KNDF လက်ထဲမှပြန်ရရေးအတွက် မိုးဗြဲမြို့ကို တပ်မတော် ထိုးစစ်ဆင်နေ

2042

သန့်ဇင် (NP News) - ဇွန် ၂၄
KNDF နှင့် PDF တို့အတွက် စစ်ရေး အရအရေးပါသော ကယားပြည်နယ် မိုးဗြဲမြို့ကို တပ် မတော်က ချဉ်းကပ်ဝင်ရောက်တိုက်ခိုက်နေလျက် ရှိပြီး စစ်ရေးအသာရနေကြောင်း ဒေသခံတွင်း သ တင်းရင်းမြစ်တစ်ဦးထံ NP News က ဆက်သွယ်မေမြန်းထားချက်အရ သိရသည်။
လက်ရှိမိုးဗြဲမြို့တွင် တပ်မတော်နှင့် KNDF ၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများဆက် တိုက်ပြင်းထန်နေလျက်ရှိပြီး မြို့၏(၃)ပုံ (၁)ပုံခန့်ကို တပ်မတော်က ဝင်ရောက်သိမ်းပိုက်ထားနိုင်ကြောင်း သိရသည်။
" တိုက်ပွဲကတော့ နေ့တိုင်းဖြစ်တယ်။ ပြင်းထန်တယ်လို့ပြောရမှာပေါ့။ မြို့(၃)ပုံ(၁)ပုံတော့ တပ်ကဝင်ထားပြီ။ PDF ကလည်း ခံစစ်နဲ့တိုက် တယ်ပေါ့။ မိုးဗြဲမြို့က အကျယ်ကြီးလေ။ ပြီးတော့ မိုးဗြဲက KNDF နဲ့ PDF အတွက်က ရိက္ခာလမ်း ကြောင်းအရ အရေးပါတဲ့မြို့လေ။ ပြီးတော့ စိုက်ပျိုး ရေးလည်းကောင်းတဲ့မြို့ဖြစ်တော့ အသည်းအသန် ကာမှာ။ ခမရ (၄၂၂)ကိုတိုက်တုန်းကလည်း ကုန်း လည်းဖြစ်တယ်။ မိုင်းတွေကြောင့် PDF တွေ တက်လို့မရဘူး။ အခုတော့ တပ်ဘက်ကပြန်ပြီး အသာရနေတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
မိုးဗြဲမြို့သည် နေပြည်တော်၏ အရှေ့ ဘက်၊ လွိုင်ကော်မြို့၏ အနောက်မြောက်ဘက်အနီး တွင်တည်ပြီးခဲ့သည့်ကာလက တိုက်ပွဲများအတွင်း KNDF နဲ့ PDF ပူးပေါင်းအဖွဲ့တို့ ထိန်းချုပ်ထားရာ မိုးဗြဲအနီးက ကာကင်းစခန်းများကို တပ်မတော်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင်လည်း တပ်မတော်၏နေ့စဉ် ရက်ဆက် ထိုးစစ်ဆင်မှုများကြောင့် KNDF နဲ့ PDF ပူးပေါင်းအဖွဲ့များဘက်မှ အကျဆုံးများနေ ကြောင်း သိရသည်။
" မိုဗြဲမြို့က အကြီးကြီးပဲ။ မြို့မှာ သူတို့ (KNDF၊ PDF) က အပြင်စည်း၊ အတွင်းစည်းနဲ့ ကာနေတာ။ အခုတော့ အပြင်ကကာကင်းတွေ တော်တော်များများရနေပြီ။ နည်းနည်းလေးတော့ အချိန်ယူ ရဦးမယ်။ အစွန်ပိုင်းတွေတော့ ရနေပြီ။ ခမရ (၄၂၂) ကထွက်လာတဲ့ စစ်ကြောင်းတွေကတော့ ဘယ်ဘက် ကတိုက်နေလဲမသိသေးဘူး။ ဏြဥ အဖွဲ့ကလည်း တိုက်နေတာ။ သူတို့မှာသေတဲ့သူတွေလည်း သောက်သောက်လဲပဲ " ဟု စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် (၂၀၂၃)ခုနှစ်၊ နိုဝင်ဘာလက (၁၁၁၁) စစ်ဆင်ရေးအမည်ဖြင့် တိုက်ပွဲဖော်ဆောင် ကာ KNDF နှင့် PDF ပူးပေါင်းအဖွဲ့များ တစ်နှစ်ကျော် တိုက်ခိုက်ထိန်းချုပ်ထားပြီး ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းကြောင်းကိုလည်း ဖြတ်တောက်ထား ကြောင်း သိရသည်။
ထို့ပြင် KNDF နှင့် PDF ပူးပေါင်းအဖွဲ့၏ တိုက်ပွဲဖော်ဆောင်မှုကြောင့် တစ်နှစ်ကျော်အတွင်း မိုးဗြဲမြို့နယ်မှ ဒေသခံသောင်းနှင့်ချီ ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာတိမ်းရှောင်နေရဆဲဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
KNDF လက္ထဲမွျပန္ရေရးအတြက္ မိုးၿဗဲၿမိဳ႕ကို တပ္မေတာ္ ထိုးစစ္ဆင္ေန
သန႔္ဇင္ (NP News) - ဇြန္ ၂၄
KNDF ႏွင့္ PDF တို႔အတြက္ စစ္ေရး အရအေရးပါေသာ ကယားျပည္နယ္ မိုးၿဗဲၿမိဳ႕ကို တပ္ မေတာ္က ခ်ဥ္းကပ္ဝင္ေရာက္တိုက္ခိုက္ေနလ်က္ ရွိၿပီး စစ္ေရးအသာရေနေၾကာင္း ေဒသခံတြင္း သ တင္းရင္းျမစ္တစ္ဦးထံ NP News က ဆက္သြယ္ေမျမန္းထားခ်က္အရ သိရသည္။
လက္ရွိမိုးၿဗဲၿမိဳ႕တြင္ တပ္မေတာ္ႏွင့္ KNDF ၊ PDF ပူးေပါင္းအဖြဲ႕တို႔ တိုက္ပြဲမ်ားဆက္ တိုက္ျပင္းထန္ေနလ်က္ရွိၿပီး ၿမိဳ႕၏(၃)ပုံ (၁)ပုံခန႔္ကို တပ္မေတာ္က ဝင္ေရာက္သိမ္းပိုက္ထားႏိုင္ေၾကာင္း သိရသည္။
" တိုက္ပြဲကေတာ့ ေန႔တိုင္းျဖစ္တယ္။ ျပင္းထန္တယ္လို႔ေျပာရမွာေပါ့။ ၿမိဳ႕(၃)ပုံ(၁)ပုံေတာ့ တပ္ကဝင္ထားၿပီ။ PDF ကလည္း ခံစစ္နဲ႔တိုက္ တယ္ေပါ့။ မိုးၿဗဲၿမိဳ႕က အက်ယ္ႀကီးေလ။ ၿပီးေတာ့ မိုးၿဗဲက KNDF နဲ႔ PDF အတြက္က ရိကၡာလမ္း ေၾကာင္းအရ အေရးပါတဲ့ၿမိဳ႕ေလ။ ၿပီးေတာ့ စိုက္ပ်ိဳး ေရးလည္းေကာင္းတဲ့ၿမိဳ႕ျဖစ္ေတာ့ အသည္းအသန္ ကာမွာ။ ခမရ (၄၂၂)ကိုတိုက္တုန္းကလည္း ကုန္း လည္းျဖစ္တယ္။ မိုင္းေတြေၾကာင့္ PDF ေတြ တက္လို႔မရဘူး။ အခုေတာ့ တပ္ဘက္ကျပန္ၿပီး အသာရေနတယ္" ဟု ေဒသခံတစ္ဦးက ေျပာသည္။
မိုးၿဗဲၿမိဳ႕သည္ ေနျပည္ေတာ္၏ အေရွ႕ ဘက္၊ လြိဳင္ေကာ္ၿမိဳ႕၏ အေနာက္ေျမာက္ဘက္အနီး တြင္တည္ၿပီးခဲ့သည့္ကာလက တိုက္ပြဲမ်ားအတြင္း KNDF နဲ႔ PDF ပူးေပါင္းအဖြဲ႕တို႔ ထိန္းခ်ဳပ္ထားရာ မိုးၿဗဲအနီးက ကာကင္းစခန္းမ်ားကို တပ္မေတာ္က ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္လည္း တပ္မေတာ္၏ေန႔စဥ္ ရက္ဆက္ ထိုးစစ္ဆင္မႈမ်ားေၾကာင့္ KNDF နဲ႔ PDF ပူးေပါင္းအဖြဲ႕မ်ားဘက္မွ အက်ဆုံးမ်ားေန ေၾကာင္း သိရသည္။
" မိုၿဗဲၿမိဳ႕က အႀကီးႀကီးပဲ။ ၿမိဳ႕မွာ သူတို႔ (KNDF၊ PDF) က အျပင္စည္း၊ အတြင္းစည္းနဲ႔ ကာေနတာ။ အခုေတာ့ အျပင္ကကာကင္းေတြ ေတာ္ေတာ္မ်ားမ်ားရေနၿပီ။ နည္းနည္းေလးေတာ့ အခ်ိန္ယူ ရဦးမယ္။ အစြန္ပိုင္းေတြေတာ့ ရေနၿပီ။ ခမရ (၄၂၂) ကထြက္လာတဲ့ စစ္ေၾကာင္းေတြကေတာ့ ဘယ္ဘက္ ကတိုက္ေနလဲမသိေသးဘူး။ ၾဏဥ အဖြဲ႕ကလည္း တိုက္ေနတာ။ သူတို႔မွာေသတဲ့သူေတြလည္း ေသာက္ေသာက္လဲပဲ " ဟု စစ္ေရးသတင္းရင္းျမစ္ တစ္ဦးက ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္၊ ႏိုဝင္ဘာလက (၁၁၁၁) စစ္ဆင္ေရးအမည္ျဖင့္ တိုက္ပြဲေဖာ္ေဆာင္ ကာ KNDF ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ား တစ္ႏွစ္ေက်ာ္ တိုက္ခိုက္ထိန္းခ်ဳပ္ထားၿပီး ဖယ္ခုံ-မိုးၿဗဲ-လြိဳင္ေကာ္လမ္းေၾကာင္းကိုလည္း ျဖတ္ေတာက္ထား ေၾကာင္း သိရသည္။
ထို႔ျပင္ KNDF ႏွင့္ PDF ပူးေပါင္းအဖြဲ႕၏ တိုက္ပြဲေဖာ္ေဆာင္မႈေၾကာင့္ တစ္ႏွစ္ေက်ာ္အတြင္း မိုးၿဗဲၿမိဳ႕နယ္မွ ေဒသခံေသာင္းႏွင့္ခ်ီ ေဘးလြတ္ရာသို႔ ေနရပ္စြန႔္ခြာတိမ္းေရွာင္ေနရဆဲျဖစ္ေၾကာင္းလည္း သိရသည္။