လခြမ်းမပါတဲ့ မလေးရှားအလံကို ပြသတဲ့ဗီဒီယိုအတွက် စင်ကာပူကုမ္ပဏီ တောင်းပန်ရ

108

ရောင်နီ (NP News) - ဧပြီ ၂၁
အစ္စလာမ်သာသနာကို ကိုယ်စားပြုတဲ့ လခြမ်းမပါတဲ့ မလေးရှားအလံကို ပြသထားတဲ့ဗီဒီယိုတစ်ခုနဲ့ပတ်သက်ပြီး စင်ကာပူကုမ္ပဏီတစ်ခုက မလေးရှားကို ပြန်လည်တောင်းပန်လိုက်ရပါတယ်။
မလေးရှားဆက်သွယ်ရေးဝန်ကြီး ဖာဟ်မီဇက်ဇီလ်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူကုန်တိုက်မှာ ကျင်းပ ခဲ့တဲ့ပြပွဲအတွင်း အစားအသောက်ကုမ္ပဏီတစ်ခုက ပြသခဲ့တဲ့ဗီဒီယိုနဲ့ပတ်သက်ပြီး အစီရင်ခံစာ ၅ ခုထက်မနည်းနဲ့ အတူ တိုင်ကြားခဲ့တာဖြစ်တယ်လို့ ဒေသဆိုင်ရာမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ကြာသပတေးနေ့ (ဧပြီလ ၁၇ ရက်) က Kuala Lumpur ရှိ Mid Valley Exhibition Center မှာ ကျင်းပတဲ့ TCE Baby Expo ပွဲမှာ ပြသခဲ့တဲ့ Singapore Lactation Bakes ရဲ့ ပရိုမိုးရှင်းဗီဒီယိုတစ်ခုမှာ လမပါတဲ့ မလေးရှားနိုင်ငံ အလံကို ပြသမိခဲ့တာ ဖြစ်ပါတယ်။ ဒီပြဿနာကြောင့် TCE Baby Expo စီစဉ်သူဟာ ပြခန်းကိုပိတ်ကာ ဗီဒီယိုကို ချက်ချင်း ဖယ်ရှားခဲ့ရတယ်လို့ ဆိုပါတယ်။ "ဒီကိစ္စကို သေသေချာချာ စုံစမ်းဖို့ ရဲတပ်ဖွဲ့ကို အပ်ထားခဲ့ပါတယ်၊ အမှားအယွင်း တစ်စုံတစ်ရာ တွေ့ရှိပါက တင်းတင်းကျပ်ကျပ်အရေးယူဖို့လည်း တိုက်တွန်းထားပါတယ်" "Jalur Gemilang ဟာ ကျွန်ုပ်တို့နိုင်ငံတော်ဂုဏ်နဲ့အချုပ်အခြာအာဏာရဲ့သင်္ကေတဖြစ်တာကြောင့် ပြတ်ပြတ်သားသား အရေးယူဖို့ လိုအပ်ပါတယ်"လို့ မလေးရှားနိုင်ငံအလံကို ရည်ညွှန်းပြီး ဖာဟ်မီ က ပြောကြားခဲ့ပါတယ်။
ဒီအတွက် ဗီဒီယိုတင်ခဲ့တဲ့ Singapore Lactation Bakes က မလေးရှားနိုင်ငံရဲ့အမှတ်အသား၊ အမွေအနှစ်နဲ့ စည်းလုံးညီညွတ်မှုရဲ့ သင်္ကေတတစ်ခုအနေနဲ့ နိုင်ငံတော်အလံရဲ့ လေးနက်တဲ့အဓိပ္ပါယ်ကို အသိအမှတ်ပြုကြောင်း၊ စော်ကားမှု (သို့) အရိုအသေတန်စေလိုတဲ့ ရည်ရွယ်ချက်မျိုး ဘယ်တုန်းကမှ မရှိခဲ့ကြောင်း ဆိုကာ စနေနေ့(ဧပြီလ ၁၉ ရက်) မှာ တောင်းပန်ခဲ့ပါတယ်။

Zawgyi Version:
လျခမ္းမပါတဲ့ မေလးရွားအလံကို ျပသတဲ့ဗီဒီယိုအတြက္ စင္ကာပူကုမၸဏီ ေတာင္းပန္ရ
ေရာင္နီ (NP News) - ဧၿပီ ၂၁
အစၥလာမ္သာသနာကို ကိုယ္စားျပဳတဲ့ လျခမ္းမပါတဲ့ မေလးရွားအလံကို ျပသထားတဲ့ဗီဒီယိုတစ္ခုနဲ႔ပတ္သက္ၿပီး စင္ကာပူကုမၸဏီတစ္ခုက မေလးရွားကို ျပန္လည္ေတာင္းပန္လိုက္ရပါတယ္။
မေလးရွားဆက္သြယ္ေရးဝန္ႀကီး ဖာဟ္မီဇက္ဇီလ္က မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူကုန္တိုက္မွာ က်င္းပ ခဲ့တဲ့ျပပြဲအတြင္း အစားအေသာက္ကုမၸဏီတစ္ခုက ျပသခဲ့တဲ့ဗီဒီယိုနဲ႔ပတ္သက္ၿပီး အစီရင္ခံစာ ၅ ခုထက္မနည္းနဲ႔ အတူ တိုင္ၾကားခဲ့တာျဖစ္တယ္လို႔ ေဒသဆိုင္ရာမီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။
ၾကာသပေတးေန႔ (ဧၿပီလ ၁၇ ရက္) က Kuala Lumpur ရွိ Mid Valley Exhibition Center မွာ က်င္းပတဲ့ TCE Baby Expo ပြဲမွာ ျပသခဲ့တဲ့ Singapore Lactation Bakes ရဲ႕ ပ႐ိုမိုးရွင္းဗီဒီယိုတစ္ခုမွာ လမပါတဲ့ မေလးရွားႏိုင္ငံ အလံကို ျပသမိခဲ့တာ ျဖစ္ပါတယ္။ ဒီျပႆနာေၾကာင့္ TCE Baby Expo စီစဥ္သူဟာ ျပခန္းကိုပိတ္ကာ ဗီဒီယိုကို ခ်က္ခ်င္း ဖယ္ရွားခဲ့ရတယ္လို႔ ဆိုပါတယ္။ "ဒီကိစၥကို ေသေသခ်ာခ်ာ စုံစမ္းဖို႔ ရဲတပ္ဖြဲ႕ကို အပ္ထားခဲ့ပါတယ္၊ အမွားအယြင္း တစ္စုံတစ္ရာ ေတြ႕ရွိပါက တင္းတင္းက်ပ္က်ပ္အေရးယူဖို႔လည္း တိုက္တြန္းထားပါတယ္" "Jalur Gemilang ဟာ ကြၽႏ္ုပ္တို႔ႏိုင္ငံေတာ္ဂုဏ္နဲ႔အခ်ဳပ္အျခာအာဏာရဲ႕သေကၤတျဖစ္တာေၾကာင့္ ျပတ္ျပတ္သားသား အေရးယူဖို႔ လိုအပ္ပါတယ္"လို႔ မေလးရွားႏိုင္ငံအလံကို ရည္ၫႊန္းၿပီး ဖာဟ္မီ က ေျပာၾကားခဲ့ပါတယ္။
ဒီအတြက္ ဗီဒီယိုတင္ခဲ့တဲ့ Singapore Lactation Bakes က မေလးရွားႏိုင္ငံရဲ႕အမွတ္အသား၊ အေမြအႏွစ္နဲ႔ စည္းလုံးညီၫြတ္မႈရဲ႕ သေကၤတတစ္ခုအေနနဲ႔ ႏိုင္ငံေတာ္အလံရဲ႕ ေလးနက္တဲ့အဓိပၸါယ္ကို အသိအမွတ္ျပဳေၾကာင္း၊ ေစာ္ကားမႈ (သို႔) အ႐ိုအေသတန္ေစလိုတဲ့ ရည္႐ြယ္ခ်က္မ်ိဳး ဘယ္တုန္းကမွ မရွိခဲ့ေၾကာင္း ဆိုကာ စေနေန႔(ဧၿပီလ ၁၉ ရက္) မွာ ေတာင္းပန္ခဲ့ပါတယ္။