အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို အပြီးတိုင်ဖျက်သိမ်းစေလိုတယ်လို့ ဒေါ်နယ်ထရမ့်ပြော

271

Pika (NP News) - မေ ၇
အီရန်ရဲ့ နျူကလီးယားအစီအစဉ်တွေကို အပြီးတိုင်ဖျက်သိမ်းစေလိုတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့အီရန်ကြား လုပ်ဆောင်နေတဲ့ ဆွေးနွေးမှုတွေ နှောင့်နှေးနေချိန်မှာပဲ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အီရန်ရဲ့နျူကလီးယားအစီအစဉ်ကို ကန့်သတ်ဖို့ ဒါမှမဟုတ် အပြီးတိုင်ဖျက်သိမ်းစေဖို့ ရည်ရွယ်ထားတာမျိုး ရှိ/မရှိဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က "အီရန်ရဲ့နျူကလီးယားအစီအစဉ်တွေကို အပြီးတိုင်ဖျက်သိမ်းစေလိုတာပါ။ အဲဒါကိုပဲ ကျွန်တော်လက်ခံမှာပါ"လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့အတွက် နျူကလီးယားနည်းပညာရှိဖို့လိုအပ်တယ်လို့ ပြောဆိုခဲ့တဲ့ အီရန်ရဲ့ပြောဆိုချက်တွေကို ဒေါ်နယ်ထရမ့်က မှတ်ချက်ပြုပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က "သူတို့မှာ ရေနံတွေအများအပြားရှိပါတယ်။ သူတို့က နျူကလီးယားနည်းပညာရှိဖို့ မလိုအပ်ပါဘူး။ အရပ်ဘက်ဆိုင်ရာနျူကလီးယားစွမ်းအင်က စစ်ပွဲတွေကို မကြာခဏဖြစ်ပွားစေပါတယ်။ပြီးတော့ အီရန်က နျူကလီးယားလက်နက်ရသွားမှာကို ကျွန်တော်တို့မလိုချင်ပါဘူး။ ဒါက အရမ်းရိုးရှင်းတဲ့ သဘောတူညီချက်တစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာကြီးက ဖျက်ဆီးခံရနိုင်တာမလို့ သူတို့မှာနျူကလီးယားလက်နက်ရှိတာကို ကျွန်တော်မလိုချင်တာပါ"လို့ ပြောဆိုခဲ့ပါတယ်။
zawgyi version
အီရန္ရဲ႕ န်ဴကလီးယားအစီအစဥ္ကို အၿပီးတိုင္ဖ်က္သိမ္းေစလိုတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေမ ၇
အီရန္ရဲ႕ န်ဴကလီးယားအစီအစဥ္ေတြကို အၿပီးတိုင္ဖ်က္သိမ္းေစလိုတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔အီရန္ၾကား လုပ္ေဆာင္ေနတဲ့ ေဆြးေႏြးမႈေတြ ေႏွာင့္ေႏွးေနခ်ိန္မွာပဲ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ကို ကန႔္သတ္ဖို႔ ဒါမွမဟုတ္ အၿပီးတိုင္ဖ်က္သိမ္းေစဖို႔ ရည္႐ြယ္ထားတာမ်ိဳး ရွိ/မရွိဆိုတဲ့ သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က "အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ေတြကို အၿပီးတိုင္ဖ်က္သိမ္းေစလိုတာပါ။ အဲဒါကိုပဲ ကြၽန္ေတာ္လက္ခံမွာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ဖို႔အတြက္ န်ဴကလီးယားနည္းပညာရွိဖို႔လိုအပ္တယ္လို႔ ေျပာဆိုခဲ့တဲ့ အီရန္ရဲ႕ေျပာဆိုခ်က္ေတြကို ေဒၚနယ္ထရမ့္က မွတ္ခ်က္ျပဳေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က "သူတို႔မွာ ေရနံေတြအမ်ားအျပားရွိပါတယ္။ သူတို႔က န်ဴကလီးယားနည္းပညာရွိဖို႔ မလိုအပ္ပါဘူး။ အရပ္ဘက္ဆိုင္ရာန်ဴကလီးယားစြမ္းအင္က စစ္ပြဲေတြကို မၾကာခဏျဖစ္ပြားေစပါတယ္။ၿပီးေတာ့ အီရန္က န်ဴကလီးယားလက္နက္ရသြားမွာကို ကြၽန္ေတာ္တို႔မလိုခ်င္ပါဘူး။ ဒါက အရမ္း႐ိုးရွင္းတဲ့ သေဘာတူညီခ်က္တစ္ခုပဲျဖစ္ပါတယ္။ ကမာၻႀကီးက ဖ်က္ဆီးခံရႏိုင္တာမလို႔ သူတို႔မွာန်ဴကလီးယားလက္နက္ရွိတာကို ကြၽန္ေတာ္မလိုခ်င္တာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။