တစ်ရက်တည်းတွင် အင်အား ၅.၀ ရစ်(ခ်)တာစကေး အပါအဝင် ငလျင် (၅) ကြိမ်ထက်မနည်း လှုပ်ခတ်

4773

Pearl (NP News) - ဧပြီ ၁၁
တစ်ရက်တည်းတွင် အင်အား ၅.၀ ရစ်(ခ်)တာစကေး အပါအဝင် ငလျင် (၅) ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ (ဧပြီ ၁၁ရက်)၊ ညနေ (၃)နာရီ (၂၀)မိနစ်ခန့်က တပ်ကုန်းမြို့၏ အနောက်- အနောက်တောင်ဘက် (၉)မိုင်ခန့်အကွာတွင် အင်အား ၄.၀ ရစ်(ခ်)တာစကေး ရှိ ငလျင်တစ်ခု နှင့် နေ့လည် (၁၁)နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၃) မိုင်ခန့်အကွာတွင် အင်အား ၄.၉ ရစ်(ခ်)တာစကေး ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အလားတူ မနက် မနက် (၈)နာရီ၊ (၄၃) မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၉) မိုင်ခန့်အကွာတွင် အင်အား ၃.၀ ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခု ၊ နေ့လည် (၁၁)နာရီခန့်က ဝမ်းတွင်းမြို့၏ အရှေ့တောင်ဘက် (၅) မိုင်ခန့် အကွာ၌ အင်အား ၅.၀ ရစ်(ခ်)တာစကေး ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် မနက် (၉)နာရီခန့်ကလည်း တောင်ငူမြို့၏ အနောက်-အနောက်မြောက်ဘက် (၁၃) မိုင်ခန့်အကွာ၌
အင်အား ၄.၃ ရစ်(ခ်)တာစကေး ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် အင်အား၇ဒဿမ၇ ရစ်(ခ်)တာစကေး ရှိသော မန္တလေးငလျင်ကြီးအပါအဝင် နောက်ဆက်တွဲ ငလျင်အကြိမ်ရေ (၁၁၉)ကြိမ်ရှိလာ ပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version:
တစ္ရက္တည္းတြင္ အင္အား ၅.၀ ရစ္(ခ္)တာစေကး အပါအဝင္ ငလ်င္ (၅) ႀကိမ္ထက္မနည္း လႈပ္ခတ္
Pearl (NP News) - ဧၿပီ ၁၁
တစ္ရက္တည္းတြင္ အင္အား ၅.၀ ရစ္(ခ္)တာစေကး အပါအဝင္ ငလ်င္ (၅) ႀကိမ္ထက္မနည္း လႈပ္ခတ္ခဲ့ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယေန႔ (ဧၿပီ ၁၁ရက္)၊ ညေန (၃)နာရီ (၂၀)မိနစ္ခန႔္က တပ္ကုန္းၿမိဳ႕၏ အေနာက္- အေနာက္ေတာင္ဘက္ (၉)မိုင္ခန႔္အကြာတြင္ အင္အား ၄.၀ ရစ္(ခ္)တာစေကး ရွိ ငလ်င္တစ္ခု ႏွင့္ ေန႔လည္ (၁၁)နာရီခြဲခန႔္က မႏၲေလးတိုင္းေဒသႀကီး၊ မလႈိင္ၿမိဳ႕၏ အေရွ႕-အေရွ႕ေတာင္ဘက္ (၃) မိုင္ခန႔္အကြာတြင္ အင္အား ၄.၉ ရစ္(ခ္)တာစေကး ရွိ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့ေၾကာင္း သိရသည္။
အလားတူ မနက္ မနက္ (၈)နာရီ၊ (၄၃) မိနစ္ခန႔္က မႏၲေလးတိုင္းေဒသႀကီး၊ ဝမ္းတြင္းၿမိဳ႕၏ အေရွ႕-အေရွ႕ေျမာက္ဘက္ (၉) မိုင္ခန႔္အကြာတြင္ အင္အား ၃.၀ ရစ္(ခ္)တာစေကးရွိ ငလ်င္တစ္ခု ၊ ေန႔လည္ (၁၁)နာရီခန႔္က ဝမ္းတြင္းၿမိဳ႕၏ အေရွ႕ေတာင္ဘက္ (၅) မိုင္ခန႔္ အကြာ၌ အင္အား ၅.၀ ရစ္(ခ္)တာစေကး ရွိ ငလ်င္ တစ္ခု လႈပ္ခတ္ခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ မနက္ (၉)နာရီခန႔္ကလည္း ေတာင္ငူၿမိဳ႕၏ အေနာက္-အေနာက္ေျမာက္ဘက္ (၁၃) မိုင္ခန႔္အကြာ၌
အင္အား ၄.၃ ရစ္(ခ္)တာစေကး ရွိ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့ေၾကာင္းလည္း သိရသည္။
လက္ရွိတြင္ အင္အား၇ဒႆမ၇ ရစ္(ခ္)တာစေကး ရွိေသာ မႏၲေလးငလ်င္ႀကီးအပါအဝင္ ေနာက္ဆက္တြဲ ငလ်င္အႀကိမ္ေရ (၁၁၉)ႀကိမ္ရွိလာ ၿပီျဖစ္ေၾကာင္း သိရသည္။