မန္တလေးငလျင်ကြီးကြောင့် လူနေအိမ် (၆၄၀၀၀) နီးပါးနှင့် အဆောက်အဦးများစွာ ပျက်ဆီးဆုံးရှုံး

 432

Pearl (NP News) – ဧပြီ ၂၆
မန္တလေးငလျင်ကြီးကြောင့် လူနေအိမ် (၆၄၀၀၀) နီးပါးနှင့် အဆောက်အဦးများစွာ ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် မတ် (၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ယနေ့ (ဧပြီ ၂၅ ရက်) စာရင်းများအရ သေဆုံးသူ ၃၇၆၃ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၇ ဦး၊ ပျောက်ဆုံးသူ ၁၁၀ ရှိကြောင်းသိရသည်။

ထို့ပြင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ ခုတွင် ယမန်နေ့ (ဧပြီ ၂၄ ရက်) ကနဦးစာရင်းများအရ လူနေအိမ် ၆၃၈၅၄ လုံး၊ စာသင်ကျောင်း ၆၇၅၂ ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း ၅၄၇၄ ကျောင်း၊ စေတီပုထိုး ၅၃၄၂ ဆူ၊ အခြားဘာသာ ရေးအဆောက်အအုံ ၆၁၃ လုံး၊ ဆေးရုံ၊ ဆေးခန်း ၅၇၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

အလားတူ ရထားလမ်း ၅၆ ခု၊ လမ်း ၂၇၁ ခု၊ အမြန်လမ်းပိုင်း ၁၉၈ ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင်း၊ ထရန်စဖော်မာ ၃၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် ငလျင်ကြောင့် အိမ်ထောင်စု ၁၂၈၉၆၅ စု၊ လူဦးရေ ၆၂၉၂၀၆ ဦး ငလျင်ဘေးကြုံတွေ့ခဲ့ကြရပြီး DMC ၏ ဧပြီ ၂၃ ရက် စာရင်းအရ ကယ်ဆယ်ရေးစခန်း ၁၃၅ ခုကို ပြောင်းရွှေ့နေထိုင်သူ ၄၈၆၅၆ ဦးရှိခဲ့ကြောင်းနှင့် မိမိအစီအစဉ်နှင့်ပြောင်းရွှေ့ နေထိုင်သူ ၁၅၉၂၃၉ ဦး၊ ငလျင် ဘေးသင့်ခဲ့သော်လည်း မိမိတို့၏နေအိမ်များတွင် နေထိုင်၍ရသည့်အတွက် ဆက်လက်နေထိုင်သူ ၄၂၁၃၁၁ ဦးရှိကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

ငလျင်စတင်ဖြစ်ပွားသည့်အချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံတကာကို အကူအညီတောင်းခံမှုများ ဆောင်ရွက်ခဲ့ပြီး နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ယနေ့အချိန်ထိ လေယာဉ်ပေါင်း ၁၄၇ စင်း၊ သင်္ဘောခုနစ်စင်း၊ မော်တော်ယာဉ် ၂၃ စီးတို့ဖြင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်ပေါင်း ၂၀၉၅ ဦး ရောက်ရှိခဲ့ကာ ထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၆၃၅ ဒသမ ၉၂ တန်နှင့် ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၁၁၉၇ ဒသမ ၁၂ တန် စုစုပေါင်းတန်ချိန် ၃၈၃၃ ဒသမ ၈၄ တန် ပေးပို့လှူဒါန်းကူညီကြောင်းလည်း သိရသည်။

Zawgyi Version:
မႏၲေလးငလ်င္ႀကီးေၾကာင့္ လူေနအိမ္ (၆၄၀၀၀) နီးပါးႏွင့္ အေဆာက္အဦးမ်ားစြာ ပ်က္ဆီးဆုံးရႈံး
Pearl (NP News) – ဧၿပီ ၂၆
မႏၲေလးငလ်င္ႀကီးေၾကာင့္ လူေနအိမ္ (၆၄၀၀၀) နီးပါးႏွင့္ အေဆာက္အဦးမ်ားစြာ ပ်က္ဆီးဆုံးရႈံးခဲ့ရေၾကာင္း အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီ၏ အခ်က္အလက္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ မတ္ (၂၈)ရက္တြင္ လႈပ္ခတ္ခဲ့သည့္ မႏၲေလးငလ်င္ႀကီးေၾကာင့္ ယေန႔ (ဧၿပီ ၂၅ ရက္) စာရင္းမ်ားအရ ေသဆုံးသူ ၃၇၆၃ ဦး၊ ဒဏ္ရာရရွိသူ ၅၁၀၇ ဦး၊ ေပ်ာက္ဆုံးသူ ၁၁၀ ရွိေၾကာင္းသိရသည္။

ထို႔ျပင္ ေနျပည္ေတာ္ေကာင္စီအပါအဝင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ၁၀ ခုတြင္ ယမန္ေန႔ (ဧၿပီ ၂၄ ရက္) ကနဦးစာရင္းမ်ားအရ လူေနအိမ္ ၆၃၈၅၄ လုံး၊ စာသင္ေက်ာင္း ၆၇၅၂ ေက်ာင္း၊ ဘုန္းႀကီးေက်ာင္းႏွင့္ သီလရွင္ေက်ာင္း ၅၄၇၄ ေက်ာင္း၊ ေစတီပုထိုး ၅၃၄၂ ဆူ၊ အျခားဘာသာ ေရးအေဆာက္အအုံ ၆၁၃ လုံး၊ ေဆး႐ုံ၊ ေဆးခန္း ၅၇၆ လုံး ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္းသိရသည္။

အလားတူ ရထားလမ္း ၅၆ ခု၊ လမ္း ၂၇၁ ခု၊ အျမန္လမ္းပိုင္း ၁၉၈ ခု၊ ဆည္/တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင္း၊ ထရန္စေဖာ္မာ ၃၅၃ လုံး ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္းလည္း သိရသည္။

ထို႔ျပင္ ငလ်င္ေၾကာင့္ အိမ္ေထာင္စု ၁၂၈၉၆၅ စု၊ လူဦးေရ ၆၂၉၂၀၆ ဦး ငလ်င္ေဘးႀကဳံေတြ႕ခဲ့ၾကရၿပီး DMC ၏ ဧၿပီ ၂၃ ရက္ စာရင္းအရ ကယ္ဆယ္ေရးစခန္း ၁၃၅ ခုကို ေျပာင္းေ႐ႊ႕ေနထိုင္သူ ၄၈၆၅၆ ဦးရွိခဲ့ေၾကာင္းႏွင့္ မိမိအစီအစဥ္ႏွင့္ေျပာင္းေ႐ႊ႕ ေနထိုင္သူ ၁၅၉၂၃၉ ဦး၊ ငလ်င္ ေဘးသင့္ခဲ့ေသာ္လည္း မိမိတို႔၏ေနအိမ္မ်ားတြင္ ေနထိုင္၍ရသည့္အတြက္ ဆက္လက္ေနထိုင္သူ ၄၂၁၃၁၁ ဦးရွိေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။

ငလ်င္စတင္ျဖစ္ပြားသည့္အခ်ိန္တြင္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္အေနျဖင့္ ႏိုင္ငံတကာကို အကူအညီေတာင္းခံမႈမ်ား ေဆာင္႐ြက္ခဲ့ၿပီး ႏိုင္ငံေပါင္း ၂၆ ႏိုင္ငံမွ ယေန႔အခ်ိန္ထိ ေလယာဥ္ေပါင္း ၁၄၇ စင္း၊ သေဘၤာခုနစ္စင္း၊ ေမာ္ေတာ္ယာဥ္ ၂၃ စီးတို႔ျဖင့္ အေရးေပၚ ကယ္ဆယ္ေရးအဖြဲ႕ဝင္ေပါင္း ၂၀၉၅ ဦး ေရာက္ရွိခဲ့ကာ ေထာက္ပံ့ေရးပစၥည္းတန္ခ်ိန္ ၂၆၃၅ ဒသမ ၉၂ တန္ႏွင့္ ကယ္ဆယ္ေရးပစၥည္းတန္ခ်ိန္ ၁၁၉၇ ဒသမ ၁၂ တန္ စုစုေပါင္းတန္ခ်ိန္ ၃၈၃၃ ဒသမ ၈၄ တန္ ေပးပို႔လႉဒါန္းကူညီေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.