၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပုဇွန် ဒေါ်လာ ၂၉ သန်းကျော် ပြည်ပသို့ တင်ပို့နိုင်ခဲ့

148

NP News - မေ ၁
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပုဇွန်တင်ပို့ရာတွင် မက်ထရစ်တန် ၉၀၀၀ ကျော် တင်ပို့နိုင်ခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာ ၂၉ သန်းကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
“၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ ဧပြီ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်ထိ တစ်နှစ်တာကာလအတွင်းမှာဆိုရင် ပြည်ပကို ပုဇွန်တင်ပို့မှုအနေနဲ့ မက်ထရစ်တန် ၉,၁၄၆ ဒသမ ၆၁၅ တန် တင်ပို့နိုင်ခဲ့တာကြောင့် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၆၇၃ သန်းရရှိခဲ့ပါတယ်။ ပုံမှန်ကုန်သွယ်မှုကရော၊ နယ်စပ်ကုန်သွယ်မှုကပါ နှစ်ခုစလုံးနဲ့ တင်ပို့နိုင်ခဲ့တာဖြစ်ပါ တယ်” ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၇၅၀၇ ဒသမ ၃၁၅ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၆၅၃ သန်းရရှိခဲ့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးဖြင့်လည်း ပုဇွန် မက်ထရစ်တန် ၁၆၃၉ ဒသမ ၃ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉ ဒသမ ဝ၂ သန်း ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပုဇွန် အပါအဝင် ရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နှင့် ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့တင်ပို့နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့မှတဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ် ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္အတြင္း ပုဇြန္ ေဒၚလာ ၂၉ သန္းေက်ာ္ ျပည္ပသို႔ တင္ပို႔ႏိုင္ခဲ့
NP News - ေမ ၁
ၿပီးခဲ့သည့္ ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္အတြင္း ျပည္ပႏိုင္ငံမ်ားသို႔ ပုဇြန္တင္ပို႔ရာတြင္ မက္ထရစ္တန္ ၉၀၀၀ ေက်ာ္ တင္ပို႔ႏိုင္ခဲ့ျခင္းေၾကာင့္ အေမရိကန္ေဒၚလာ ၂၉ သန္းေက်ာ္ ရရွိခဲ့ေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနမွ သိရသည္။
“၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္ရဲ႕ ဧၿပီ ၁ ရက္ေန႔ကေန မတ္လ ၃၁ ရက္ထိ တစ္ႏွစ္တာကာလအတြင္းမွာဆိုရင္ ျပည္ပကို ပုဇြန္တင္ပို႔မႈအေနနဲ႔ မက္ထရစ္တန္ ၉,၁၄၆ ဒသမ ၆၁၅ တန္ တင္ပို႔ႏိုင္ခဲ့တာေၾကာင့္ အေမရိကန္ေဒၚလာ ၂၉ ဒသမ ၆၇၃ သန္းရရွိခဲ့ပါတယ္။ ပုံမွန္ကုန္သြယ္မႈကေရာ၊ နယ္စပ္ကုန္သြယ္မႈကပါ ႏွစ္ခုစလုံးနဲ႔ တင္ပို႔ႏိုင္ခဲ့တာျဖစ္ပါ တယ္” ဟု ငါးလုပ္ငန္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။
တင္ပို႔မႈအေနျဖင့္ ပုံမွန္ကုန္သြယ္မႈမွ မက္ထရစ္တန္ ၇၅၀၇ ဒသမ ၃၁၅ တန္ တင္ပို႔ႏိုင္ခဲ့ၿပီး အေမရိကန္ေဒၚလာ ၂၀ ဒသမ ၆၅၃ သန္းရရွိခဲ့သည့္အျပင္ နယ္စပ္ကုန္သြယ္ေရးျဖင့္လည္း ပုဇြန္ မက္ထရစ္တန္ ၁၆၃၉ ဒသမ ၃ တန္ တင္ပို႔ႏိုင္ခဲ့ၿပီး အေမရိကန္ေဒၚလာ ၉ ဒသမ ဝ၂ သန္း ရရွိခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ပုဇြန္ အပါအဝင္ ေရထြက္ကုန္ပစၥည္းမ်ားကို တ႐ုတ္၊ ထိုင္း၊ ဘဂၤလားေဒ့ရွ္ ႏွင့္ ဂ်ပန္ စသည့္ ႏိုင္ငံေပါင္း ၄၀ ေက်ာ္သို႔တင္ပို႔ေနၿပီး တင္ပို႔မႈအေနျဖင့္ ရန္ကုန္ၿမိဳ႕မွတဆင့္ ပုံမွန္တင္ပို႔သည့္အျပင္ နယ္စပ္ ကုန္သြယ္ေရးမွလည္း တိုက္႐ိုက္တင္ပို႔လ်က္ရွိေၾကာင္း သိရသည္။