ရုရှား-ယူကရိန်းစစ်ပွဲကို ဆွေးနွေးဖို့အတွက် အမေရိကန်ကို ဥရောပခေါင်းဆောင်တွေ သွားရောက်မယ်

 198

Pika(NP News) – စက်တင်ဘာ ၉
ရုရှား-ယူကရိန်းစစ်ပွဲကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ဆွေးနွေးဖို့အတွက် ဥရောပခေါင်း‌ဆောင်တစ်ဦးချင်းစီဟာ အမေရိကန်နိုင်ငံကို လာမယ့်ရက်ပိုင်းအတွင်း လာရောက်လည်ပတ်လိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် မကြာခင်အချိန်အတွင်း ရုရှားသမ္မတပူတင်နဲ့ စကားပြောဆိုမှုတွေလုပ်ဆောင်သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”လာမယ့်ရက်ပိုင်းအတွင်း ဥရောခေါင်းဆောင်အချို့ဟာ အမေရိကန်နိုင်ငံကို လာရောက်လည်ပတ်ကြပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း အမေရိကန်နိုင်ငံကို လာရောက်လည်ပတ်မယ့် ဥရောပခေါင်းဆောင်တွေက ဘယ်သူတွေဖြစ်တယ်ဆိုတာကို ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့တောင်းဆိုမှုတွေကို အိမ်ဖြူတော်က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ဒ့ါပြင် ရုရှားရဲ့ညလုံးပေါက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့မှာရှိတဲ့ အဓိကအစိုးရအဆောက်အဦးမီးလောင်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ဒေါ်နယ်ထရမ့်က”ရုရှား-ယူကရိန်းစစ်ပွဲ အခြေအနေတွေနဲ့ပတ်သက်ပြီး တကယ်ကို စိတ်မချမ်းသာပါဘူး။ဒါပေမယ့်လည်း ရုရှား-ယူကရိန်းစစ်ပွဲက မကြာခင်အချိန်အတွင်း ပြေလည်သွားမယ်လို့ ယုံကြည်ပါတယ်။ဒီစစ်ပွဲကို မကြာခင်အချိန်အတွင်း ပြီးဆုံးသွားအောင် ကျွန်တော်တို့လုပ်ဆောင်သွားမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
႐ုရွား-ယူကရိန္းစစ္ပြဲကို ေဆြးေႏြးဖို႔အတြက္ အေမရိကန္ကို ဥေရာပေခါင္းေဆာင္ေတြ သြားေရာက္မယ္
Pika(NP News) – စက္တင္ဘာ ၉
႐ုရွား-ယူကရိန္းစစ္ပြဲကို ဘယ္လိုေျဖရွင္းရမလဲဆိုတာကို ေဆြးေႏြးဖို႔အတြက္ ဥေရာပေခါင္း‌ေဆာင္တစ္ဦးခ်င္းစီဟာ အေမရိကန္ႏိုင္ငံကို လာမယ့္ရက္ပိုင္းအတြင္း လာေရာက္လည္ပတ္လိမ့္မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ မၾကာခင္အခ်ိန္အတြင္း ႐ုရွားသမၼတပူတင္နဲ႔ စကားေျပာဆိုမႈေတြလုပ္ေဆာင္သြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”လာမယ့္ရက္ပိုင္းအတြင္း ဥေရာေခါင္းေဆာင္အခ်ိဳ႕ဟာ အေမရိကန္ႏိုင္ငံကို လာေရာက္လည္ပတ္ၾကပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါေပမယ့္လည္း အေမရိကန္ႏိုင္ငံကို လာေရာက္လည္ပတ္မယ့္ ဥေရာပေခါင္းေဆာင္ေတြက ဘယ္သူေတြျဖစ္တယ္ဆိုတာကို ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ေတာင္းဆိုမႈေတြကို အိမ္ျဖဴေတာ္က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ဒ့ါျပင္ ႐ုရွားရဲ႕ညလုံးေပါက္ ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ ယူကရိန္းႏိုင္ငံ ကိယက္ဗ္ၿမိဳ႕မွာရွိတဲ့ အဓိကအစိုးရအေဆာက္အဦးမီးေလာင္သြားတဲ့ကိစၥနဲ႔ပတ္သက္ၿပီး သတင္းေထာက္ေတြရဲ႕ ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ေဒၚနယ္ထရမ့္က”႐ုရွား-ယူကရိန္းစစ္ပြဲ အေျခအေနေတြနဲ႔ပတ္သက္ၿပီး တကယ္ကို စိတ္မခ်မ္းသာပါဘူး။ဒါေပမယ့္လည္း ႐ုရွား-ယူကရိန္းစစ္ပြဲက မၾကာခင္အခ်ိန္အတြင္း ေျပလည္သြားမယ္လို႔ ယုံၾကည္ပါတယ္။ဒီစစ္ပြဲကို မၾကာခင္အခ်ိန္အတြင္း ၿပီးဆုံးသြားေအာင္ ကြၽန္ေတာ္တို႔လုပ္ေဆာင္သြားမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.