ငလျင်ဒဏ်သင့်ဒေသများအတွက် ဆောက်လုပ်ရေး ပစ္စည်း ဈေးရောင်းပွဲတော်ကျင်းပမည်

216

NP News ဧပြီ ၃၀ ရက်
နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက်လိုအပ်သည့် သံ၊ သံမဏိအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးမည့် ဈေးရောင်းပွဲတော် ကျင်းပရန် ပြင်ဆင်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါဈေးရောင်းပွဲတော်ကျင်းပနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများအပါအဝင် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံသံနှင့်သံမဏိအသင်း၊ ဘိလပ်မြေထုတ်လုပ်သူများအသင်းတို့မှ ဥက္ကဌများနှင့် တာဝန်ရှိသူများဖြင့် ဧပြီ ၂၉ ရက်နေ့မှာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
“ငလျင်ဘေးသင့်ဒေသတွေရဲ့ ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်း များအတွက် သံမဏိ၊ ဘိလပ်မြေ စတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေဟာ မဖြစ်မနေလိုအပ်တဲ့ပစ္စည်း တွေဖြစ်ပါတယ်။ ငလျင်ဖြစ်ပွားရာဒေသများကို စုံစမ်းကြည့်ရာမှာ လိုအပ်ချက်အရ ဈေးနှုန်းကြီးမြင့်ကွာခြားမှုတွေ ရှိနေတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ငလျင်ဘေးသင့်ဒေသတွေမှာ တည်ဆောက်ရေးပစ္စည်းများ အရည်အသွေးပြည့်မီပြီး ဈေးနှုန်းမှန်ကန်စွာနဲ့ လုံလောက်စွာရရှိရေး၊ အချိန်မီရရှိနိုင်ရေးတို့အတွက် ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချပေးရန် စီစဉ်နေပါတယ်” ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
ထို့ကြောင့် သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များအနေဖြင့် ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန်၊ ငလျင်ဘေးသင့်အဆောက်အအုံများအား ပြင်းအားရစ်(ခ်)တာစကေး ၈ အဆင့်ဒဏ်ခံနိုင်ရန် ပြန်လည်တည်ဆောက်ရာတွင် အရည်အသွေးမှန်ကန်သည့် ပစ္စည်းများကို အသုံးပြုနိုင်ရေး၊ ဈေးနှုန်းသက်သာစေရေး၊ အာမခံချက်ရှိသည့် ပစ္စည်းများကို လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုနိုင်ရေး၊ အဆောက်အအုံများ မြန်ဆန်စွာဆောက်လုပ်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ဈေးရောင်းပွဲတော်ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ဈေးရောင်းပွဲတော်ကို ပြည်ထောင်စုနယ်မြေနေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး သက်ဆိုင်ရာအသင်းများ၏ ဦးဆောင်မှုဖြင့် လုပ်ငန်းရှင်များက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားခြင်းဖြစ်သည်။

Zawgyi Version:
ငလ်င္ဒဏ္သင့္ေဒသမ်ားအတြက္ ေဆာက္လုပ္ေရး ပစၥည္း ေဈးေရာင္းပြဲေတာ္က်င္းပမည္
NP News ဧၿပီ ၃၀ ရက္
ေနျပည္ေတာ္၊ မႏၲေလးႏွင့္ စစ္ကိုင္းတို႔တြင္ ငလ်င္ေဘးသင့္ေဒသမ်ား ျပန္လည္ထူေထာင္ေရးႏွင့္ တည္ေဆာက္ေရးလုပ္ငန္းမ်ားအတြက္လိုအပ္သည့္ သံ၊ သံမဏိအပါအဝင္ ေဆာက္လုပ္ေရးလုပ္ငန္းသုံး ပစၥည္းမ်ားကို သက္သာေသာေဈးႏႈန္းျဖင့္ေရာင္းခ်ေပးမည့္ ေဈးေရာင္းပြဲေတာ္ က်င္းပရန္ ျပင္ဆင္ေနေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရသည္။
အဆိုပါေဈးေရာင္းပြဲေတာ္က်င္းပႏိုင္ေရးအတြက္ စက္မႈဝန္ႀကီးဌာန၊ စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနတို႔မွ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ ဒုတိယဝန္ႀကီးမ်ားအပါအဝင္ ဌာနဆိုင္ရာမ်ားမွ တာဝန္ရွိသူမ်ား၊ ျမန္မာႏိုင္ငံေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္းရွင္မ်ားအသင္း၊ ျမန္မာႏိုင္ငံသံမဏိလုပ္ငန္းရွင္မ်ား အသင္း၊ ျမန္မာႏိုင္ငံသံႏွင့္သံမဏိအသင္း၊ ဘိလပ္ေျမထုတ္လုပ္သူမ်ားအသင္းတို႔မွ ဥကၠဌမ်ားႏွင့္ တာဝန္ရွိသူမ်ားျဖင့္ ဧၿပီ ၂၉ ရက္ေန႔မွာ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတစ္ရပ္ကို က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
“ငလ်င္ေဘးသင့္ေဒသေတြရဲ႕ ျပန္လည္ထူေထာင္ေရးနဲ႔ တည္ေဆာက္ေရးလုပ္ငန္း မ်ားအတြက္ သံမဏိ၊ ဘိလပ္ေျမ စတဲ့ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းေတြဟာ မျဖစ္မေနလိုအပ္တဲ့ပစၥည္း ေတြျဖစ္ပါတယ္။ ငလ်င္ျဖစ္ပြားရာေဒသမ်ားကို စုံစမ္းၾကည့္ရာမွာ လိုအပ္ခ်က္အရ ေဈးႏႈန္းႀကီးျမင့္ကြာျခားမႈေတြ ရွိေနတာကို ေတြ႕ရွိရပါတယ္။ ဒါေၾကာင့္ ငလ်င္ေဘးသင့္ေဒသေတြမွာ တည္ေဆာက္ေရးပစၥည္းမ်ား အရည္အေသြးျပည့္မီၿပီး ေဈးႏႈန္းမွန္ကန္စြာနဲ႔ လုံေလာက္စြာရရွိေရး၊ အခ်ိန္မီရရွိႏိုင္ေရးတို႔အတြက္ ေဈးေရာင္းပြဲေတာ္ ဖြင့္လွစ္ေရာင္းခ်ေပးရန္ စီစဥ္ေနပါတယ္” ဟု စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက ေျပာၾကားသည္။
ထို႔ေၾကာင့္ သက္ဆိုင္ရာဌာနမ်ားႏွင့္ အသင္းအဖြဲ႕မ်ားအေနျဖင့္ ေဈးေရာင္းပြဲေတာ္ ေအာင္ျမင္စြာက်င္းပႏိုင္ေရး ပူးေပါင္းေဆာင္႐ြက္ေပးရန္၊ ငလ်င္ေဘးသင့္အေဆာက္အအုံမ်ားအား ျပင္းအားရစ္(ခ္)တာစေကး ၈ အဆင့္ဒဏ္ခံႏိုင္ရန္ ျပန္လည္တည္ေဆာက္ရာတြင္ အရည္အေသြးမွန္ကန္သည့္ ပစၥည္းမ်ားကို အသုံးျပဳႏိုင္ေရး၊ ေဈးႏႈန္းသက္သာေစေရး၊ အာမခံခ်က္ရွိသည့္ ပစၥည္းမ်ားကို လြယ္ကူလ်င္ျမန္စြာ ဝယ္ယူအသုံးျပဳႏိုင္ေရး၊ အေဆာက္အအုံမ်ား ျမန္ဆန္စြာေဆာက္လုပ္ႏိုင္ေရး စသည့္ ရည္႐ြယ္ခ်က္မ်ားျဖင့္ ေဈးေရာင္းပြဲေတာ္ေဆာင္႐ြက္ရန္ စီစဥ္ျခင္းျဖစ္ေၾကာင္းသိရသည္။
အဆိုပါ ေဈးေရာင္းပြဲေတာ္ကို ျပည္ေထာင္စုနယ္ေျမေနျပည္ေတာ္၊ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္းတို႔တြင္ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး သက္ဆိုင္ရာအသင္းမ်ား၏ ဦးေဆာင္မႈျဖင့္ လုပ္ငန္းရွင္မ်ားက ပူးေပါင္းပါဝင္ ေဆာင္႐ြက္ၾကရန္လည္း တိုက္တြန္းထားျခင္းျဖစ္သည္။