မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ (၃၇၀၀)ကျော်ရှိလာပြီး ပျောက်ဆုံးသူ (၁၂၀)လျော့ကျလာ

307

စော(NP News)-ဧပြီ ၂၁
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့အထိ သေဆုံးသူ (၃၇၀၀)ကျော်ရှိလာပြီး ပျောက်ဆုံးသူ (၁၂၀)လျော့ကျလာပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
“သေဆုံးသူစုစုပေါင်း (၃၇၃၅) ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း (၅၁၀၈) ဦးစီရှိပြီး ပျောက်ဆုံးသူ (၁၂၀) ဦးရှိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း မိသားစုများနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ပြောခဲ့သလို သေဆုံးဒဏ်ရာရ ရှိသူများကို ထောက်ပံ့ကြေးများ ဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် နေအိမ်ဆုံးရှုံးခဲ့သူများအတွက် နေအိမ်အမျိုးအစားအလိုက်လဲ ထောက်ပံ့ကြေးတွေ ပေးဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်”ဟု နစကပြောခွင့်ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အဆိုပါငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင် ၁၅၂ ကြိမ် လှုပ်ခတ်ခဲ့ပြီး ငလျင်ကြီးကြောင့် နေအိမ်၊ အဆောက်အအုံပေါင်း (၆၅၀၉၆) လုံး၊ စာသင် ကျောင်းပေါင်း (၂၅၁၄) ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းပေါင်း (၄၃၁၇) ကျောင်း၊ ဘုရားစေတီ (၆၀၂၇) ဆူ၊ ဆေးရုံ/ဆေးခန်း (၃၅၀) ၊ ရထားလမ်း (၃၈) ခု၊ လမ်းပေါင်း (၂၆၉) ခု၊ အမြန်(လမ်းပိုင်း) (၂၀၃) ခု၊ ဆည်/တမံ (၅၈၆) ခုနှင့် တံတားအစင်း (၁၇၀) တို့ ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
“နိုင်ငံတကာကူညီထောက်ပံ့မှုများအနေဖြင့် နိုင်ငံပေါင်း ၂၅နိုင်ငံက လေယာဉ် (၁၄၅)ခေါက် ရောက်ရှိခဲ့ပါတယ်။ ကား (၂၃)စီး ရောက်ရှိခဲ့ပါတယ်။ ကားကတော့ တရုတ်နိုင်ငံကပဲဖြစ်ပါတယ်။ သင်္ဘော (၆)စီး အိန္ဒိယနိုင်ငံက (၅)စီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တစ်စီး ရောက်ရှိခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။
ထို့ပြင် ကယ်ဆယ်ရေးဝန်ထမ်းများ (၂၀၉၄)ဦးရောက်ရှိခဲ့သည့်အပြင် ထောက်ပံ့ပစ္စည်း တန်ချိန် (၂၅၁၄ဒသမ ၆ )တန်နှင့် ကယ်ဆယ်ရေးပစ္စည်းတန်ချိန် (၁၁၉၇ဒသမ၁၂)တန်တို့လည်း ရောက်ရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးငလ်င္ႀကီးေၾကာင့္ ေသဆုံးသူ (၃၇၀၀)ေက်ာ္ရွိလာၿပီး ေပ်ာက္ဆုံးသူ (၁၂၀)ေလ်ာ့က်လာ
ေစာ(NP News)-ဧၿပီ ၂၁
ျမန္မာႏိုင္ငံတြင္ မတ္လ ၂၈ ရက္ေန႔က လႈပ္ခတ္ခဲ့သည့္ မႏၲေလးငလ်င္ႀကီးေၾကာင့္ ယမန္ေန႔ ဧၿပီလ ၂၀ ရက္ေန႔အထိ ေသဆုံးသူ (၃၇၀၀)ေက်ာ္ရွိလာၿပီး ေပ်ာက္ဆုံးသူ (၁၂၀)ေလ်ာ့က်လာၿပီျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
“ေသဆုံးသူစုစုေပါင္း (၃၇၃၅) ဦး၊ ဒဏ္ရာရရွိသူစုစုေပါင္း (၅၁၀၈) ဦးစီရွိၿပီး ေပ်ာက္ဆုံးသူ (၁၂၀) ဦးရွိပါတယ္။ ႏိုင္ငံေတာ္အစိုးရအေနနဲ႔လည္း မိသားစုမ်ားနဲ႔အတူ ထပ္တူဝမ္းနည္းေၾကကြဲရပါတယ္။ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြ ေဆာင္႐ြက္တဲ့အခါမွာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ က ေျပာခဲ့သလို ေသဆုံးဒဏ္ရာရ ရွိသူမ်ားကို ေထာက္ပံ့ေၾကးမ်ား ေဆာင္႐ြက္သြားမွာျဖစ္တဲ့အျပင္ ေနအိမ္ဆုံးရႈံးခဲ့သူမ်ားအတြက္ ေနအိမ္အမ်ိဳးအစားအလိုက္လဲ ေထာက္ပံ့ေၾကးေတြ ေပးဖို႔ စီစဥ္ေဆာင္႐ြက္လ်က္ရွိပါတယ္”ဟု နစကေျပာခြင့္ဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
အဆိုပါငလ်င္ႀကီး လႈပ္ခတ္ၿပီးေနာက္ ေနာက္ဆက္တြဲငလ်င္ ၁၅၂ ႀကိမ္ လႈပ္ခတ္ခဲ့ၿပီး ငလ်င္ႀကီးေၾကာင့္ ေနအိမ္၊ အေဆာက္အအုံေပါင္း (၆၅၀၉၆) လုံး၊ စာသင္ ေက်ာင္းေပါင္း (၂၅၁၄) ေက်ာင္း၊ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားႏွင့္ သီလရွင္ေက်ာင္းေပါင္း (၄၃၁၇) ေက်ာင္း၊ ဘုရားေစတီ (၆၀၂၇) ဆူ၊ ေဆး႐ုံ/ေဆးခန္း (၃၅၀) ၊ ရထားလမ္း (၃၈) ခု၊ လမ္းေပါင္း (၂၆၉) ခု၊ အျမန္(လမ္းပိုင္း) (၂၀၃) ခု၊ ဆည္/တမံ (၅၈၆) ခုႏွင့္ တံတားအစင္း (၁၇၀) တို႔ ထိခိုက္ ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။
“ႏိုင္ငံတကာကူညီေထာက္ပံ့မႈမ်ားအေနျဖင့္ ႏိုင္ငံေပါင္း ၂၅ႏိုင္ငံက ေလယာဥ္ (၁၄၅)ေခါက္ ေရာက္ရွိခဲ့ပါတယ္။ ကား (၂၃)စီး ေရာက္ရွိခဲ့ပါတယ္။ ကားကေတာ့ တ႐ုတ္ႏိုင္ငံကပဲျဖစ္ပါတယ္။ သေဘၤာ (၆)စီး အိႏၵိယႏိုင္ငံက (၅)စီး၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံက တစ္စီး ေရာက္ရွိခဲ့ပါတယ္”ဟု ၎ကဆိုသည္။
ထို႔ျပင္ ကယ္ဆယ္ေရးဝန္ထမ္းမ်ား (၂၀၉၄)ဦးေရာက္ရွိခဲ့သည့္အျပင္ ေထာက္ပံ့ပစၥည္း တန္ခ်ိန္ (၂၅၁၄ဒသမ ၆ )တန္ႏွင့္ ကယ္ဆယ္ေရးပစၥည္းတန္ခ်ိန္ (၁၁၉၇ဒသမ၁၂)တန္တို႔လည္း ေရာက္ရွိခဲ့ေၾကာင္း သိရသည္။