရွေ့ကြီးကတော့ အားပြင်းတယ်။ စစ်ကိုင်းပြတ်ရွေ့ကြီးက ဖြစ်နေတဲ့ အနေအထားကြီးကတော့ ကြီးလည်းကြီးတယ်။ စစ်ကိုင်းပြတ်ရွေ့ကြီးက အပေါ်ဆုံး အပိုင်းပေါ့။ အပေါ်ဆုံးအပိုင်းက ဘယ်လိုပြောရမလဲဆိုတော့ စစ်ကိုင်းတိုင်းရဲ့ အထက်ပိုင်းအပေါ်ဆုံး ပြတ်ရွေ့အပိုင်း ကလည်း (၁၉၄၆)ခုနှစ်မှာ (၇ ဒသမ ၁)လှုပ်ခဲ့ဖူးတာရှိတယ်။ (၁၉၉၁)ခုနှစ်မှာ (၆ ဒသမ ၉) လှုပ်ဖူးတာ ရှိတယ်။ များ သောအားဖြင့်ကတော့ (၆ ဒသမ ၉) ၊ (၇) အထက်တွေ လှုပ်တဲ့ဟာတွေ အကုန်လုံးကတော့ စစ်ကိုင်း ပြတ်ရွေ့ အပေါ်မှာပဲလှုပ်တယ်။ ကျန်တဲ့ ပြတ်ရွေ့တွေကတော့ အများကြီးပဲ။ ရခိုင်ပြည်နယ်ဘက် မှာလည်းရှိတယ်။ ဧရာဝတီ တိုင်းထဲမှာလည်း ရှိတယ်။ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်ဘက်တွေမှာလည်း ရှိတယ်။ အဲဒါတွေကတော့ သေးတယ်။ လှုပ်တဲ့ အနေအထားကလည်း သေးတယ်။
မေး - အခု စစ်ကိုင်းပြတ်ရွေ့က လှုပ်တဲ့ ငလျင်တွေထဲ အခု နောက်ဆုံးလှုပ်တဲ့ငလျင်က တခြားလှုပ်ပြီး ငလျင်တွေနဲ့ မတူဘဲ ထူးခြားတာ တွေ့ရလားဆရာ။
ဖြေ - ကျွန်တော်တို့က အရင် (၁၈၃၀)၊ (၁၉၃၀) တုန်းက ကျွန်တော်တို့ မမီလိုက်ဘူးပေါ့။ မှတ်တမ်းရေး ထားတာတွေပဲ ရှိတာပေါ့။ အခု (၂၀၂၅)မှာ လှုပ်တာကတော့ တကယ့်ကို နဖူးတွေ့၊ ဒူးတွေ့ကိုယ်တိုင် ကြုံကြရတယ်။ ငလျင်ရဲ့ ကြီးမားတဲ့အနေအထားက နာဂစ်ကြီးကို စတွေ့လိုက်ရသလိုပဲပေါ့။ နာဂစ်က သေးသေးလေးပါ ဘာမှမဖြစ်ပါဘူး ဆိုပြီးပေါ့ နေတဲ့ အနေအထားကနေ ဝုန်းဒိုင်းကြဲပြီး တီးသွားတော့ အဲဒီကျမှ ဒီသဘာဝဘေးကြီးက ကြီးမှန်းသိတာ။ အခုလည်း အဲဒီလိုပဲ စစ်ကိုင်းပြတ်ရွေ့ကြီးပေါ်မှာ လှုပ်မယ်၊ လှုပ်မယ်ဆိုတာက ပြောသာ ပြောနေကြတာ လူတွေက ကျွန်တော်တို့ နဖူးတွေ့၊ ဒူးတွေ့ မကြုံခဲ့ဖူးဘူး။ မကြုံဖူးတော့ ငလျင်ပညာရှင်တွေ၊ ကော်မတီဝင်တွေက ပြောတာပေါ့။ နှစ်တစ်ရာမှာ ပြန်ပြီးတော့လှုပ်မယ် ပြန်လှုပ်မယ်ပေါ့။ ကျွန်တော်တို့က (၆ ဒသမ ၈)တို့ ဘာတို့က လှုပ်ဖူးခဲ့တာ တွေရှိတယ်။ ရှိခဲ့ဖူးတယ်ဆိုတော့ စိတ်ထဲမှာပေါ့ပေါ့ပဲပေါ့။ ကျွန်တော်ပြောရမယ်ဆိုရင် ဆောက်လုပ်ရေးလုပ်တဲ့သူ တွေကလည်း အထပ်မြင့်တွေ တဖြည်းဖြည်းနဲ့ ဆောက်ကြတယ်။ ဆောက်တဲ့တိုက်တာ အဆောက်အအုံတွေ၊ အထပ်မြင့် တွေကလည်း စိပ်လာတယ်။ စိပ်လာတဲ့အခါကျတော့ အရင်တုန်းက အဲဒီလောက်မဆိုးပေမယ့် အခု နဖူးတွေ့၊ ဒူးတွေ ကြုံလာတော့ တိုက်တွေဘာတွေ ပြိုတာလည်း များသွားတယ်။ လူထိခိုက်သေဆုံးတာ တွေလည်း များသွားတယ်။ ဒါကျွန်တော်တို့ မခန့်မှန်းထားနိုင်တဲ့ သဘာဝဘေးတစ်ခုက ဝုန်းဒိုင်းကြဲပြီး ရောက်လာတာကို ပြောရမယ်ဆိုရင် မကြုံဖူး ဘူးပေါ့ဗျာ။ မကြုံဖူးတော့ အဲဒီလိုခံရတယ်ပေါ့။
မေး - ငလျင်လှုပ်ပြီးတော့ မြေကြီးကနေ ရေတွေ ပန်းထွက်တာတို့ ဖြစ်တယ်ဆိုတဲ့ Video တွေ တွေ့ရတယ် ဆရာ။ အဲဒါက စိုးရိမ်ရလား ခင်ဗျာ။
ဖြေ - စိုးရိမ်စရာရှိလားဆိုတော့ မြေအောက်ရေကို စုထားပြီး ဖြစ်လာတဲ့အနေအထားပေါ့။ ကြောက်ဖို့ ကောင်းတယ်။ ရေဝလာတဲ့ အခါကျတော့ ဒီဟာတွေက ဒုက္ခပေးလာတာပေါ့။ မြေက ပုံမှန်မြေသားထဲမှာကို ပျော့လာတယ်။ ပျော့လာ ပြီးတော့ မြန်မာလိုအခေါ် ဆိုရင်တော့ မြေအောင်းရေတိုးလာတယ်လို့ ခေါ်ပါတယ်။ မြေပျော်တဲ့ အနေအထားပေါ့။ အတွင်းထဲမှာ မြေကပျော်သွားတဲ့အနေအထား။ ပျော်သွားရင် မြေက ပျော့သွားတယ်။ ခုခံနိုင်တဲ့စွမ်းအား လျော့သွား တယ်။ ကြောက်ရတာက အခုဒီမောဆိုးဘက်မှာ ဆိုရင်လည်း မြေတွင်းပေါက်အကြီးကြီး ပေါ်လာတယ်။ များသော အားဖြင့် ထုံးကျောက်မြေများတဲ့နေ ရာတွေမှာ ပေါ်တတ်တယ်။ သို့သော် အထက်ပိုင်းက သဲမြေများတဲ့ နေရာတွေမှာ လည်း အဲဒီလိုမျိုး ပေါ်နိုင်တဲ့ အနေအထားတွေရှိတယ်။ မြေအောင်းရေတိုးတဲ့ အနေအထားဖြစ်လာရင် သဲတွေပန်း ထွက်တဲ့ အနေအထားရှိတယ်။ အပေါ်ယံမြေလွှာကိုလည်း စဉ်းစားဖို့ လိုတယ်။ အပေါ်ယံမြေလွှာဘက်က ဖိထားတဲ့ ဖိအားတွေ။ ဖိထားတယ်ဆိုတာက ဆောက်ထားတဲ့အ ဆောက်အအုံတွေပေါ့နော်။ အဲဒီဟာတွေကတော့ အင်ဂျင်နီယာ တွေ အသေးစိတ်တွက်ရမယ့်အနေ အထားပါ ခင်ဗျာ။
မေး - ဒီဖြစ်စဉ် အပါအဝင်ပေါ့။ ငလျင်ကြီးအပြီးမှာ ဘူမိဆိုင်ရာအန္တရာယ်က ဘယ်လိုဟာမျိုး လာနိုင် သေးလဲ ခင်ဗျာ။
ဖြေ - အရေးကြီးတာတော့ အောက်က မြေကြော၊ ရေကြောတွေ ပြောင်းသွားတယ်ပေါ့။ ကျွန်တော်တို့ နိုင်ငံက ရှင်နေတဲ့ မီးတောင်ရှိကိုမရှိတာပေါ့နော်။ မရှိတော့ မီးတောင်အနေနဲ့ ပူစရာတော့မရှိဘူး။ သို့သော် မြေကြောရေကြော ပြောင်း သွားတော့ မြေ အောက်ရေကြော ပြောင်းသွားနိုင်တယ်။ မြေအောက် မှာရှိတဲ့ ကျောက်လွှာတွေပြတ်သွားတာမျိုး ဖြစ်နိုင် တယ်။ အဓိကဖြစ်နိုင်တာတော့ မြေကျွံတာပဲ။ မြေကျွံ တာက ပေ (၁၀ဝ၊ ၂၀ဝဝ) လောက်ကို ကျွံချင်လည်း ကျွံမယ်။ အပေါ်တင် ပေ (၅၀၊ ၆၀)လောက် ကျွံချင် လည်း ကျွံမယ်။ အဘွားတစ်ယောက်က ဝါးလုံးကြီး ထည့်ပြီး တိုင်းပြနေတဲ့ Video လည်း တက်လာတာတွေ့တယ်။ အဲဒီလိုမျိုး ပက်ကြားအက်ကြီးတွေရဲ့ အောက်ဘက်မှာကော ဘယ်လောက် အတိုင်းအတာ အထိ မာသလဲပေါ့နော်။ အပေါ်ယံမြေကကော ဘယ် လောက် အခြေအနေရှိသလဲ။ ဥပမာ- မြစ်ကမ်းနား နီးတဲ့ သဲသောင်ယံလို၊ သဲနုမြေများတဲ့နေရာမျိုး အဲဒီ လိုနေရာမျိုးဆိုရင်တော့ မြေကျွံသွားတဲ့ အနေအထား မျိုးတွေ ဖြစ်နိုင်တယ်။
မေး - အဲဒီလို သတိထားရမယ့်အပိုင်းက ငလျင် ဗဟိုချက်ရဲ့ ဘယ်လောက်ပမာဏအတွင်း သတိထား ရမလဲခင်ဗျာ။
ဖြေ - စစ်ကိုင်းပြတ်ရွေ့ကြီးရှိတဲ့ တစ်လျှောက်ကတော့ ဟိုး ကချင်ပြည်နယ်ကနေ စတာပေါ့။ စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ်ကနေစပြီးတော့ ကာမိုင်းတို့ ဘာတို့ကစတာပေါ့။ အဲဒီကနေ ရန်ကုန် အရှေ့ ပဲခူး၊ ခရမ်း၊ သုံးခွ ကနေ စပြီးတော့ ပင်လယ်ထဲ ဆင်းတဲ့အထိ စစ်ကိုင်းပြတ်ရွေ့က ရှိတာကိုး။ စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်ကတော့ အထူး သတိ ထားဖို့လိုတယ်။ ခက်တာက မြို့ကြီးတော်တော် များများက စစ်ကိုင်းပြတ်ရွေ့မှာ ဖြစ်နေတယ်။ အဲဒီ ဟာကတော့ အရင်တုန်းကလည်း ပြောဖူးပါတယ်။ မြို့ကြီးတွေအကုန်လုံးကတော့ သတိထားရမယ့် အနေအထား ဖြစ်တာပေါ့နော်။
မေး - ဘူမိဗေဒက စီးပွားရေးအပေါ် သက်ရောက်မှု ပေါ့နော်။ မြန်မာ့စီးပွားရေး တိုးတက်မှုအပေါ် ငလျင်ကလည်း ခြိမ်းခြောက်မှုရှိနေတယ်လို့ ပြောလို့ရမလား။
ဖြေ - သူက မေ့နေပြီးတော့မှ တစ်ခေါက်တစ်ခေါက် ထလာတဲ့သရဲကြီးလိုပဲ စစ်ကိုင်းပြတ်ရွေ့ဆိုတာကြီး က။ ကျွန်တော် တို့က စီးပွားရေးတွေကောင်းပြီး သယံဇာတတွေ ထွက်တယ်။ ပြည်တွင်း၊ ပြည်ပ ကုန်သွယ်မှုဆိုင်ရာတွေ တိုးတက်လာတယ်ဆိုပြီး ဖြစ်နေတဲ့ အချိန်မှာ ဒါကြီးက ဝုန်းဆို ရိုက်ချလိုက်တဲ့ ပုံစံမျိုး ဖြစ်တာ။ လက်ရှိ နိုင်ငံရေး အခြေ အနေကတော့ နိုင်ငံရေးမတည်ငြိမ်တဲ့အခြေအနေဖြစ်နေတဲ့အခါ ကျတော့ အခက်အခဲတွေအများကြီး ဖြစ်တာပေါ့။ ပိုပြီး ဖြစ်တာပေါ့။ တကယ်လို့ တိုင်းပြည်က ငြိမ်နေပြီး စီးပွားရေးကောင်းနေတုန်း ဖြစ်ရင်လည်း တစ်ခါတည်း ဂုတ်ချိုးချ လိုက်သလို ဖြစ်တတ်တာပေါ့။ ထိုင်းနိုင်ငံတို့ ဘာတို့ကျတော့ အခုလိုစစ်ကိုင်း ပြတ် ရွေ့မရှိပြန်ဘူး။ ဂျပန်ဆိုရင်လည်း မီးတောင်ဆိုတဲ့အကြောင်းအရင်းကြောင့် ငလျင်လှုပ်တာများတယ်။ အခုလို စစ်ကိုင်း ပြတ်ရွေ့ဆိုတဲ့ဟာမျိုးကြီး မြေကြီးထဲ ငုပ်နေပြီးတော့ တစ်ချိန်တစ်ချိန်ကျမှ ထိုးထွက်လာ တတ်တဲ့ ကြောက်စရာကောင်းတဲ့ ဟာမျိုးကြီး မရှိဘူး။ မြန်မာပြည်ကတော့ အဲဒါကြီးရှိနေတဲ့အတွက် နောက် စီးပွားရေးအတွက် အဆောက်အအုံတွေ ဆောက်တာ၊ မြို့တွေ တည်တာ လုပ်ကြပြီ ဆိုရင် စစ်ကိုင်းပြတ်ရွေ့နဲ့ ဝေးရာမှာ တည်တာ အကောင်းဆုံးပဲ။
မေး - ဒီငလျင်ကြောင့် လူတွေရဲ့ငလျင်နဲ့ ပတ်သက်လို့ သတိပိုထားသွားမယ်ထင်လားဆရာ။
ဖြေ - ကျွန်တော်တို့လူမျိုးက ခေါင်းမာတယ်ဗျ။ စီးပွားရေးအချက်အချာကျတဲ့နေရာက တော်ရုံတန်ရုံ မခွာချင်ဘူး။ ထိခါမှသာထိရော။ အခုပဲကြည့် မန္တလေးဆိုရင် Sky Villa လို ဟာမျိုး ကွန်ဒိုကြီးတွေ ဆောက်တယ်။ နောက်အထပ် မြင့်အဆောက်အအုံတွေ ဆောက်တယ်။ လုပ်မှာပဲ လုပ်နေကြမှာပဲ။ အဲဒီ နေရာက စီးပွားရေး အချက်အချာကျတာကိုး။ နောက် နှစ်ငါးဆယ်၊ နှစ်တစ်ရာ အဲဒီလောက်မှာ ဖြစ်ကာမှ ဖြစ်ရော ဒီနေရာတွေမှာ စီးပွားရေးလုပ်မယ့် အပိုင်း တွေ၊ တည်ဆောက်ရေးလုပ်မယ့်အပိုင်းတွေ ကတော့ လုပ်နေမယ်လို့ပဲ မြင်တယ်။
မေး - နောက်ဆုံး မေးခွန်းပါ ဆရာ။ ငလျင်ဒဏ်ကို အကြီးအကျယ်ခံခဲ့ရတဲ့ မြို့တွေက ဘာတွေကို သတိထားဖို့လိုပါမလဲ ဆရာ။ အစိုးရဘက်ကကော ဘာတွေလုပ်ဖို့လိုမယ် ထင်ပါသလဲ ဆရာ။
ဖြေ - မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ မိတ္ထီလာ စသည်ဖြင့်ပေါ့နော်။ ဒီမြို့ကြီး တွေမှာ အရင်ဆုံး နံပါတ်တစ် ဖြစ်သွားတာက စိုးရိမ်ကြောင့်ကြစိတ်ကြီးသွားတယ်။ စိတ်ပိုင်းဆိုင်ရာ မြင့်တက်လာအောင် ကျန်းမာရေးအခြေအနေ ပြန်လုပ်ပေးဖို့လိုတယ်။ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးဖို့ လိုတယ်။ ပြန်လည်ထူထောင်ရေး အပိုင်းမှာတော့ အစိုးရကနေပြီးတော့ နိုင်သလောက်လုပ်ပေးရမှာပေါ့။ နိုင်ငံတကာ အကူအညီ ခေါ်ရင်လည်း ခေါ်မယ် ပေါ့။ အဲဒီလို ပြန်လည်ထူထောင်ရေးနဲ့ စိတ်ကျန်း မာရေး နှစ်ပိုင်းပဲရှိပါတယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။
(သုတကျော် မေးမြန်းသည်)

Zawgyi Version:
စစ္ကိုင္းျပတ္ေ႐ြ႕ႏွင့္ သတိထားရမည့္အရာမ်ား

ၿပီးခဲ့သည့္ မတ္လ(၂၈)ရက္က အင္အားရစ္ခ်္တာစေကး (၇ ဒသမ ၇)အဆင့္ရွိ ငလ်င္ႀကီးလႈပ္ခတ္ခဲ့ရာ ပ်က္စီး ဆုံးရႈံးမႈမ်ားျပားခဲ့သည္။ ပိတ္မိသူမ်ားကို ကယ္ထုတ္ေရး၊ ေသဆုံး သူမ်ားကိုေဖာ္ယူေရးလုပ္ငန္း လုပ္ကိုင္ေနၾက ေသာ ကူညီ၊ ကယ္ဆယ္ေရးအဖြဲ႕မ်ားမွာလည္း မအားလပ္ႏိုင္ေအာင္ ျဖစ္ေနၾကရၿပီ ျဖစ္သည္။ ထို႔ျပင္ ေနာက္ဆက္တြဲ ငလ်င္မ်ားကလည္း ဆက္လႈပ္ေနေသးရာ ျပည္သူမ်ားအေနျဖင့္ စိုးရိမ္ စိတ္ျဖင့္ ဆက္လက္ေနထိုင္ေနရဆဲ ျဖစ္သည္။ ယင္းျဖစ္စဥ္အားလုံး၏ ျမစ္ဖ်ားခံရသည္ကား ျမန္မာႏိုင္ငံ၏ အလယ္မွျဖတ္သန္းသြားေသာ စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာင့္ ျဖစ္သည္။ စစ္ကိုင္း ျပတ္ေ႐ြ႕၏ သဘာဝ၊ ဆိုးက်ိဳးမ်ားႏွင့္ သတိထား သင့္သည္မ်ားႏွင့္ ပတ္သက္၍ မိုးေလဝသပညာ ရွင္ ဦးဝင္းႏိုင္ကို NP News က ဆက္သြယ္ေမးျမန္းကာ ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - ပထမဆုံးေမးခ်င္တာက အားလုံးလည္း အၾကမ္းဖ်င္းသိၾကတယ္ဆိုေပမယ့္ အေျခခံက်တာ ကေနစၿပီး ေမးခ်င္ ပါတယ္ဆရာ။ အခု ငလ်င္ကို ျဖစ္ေစခဲ့တဲ့ စစ္ကိုင္းျပတ္ေ႐ြ႕အေၾကာင္း အက်ဥ္းခ်ဳပ္ေလး အရင္ ရွင္းျပေပးပါလား ခင္ဗ်ာ။
ေျဖ - စစ္ကိုင္းျပတ္ေ႐ြ႕က (၁၈၃၀) ျပည့္ႏွစ္ေလာက္တည္းကိုက ျဖစ္ခဲ့တယ္ရွိတယ္ေပါ့ေနာ္။ သို႔ေသာ္ အခု ေနာက္ပိုင္းကာလမွာကေတာ့ နည္းပညာပိုင္းလည္း တိုးတက္လာတဲ့ အခါက်ေတာ့ (၁၉၃၀၊ ၁၉၄၅) အဲဒီေနာက္ ပိုင္းမွာေတာ့ ဒီစစ္ကိုင္းျပတ္ေ႐ြ႕ ႀကီးကို ေျမပုံေပၚမွာလည္း ေသခ်ာပုံေဖာ္ၿပီး ဆြဲႏိုင္တဲ့ အေနအထား ျဖစ္လာတာေပါ့။ ျဖစ္လာတယ္ဆိုတဲ့ အခါက်ေတာ့ ဒီ စစ္ကိုင္းျပတ္ေ႐ြ႕က အပိုင္းေတြေတာ့ ခြဲထားတယ္။ သို႔ေသာ္ အားလုံးကေတာ့ စစ္ကိုင္း ျပတ္ေ႐ြ႕ပဲေပါ့။ စစ္ကိုင္းျပတ္ေ႐ြ႕ႀကီးအေပၚမွာ လႈပ္တဲ့ငလ်င္ေတြကေတာ့ (၁၈၃၀)ကေန စၿပီးေတာ့ (၁၉၃၀)၊ အခု (၂၀၂၅)စသည္ျဖင့္ေပါ့ေနာ္ အၾကမ္းဖ်င္း ႏွစ္တစ္ရာတိုင္း၊ ႏွစ္တစ္ရာတိုင္းမွာ ငလ်င္အႀကီးႀကီးေတြ လႈပ္တတ္ တယ္။ အဲဒီလိုအေန အထားမ်ိဳးေတြ ရွိတယ္။ သူ႔အျပင္ကို (၁၉၁၂)ခုႏွစ္တို႔၊ (၂၀ဝ၃)ခုႏွစ္ ေတာင္တြင္းႀကီး ငလ်င္တို႔၊ ပုဂံ ငလ်င္တို႔ ေနာက္ၿပီးေတာ့မွ ေခ်ာက္တို႔၊ သပိတ္က်င္းတို႔ အဲဒီေနရာေတြမွာလည္း အင္အား အလယ္အလတ္အဆင့္၊ အဲဒါထက္ပိုတဲ့ ငလ်င္မ်ိဳးေတြလည္း လႈပ္ခဲ့တာေတြ ရွိပါတယ္။ (၆ ဒသမ ၈) အဲဒါမ်ိဳးေတြ လႈပ္ခဲ့တယ္။ အဲဒီေတာ့ အခုက စစ္ကိုင္းနဲ႔ တေကာင္းအပိုင္းမွာရွိတဲ့ ျပတ္ေ႐ြ႕ အပိုင္း သုံးပိုင္းထဲမွာ ေပါ့ေနာ္။ စစ္ကိုင္း - တေကာင္း အပိုင္း၊ ပဲခူး-ေတာင္ငူ အပိုင္း စသည္ျဖင့္ အပိုင္းေတြ ခြဲထားတယ္။ ခြဲထားေပမယ့္ ဒီအေပၚမွာပဲ ငလ်င္ႀကီး ေတြ လႈပ္တတ္တယ္။ ရန္ကုန္ၿမိဳ႕ရဲ႕ အေရွ႕ဘက္ မိုင္ (၂၀) ေက်ာ္ေလာက္ကေန ျဖတ္ၿပီးေတာ့ သြားတဲ့ဟာ က ဟိုးကခ်င္ျပည္နယ္ထဲ အထိေရာက္တာကိုး။ အဲဒီေတာ့ ဒီစစ္ကိုင္းျပတ္ေ႐ြ႕ႀကီးကေတာ့ ႏွစ္ေတာ္ ေတာ္ၾကာတဲ့အထိ ဒါဆက္ၿပီးေတာ့ရွိေနဦးမယ္။ သူ႔အေပၚကေန ျပင္းထန္တဲ့ငလ်င္ႀကီးေတြလည္း ေနာက္အခ်ိန္ကာလ အပိုင္းအျခားေတြမွာဆက္ၿပီး လႈပ္တာေတြလည္း ရွိေနႏိုင္ပါ ေသးတယ္ဗ်။
ေမး - ဆရာခင္ဗ်ာ အခုငလ်င္ဒဏ္သင့္ ေဒသေတြက ျပည္သူေတြဟာ ေနာက္ဆက္တြဲငလ်င္ေတြကို ေၾကာက္ေနၾက တယ္ေပါ့ေလ။ ဒါကို ကာလဘယ္ ေလာက္အထိ ႀကဳံရႏိုင္ပါသလဲ ဆရာ။
ေျဖ - အခု ၿပီးခဲ့တဲ့ ေနာက္ဆက္တြဲငလ်င္ေတြအေနနဲ႔ ဘယ္ေလာက္အထိမ်ားခဲ့ၿပီးၿပီလဲဆိုတဲ့ အေနအထားမွာ (၂၃၅)ႀကိမ္ေလာက္အထိေတာ့ လႈပ္ၿပီး သြားၿပီ။ သူ႔အရင္က ကြၽန္ေတာ္တို႔ႏိုင္ငံထဲမွာေတာ့ မဟုတ္ဘူး။ အိႏၵိယ တက္တိုးနစ္ပလိတ္နဲ႔ ဒီဘက္က တက္တိုးနစ္နဲ႔ အတူတူတြဲၿပီး လႈပ္တဲ့ေနရာေတြမွာ ဥပမာ - နီေပါငလ်င္ ဆိုပါေတာ့။ နီေပါ ငလ်င္ဆိုရင္ (၇ ဒသမ ၆) လႈပ္တယ္။ သူက လူကိုးေထာင္ေလာက္ အေသအေပ်ာက္ ျဖစ္တယ္။ ၿပီးေတာ့ ေနာက္ဆက္တြဲ ငလ်င္က အႀကိမ္ သုံးရာေလာက္အထိ လႈပ္ပါတယ္။ အခု ကြၽန္ေတာ္တို႔က အဲဒီအႀကိမ္ သုံးရာကိုေတာင္ မမီေသးဘူးေပါ့။ အဲဒီလို လႈပ္ႏိုင္ေျခကေတာ့ ရွိေန ေသးတယ္။
ေမး - တခ်ိဳ႕ျပည္ပ ပညာရွင္ေတြက ႏွစ္လေလာက္အထိ လႈပ္ႏိုင္တယ္လို႔လည္း ေျပာၾကပါတယ္။ ေနာက္ဆက္တြဲ ငလ်င္ေတြဟာ အင္အား ရစ္ခ်္တာ စေကး ဘယ္ေလာက္အထိ ေရာက္ေလ့ရွိပါသလဲ ခင္ဗ်ာ။
ေျဖ - ဟုတ္ပါတယ္ အဲဒါလည္း ျဖစ္ႏိုင္ပါတယ္။ ျဖစ္ႏိုင္ေျခက အမ်ားႀကီးရွိတာေပါ့။ တစ္လ၊ ႏွစ္လ အဲဒီေလာက္ အထိက လႈပ္ႏိုင္ေျခရွိတယ္။ က်ဲေတာ့ က်ဲသြားမယ္ေပါ့။ ဥပမာ -ဒီေန႔ (ဧၿပီလ ၁ ရက္) ဆိုရင္ ငလ်င္လႈပ္လိုက္တဲ့ အေနအထားမွာ ထိုင္း ငလ်င္ဌာနကရတဲ့ ေဒတာေတြကိုပဲ (၁၉၇၀) ေလာက္ကစၿပီးေတာ့ ရတဲ့ေဒတာေတြကို အေသးစိတ္ ျပန္ၾကည့္ တာေပါ့။ ၾကည့္ေတာ့ ၿပီးခဲ့တဲ့ ငလ်င္ လႈပ္လိုက္တဲ့အေနအထားေတြမွာ ဒီေန႔ဆိုရင္ ေတာ္ ေတာ္ေလး အႀကိမ္ေရမ်ားမ်ား လႈပ္တယ္ေလ။ ထပ္ၿပီးေတာ့ လႈပ္ႏိုင္ေျခလည္းရွိေသးတယ္။ ဒါေပမဲ့ အႀကီးႀကီးေတြေတာ့ မရွိေတာ့ဘူး။ အႀကီးႀကီးေတြ ဆိုတာက အမ်ားဆုံး (၄ ဒႆမ ၁၊ ၂) က ဒါ အႀကီးဆုံးေပါ့။ ၿပီးေတာ့ေတာ့ (၂ ဒႆမ ၁) တို႔လို ေသးေသးေလးေတြပဲ ရွိတယ္။ အဲဒီေတာ့ ပဲခူးနား မွာဆိုလည္း ပဲခူး၊ ေတာင္ငူ၊ ျဖဴး၊ ကၫြတ္ကြင္းတို႔ ဆိုလည္း အဲဒီပတ္ဝန္းက်င္းမွာ ဒီေန႔လႈပ္တာမ်ားတယ္။ ဒါေပမဲ့ သူလည္း ေသးေသးေပါ့။ ငလ်င္လႈပ္တဲ့ အင္အားကေသးလာတယ္။ လႈပ္တဲ့ အႀကိမ္ ေရက က်ဲလာတယ္ေပါ့။ တျဖည္းျဖည္းနဲ႔ ေပ်ာက္သြားႏိုင္တယ္။ ေလ်ာ့လာၿပီးေတာ့ တျဖည္းျဖည္းနဲ႔ ေပ်ာက္ၿပီး ၿပီးသြားတဲ့အေနအထားကို ေရာက္သြားႏိုင္တယ္။ သို႔ေသာ္ ဒီအခ်ိန္သည္၊ ေနာက္ဆက္တြဲ ငလ်င္လႈပ္ေနတဲ့ အေန အထားသည္ ခုနကေျပာသလို တစ္လေလာက္လည္း ၾကာရင္ၾကာမယ္။ တစ္လထက္ ပိုခ်င္လည္း ပိုသြားႏိုင္ပါတယ္။
ေမး - ဒုတိယတစ္ခု ဆက္စပ္ေမးခ်င္တာက မွတ္သားရဖူးတာ ရွိပါတယ္။ စစ္ကိုင္းျပတ္ေ႐ြ႕ဟာ မလႈပ္ပဲ အခ်ိန္ၾကာ ေလေလ ျပင္းအားမ်ားႏိုင္ေလေလ ဆိုတာပါဆရာ။ ငလ်င္ပညာရွင္ေတြ စိုးရိမ္တႀကီး ေစာင့္ၾကည့္ခဲ့ၾကတဲ့ စစ္ကိုင္း ျပတ္ေ႐ြ႕ဟာ ႏွစ္ေပါင္း အခုေတာ့ (၇ ဒသမ ၇) ျပင္းအားနဲ႔ လႈပ္ခဲ့ၿပီေပါ့ေလ။ ေနာက္ထပ္ ဘယ္ေလာက္ၾကာရင္ စၿပီး ေတာ့ စိုးရိမ္ရ ေတာ့မလဲ ဆရာ။
ေျဖ - (ေနာက္တစ္ႀကိမ္က) အနည္းဆုံး ႏွစ္ေပါင္း ၅၀၊ ၆၀ ေလာက္ကေတာ့ အၾကမ္းဖ်င္း ခန႔္မွန္းထား တာေပါ့။ ဒီအခ်ိန္ Circle ေပါ့။ အဲဒီေလာက္မွာေတာ့ ျပန္ၿပီးလႈပ္ႏိုင္တယ္။ တစ္ခုရွိတာက ျပင္းအား ရစ္ခ်္တာစေကး (၇)ေက်ာ္တဲ့ ငလ်င္ အႀကီးႀကီးေတြ ေပါ့။ (၇)အေက်ာ္ (၈)နီးပါးေလာက္ရွိတဲ့ ငလ်င္ အႀကီးႀကီးေတြထက္ ကာလႏွစ္သုံးဆယ္၊ ေလးဆယ္၊ ငါးဆယ္ ကာလ ပတ္ဝန္းက်င္ေတြမွာ လႈပ္ႏိုင္တာက အင္အား (၆ ဒသမ ၈) ပတ္ဝန္းက်င္၊ (၆) ပတ္ဝန္းက်င္ အဲဒီ ေလာက္ပဲ လႈပ္ႏိုင္ေတာ့တယ္။ (အဲဒီ ေလာက္ႏွစ္ေတြအတြင္းမွာ အၾကမ္းဖ်င္းအားျဖင့္ ငလ်င္) အႀကီးႀကီးေတာ့ မလာ ဘူးေပါ့။
ေမး - ရန္ကုန္က စစ္ကိုင္းျပတ္ေ႐ြ႕နဲ႔ နီးေတာ့ ရန္ကုန္အနားမွာ ဗဟိုျပဳတဲ့ ငလ်င္က ျဖစ္လာႏိုင္ဖြယ္ရာ ရွိပါသလား ဆရာ။ ငလ်င္ကို ႀကိဳၿပီးမခန႔္မွန္းႏိုင္ ေပမယ့္ေပါ့။
ေျဖ - ငလ်င္အႀကီးကေတာ့ ရန္ကုန္ရဲ႕ အေရွ႕ဘက္ ကေနသြားတဲ့ စစ္ကိုင္းျပတ္ေ႐ြ႕ရဲ႕ ေအာက္ဆုံး အပိုင္းေပါ့။ ေအာက္ဆုံးအပိုင္းကေန လႈပ္တဲ့အေန အထားကေတာ့ (၁၉၃၀)မွာ (၇ ဒသမ ၄) လႈပ္တာ ၿပီးသြားတဲ့ ေနာက္ပိုင္းေတာ့ မရွိသေလာက္ပဲေပါ့။ ရန္ကုန္မွာ လႈပ္တတ္တာက ေဒးဒရဲ ျပတ္ေ႐ြ႕ႀကီးေၾကာင့္ လႈပ္တတ္တယ္။ ဒါေပမဲ့ အႀကီးႀကီး ေတာ့ မဟုတ္ဘူး။ ငါး၊ ေျခာက္ ပတ္ဝန္းက်င္ေလာက္ အထိေတာ့ လႈပ္တတ္ပါတယ္ခင္ဗ်ာ။
ေမး - အခု လႈပ္ခဲ့တဲ့ ငလ်င္ဟာ ေဇာက္တိမ္တယ္လို႔ ေျပာၾကပါတယ္။ ငလ်င္ ေဇာက္တိမ္တယ္၊ နက္တယ္ ဆိုတာက ဘာနဲ႔ ဆိုင္ပါသလဲ ဆရာ။ ဘာကို ၾကည့္ၿပီး ေျပာၾကတာပါလဲ။
ေျဖ - သူက ေဇာက္တိမ္တယ္ ဆိုေပမယ့္ ေအာက္က (၁၀)ကီလိုမီတာ ရွိတယ္ဗ်။ (၁၀)ကီလိုမီတာ ဆိုတာလည္း နည္းေတာ့မနည္းဘူးေပါ့ေနာ္။ တခ်ိဳ႕ေနရာ ေတြမွာ (၁)ကီလိုမီတာအနက္နဲ႔ လႈပ္သြားတဲ့ (ေနာက္ဆက္တြဲ) ငလ်င္ေတြ လည္း ရွိတယ္။ (၁၀) ကီလိုမီတာနဲ႔ လႈပ္တယ္ဆိုတာက အိႏၵိယ တက္ တိုးနစ္ပလိတ္နဲ႔ ယူ႐ိုေအးရွားနဲ႔ ႏွစ္ခုၾကား ပလိတ္ ႏွစ္ခု သြားေနတဲ့အေနအထားကေန လႈပ္တဲ့ ဥစၥာကေတာ့ ပုံမွန္အားျဖင့္ အဲဒီေလာက္ပဲ လႈပ္ေနတာေတာ့မ်ားတယ္။ (၁၀)ကီလိုမီတာနဲ႔ပဲ ပုံမွန္သြားေနတယ္ ေပါ့ေနာ္။ ပင္လယ္ေပါ့။ ကပၸလီပင္လယ္ ေျမာက္ပိုင္း မွာရွိတဲ့ ဘားမား ေျမထု ခ်ပ္ဆိုတာရွိတယ္။ ဘားမား တက္တိုးနစ္ ပလိတ္ေပါ့။ စစ္ကိုင္း ျပတ္ေ႐ြ႕ဆိုတာက အဲဒီကေန စတာေပါ့။ အဲဒီမွာက ပင္လယ္ထဲမွာ ဆိုေတာ့ (၂၅)ကီလိုမီတာ ေလာက္ကေန လႈပ္တာမ်ားတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ ေျပာခ်င္တာက ေဒသတစ္ေနရာ၊ တစ္ေနရာမွာ ေဇာက္အနက္က ပုံမွန္ေလာက္ကို ျဖစ္ေနတာေပါ့ေနာ္။ ျမန္မာျပည္မွာ လႈပ္တာေတြ ဆိုရင္ (၁၀)ကီလိုမီတာ အနက္ေလာက္ နဲ႔ လႈပ္တယ္။ ရွမ္းျပည္ဘက္က ေက်ာက္ၾကမ္း ျပတ္ ေ႐ြ႕တို႔ ဘာတို႔ဆိုရင္လည္း အဲဒီေလာက္ပဲ။ (၁၀) ကီလိုမီတာ၊ (၂၀)ကီလိုမီတာ အဲဒီေလာက္ ပတ္ဝန္းက်င္မွာ လႈပ္ေနတာေလ။ အဲဒီေလာက္က မ်ားပါတယ္။
ေမး - ျမန္မာ့ေျမေပၚမွာ ကြၽန္ေတာ္တို႔ သတိထားရမယ့္ ျပတ္ေ႐ြ႕က စစ္ကိုင္းျပတ္ေ႐ြ႕တစ္ခုပဲ ရွိတာလား ဆရာ။ တျခား ဘယ္ျပတ္ေ႐ြ႕ကို သတိထားရမလဲ ခင္ဗ်ာ။
ေျဖ - ေတာ္ေတာ္မ်ားပါတယ္။ ဥပမာ ဆိုပါေတာ့ ကေဘာ္ျပတ္ေ႐ြ႕ရွိတယ္။ အဲဒါဆိုရင္လည္း ကေဘာ္ ခ်ိဳင့္ဝွမ္းဘက္မွာ ခဏခဏလႈပ္ေနတဲ့အရာေပါ့။ ၿပီးေတာ့ ေဒးဒရဲျပတ္ေ႐ြ႕ဆိုရင္လည္း မအူပင္တို႔၊ က်ိဳက္လတ္တို႔ အဲဒီေလာက္ ေနရာေတြမွာ ေတာက္ေလွ်ာက္ လႈပ္ေနတာရွိတယ္။ ေနာက္ၿပီး တာခ်ီလိတ္ ဘက္မွာလည္း ရွိတယ္။ အဲဒါက ရွမ္းျပည္ နယ္ဘက္က ေသးေသးေလးေတြက အခုလည္းလႈပ္ေနတယ္။ သူကေတာ့ ေသးေသးနဲ႔မ်ားမ်ားလႈပ္တယ္။ ေဇာက္ ကလည္း အဲဒီေလာက္ပါပဲ တိမ္တိမ္ပဲ။ သို႔ေသာ္ အား မျပင္းဘူး။ သို႔ေသာ္ စစ္ကိုင္းျပတ္ေ႐ြ႕ႀကီးကေတာ့ အားျပင္းတယ္။ စစ္ကိုင္းျပတ္ေ႐ြ႕ႀကီးက ျဖစ္ေနတဲ့ အေနအထားႀကီးကေတာ့ ႀကီးလည္းႀကီးတယ္။ စစ္ကိုင္းျပတ္ေ႐ြ႕ႀကီးက အေပၚဆုံး အပိုင္းေပါ့။ အေပၚဆုံးအပိုင္းက ဘယ္လိုေျပာရမလဲဆိုေတာ့ စစ္ကိုင္းတိုင္းရဲ႕ အထက္ပိုင္းအေပၚဆုံး ျပတ္ေ႐ြ႕အပိုင္း ကလည္း (၁၉၄၆)ခုႏွစ္မွာ (၇ ဒသမ ၁)လႈပ္ခဲ့ဖူးတာရွိတယ္။ (၁၉၉၁)ခုႏွစ္မွာ (၆ ဒသမ ၉) လႈပ္ဖူးတာ ရွိတယ္။ မ်ား ေသာအားျဖင့္ကေတာ့ (၆ ဒသမ ၉) ၊ (၇) အထက္ေတြ လႈပ္တဲ့ဟာေတြ အကုန္လုံးကေတာ့ စစ္ကိုင္း ျပတ္ေ႐ြ႕ အေပၚမွာပဲလႈပ္တယ္။ က်န္တဲ့ ျပတ္ေ႐ြ႕ေတြကေတာ့ အမ်ားႀကီးပဲ။ ရခိုင္ျပည္နယ္ဘက္ မွာလည္းရွိတယ္။ ဧရာဝတီ တိုင္းထဲမွာလည္း ရွိတယ္။ ကရင္ျပည္နယ္၊ ကခ်င္ျပည္နယ္ဘက္ေတြမွာလည္း ရွိတယ္။ အဲဒါေတြကေတာ့ ေသးတယ္။ လႈပ္တဲ့ အေနအထားကလည္း ေသးတယ္။
ေမး - အခု စစ္ကိုင္းျပတ္ေ႐ြ႕က လႈပ္တဲ့ ငလ်င္ေတြထဲ အခု ေနာက္ဆုံးလႈပ္တဲ့ငလ်င္က တျခားလႈပ္ၿပီး ငလ်င္ေတြနဲ႔ မတူဘဲ ထူးျခားတာ ေတြ႕ရလားဆရာ။
ေျဖ - ကြၽန္ေတာ္တို႔က အရင္ (၁၈၃၀)၊ (၁၉၃၀) တုန္းက ကြၽန္ေတာ္တို႔ မမီလိုက္ဘူးေပါ့။ မွတ္တမ္းေရး ထားတာေတြပဲ ရွိတာေပါ့။ အခု (၂၀၂၅)မွာ လႈပ္တာကေတာ့ တကယ့္ကို နဖူးေတြ႕၊ ဒူးေတြ႕ကိုယ္တိုင္ ႀကဳံၾကရတယ္။ ငလ်င္ရဲ႕ ႀကီးမားတဲ့အေနအထားက နာဂစ္ႀကီးကို စေတြ႕လိုက္ရသလိုပဲေပါ့။ နာဂစ္က ေသးေသးေလးပါ ဘာမွမျဖစ္ပါဘူး ဆိုၿပီးေပါ့ ေနတဲ့ အေနအထားကေန ဝုန္းဒိုင္းႀကဲၿပီး တီးသြားေတာ့ အဲဒီက်မွ ဒီသဘာဝေဘးႀကီးက ႀကီးမွန္းသိတာ။ အခုလည္း အဲဒီလိုပဲ စစ္ကိုင္းျပတ္ေ႐ြ႕ႀကီးေပၚမွာ လႈပ္မယ္၊ လႈပ္မယ္ဆိုတာက ေျပာသာ ေျပာေနၾကတာ လူေတြက ကြၽန္ေတာ္တို႔ နဖူးေတြ႕၊ ဒူးေတြ႕ မႀကဳံခဲ့ဖူးဘူး။ မႀကဳံဖူးေတာ့ ငလ်င္ပညာရွင္ေတြ၊ ေကာ္မတီဝင္ေတြက ေျပာတာေပါ့။ ႏွစ္တစ္ရာမွာ ျပန္ၿပီးေတာ့လႈပ္မယ္ ျပန္လႈပ္မယ္ေပါ့။ ကြၽန္ေတာ္တို႔က (၆ ဒသမ ၈)တို႔ ဘာတို႔က လႈပ္ဖူးခဲ့တာ ေတြရွိတယ္။ ရွိခဲ့ဖူးတယ္ဆိုေတာ့ စိတ္ထဲမွာေပါ့ေပါ့ပဲေပါ့။ ကြၽန္ေတာ္ေျပာရမယ္ဆိုရင္ ေဆာက္လုပ္ေရးလုပ္တဲ့သူ ေတြကလည္း အထပ္ျမင့္ေတြ တျဖည္းျဖည္းနဲ႔ ေဆာက္ၾကတယ္။ ေဆာက္တဲ့တိုက္တာ အေဆာက္အအုံေတြ၊ အထပ္ျမင့္ ေတြကလည္း စိပ္လာတယ္။ စိပ္လာတဲ့အခါက်ေတာ့ အရင္တုန္းက အဲဒီေလာက္မဆိုးေပမယ့္ အခု နဖူးေတြ႕၊ ဒူးေတြ ႀကဳံလာေတာ့ တိုက္ေတြဘာေတြ ၿပိဳတာလည္း မ်ားသြားတယ္။ လူထိခိုက္ေသဆုံးတာ ေတြလည္း မ်ားသြားတယ္။ ဒါကြၽန္ေတာ္တို႔ မခန႔္မွန္းထားႏိုင္တဲ့ သဘာဝေဘးတစ္ခုက ဝုန္းဒိုင္းႀကဲၿပီး ေရာက္လာတာကို ေျပာရမယ္ဆိုရင္ မႀကဳံဖူး ဘူးေပါ့ဗ်ာ။ မႀကဳံဖူးေတာ့ အဲဒီလိုခံရတယ္ေပါ့။
ေမး - ငလ်င္လႈပ္ၿပီးေတာ့ ေျမႀကီးကေန ေရေတြ ပန္းထြက္တာတို႔ ျဖစ္တယ္ဆိုတဲ့ Video ေတြ ေတြ႕ရတယ္ ဆရာ။ အဲဒါက စိုးရိမ္ရလား ခင္ဗ်ာ။
ေျဖ - စိုးရိမ္စရာရွိလားဆိုေတာ့ ေျမေအာက္ေရကို စုထားၿပီး ျဖစ္လာတဲ့အေနအထားေပါ့။ ေၾကာက္ဖို႔ ေကာင္းတယ္။ ေရဝလာတဲ့ အခါက်ေတာ့ ဒီဟာေတြက ဒုကၡေပးလာတာေပါ့။ ေျမက ပုံမွန္ေျမသားထဲမွာကို ေပ်ာ့လာတယ္။ ေပ်ာ့လာ ၿပီးေတာ့ ျမန္မာလိုအေခၚ ဆိုရင္ေတာ့ ေျမေအာင္းေရတိုးလာတယ္လို႔ ေခၚပါတယ္။ ေျမေပ်ာ္တဲ့ အေနအထားေပါ့။ အတြင္းထဲမွာ ေျမကေပ်ာ္သြားတဲ့အေနအထား။ ေပ်ာ္သြားရင္ ေျမက ေပ်ာ့သြားတယ္။ ခုခံႏိုင္တဲ့စြမ္းအား ေလ်ာ့သြား တယ္။ ေၾကာက္ရတာက အခုဒီေမာဆိုးဘက္မွာ ဆိုရင္လည္း ေျမတြင္းေပါက္အႀကီးႀကီး ေပၚလာတယ္။ မ်ားေသာ အားျဖင့္ ထုံးေက်ာက္ေျမမ်ားတဲ့ေန ရာေတြမွာ ေပၚတတ္တယ္။ သို႔ေသာ္ အထက္ပိုင္းက သဲေျမမ်ားတဲ့ ေနရာေတြမွာ လည္း အဲဒီလိုမ်ိဳး ေပၚႏိုင္တဲ့ အေနအထားေတြရွိတယ္။ ေျမေအာင္းေရတိုးတဲ့ အေနအထားျဖစ္လာရင္ သဲေတြပန္း ထြက္တဲ့ အေနအထားရွိတယ္။ အေပၚယံေျမလႊာကိုလည္း စဥ္းစားဖို႔ လိုတယ္။ အေပၚယံေျမလႊာဘက္က ဖိထားတဲ့ ဖိအားေတြ။ ဖိထားတယ္ဆိုတာက ေဆာက္ထားတဲ့အ ေဆာက္အအုံေတြေပါ့ေနာ္။ အဲဒီဟာေတြကေတာ့ အင္ဂ်င္နီယာ ေတြ အေသးစိတ္တြက္ရမယ့္အေန အထားပါ ခင္ဗ်ာ။
ေမး - ဒီျဖစ္စဥ္ အပါအဝင္ေပါ့။ ငလ်င္ႀကီးအၿပီးမွာ ဘူမိဆိုင္ရာအႏၲရာယ္က ဘယ္လိုဟာမ်ိဳး လာႏိုင္ ေသးလဲ ခင္ဗ်ာ။
ေျဖ - အေရးႀကီးတာေတာ့ ေအာက္က ေျမေၾကာ၊ ေရေၾကာေတြ ေျပာင္းသြားတယ္ေပါ့။ ကြၽန္ေတာ္တို႔ ႏိုင္ငံက ရွင္ေနတဲ့ မီးေတာင္ရွိကိုမရွိတာေပါ့ေနာ္။ မရွိေတာ့ မီးေတာင္အေနနဲ႔ ပူစရာေတာ့မရွိဘူး။ သို႔ေသာ္ ေျမေၾကာေရေၾကာ ေျပာင္း သြားေတာ့ ေျမ ေအာက္ေရေၾကာ ေျပာင္းသြားႏိုင္တယ္။ ေျမေအာက္ မွာရွိတဲ့ ေက်ာက္လႊာေတြျပတ္သြားတာမ်ိဳး ျဖစ္ႏိုင္ တယ္။ အဓိကျဖစ္ႏိုင္တာေတာ့ ေျမကြၽံတာပဲ။ ေျမကြၽံ တာက ေပ (၁၀ဝ၊ ၂၀ဝဝ) ေလာက္ကို ကြၽံခ်င္လည္း ကြၽံမယ္။ အေပၚတင္ ေပ (၅၀၊ ၆၀)ေလာက္ ကြၽံခ်င္ လည္း ကြၽံမယ္။ အဘြားတစ္ေယာက္က ဝါးလုံးႀကီး ထည့္ၿပီး တိုင္းျပေနတဲ့ Video လည္း တက္လာတာေတြ႕တယ္။ အဲဒီလိုမ်ိဳး ပက္ၾကားအက္ႀကီးေတြရဲ႕ ေအာက္ဘက္မွာေကာ ဘယ္ေလာက္ အတိုင္းအတာ အထိ မာသလဲေပါ့ေနာ္။ အေပၚယံေျမကေကာ ဘယ္ ေလာက္ အေျခအေနရွိသလဲ။ ဥပမာ- ျမစ္ကမ္းနား နီးတဲ့ သဲေသာင္ယံလို၊ သဲႏုေျမမ်ားတဲ့ေနရာမ်ိဳး အဲဒီ လိုေနရာမ်ိဳးဆိုရင္ေတာ့ ေျမကြၽံသြားတဲ့ အေနအထား မ်ိဳးေတြ ျဖစ္ႏိုင္တယ္။
ေမး - အဲဒီလို သတိထားရမယ့္အပိုင္းက ငလ်င္ ဗဟိုခ်က္ရဲ႕ ဘယ္ေလာက္ပမာဏအတြင္း သတိထား ရမလဲခင္ဗ်ာ။
ေျဖ - စစ္ကိုင္းျပတ္ေ႐ြ႕ႀကီးရွိတဲ့ တစ္ေလွ်ာက္ကေတာ့ ဟိုး ကခ်င္ျပည္နယ္ကေန စတာေပါ့။ စစ္ကိုင္းတိုင္း အထက္ပိုင္း ကခ်င္ျပည္နယ္ကေနစၿပီးေတာ့ ကာမိုင္းတို႔ ဘာတို႔ကစတာေပါ့။ အဲဒီကေန ရန္ကုန္ အေရွ႕ ပဲခူး၊ ခရမ္း၊ သုံးခြ ကေန စၿပီးေတာ့ ပင္လယ္ထဲ ဆင္းတဲ့အထိ စစ္ကိုင္းျပတ္ေ႐ြ႕က ရွိတာကိုး။ စစ္ကိုင္းျပတ္ေ႐ြ႕တစ္ေလွ်ာက္ကေတာ့ အထူး သတိ ထားဖို႔လိုတယ္။ ခက္တာက ၿမိဳ႕ႀကီးေတာ္ေတာ္ မ်ားမ်ားက စစ္ကိုင္းျပတ္ေ႐ြ႕မွာ ျဖစ္ေနတယ္။ အဲဒီ ဟာကေတာ့ အရင္တုန္းကလည္း ေျပာဖူးပါတယ္။ ၿမိဳ႕ႀကီးေတြအကုန္လုံးကေတာ့ သတိထားရမယ့္ အေနအထား ျဖစ္တာေပါ့ေနာ္။
ေမး - ဘူမိေဗဒက စီးပြားေရးအေပၚ သက္ေရာက္မႈ ေပါ့ေနာ္။ ျမန္မာ့စီးပြားေရး တိုးတက္မႈအေပၚ ငလ်င္ကလည္း ၿခိမ္းေျခာက္မႈရွိေနတယ္လို႔ ေျပာလို႔ရမလား။
ေျဖ - သူက ေမ့ေနၿပီးေတာ့မွ တစ္ေခါက္တစ္ေခါက္ ထလာတဲ့သရဲႀကီးလိုပဲ စစ္ကိုင္းျပတ္ေ႐ြ႕ဆိုတာႀကီး က။ ကြၽန္ေတာ္ တို႔က စီးပြားေရးေတြေကာင္းၿပီး သယံဇာတေတြ ထြက္တယ္။ ျပည္တြင္း၊ ျပည္ပ ကုန္သြယ္မႈဆိုင္ရာေတြ တိုးတက္လာတယ္ဆိုၿပီး ျဖစ္ေနတဲ့ အခ်ိန္မွာ ဒါႀကီးက ဝုန္းဆို ႐ိုက္ခ်လိုက္တဲ့ ပုံစံမ်ိဳး ျဖစ္တာ။ လက္ရွိ ႏိုင္ငံေရး အေျခ အေနကေတာ့ ႏိုင္ငံေရးမတည္ၿငိမ္တဲ့အေျခအေနျဖစ္ေနတဲ့အခါ က်ေတာ့ အခက္အခဲေတြအမ်ားႀကီး ျဖစ္တာေပါ့။ ပိုၿပီး ျဖစ္တာေပါ့။ တကယ္လို႔ တိုင္းျပည္က ၿငိမ္ေနၿပီး စီးပြားေရးေကာင္းေနတုန္း ျဖစ္ရင္လည္း တစ္ခါတည္း ဂုတ္ခ်ိဳးခ် လိုက္သလို ျဖစ္တတ္တာေပါ့။ ထိုင္းႏိုင္ငံတို႔ ဘာတို႔က်ေတာ့ အခုလိုစစ္ကိုင္း ျပတ္ ေ႐ြ႕မရွိျပန္ဘူး။ ဂ်ပန္ဆိုရင္လည္း မီးေတာင္ဆိုတဲ့အေၾကာင္းအရင္းေၾကာင့္ ငလ်င္လႈပ္တာမ်ားတယ္။ အခုလို စစ္ကိုင္း ျပတ္ေ႐ြ႕ဆိုတဲ့ဟာမ်ိဳးႀကီး ေျမႀကီးထဲ ငုပ္ေနၿပီးေတာ့ တစ္ခ်ိန္တစ္ခ်ိန္က်မွ ထိုးထြက္လာ တတ္တဲ့ ေၾကာက္စရာေကာင္းတဲ့ ဟာမ်ိဳးႀကီး မရွိဘူး။ ျမန္မာျပည္ကေတာ့ အဲဒါႀကီးရွိေနတဲ့အတြက္ ေနာက္ စီးပြားေရးအတြက္ အေဆာက္အအုံေတြ ေဆာက္တာ၊ ၿမိဳ႕ေတြ တည္တာ လုပ္ၾကၿပီ ဆိုရင္ စစ္ကိုင္းျပတ္ေ႐ြ႕နဲ႔ ေဝးရာမွာ တည္တာ အေကာင္းဆုံးပဲ။
ေမး - ဒီငလ်င္ေၾကာင့္ လူေတြရဲ႕ငလ်င္နဲ႔ ပတ္သက္လို႔ သတိပိုထားသြားမယ္ထင္လားဆရာ။
ေျဖ - ကြၽန္ေတာ္တို႔လူမ်ိဳးက ေခါင္းမာတယ္ဗ်။ စီးပြားေရးအခ်က္အခ်ာက်တဲ့ေနရာက ေတာ္႐ုံတန္႐ုံ မခြာခ်င္ဘူး။ ထိခါမွသာထိေရာ။ အခုပဲၾကည့္ မႏၲေလးဆိုရင္ Sky Villa လို ဟာမ်ိဳး ကြန္ဒိုႀကီးေတြ ေဆာက္တယ္။ ေနာက္အထပ္ ျမင့္အေဆာက္အအုံေတြ ေဆာက္တယ္။ လုပ္မွာပဲ လုပ္ေနၾကမွာပဲ။ အဲဒီ ေနရာက စီးပြားေရး အခ်က္အခ်ာက်တာကိုး။ ေနာက္ ႏွစ္ငါးဆယ္၊ ႏွစ္တစ္ရာ အဲဒီေလာက္မွာ ျဖစ္ကာမွ ျဖစ္ေရာ ဒီေနရာေတြမွာ စီးပြားေရးလုပ္မယ့္ အပိုင္း ေတြ၊ တည္ေဆာက္ေရးလုပ္မယ့္အပိုင္းေတြ ကေတာ့ လုပ္ေနမယ္လို႔ပဲ ျမင္တယ္။
ေမး - ေနာက္ဆုံး ေမးခြန္းပါ ဆရာ။ ငလ်င္ဒဏ္ကို အႀကီးအက်ယ္ခံခဲ့ရတဲ့ ၿမိဳ႕ေတြက ဘာေတြကို သတိထားဖို႔လိုပါမလဲ ဆရာ။ အစိုးရဘက္ကေကာ ဘာေတြလုပ္ဖို႔လိုမယ္ ထင္ပါသလဲ ဆရာ။
ေျဖ - မႏၲေလး၊ စစ္ကိုင္း၊ ေနျပည္ေတာ္၊ ရမည္းသင္း၊ ေပ်ာ္ဘြယ္၊ ဝမ္းတြင္း၊ မိတၳီလာ စသည္ျဖင့္ေပါ့ေနာ္။ ဒီၿမိဳ႕ႀကီး ေတြမွာ အရင္ဆုံး နံပါတ္တစ္ ျဖစ္သြားတာက စိုးရိမ္ေၾကာင့္ၾကစိတ္ႀကီးသြားတယ္။ စိတ္ပိုင္းဆိုင္ရာ ျမင့္တက္လာေအာင္ က်န္းမာေရးအေျခအေန ျပန္လုပ္ေပးဖို႔လိုတယ္။ စိတ္ပိုင္းဆိုင္ရာ ျမႇင့္တင္ေပးဖို႔ လိုတယ္။ ျပန္လည္ထူေထာင္ေရး အပိုင္းမွာေတာ့ အစိုးရကေနၿပီးေတာ့ ႏိုင္သေလာက္လုပ္ေပးရမွာေပါ့။ ႏိုင္ငံတကာ အကူအညီ ေခၚရင္လည္း ေခၚမယ္ ေပါ့။ အဲဒီလို ျပန္လည္ထူေထာင္ေရးနဲ႔ စိတ္က်န္း မာေရး ႏွစ္ပိုင္းပဲရွိပါတယ္။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။
(သုတေက်ာ္ ေမးျမန္းသည္)

Related news

© 2021. All rights reserved.