၀န်ထမ်းတစ်ဝက်ခန့်ကို AI နည်းပညာဖြင့် အစားထိုးသွားနိုင်ကြောင်း ရုရှားဝန်ကြီးပြော

 217

Pika (NP News)
ရုရှားနိုင်ငံသည် ၎င်း၏ဝန်ထမ်း အနည်းဆုံး တစ်ဝက်ခန့်ကို AI နည်းပညာဖြင့် အစားထိုး သွားနိုင် ကြောင်း ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maksut Shadaev က ထုတ်ပြန်ပြောကြားခဲ့သည်။ Maksut Shadaev သည် ဧပြီလ(၂၄)ရက်က ကျင်းပခဲ့သော Data Fusion ဖိုရမ်တွင် အများ သူငါ ဝန် ဆောင်မှုဆိုင်ရာအလုပ်အကိုင်များကို ပြောင်းလဲရာတွင် AI နည်းပညာ၏စွမ်းရည်များကို မီးမောင်း ထိုးပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Maksut Shadaev က “ AI နည်းပညာက ရုရှားနိုင်ငံရဲ့ဝန်ထမ်းတစ်ဝက်လောက်ကို အစားထိုး နိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြီးတော့ ဒီအစားထိုးနိုင်မှုက ထင်ထားတာထက်တောင် ပိုများ ရင်များနိုင်ပါသေးတယ်။ ဒါပေမဲ့လည်း ဆရာဝန်တွေ နဲ့ ဆရာ/ဆရာမတွေလိုမျိုး အသက်မွေးဝမ်း ကျောင်း လုပ်ငန်းအချို့ကိုတော့ အစားထိုးလို့ရမှာ မဟုတ်ပါဘူး” ဟု ပြောဆိုခဲ့သည်။
ရုရှားနိုင်ငံသည် ဖန်တီးမှုသာမက အကောင်အထည်ဖော်မှုအတိုင်းအတာ၊ နယ်ပယ်တိုင်းတွင် AI နည်းပညာကို မိတ်ဆက်ခြင်းတွင် ခေါင်းဆောင်နိုင်ငံတစ်နိုင်ငံဖြစ်သင့်ကြောင်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ တွင် ရုရှားသမ္မတပူတင်က ထုတ်ပြန်ပြောဆိုခဲ့သည်။
ထို့ပြင် ၎င်း၏ မကြာသေးမီကလုပ်ဆောင်ခဲ့သော နှစ်စဉ်အမေးအဖြေကဏ္ဍအတွင်း တင်သွင်းခဲ့ သည့်မေးခွန်းပေါင်း သန်းပေါင်းများစွာကို ခွဲခြမ်းစိတ်ဖြာရန်အတွက် ပြည်တွင်းတွင် တီထွင်ထုတ်လုပ် ထားသည့် မျိုးဆက်သစ်ပုံစံကို ထိရောက်စွာအသုံးပြုနိုင်ခြင်းကို ပူတင်က ချီးကျူးပြောဆိုခဲ့ကြောင်း လည်း သိရသည်။ Data Fusion ဖိုရမ်အတွင်း Maksut Shadaev က နိုင်ငံသားဒေတာစီမံခန့်ခွဲမှု၊ အစိုးရ ဝန်ဆောင်မှုများသို့ အများသူငှာဝင်ရောက်ခွင့်များကို မြှင့်တင်ရန်နှင့် ပုဂ္ဂိုလ်ရေး ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို အကာအကွယ်ပေးနေစဉ် တရားဝင်အချက်အလက်များနှင့်ဆိုင်သော CV များကို စီးပွားရေး လုပ်ငန်းများမှ စစ်ဆေးအတည်ပြုနိုင်စေရန် ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အစီအစဉ် များကို အသေးစိတ်ရှင်းပြမှုများလုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
၀န္ထမ္းတစ္ဝက္ခန႔္ကို AI နည္းပညာျဖင့္ အစားထိုးသြားႏိုင္ေၾကာင္း ႐ုရွားဝန္ႀကီးေျပာ
Pika (NP News)
႐ုရွားႏိုင္ငံသည္ ၎၏ဝန္ထမ္း အနည္းဆုံး တစ္ဝက္ခန႔္ကို AI နည္းပညာျဖင့္ အစားထိုး သြားႏိုင္ ေၾကာင္း ဒီဂ်စ္တယ္ ဖြံ႕ၿဖိဳးတိုးတက္ေရးဝန္ႀကီး Maksut Shadaev က ထုတ္ျပန္ေျပာၾကားခဲ့သည္။ Maksut Shadaev သည္ ဧၿပီလ(၂၄)ရက္က က်င္းပခဲ့ေသာ Data Fusion ဖိုရမ္တြင္ အမ်ား သူငါ ဝန္ ေဆာင္မႈဆိုင္ရာအလုပ္အကိုင္မ်ားကို ေျပာင္းလဲရာတြင္ AI နည္းပညာ၏စြမ္းရည္မ်ားကို မီးေမာင္း ထိုးျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Maksut Shadaev က “ AI နည္းပညာက ႐ုရွားႏိုင္ငံရဲ႕ဝန္ထမ္းတစ္ဝက္ေလာက္ကို အစားထိုး ႏိုင္တယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။ ၿပီးေတာ့ ဒီအစားထိုးႏိုင္မႈက ထင္ထားတာထက္ေတာင္ ပိုမ်ား ရင္မ်ားႏိုင္ပါေသးတယ္။ ဒါေပမဲ့လည္း ဆရာဝန္ေတြ နဲ႔ ဆရာ/ဆရာမေတြလိုမ်ိဳး အသက္ေမြးဝမ္း ေက်ာင္း လုပ္ငန္းအခ်ိဳ႕ကိုေတာ့ အစားထိုးလို႔ရမွာ မဟုတ္ပါဘူး” ဟု ေျပာဆိုခဲ့သည္။
႐ုရွားႏိုင္ငံသည္ ဖန္တီးမႈသာမက အေကာင္အထည္ေဖာ္မႈအတိုင္းအတာ၊ နယ္ပယ္တိုင္းတြင္ AI နည္းပညာကို မိတ္ဆက္ျခင္းတြင္ ေခါင္းေဆာင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္သင့္ေၾကာင္း ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလ တြင္ ႐ုရွားသမၼတပူတင္က ထုတ္ျပန္ေျပာဆိုခဲ့သည္။
ထို႔ျပင္ ၎၏ မၾကာေသးမီကလုပ္ေဆာင္ခဲ့ေသာ ႏွစ္စဥ္အေမးအေျဖက႑အတြင္း တင္သြင္းခဲ့ သည့္ေမးခြန္းေပါင္း သန္းေပါင္းမ်ားစြာကို ခြဲျခမ္းစိတ္ျဖာရန္အတြက္ ျပည္တြင္းတြင္ တီထြင္ထုတ္လုပ္ ထားသည့္ မ်ိဳးဆက္သစ္ပုံစံကို ထိေရာက္စြာအသုံးျပဳႏိုင္ျခင္းကို ပူတင္က ခ်ီးက်ဴးေျပာဆိုခဲ့ေၾကာင္း လည္း သိရသည္။ Data Fusion ဖိုရမ္အတြင္း Maksut Shadaev က ႏိုင္ငံသားေဒတာစီမံခန႔္ခြဲမႈ၊ အစိုးရ ဝန္ေဆာင္မႈမ်ားသို႔ အမ်ားသူငွာဝင္ေရာက္ခြင့္မ်ားကို ျမႇင့္တင္ရန္ႏွင့္ ပုဂၢိဳလ္ေရး ကိုယ္ေရးကိုယ္တာ လုံၿခဳံမႈကို အကာအကြယ္ေပးေနစဥ္ တရားဝင္အခ်က္အလက္မ်ားႏွင့္ဆိုင္ေသာ CV မ်ားကို စီးပြားေရး လုပ္ငန္းမ်ားမွ စစ္ေဆးအတည္ျပဳႏိုင္ေစရန္ ဒစ္ဂ်စ္တယ္ ဖြံ႕ၿဖိဳးတိုးတက္ေရးဝန္ႀကီးဌာန၏ အစီအစဥ္ မ်ားကို အေသးစိတ္ရွင္းျပမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.