ယူကရိန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ယာယီရပ်နားထားမယ်လို့ ရုရှားသမ္မတပြော

564

ဂျန်ဇက် (NP News) - ဧပြီ ၂ဝ
ရုရှားသမ္မတ ပူတင်က ယူကရိန်းအပေါ် တိုက်ခိုက်မှုတွေကို ယာယီအပစ်ခတ်ရပ်စဲထားမယ်လို့ ကြေညာလိုက် ပါတယ်။ ရုရှားသမ္မတပူတင်က ယူကရိန်းအပေါ် တိုက်ခိုက်မှုတွေကို ဧပြီ ၁၉ ရက်က ဧပြီ ၂၁ ရက် ညပိုင်းအထိ ရပ်နားထားမယ်လို့ ဆိုပါတယ်။
ရုရှားသမ္မတဟာ မော်စကိုမြို့မှာ ရုရှားဗိုလ်ချုပ်ကြီး ဗာလယ်ရီဂျီရက်စီမော့ဗ်နဲ့တွေ့ဆုံဆွေးနွေးပြီးနောက် အခုလိုမျိုးကြေညာခဲ့တာဖြစ်ပါတယ်။ ရုရှားသမ္မတပူတင်က "လက်ရှိအချိန်မှာ ကျွန်တော်တို့တပ်ဖွဲ့တွေဟာ ထိုးစစ်ဆင်မှာမဟုတ်ဘဲ ယူကရိန်းတပ်ဖွဲ့တွေရဲ့ကျူးကျော်ရန်စမှုတွေနဲ့ ချိုးဖောက်မှုတွေကိုတုံ့ပြန်ဖို့သာ ပြင်ဆင် သွားမယ်။ ယာယီအပစ်ခတ်ရပ်စဲထားချိန်အတွင်း ယူကရိန်းရဲ့ဆောင်ရွက်ချက်တွေဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးစေ့စပ်ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ဆန္ဒရှိမရှိဆိုတာကို ဆုံးဖြတ်မှာဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်ရဲ့ကြားဝင်စေ့စပ်ပေးမှုနဲ့ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦးတွေကို ရက်ပေါင်း ၃၀ ကြာ မတိုက်ခိုက်ဖို့ သဘောတူညီခဲ့ပေမယ့် အပြန်အလှန်စွပ်စွဲမှုတွေနဲ့ပျက်စီးခဲ့ပါတယ်။ ရုရှားသမ္မတပူတင်က "ယူကရိန်းအစိုးရဟာ စွမ်းအင်အခြေခံအဆောက်အအုံဆိုင်ရာတိုက်ခိုက်မှုရပ်တန့်ရေးကို အကြိမ်တစ်ရာကျော် ချိုးဖောက်ခဲ့တယ်။ ဒါကြောင့် အီစတာပွဲတော်နဲ့ပတ်သက်ပြီး ယူကရိန်းနိုင်ငံအပေါ် တိုက်ခိုက်မှုတွေ ယာယီရပ်တန့်ထားမှာဖြစ်ပေမယ့် ယူကရိန်းဘက်က ချိုးဖောက်ပြီးတိုက်ခိုက်လာမယ်ဆိုရင် အင်အားအလုံးရင်းနဲ့တုံ့ပြန်တိုက်ခိုက်ဖို့ ရုရှားစစ်ဘက်ခေါင်းဆောင်ကို အမိန့်ပေးထားတယ်" လို့ပြောပါတယ်။
ရုရှားသမ္မတက ယာယီအပစ်ခတ်ရပ်စဲထားမယ်လို့ပြောဆိုထားပေမယ့် ယူကရိန်းဘက်ကတော့ တစ်စုံတရာ တုံ့ပြန်တာမျိုးမရှိသေးရာ ရုရှားရဲ့ယာယီအပစ်ခတ်ရပ်စဲရေးကို ငြင်းဆန်ပယ်ချဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံတို့ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးအတွက် မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်တာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version:
ယူကရိန္းကို ထိုးစစ္ဆင္တိုက္ခိုက္မႈေတြ ယာယီရပ္နားထားမယ္လို႔ ႐ုရွားသမၼတေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၂ဝ
႐ုရွားသမၼတ ပူတင္က ယူကရိန္းအေပၚ တိုက္ခိုက္မႈေတြကို ယာယီအပစ္ခတ္ရပ္စဲထားမယ္လို႔ ေၾကညာလိုက္ ပါတယ္။ ႐ုရွားသမၼတပူတင္က ယူကရိန္းအေပၚ တိုက္ခိုက္မႈေတြကို ဧၿပီ ၁၉ ရက္က ဧၿပီ ၂၁ ရက္ ညပိုင္းအထိ ရပ္နားထားမယ္လို႔ ဆိုပါတယ္။
႐ုရွားသမၼတဟာ ေမာ္စကိုၿမိဳ႕မွာ ႐ုရွားဗိုလ္ခ်ဳပ္ႀကီး ဗာလယ္ရီဂ်ီရက္စီေမာ့ဗ္နဲ႔ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ အခုလိုမ်ိဳးေၾကညာခဲ့တာျဖစ္ပါတယ္။ ႐ုရွားသမၼတပူတင္က "လက္ရွိအခ်ိန္မွာ ကြၽန္ေတာ္တို႔တပ္ဖြဲ႕ေတြဟာ ထိုးစစ္ဆင္မွာမဟုတ္ဘဲ ယူကရိန္းတပ္ဖြဲ႕ေတြရဲ႕က်ဴးေက်ာ္ရန္စမႈေတြနဲ႔ ခ်ိဳးေဖာက္မႈေတြကိုတုံ႔ျပန္ဖို႔သာ ျပင္ဆင္ သြားမယ္။ ယာယီအပစ္ခတ္ရပ္စဲထားခ်ိန္အတြင္း ယူကရိန္းရဲ႕ေဆာင္႐ြက္ခ်က္ေတြဟာ ယူကရိန္းစစ္ပြဲ အဆုံးသတ္ေရးေစ့စပ္ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ဆႏၵရွိမရွိဆိုတာကို ဆုံးျဖတ္မွာျဖစ္တယ္လို႔ သိရပါတယ္။
အေမရိကန္ရဲ႕ၾကားဝင္ေစ့စပ္ေပးမႈနဲ႔ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား စြမ္းအင္ဆိုင္ရာ အေျခခံအေဆာက္အဦးေတြကို ရက္ေပါင္း ၃၀ ၾကာ မတိုက္ခိုက္ဖို႔ သေဘာတူညီခဲ့ေပမယ့္ အျပန္အလွန္စြပ္စြဲမႈေတြနဲ႔ပ်က္စီးခဲ့ပါတယ္။ ႐ုရွားသမၼတပူတင္က "ယူကရိန္းအစိုးရဟာ စြမ္းအင္အေျခခံအေဆာက္အအုံဆိုင္ရာတိုက္ခိုက္မႈရပ္တန႔္ေရးကို အႀကိမ္တစ္ရာေက်ာ္ ခ်ိဳးေဖာက္ခဲ့တယ္။ ဒါေၾကာင့္ အီစတာပြဲေတာ္နဲ႔ပတ္သက္ၿပီး ယူကရိန္းႏိုင္ငံအေပၚ တိုက္ခိုက္မႈေတြ ယာယီရပ္တန႔္ထားမွာျဖစ္ေပမယ့္ ယူကရိန္းဘက္က ခ်ိဳးေဖာက္ၿပီးတိုက္ခိုက္လာမယ္ဆိုရင္ အင္အားအလုံးရင္းနဲ႔တုံ႔ျပန္တိုက္ခိုက္ဖို႔ ႐ုရွားစစ္ဘက္ေခါင္းေဆာင္ကို အမိန႔္ေပးထားတယ္" လို႔ေျပာပါတယ္။
႐ုရွားသမၼတက ယာယီအပစ္ခတ္ရပ္စဲထားမယ္လို႔ေျပာဆိုထားေပမယ့္ ယူကရိန္းဘက္ကေတာ့ တစ္စုံတရာ တုံ႔ျပန္တာမ်ိဳးမရွိေသးရာ ႐ုရွားရဲ႕ယာယီအပစ္ခတ္ရပ္စဲေရးကို ျငင္းဆန္ပယ္ခ်ဖြယ္ရွိတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံတို႔ဟာ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ စစ္ပြဲ စတင္ျဖစ္ပြားခဲ့ၿပီး လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရးအတြက္ မ်က္ႏွာခ်င္းဆိုင္ ေဆြးေႏြးႏိုင္တာမ်ိဳးမရွိေသးဘူးလို႔ သိရပါတယ္။