ဓါးစာခံတွေပြန်လွှတ်ပေးရင် စစ်ပွဲကို ချက်ချင်းအဆုံးသတ်နိုင်တယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးပြော

303

Pika(NP News)-စက်တင်ဘာ ၈
ဂါဇာကမ်းမြောင်ဒေသမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဓါးစာခံတွေအားလုံးကို ပြန်လွှတ်ပေးမယ်ဆိုရင် ဂါဇာမှာဖြစ်ပွားနေတဲ့စစ်ပွဲကို မနက်ဖန်မှာ ချက်ချင်းအဆုံးသတ်နိုင်တယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Saarက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဓါးစာခံတွေပြန်လွှတ်ပေးမှုနဲ့အတူ ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ ၎င်းရဲ့လက်နက်တွေကို စွန့်လွှတ်ခဲ့မယ်ဆိုရင်လည်း ဂါဇာမှာဖြစ်ပွားနေတဲ့စစ်ပွဲကိုချက်ချင်းအဆုံးသတ်နိုင်တယ်လို့ Gideon Saarက ထပ်မံပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေ ထပ်မံသေဆုံးနိုင်ဖွယ်ရှိနေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာမှာ Gideon Saarရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ အစ္စရေးရဲ့ထိုးစစ်ဆင်မှုအသစ်တွေရှိနေတဲ့ကြားက အမေရိကန်နိုင်ငံဟာ ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ နက်နက်ရှိုင်းရှိုင်းစေ့စပ်ညှိနှိုင်းမှုတွေကို လုပ်ဆောင်နေတယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က”အစ္စရေးရဲ့ထိုးစစ်ဆင်မှုအသစ်တွေရှိနေပေမယ့်လည်း ကျွန်တော်တို့ဟာ ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ နက်နက်ရှိုင်းရှိုင်းစေ့စပ်ညှိနှိုင်းမှုတွေကို လုပ်ဆောင်နေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း ဟားမက်လက်နက်ကိုင်အဖွဲ့က လက်နက်ချခဲ့မယ်ဆိုရင်တောင် ဂါဇာကမ်းမြောင်ဒေသကို သိမ်းယူမှုတွေဆက်လက်လုပ်ဆောင်သွားမယ်လို့ အစ္စရေးအစိုးရက ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ပြောဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။

Zawgyi Version:
ဓါးစာခံေတြျပန္လႊတ္ေပးရင္ စစ္ပြဲကို ခ်က္ခ်င္းအဆုံးသတ္ႏိုင္တယ္လို႔ အစၥေရးႏိုင္ငံျခားေရးဝန္ႀကီးေျပာ
Pika(NSS)-စက္တင္ဘာ ၈
ဂါဇာကမ္းေျမာင္ေဒသမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ဓါးစာခံေတြအားလုံးကို ျပန္လႊတ္ေပးမယ္ဆိုရင္ ဂါဇာမွာျဖစ္ပြားေနတဲ့စစ္ပြဲကို မနက္ဖန္မွာ ခ်က္ခ်င္းအဆုံးသတ္ႏိုင္တယ္လို႔ အစၥေရးႏိုင္ငံျခားေရးဝန္ႀကီး Gideon Saarက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဓါးစာခံေတြျပန္လႊတ္ေပးမႈနဲ႔အတူ ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ ၎ရဲ႕လက္နက္ေတြကို စြန႔္လႊတ္ခဲ့မယ္ဆိုရင္လည္း ဂါဇာမွာျဖစ္ပြားေနတဲ့စစ္ပြဲကိုခ်က္ခ်င္းအဆုံးသတ္ႏိုင္တယ္လို႔ Gideon Saarက ထပ္မံေျပာၾကားခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသမွာ ဖမ္းဆီးခံထားရတဲ့ ဓါးစာခံေတြ ထပ္မံေသဆုံးႏိုင္ဖြယ္ရွိေနတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ Gideon Saarရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ အစၥေရးရဲ႕ထိုးစစ္ဆင္မႈအသစ္ေတြရွိေနတဲ့ၾကားက အေမရိကန္ႏိုင္ငံဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ နက္နက္ရႈိင္းရႈိင္းေစ့စပ္ညႇိႏႈိင္းမႈေတြကို လုပ္ေဆာင္ေနတယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က”အစၥေရးရဲ႕ထိုးစစ္ဆင္မႈအသစ္ေတြရွိေနေပမယ့္လည္း ကြၽန္ေတာ္တို႔ဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ နက္နက္ရႈိင္းရႈိင္းေစ့စပ္ညႇိႏႈိင္းမႈေတြကို လုပ္ေဆာင္ေနပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါေပမယ့္လည္း ဟားမက္လက္နက္ကိုင္အဖြဲ႕က လက္နက္ခ်ခဲ့မယ္ဆိုရင္ေတာင္ ဂါဇာကမ္းေျမာင္ေဒသကို သိမ္းယူမႈေတြဆက္လက္လုပ္ေဆာင္သြားမယ္လို႔ အစၥေရးအစိုးရက ၿပီးခဲ့တဲ့လမွာ ထုတ္ျပန္ေျပာဆိုခဲ့ဖူးတယ္လို႔ သိရပါတယ္။