စင်ကာပူ၊ Star Vista Mall မှာ အမြင့်မှ အပြင်ဘက်နံရံမှန်ချပ်များ ပြုတ်ကျလာခဲ့ခြင်းကြောင့် လမ်းသွားလမ်းလာ လူ ၆ ဦး ဒဏ်ရာရ

3852
ရောင်နီ (NP News) - ဧပြီ ၂၁
စင်ကာပူမှာ ဧပြီလ ၂၀ ရက် မနက် အီစတာ တနင်္ဂနွေက Buona Vista မှာရှိတဲ့ The Star Vista ကုန်တိုက်ရဲ့ အပြင် နံရံမှန်ချပ်ကြီး မတော်တဆပြုတ်ကျခဲ့ခြင်းကြောင့် လူ ၆ ဦး ဒဏ်ရာရကာ လူလေးဦး ဆေးရုံတင်ခဲ့ရပါတယ်။
အဖြစ်အပျက်ဟာ တနင်္ဂနွေနေ့၊ နံနက် ၁၁ နာရီ ၃ဝ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကုန်တိုက် ရဲ့ ၃ ထပ်မြောက်မှ နံရံ မှန်မျက်နှာစာ အကန့်တစ်ခု ပြုတ်ကျ ကွဲကြေသွားခဲ့တာဖြစ်ပြီး ဈေးဝယ်သူ ခြောက်ဦး အသက်အန္တရာယ်မစိုးရိမ်ရတဲ့ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရရှိသူ အချို့ကို ရှေးဦးသူနာပြုနည်းနဲ့ ကုသမှုပေးခဲ့ပြီး ကြိုတင်ကာကွယ်မှုအနေနဲ့ အခင်းဖြစ်ရာ နေရာကို ပိတ်ဆို့ကာ နောက်ထပ်ဘေးကင်းရေး အတားအဆီးတွေ တပ်ဆင်ထားရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါကုန်တိုက်ရဲ့ပိုင်ရှင်ဟာ New Creation Church ဖြစ်ပြီး အခင်းဖြစ်ချိန်က ကူညီကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။
Zawgyi Version:
စင္ကာပူ၊ Star Vista Mall မွာ အျမင့္မွ အျပင္ဘက္နံရံမွန္ခ်ပ္မ်ား ျပဳတ္က်လာခဲ့ျခင္းေၾကာင့္ လမ္းသြားလမ္းလာ လူ ၆ ဦး ဒဏ္ရာရ
ေရာင္နီ (NP News) - ဧၿပီ ၂၁
စင္ကာပူမွာ ဧၿပီလ ၂၀ ရက္ မနက္ အီစတာ တနဂၤေႏြက Buona Vista မွာရွိတဲ့ The Star Vista ကုန္တိုက္ရဲ႕ အျပင္ နံရံမွန္ခ်ပ္ႀကီး မေတာ္တဆျပဳတ္က်ခဲ့ျခင္းေၾကာင့္ လူ ၆ ဦး ဒဏ္ရာရကာ လူေလးဦး ေဆး႐ုံတင္ခဲ့ရပါတယ္။
အျဖစ္အပ်က္ဟာ တနဂၤေႏြေန႔၊ နံနက္ ၁၁ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ ကုန္တိုက္ ရဲ႕ ၃ ထပ္ေျမာက္မွ နံရံ မွန္မ်က္ႏွာစာ အကန႔္တစ္ခု ျပဳတ္က် ကြဲေၾကသြားခဲ့တာျဖစ္ၿပီး ေဈးဝယ္သူ ေျခာက္ဦး အသက္အႏၲရာယ္မစိုးရိမ္ရတဲ့ဒဏ္ရာေတြ ရရွိခဲ့တာျဖစ္ပါတယ္။ ဒဏ္ရာရရွိသူ အခ်ိဳ႕ကို ေရွးဦးသူနာျပဳနည္းနဲ႔ ကုသမႈေပးခဲ့ၿပီး ႀကိဳတင္ကာကြယ္မႈအေနနဲ႔ အခင္းျဖစ္ရာ ေနရာကို ပိတ္ဆို႔ကာ ေနာက္ထပ္ေဘးကင္းေရး အတားအဆီးေတြ တပ္ဆင္ထားရွိခဲ့တယ္လို႔ သိရပါတယ္။
အဆိုပါကုန္တိုက္ရဲ႕ပိုင္ရွင္ဟာ New Creation Church ျဖစ္ၿပီး အခင္းျဖစ္ခ်ိန္က ကူညီကယ္ဆယ္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။