ငလျင်ကြောင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး တပ်မတော်ဘက်မှ ကြေညာထားသော်လည်း တစ်ရက်အတွင်း (၄)ကြိမ် တိုက်ခိုက်မှုများခဲ့

2284

စော(NP News)-ဧပြီ ၂၁
ငလျင်ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကြေညာထားသော်လည်း တစ်ရက်အတွင်း (၄)ကြိမ် တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ က ထုတ်ပြန်ထားသည်။
မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန် ပြင်းထန် သော မန္တလေးငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များလှုပ်ရှားမှုကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
“ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကြေညာထားတဲ့နေရာမှာ KIAအဖွဲ့အနေနဲ့ ဧပြီလ ၁၉ရက်နေ၊ မနက် ၆နာရီခွဲခန့်အချိန်မှာ ဗန်းမော်မှာရှိတဲ့ တပ်ဌာနချုပ်များနေရာကို အဝေးကနေ ပစ်ခတ်ခဲ့တာရှိပါတယ်။ ဗန်းမော်၊မင်းလှရပ်ကွက်ထဲကိုလည်း နေရာ သုံးနေရာကနေ ပစ်ခတ်ခဲ့တာရှိပါတယ်”ဟု နစကပြောခွင့်ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် KNDF ၊ KNPP တို့ကလည်း ကယားပြည်နယ်၊ ဖားဆောင်းမြို့ရှိ တပ်ဌာနချုပ်နေရာနှင့် မီးသတ်ရုံး နေရာတို့ကို ဧပြီလ ၁၉ရက်နေ့၊ နံနက် ၈နာရီ ၁၀မိနစ်က တိုက်ခိုက်ခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“KNUအနေနဲ့လည်း ကော့ကရိတ်၊ ငါးတိုင်ရွာ၊ ပတ္တမြားကွင်း စတဲ့နေရာတွေကို ဧပြီလ ၁၉ရက်နေ့၊ မနက် ၈နာရီ တိုက်ခိုက်ခဲ့တဲ့အပြင် မြဝတီမှာရှိတဲ့ ဖားသူလုံခြုံရေး စခန်းနေရာကို မနက် ၁၀နာရီ ၅၀မှာ တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါ ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသော်လည်း လက်နက်ကိုင်အဖွဲ့များက မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး တပ္မေတာ္ဘက္မွ ေၾကညာထားေသာ္လည္း တစ္ရက္အတြင္း (၄)ႀကိမ္ တိုက္ခိုက္ခဲ့
ေစာ(NP News)-ဧၿပီ ၂၁
ငလ်င္ေၾကာင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး ေၾကညာထားေသာ္လည္း တစ္ရက္အတြင္း (၄)ႀကိမ္ တိုက္ခိုက္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ က ထုတ္ျပန္ထားသည္။
မတ္ ၂၈ ရက္ေန႔တြင္ျဖစ္ေပၚခဲ့သည့္ အင္အားအလြန္ ျပင္းထန္ ေသာ မႏၲေလးငလ်င္ႏွင့္ ေနာက္ဆက္တြဲငလ်င္ငယ္မ်ားလႈပ္ရွားမႈေၾကာင့္ ကူညီကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူ ေထာင္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္ႏိုင္ေစရန္ ရည္႐ြယ္၍ ဧၿပီ ၂ ရက္မွ ၂၂ ရက္အထိ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးကာလအျဖစ္ ထုတ္ျပန္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
“ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး ေၾကညာထားတဲ့ေနရာမွာ KIAအဖြဲ႕အေနနဲ႔ ဧၿပီလ ၁၉ရက္ေန၊ မနက္ ၆နာရီခြဲခန႔္အခ်ိန္မွာ ဗန္းေမာ္မွာရွိတဲ့ တပ္ဌာနခ်ဳပ္မ်ားေနရာကို အေဝးကေန ပစ္ခတ္ခဲ့တာရွိပါတယ္။ ဗန္းေမာ္၊မင္းလွရပ္ကြက္ထဲကိုလည္း ေနရာ သုံးေနရာကေန ပစ္ခတ္ခဲ့တာရွိပါတယ္”ဟု နစကေျပာခြင့္ဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ထို႔ျပင္ KNDF ၊ KNPP တို႔ကလည္း ကယားျပည္နယ္၊ ဖားေဆာင္းၿမိဳ႕ရွိ တပ္ဌာနခ်ဳပ္ေနရာႏွင့္ မီးသတ္႐ုံး ေနရာတို႔ကို ဧၿပီလ ၁၉ရက္ေန႔၊ နံနက္ ၈နာရီ ၁၀မိနစ္က တိုက္ခိုက္ခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“KNUအေနနဲ႔လည္း ေကာ့ကရိတ္၊ ငါးတိုင္႐ြာ၊ ပတၱျမားကြင္း စတဲ့ေနရာေတြကို ဧၿပီလ ၁၉ရက္ေန႔၊ မနက္ ၈နာရီ တိုက္ခိုက္ခဲ့တဲ့အျပင္ ျမဝတီမွာရွိတဲ့ ဖားသူလုံၿခဳံေရး စခန္းေနရာကို မနက္ ၁၀နာရီ ၅၀မွာ တိုက္ခိုက္ခဲ့တာေတြ႕ရပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။
အဆိုပါ ယာယီပစ္ခတ္တိုက္ခိုက္မႈ ထုတ္ျပန္ေၾကညာထားေသာ္လည္း လက္နက္ကိုင္အဖြဲ႕မ်ားက မၾကာခဏဆိုသလို ပစ္ခတ္တိုက္ခိုက္မႈမ်ား ရွိေနေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။