ရုရှားသမ္မတပူတင်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့က တတိယကမ္ဘာစစ်ကို တားဆီးနိုင်ခဲ့တယ်လို့ ရုရှားသံတမန်ပြော

 254

Pika(NS) – စက်တင်ဘာ ၉
ရုရှားသမ္မတပူတင်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ဟာ ယူကရိန်းပဋိပက္ခအဆုံးသတ်ရေးကို ပိုမိုနီးကပ်စေခဲ့တယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ကီရေးဒီမစ်ထရိဗ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ပူတင်နဲ့ဒေါ်နယ်ထရမ့်တို့ရဲ့ သံတမန်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေဟာ တတိယကမ္ဘာစစ်ဖြစ်ပွားလာမှာကို တားဆီးနိုင်ခဲ့တယ်လို့လည်း ကီရေးဒီမစ်ထရိဗ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (RDIF)ရဲ့ အကြီးအကဲလည်းဖြစ်တဲ့ ကီရေးဒီမစ်ထရိဗ်က”စတာလင်၊ရို့စ်ဗဲလ်နဲ့ ချာချေးလ်တို့က ဒုတိယကမ္ဘာစစ်ကို အောင်နိုင်ခဲ့ပါတယ်။ပူတင်နဲ့ဒေါ်နယ်ထရမ့်တို့ကတော့ တတိယကမ္ဘာစစ်ဖြစ်ပွားလာမှာကို တားဆီးနိုင်ခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ရုရှားနိုင်ငံဟာ ယူကရိန်းပဋိပက္ခကိုအဆုံးသတ်ဖို့အတွက် စေ့စပ်ညှိနှိုင်းမှုတွေကို အလေးအနက်မထားဘူးလို့ အကြံပြုခဲ့ပြီး ယူကရိန်းအတွက် နောက်ထပ်စစ်လက်နက်ပစ္စည်းတွေပေးပို့ဖို့ အနောက်အုပ်စုကို တိုက်တွန်းခဲ့တဲ့ ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မိုက်ကယ်မက်ဖောရဲ့ ပြောဆိုချက်တွေကို ကီရေးဒီမစ်ထရိဗ်က ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။ကီရေးဒီမစ်ထရိဗ်က”မိုက်ကယ်မက်ဖောရဲ့ ပြောဆိုချက်တွေက မှားယွင်းပါတယ်။ပူတင်-ဒေါ်နယ်ထရမ့်ဆွေးနွေးပွဲဟာ ယူကရိန်းငြိမ်းချမ်းရေးကို ပိုမိုနီးကပ်လာစေပါတယ်။ညဏ်မကောင်းတဲ့ အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်ရဲ့ ချဉ်းကပ်မှုတွေ၊ပိတ်ဆို့အရေးယူမှုတွေကတော့ မအောင်မြင်ခဲ့ပါဘူး။ အပြန်အလှန် ဆွေးနွေးမှု၊ လေးစားမှု၊ နားလည်မှု၊ရေရှည်ဖြေရှင်းချက်ကို ရှာဖွေဖို့အတွက် ပြဿနာဖြေရှင်းမှုတွေက အဓိကနည်းလမ်းတွေပဲဖြစ်ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။ပူတင်နဲ့ ဒေါ်နယ်ထရမ့်တို့ဟာ ဖုန်းခေါ်ဆိုမှုများစွာကို လုပ်ဆောင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ဩဂုတ်လလယ်မှာ အလက်စကာပြည်နယ်မှာ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားသမၼတပူတင္နဲ႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္တို႔က တတိယကမာၻစစ္ကို တားဆီးႏိုင္ခဲ့တယ္လို႔ ႐ုရွားသံတမန္ေျပာ
Pika(NP News) – စက္တင္ဘာ ၉
႐ုရွားသမၼတပူတင္နဲ႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္တို႔ဟာ ယူကရိန္းပဋိပကၡအဆုံးသတ္ေရးကို ပိုမိုနီးကပ္ေစခဲ့တယ္လို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ကီေရးဒီမစ္ထရိဗ္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ပူတင္နဲ႔ေဒၚနယ္ထရမ့္တို႔ရဲ႕ သံတမန္ေရးဆိုင္ရာ ႀကိဳးပမ္းအားထုတ္မႈေတြဟာ တတိယကမာၻစစ္ျဖစ္ပြားလာမွာကို တားဆီးႏိုင္ခဲ့တယ္လို႔လည္း ကီေရးဒီမစ္ထရိဗ္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ႐ုရွားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈရန္ပုံေငြအဖြဲ႕ (RDIF)ရဲ႕ အႀကီးအကဲလည္းျဖစ္တဲ့ ကီေရးဒီမစ္ထရိဗ္က”စတာလင္၊႐ို႕စ္ဗဲလ္နဲ႔ ခ်ာေခ်းလ္တို႔က ဒုတိယကမာၻစစ္ကို ေအာင္ႏိုင္ခဲ့ပါတယ္။ပူတင္နဲ႔ေဒၚနယ္ထရမ့္တို႔ကေတာ့ တတိယကမာၻစစ္ျဖစ္ပြားလာမွာကို တားဆီးႏိုင္ခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။႐ုရွားႏိုင္ငံဟာ ယူကရိန္းပဋိပကၡကိုအဆုံးသတ္ဖို႔အတြက္ ေစ့စပ္ညႇိႏႈိင္းမႈေတြကို အေလးအနက္မထားဘူးလို႔ အႀကံျပဳခဲ့ၿပီး ယူကရိန္းအတြက္ ေနာက္ထပ္စစ္လက္နက္ပစၥည္းေတြေပးပို႔ဖို႔ အေနာက္အုပ္စုကို တိုက္တြန္းခဲ့တဲ့ ႐ုရွားႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ေဟာင္း မိုက္ကယ္မက္ေဖာရဲ႕ ေျပာဆိုခ်က္ေတြကို ကီေရးဒီမစ္ထရိဗ္က ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ကီေရးဒီမစ္ထရိဗ္က”မိုက္ကယ္မက္ေဖာရဲ႕ ေျပာဆိုခ်က္ေတြက မွားယြင္းပါတယ္။ပူတင္-ေဒၚနယ္ထရမ့္ေဆြးေႏြးပြဲဟာ ယူကရိန္းၿငိမ္းခ်မ္းေရးကို ပိုမိုနီးကပ္လာေစပါတယ္။ညဏ္မေကာင္းတဲ့ အေမရိကန္သမၼတေဟာင္းဂ်ိဳးဘိုင္ဒန္ရဲ႕ ခ်ဥ္းကပ္မႈေတြ၊ပိတ္ဆို႔အေရးယူမႈေတြကေတာ့ မေအာင္ျမင္ခဲ့ပါဘူး။ အျပန္အလွန္ ေဆြးေႏြးမႈ၊ ေလးစားမႈ၊ နားလည္မႈ၊ေရရွည္ေျဖရွင္းခ်က္ကို ရွာေဖြဖို႔အတြက္ ျပႆနာေျဖရွင္းမႈေတြက အဓိကနည္းလမ္းေတြပဲျဖစ္ပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။ပူတင္နဲ႔ ေဒၚနယ္ထရမ့္တို႔ဟာ ဖုန္းေခၚဆိုမႈမ်ားစြာကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ဩဂုတ္လလယ္မွာ အလက္စကာျပည္နယ္မွာ မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.