ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ်ကို ဂျာမနီအစိုးရ ကြေညာ

 796

Pika (NP News) - ဧပြီ ၂၂

သံချပ်ကာယာဉ်တွေ၊ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ၊ ဟောင်ဝစ်ဇာအမြောက်တွေနဲ့ အခြားစစ်လက်နက်ပစ္စည်းတွေအပါအဝင် ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ်တွေကို ဂျာမနီအစိုးရက ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။

ဂျာမန်အဓိပတိဖြစ်လာခဲ့တဲ့ Chancellor Friedrich Merz က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးတာနဲ့ပတ်သက်ပြီး ဂျာမနီကကိုယ်တိုင်ချမှတ်ထားတဲ့ တားမြစ်ချက်တွေကို ၎င်းကချိုးဖောက်နိုင်တယ်လို့ ယခုလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ၎င်းရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ရုရှားဘက်က ပြင်းပြင်းထန်ထန်သတိပေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဂျာမနီအစိုးရဟာ ယူကရိန်းကိုပေးပို့ခဲ့တဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းစာရင်းတွေနဲ့ပတ်သက်ပြီး ပြင်ဆင်ထားတဲ့စာရင်းအသစ်ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။

ထုတ်ပြန်ချက်မှာ "ဂျာမနီအစိုးရဟာ လာမယ့်နှစ်တွေအတွင်း ယူရို(၂၈)ဘီလျံတန်ဖိုးရှိ စစ်‌ရေးအကူအညီတွေ ‌ယူကရိန်းကို ပေးအပ်ဖို့ ကတိပြုထားပါတယ်။ ယူရို(၅ ဒသမ ၂)ဘီလျံဝန်းကျင်တန်ဖိုးရှိ စစ်ရေးအကူအညီတွေဟာ ဂျာမနီစစ်တပ်ရဲ့ ကိုယ်ပိုင်သိုလှောင်မှုတွေထဲကနေ လာတာဖြစ်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းစစ်သား(၁၀၀၀၀)ကျော်ဟာ ရုရှား-ယူကရိန်းစစ်ပွဲ ဖြစ်ပွားချိန်ကနေစတင်ပြီး ဂျာမနီဆီကနေ စစ်ရေးလေ့ကျင့်ပေးမှုတွေကို လက်ခံရရှိခဲ့တယ်လို့ ဂျာမနီအစိုးရက ထပ်မံပြောကြားခဲ့ပါတယ်။

zawgyi version
ယူကရိန္းအတြက္ စစ္ေရးအကူအညီအသစ္ကို ဂ်ာမနီအစိုးရ ေၾကညာ
Pika (NP News) - ဧၿပီ ၂၂

သံခ်ပ္ကာယာဥ္ေတြ၊ ေလေၾကာင္းရန္ကာကြယ္ေရးဒုံးက်ည္ေတြ၊ ေဟာင္ဝစ္ဇာအေျမာက္ေတြနဲ႔ အျခားစစ္လက္နက္ပစၥည္းေတြအပါအဝင္ ယူကရိန္းအတြက္ စစ္ေရးအကူအညီအသစ္ေတြကို ဂ်ာမနီအစိုးရက ထုတ္ျပန္ေၾကညာခဲ့တယ္လို႔ သိရပါတယ္။

ဂ်ာမန္အဓိပတိျဖစ္လာခဲ့တဲ့ Chancellor Friedrich Merz က ယူကရိန္းကို တာေဝးပစ္ဒုံးက်ည္ေတြ ေထာက္ပံ့ေပးတာနဲ႔ပတ္သက္ၿပီး ဂ်ာမနီကကိုယ္တိုင္ခ်မွတ္ထားတဲ့ တားျမစ္ခ်က္ေတြကို ၎ကခ်ိဳးေဖာက္ႏိုင္တယ္လို႔ ယခုလအေစာပိုင္းမွာ ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ၎ရဲ႕ေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး ႐ုရွားဘက္က ျပင္းျပင္းထန္ထန္သတိေပးမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဂ်ာမနီအစိုးရဟာ ယူကရိန္းကိုေပးပို႔ခဲ့တဲ့ စစ္ဘက္ဆိုင္ရာပစၥည္းစာရင္းေတြနဲ႔ပတ္သက္ၿပီး ျပင္ဆင္ထားတဲ့စာရင္းအသစ္ကို ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ခဲ့တယ္လို႔လည္း သိရပါတယ္။

ထုတ္ျပန္ခ်က္မွာ "ဂ်ာမနီအစိုးရဟာ လာမယ့္ႏွစ္ေတြအတြင္း ယူ႐ို(၂၈)ဘီလ်ံတန္ဖိုးရွိ စစ္‌ေရးအကူအညီေတြ ‌ယူကရိန္းကို ေပးအပ္ဖို႔ ကတိျပဳထားပါတယ္။ ယူ႐ို(၅ ဒသမ ၂)ဘီလ်ံဝန္းက်င္တန္ဖိုးရွိ စစ္ေရးအကူအညီေတြဟာ ဂ်ာမနီစစ္တပ္ရဲ႕ ကိုယ္ပိုင္သိုေလွာင္မႈေတြထဲကေန လာတာျဖစ္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းစစ္သား(၁၀၀၀၀)ေက်ာ္ဟာ ႐ုရွား-ယူကရိန္းစစ္ပြဲ ျဖစ္ပြားခ်ိန္ကေနစတင္ၿပီး ဂ်ာမနီဆီကေန စစ္ေရးေလ့က်င့္ေပးမႈေတြကို လက္ခံရရွိခဲ့တယ္လို႔ ဂ်ာမနီအစိုးရက ထပ္မံေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.