ဂါဇာမှာ အစ္စရေးရဲ့စစ်ရေးလှုပ်ရှားမှုတွေက အရေးကြီးတဲ့အဆင့်ကိုရောက်ရှိနေပြီလို့ အစ္စရေးဝန်ကြီးချုပ် ကြေညာ

232

Pika (NP News) - ဧပြီ ၂၁
ဂါဇာကမ်းမြောင်ဒေသအတွင်း အစ္စရေးရဲ့စစ်ရေးလှုပ်ရှားမှုတွေဟာ အရေးကြီးတဲ့အဆင့်ကိုရောက်ရှိသွားပြီလို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဝန်ခံပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့ တောင်းဆိုချက် တွေကို လိုက်လျောတာမျိုးမရှိဘဲ ဂါဇာကမ်းမြောင်ဒေသမှာ ကျန်ရှိနေတဲ့ဓါးစာခံတွေအားလုံးကို နေအိမ်ကို ပြန်လည်ခေါ်ဆောင်လာမယ်လို့ နေတန်ရာဟုက ကတိပြုပြောဆိုခဲ့ပါတယ်။
နေတန်ရာဟုက ”ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့တောင်းဆိုချက်တွေကို လိုက်လျောတာမျိုးမရှိဘဲ ကျွန်တော်တို့ရဲ့ ဓါးစာခံတွေအားလုံးကို နေအိမ်ကိုပြန်လည်ခေါ်ဆောင်လာနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့စစ်ပွဲကို အပြီးသတ်အဆုံးသတ်ဖို့အတွက် ဟားမက် လက်နက်ကိုင်အဖွဲ့ရဲ့အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ်ကို အစ္စရေးဘက်က ငြင်းဆန်ပယ်ချခဲ့ပြီးနောက် နေတန်ရာဟုရဲ့မှတ်ချက်ပြုပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
နေတန်ရာဟုက ”ကျွန်တော်တို့ရဲ့စစ်ရေးလှုပ်ရှားမှုတွေက အရေးကြီးတဲ့အဆင့်ကို ရောက်ရှိနေပါပြီ။ ဒီအချိန်မှာ အနိုင်ရရှိဖို့အတွက် စိတ်ရှည်သည်းခံမှုနဲ့ စိတ်ပိုင်းဖြတ်မှုတွေကို ကျွန်တော်တို့လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဂါဇာမွာ အစၥေရးရဲ႕စစ္ေရးလႈပ္ရွားမႈေတြက အေရးႀကီးတဲ့အဆင့္ကိုေရာက္ရွိေနၿပီလို႔ အစၥေရးဝန္ႀကီးခ်ဳပ္ ေၾကညာ
Pika (NP News) - ဧၿပီ ၂၁
ဂါဇာကမ္းေျမာင္ေဒသအတြင္း အစၥေရးရဲ႕စစ္ေရးလႈပ္ရွားမႈေတြဟာ အေရးႀကီးတဲ့အဆင့္ကိုေရာက္ရွိသြားၿပီလို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ဝန္ခံေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕ ေတာင္းဆိုခ်က္ ေတြကို လိုက္ေလ်ာတာမ်ိဳးမရွိဘဲ ဂါဇာကမ္းေျမာင္ေဒသမွာ က်န္ရွိေနတဲ့ဓါးစာခံေတြအားလုံးကို ေနအိမ္ကို ျပန္လည္ေခၚေဆာင္လာမယ္လို႔ ေနတန္ရာဟုက ကတိျပဳေျပာဆိုခဲ့ပါတယ္။
ေနတန္ရာဟုက ”ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕ေတာင္းဆိုခ်က္ေတြကို လိုက္ေလ်ာတာမ်ိဳးမရွိဘဲ ကြၽန္ေတာ္တို႔ရဲ႕ ဓါးစာခံေတြအားလုံးကို ေနအိမ္ကိုျပန္လည္ေခၚေဆာင္လာႏိုင္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသမွာ ျဖစ္ပြားေနတဲ့စစ္ပြဲကို အၿပီးသတ္အဆုံးသတ္ဖို႔အတြက္ ဟားမက္ လက္နက္ကိုင္အဖြဲ႕ရဲ႕အပစ္အခတ္ရပ္စဲေရး အဆိုျပဳခ်က္အသစ္ကို အစၥေရးဘက္က ျငင္းဆန္ပယ္ခ်ခဲ့ၿပီးေနာက္ ေနတန္ရာဟုရဲ႕မွတ္ခ်က္ျပဳေျပာဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ေနတန္ရာဟုက ”ကြၽန္ေတာ္တို႔ရဲ႕စစ္ေရးလႈပ္ရွားမႈေတြက အေရးႀကီးတဲ့အဆင့္ကို ေရာက္ရွိေနပါၿပီ။ ဒီအခ်ိန္မွာ အႏိုင္ရရွိဖို႔အတြက္ စိတ္ရွည္သည္းခံမႈနဲ႔ စိတ္ပိုင္းျဖတ္မႈေတြကို ကြၽန္ေတာ္တို႔လိုအပ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။