မန္တလေးငလျင်ကြီးအပြီး နောက်ဆက်တွဲငလျင် (၁၁၀) ကျော်လာ

897

Pearl (NP News) - ဧပြီ ၁၀
မန္တလေးငလျင်ကြီးအပြီး ယနေ့ အထိ လှုပ်ခတ်ခဲ့သော နောက်ဆက်တွဲငလျင် (၁၁၀) ကျော်လာပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဧပြီ ၁၀ရက်)တွင် ထုတ်ပြန်ထားသည်။
ယနေ့ (ဧပြီလ ၁၀ရက်)၊ နံနက် (၉)နာရီ ၊ (၂၃) မိနစ်တွင် တောင်ငူမြို့၏ တောင် - အနောက်တောင် (၁၀)မိုင်ခန့်အကွာတွင် အင်အားရစ်ချက်တာစကေး (၃ဒဿမ၄)ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဧပြီလ (၉)ရက်ကလည်း မန္တလေးမြို့၏ အနောက်မြောက် (၇)မိုင်ခန့်အကွာတွင် အင်အားရစ်ချက်တာစကေး (၃ဒဿမ၁)ရှိ ငလျင်တစ်ခု ၊ မန္တလေးမြို့၏ အနောက်မြောက် (၇)မိုင်ခန့်အကွာတွင် အင်အားရစ်ချက်တာစကေး (၃ဒဿမ၆)ရှိ ငလျင်တစ်ခု ၊ စဉ့်ကူမြို့၏ အရှေ့ဘက် (၁၄)မိုင်ခန့် တွင် အင်အားရစ်ချက်တာစကေး (၄ဒဿမ၀)ရှိ ငလျင်တစ်ခု၊ စဉ့်ကူမြို့၏ မြောက်- အရှေ့မြောက် (၃)မိုင်ခန့်တွင် အင်အားရစ်ချက်တာစကေး (၄ဒဿမ၄)ရှိ ငလျင်တစ်ခု နှင့် မြစ်သားမြို့၏ အရှေ့တောင်ဘက် (၃)မိုင်ခန့်တွင် အင်အားရစ်ချက်တာစကေး (၃ဒဿမ၆)ရှိ ငလျင်တစ်ခုတို့ အသီးသီး လှုပ်ခတ် ခဲ့ကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားသည်။
(၇ဒဿမ၇)အင်အားရှိသော မန္တလေးငလျင်ကြီးအပါအဝင် နောက်ဆက်တွဲ ငလျင်အကြိမ်ရေ (၁၁၃)ကြိမ်ရှိလာ ပြီဖြစ်ပြီး လက်ရှိတွင် မန္တလေးငလျင်ကြီးကြောင့် သေဆုံး(၃၆၄၉)ဦး၊ ထိခိုက်ဒဏ်ရာရသူ (၅၀၁၈)ဦး နှင့် ပျောက်ဆုံး(၁၄၅)ဦးအထိရှိလာပြီဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
မႏၲေလးငလ်င္ႀကီးအၿပီး ေနာက္ဆက္တြဲငလ်င္ (၁၁၀) ေက်ာ္လာ
Pearl (NP News) - ဧၿပီ ၁၀
မႏၲေလးငလ်င္ႀကီးအၿပီး ယေန႔ အထိ လႈပ္ခတ္ခဲ့ေသာ ေနာက္ဆက္တြဲငလ်င္ (၁၁၀) ေက်ာ္လာၿပီျဖစ္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔ (ဧၿပီ ၁၀ရက္)တြင္ ထုတ္ျပန္ထားသည္။
ယေန႔ (ဧၿပီလ ၁၀ရက္)၊ နံနက္ (၉)နာရီ ၊ (၂၃) မိနစ္တြင္ ေတာင္ငူၿမိဳ႕၏ ေတာင္ - အေနာက္ေတာင္ (၁၀)မိုင္ခန႔္အကြာတြင္ အင္အားရစ္ခ်က္တာစေကး (၃ဒႆမ၄)ရွိ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ဧၿပီလ (၉)ရက္ကလည္း မႏၲေလးၿမိဳ႕၏ အေနာက္ေျမာက္ (၇)မိုင္ခန႔္အကြာတြင္ အင္အားရစ္ခ်က္တာစေကး (၃ဒႆမ၁)ရွိ ငလ်င္တစ္ခု ၊ မႏၲေလးၿမိဳ႕၏ အေနာက္ေျမာက္ (၇)မိုင္ခန႔္အကြာတြင္ အင္အားရစ္ခ်က္တာစေကး (၃ဒႆမ၆)ရွိ ငလ်င္တစ္ခု ၊ စဥ့္ကူၿမိဳ႕၏ အေရွ႕ဘက္ (၁၄)မိုင္ခန႔္ တြင္ အင္အားရစ္ခ်က္တာစေကး (၄ဒႆမ၀)ရွိ ငလ်င္တစ္ခု၊ စဥ့္ကူၿမိဳ႕၏ ေျမာက္- အေရွ႕ေျမာက္ (၃)မိုင္ခန႔္တြင္ အင္အားရစ္ခ်က္တာစေကး (၄ဒႆမ၄)ရွိ ငလ်င္တစ္ခု ႏွင့္ ျမစ္သားၿမိဳ႕၏ အေရွ႕ေတာင္ဘက္ (၃)မိုင္ခန႔္တြင္ အင္အားရစ္ခ်က္တာစေကး (၃ဒႆမ၆)ရွိ ငလ်င္တစ္ခုတို႔ အသီးသီး လႈပ္ခတ္ ခဲ့ေၾကာင္းလည္း မိုးဇလက ထုတ္ျပန္ထားသည္။
(၇ဒႆမ၇)အင္အားရွိေသာ မႏၲေလးငလ်င္ႀကီးအပါအဝင္ ေနာက္ဆက္တြဲ ငလ်င္အႀကိမ္ေရ (၁၁၃)ႀကိမ္ရွိလာ ၿပီျဖစ္ၿပီး လက္ရွိတြင္ မႏၲေလးငလ်င္ႀကီးေၾကာင့္ ေသဆုံး(၃၆၄၉)ဦး၊ ထိခိုက္ဒဏ္ရာရသူ (၅၀၁၈)ဦး ႏွင့္ ေပ်ာက္ဆုံး(၁၄၅)ဦးအထိရွိလာၿပီျဖစ္ေၾကာင္းလည္း သိရသည္။