အမေရိကန်က ရုရှား-ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ ထွက်ခွာသွားနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော

 647

Pika (NP News) - ဧပြီ ၂ဝ

ရုရှားနဲ့ယူကရိန်းတို့ဟာ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ ယုံကြည်မှုတွေရှိလာခဲ့မယ်ဆိုရင် အမေရိကန်ဟာ ယူကရိန်းပဋိပက္ခအတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းချက်တွေကိုရှာဖွေဖို့ ကြိုးပမ်းမှုတွေကို စွန့်လွှတ်သွားနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက အကြံပြုပြောဆိုခဲ့ပါတယ်။

ယူကရိန်းပဋိပက္ခနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေဟာ အပြုသဘောဆောင်ပြီး အထောက်အကူဖြစ်စေပေမယ့် လည်း နှစ်နိုင်ငံစလုံးက ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် လုပ်ဆောင်နိုင်တာမျိုး ရှိ/မရှိဆိုတာကို အမေရိကန်က စောင့်ကြည့်နေဆဲဖြစ်တယ်လို့ မာကိုရူဘီအိုကပြောကြားခဲ့ပါတယ်။
ဒါ့ပြင် လက်ရှိလုပ်ဆောင်နေတဲ့ဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ သတင်းထောက်တွေရဲ့ တောင်းဆိုမှု တွေကို မာကိုရူဘီအိုက ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ရုရှားနဲ့ယူကရိန်းကြား ကွဲပြားခြားနားမှုတွေ ရှိနိုင်တယ်လို့ မာကိုရူဘီအိုကပြောဆိုခဲ့ပြီး ရုရှား-ယူကရိန်းပဋိပက္ခဟာ အချိန်(၁၂)နာရီ အတွင်း ပြီးဆုံးနိုင်တယ်လို့ ဘယ်သူကမှ ပြောနိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်ဟာ ရုရှားနဲ့ယူကရိန်းကြား ကွဲပြားခြားနားမှုတွေ ညီမျှတာကို တွေ့မြင်လိုပြီး အချိန်အတိုင်း အတာတစ်ခုအတွင်း အဲဒီပန်းတိုင်ကို ရရှိတာကို တွေ့မြင်လိုတယ်လို့ မာကိုရူဘီအိုက ထပ်မံပြောကြားခဲ့ပါတယ်။ ၎င်းက ”ရုရှားနဲ့ယူကရိန်းတို့က စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ ယုံကြည်ခဲ့မယ်ဆိုရင် အမေရိကန်က ငြိမ်းချမ်းတဲ့ဖြေရှင်းချက်တွေကိုရှာဖွေဖို့ ကြိုးပမ်းတာတွေကို စွန့်လွှတ်သွားနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္က ႐ုရွား-ယူကရိန္းၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကေန ထြက္ခြာသြားႏိုင္တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးေျပာ
Pika (NP News) - ဧၿပီ ၂ဝ

႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ေစ့စပ္ညႇိႏႈိင္းမႈေတြ လုပ္ေဆာင္ႏိုင္စြမ္းမရွိဘူးလို႔ ယုံၾကည္မႈေတြရွိလာခဲ့မယ္ဆိုရင္ အေမရိကန္ဟာ ယူကရိန္းပဋိပကၡအတြက္ ၿငိမ္းခ်မ္းတဲ့ေျဖရွင္းခ်က္ေတြကိုရွာေဖြဖို႔ ႀကိဳးပမ္းမႈေတြကို စြန႔္လႊတ္သြားႏိုင္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက အႀကံျပဳေျပာဆိုခဲ့ပါတယ္။

ယူကရိန္းပဋိပကၡနဲ႔ပတ္သက္တဲ့ေဆြးေႏြးပြဲေတြဟာ အျပဳသေဘာေဆာင္ၿပီး အေထာက္အကူျဖစ္ေစေပမယ့္ လည္း ႏွစ္ႏိုင္ငံစလုံးက ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္အတြက္ လုပ္ေဆာင္ႏိုင္တာမ်ိဳး ရွိ/မရွိဆိုတာကို အေမရိကန္က ေစာင့္ၾကည့္ေနဆဲျဖစ္တယ္လို႔ မာကို႐ူဘီအိုကေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ လက္ရွိလုပ္ေဆာင္ေနတဲ့ေဆြးေႏြးပြဲေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ သတင္းေထာက္ေတြရဲ႕ ေတာင္းဆိုမႈ ေတြကို မာကို႐ူဘီအိုက ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ႐ုရွားနဲ႔ယူကရိန္းၾကား ကြဲျပားျခားနားမႈေတြ ရွိႏိုင္တယ္လို႔ မာကို႐ူဘီအိုကေျပာဆိုခဲ့ၿပီး ႐ုရွား-ယူကရိန္းပဋိပကၡဟာ အခ်ိန္(၁၂)နာရီ အတြင္း ၿပီးဆုံးႏိုင္တယ္လို႔ ဘယ္သူကမွ ေျပာႏိုင္မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္ဟာ ႐ုရွားနဲ႔ယူကရိန္းၾကား ကြဲျပားျခားနားမႈေတြ ညီမွ်တာကို ေတြ႕ျမင္လိုၿပီး အခ်ိန္အတိုင္း အတာတစ္ခုအတြင္း အဲဒီပန္းတိုင္ကို ရရွိတာကို ေတြ႕ျမင္လိုတယ္လို႔ မာကို႐ူဘီအိုက ထပ္မံေျပာၾကားခဲ့ပါတယ္။ ၎က ”႐ုရွားနဲ႔ယူကရိန္းတို႔က ေစ့စပ္ညႇိႏႈိင္းမႈေတြ လုပ္ေဆာင္ႏိုင္စြမ္းမရွိဘူးလို႔ ယုံၾကည္ခဲ့မယ္ဆိုရင္ အေမရိကန္က ၿငိမ္းခ်မ္းတဲ့ေျဖရွင္းခ်က္ေတြကိုရွာေဖြဖို႔ ႀကိဳးပမ္းတာေတြကို စြန႔္လႊတ္သြားႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.