တစ်ပတ်အတွင့် မြန်မာ့စီးပွားရေးစျေးကွက် သုံးသပ်ချက်

 431

ပြည့်ဖြိုး (NP News)

ယခုတစ်ပတ်အတွင်း နိုင်ငံတကာဈေးကွက်၌ ကမ္ဘာ့ရွှေဈေးများ မတည်မငြိမ်ဖြစ်နေရာ ပြည် တွင်းဈေးကွက်အတွင်း သက်ရောက်မှု အတိုင်း အတာတစ်ခုအထိရှိကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၃၃၀ဝ)ကျော်တွင် ဆက်လက် တည်ရှိနေပြီး အပြောင်းအလဲမြန်ဆန်နေသဖြင့် ရောင်းမှားဝယ်မှားမဖြစ်စေရန် ဂရုစိုက်နေရကြောင်း ရွှေလုပ်ငန်းရှင်များထံမှသိရသည်။ ပြည်တွင်း ရွှေ ဈေးကွက်အတွင်း၌ အခေါက်ရွှေအရောင်းအဝယ် ‌အေးနေသည့်အပြင် (၁၅)ပဲရည်ရွှေထည်များလည်း အ‌ရောင်းအဝယ်အေးနေကြောင်းသိရသည်။ မန္တလေး ကုန်စည်ဒိုင်နှင့် ရန်ကုန်ဈေးကွက်အတွင်း ပဲဈေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း ကုန်သည်များ ထံမှသိရသည်။ ဧပြီလကုန်ပိုင်းတွင်ပြည်ပသို့ ပဲတင်ပို့ မှုများ ပြန်လည်အားကောင်းလာခြင်းကြောင့် ပဲဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်း၌လည်း အလှူဒါနပြုလုပ်သူ များပြားလာခြင်းကြောင့် ပြည်တွင်းစားသုံးသည့် ပဲဈေးများမြင့်တက်လာခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူ များက ခန့်မှန်းထားကြသည်။ ပြည်တွင်းစား အုန်းဆီဈေးကွက်တွင် အထိုင်လက်ကားဈေး တစ်ပိဿာ လျှင် (၆၇၀ဝ)ကျပ်သတ်မှတ်ထားရာ ယခင်လ ကထက် (၇၀)ကျပ်ခန့် ဈေးကျဆင်းလာကြောင်း သိရသည်။ ပြင်ပဈေးကွက်အတွင်း စားအုန်းဆီဈေးမှာ တစ်ပိဿာလျှင် (၁၄၀ဝဝ)ကျပ်ဝန်းကျင်ဖြင့် အပြောင်းအလဲမရှိကြောင်းသိရသည်။ စက်သုံးဆီ ဈေးကွက်တွင် ရန်ကုန်မြို့ ရှိ အထိုင်လက်လီဈေးများ အနည်းငယ်မြင့်တက်လာပြီး စက်သုံးဆီတစ်လီတာ လျှင် (၈၀)ကျပ်ဝန်းကျင်ခန့် ပြန်လည်မြင့်တက် လာခြင်းဖြစ်သည်။ နိုင်ငံတကာတွင်လည်း စက်သုံးဆီဈေး အနည်းငယ်မြင့်တက်နေသည့်အတွက် ပြည် တွင်းဈေးများပါ လိုက်ပါမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ လတ်တလော မြန်မာနိုင်ငံ၏ ဈေး ကွက်အခြေအနေသည် ငွေကြေးဖောင်းပွမှု ဒဏ်ကိုအပြင်းအထန် ခံစားနေရသော သရုပ်သကန်ပေါ် ထွက်လာကြောင်း ကျွမ်းကျင်သူများကခန့်မှန်းထား ကြသည်။ (၂၀၂၁) ခုနှစ်နောက်ပိုင်းတွင် အကြီးမား ဆုံး ငွေကြေးဖောင်းပွမှု ဆက်တိုက်ဖြစ်ပေါ်နေပြီး ယခုနှစ်၏ငွေကြေးဖောင်းပွမှုများ (၂၀) ရာခိုင်နှုန်း အထက်တွင် ဆက်လက်ရပ်တည်နေနိုင်ကြောင်း သိရသည်။ ငွေကြေးဖောင်းပွမှုကြောင့် အထွေထွေ ကုန် ဈေးနှုန်းဆက်တိုက်မြင့်တက်လာပြီး လတ်တလောတွင် အခြေခံကုန်စည်များအထိ ဈေးကွက်သက် ရောက်မှုဖြစ်ပေါ်နေသည်။ လုပ်သားများအတွက် လုပ်ခလစာမှာ ယခင်နှစ်များအတိုင်း မပြောင်းလဲဘဲ ရှိနေသော်လည်း ငွေကြေးဖောင်းပွမှုမှာ ဆက်တိုက်မြင့်တက်လာခြင်းဖြစ်သည်။ ပြည်တွင်း အခြေခံ ကုန် ဈေးနှုန်းမြင့်တက်မှုသည် ပြည်သူများအတွက် လူမှုစီးပွားထိခိုက်လာသော အခြေအနေသို့ရောက် ရှိလာ ကြောင်းသိရသည်။

နိုင်ငံခြားငွေလဲဈေးကွက်နှင့် ရွှေဈေးကွက် အပြောင်းအလဲ
ပြည်တွင်းရွှေဈေးကွက်သည် ကမ္ဘာ့ရွှေဈေးအပြောင်းအလဲအရ လတ်တလောတွင် တည်ငြိမ်မှု မရှိဘဲ အတက်အကျမြန်ဆန်နေကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိ ကန်ဒေါ်လာ (၃၃၀ဝ)ဝန်းကျင်၌ အတက်အကျ မြန်ဆန်နေကြောင်းသိရသည်။ ကမ္ဘာ့ရွှေဈေးသည် ဧပြီလ(၃၀)ရက်တွင် ရွှေတစ်အောင်စလျှင် (၃၃၁၀)ဒေါ်လာမှပြန်လည်ကျဆင်းလာပြီး မေလ (၁) ရက် တွင် (၃၂၃၂) ဒေါ်လာ ၊ မေလ(၂)ရက်တွင် (၃၂၄၆) ဒေါ်လာ ၊ မေလ(၅)ရက်တွင် (၃၂၆၅)ဒေါ်လာနှင့် မေလ (၆)ရက်တွင် (၃၃၇၅)ဒေါ်လာဖြင့် အတက် အကျ မတည်ငြိမ်ကြောင်း သိရသည်။ ပြည်တွင်းရွှေ ဈေးကွက်အတွင်း၌ အပြောင်းအလဲ အနည်းအကျဉ်းသာဖြစ်ပေါ်ခဲ့ရာ နိုင်ငံခြားငွေလဲ‌ဈေးနှုန်းများတည် ငြိမ်နေခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ ပြည်တွင်း ပြင်ပရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား လျှင် (၇၄)သိန်းအထိကျဆင်းနေရာမှ မေလ (၅)ရက်တွင် (၇၄)သိန်းသုံးသောင်းနှင့် မေလ(၆) ရက်တွင် (၇၅)သိန်းငါးသောင်းအထိ ဈေးများဖြစ် ပေါ်ခဲ့သည်။ ‌ရွှေဈေးကွက်အတွင်း (၁၆)ပဲရည် အခေါက်ရွှေ အရောင်းအဝယ်အေးနေသည့်အပြင် အ‌ရောင်းအဝယ်ပြုလုပ်ရာတွင် ကြိုက်ရောင်းကြိုက်ဝယ် အနေ အထားဖြစ်ပေါ်နေကြောင်း ရွှေလုပ်ငန်းရှင် များထံမှသိရသည်။ လတ်တလောတွင် (၁၅)ပဲရည် ရွှေထည် ဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်နေသော်လည်း ယခင်နှစ်များဖြင့်နှိုင်းယှဉ်ပါက အ‌ရောင်းအဝယ် နည်းပါးကြောင်း သိရသည်။
လက်ရှိအချိန်သည် ‌‌‌နွေစပါးပေါ်ချိန်ဖြစ်သော်လည်း ပြည်တွင်းရွှေဈေးကွက်အတွင်း အရောင်း အဝယ် အေးနေခြင်းဖြစ်သည်။ နိုင်ငံခြားငွေလဲဈေးကွက်သည် ယခင်သီတင်းပတ်များအတိုင်း ဈေး တည်ငြိမ်နေကြောင်းသိရသည်။ နိုင်ငံခြားငွေလဲဈေးကွက်အတွင်းသို့ ဗဟိုဘဏ်မှ တရားဝင်ငွေလဲ လိုင်စင်ရဘဏ်များမှတစ်ဆင့် နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းနေသောကြောင့် ငွေလဲနှုန်းများ တည်ငြိမ်နေကြောင်းသုံးသပ်မှုများလည်းရှိနေသည်။ ငွေကြေးတန်ဖိုး အပြောင်းအလဲနည်းပါးသော် လည်း ကုန်စည်ဈေးနှုန်းများမှာ ဆက်တိုက်မြင့်တက်နေဆဲဖြစ်သည်။ မေလ(၆)ရက် ပြင်ပငွေလဲ ဈေး နှုန်းများမှာ အမေရိကန်တစ်ဒေါ်လာလျှင် (၄၄၁၀) ကျပ်၊ ထိုင်းငွေတစ်ဘတ်လျှင် (၁၃၄)ကျပ်၊ တရုတ် ငွေတစ်ယွမ်လျှင် (၆၁၁)ကျပ်၊ အန္ဒိယ တစ်ရူပီးလျှင် (၅၂)ကျပ် နှင့်စင်ကာပူတစ်ဒေါ်လာလျှင် (၃၄၃၀) ကျပ် အသီးသီး ရပ်တည်နေကြောင်းသိရသည်။ နိုင်ငံခြားငွေလဲနှုန်း သည် နယ်စပ်ကုန်သွယ်ရေးအပေါ် တိုက်ရိုက်သက်ရောက်နေသော်လည်း လတ်တလော လက်နက်ကိုင်တိုက်ပွဲများကြောင့် ကုန်သွယ်ရေး ရပ်တန့်နေရာ ပြည်တွင်းဈေးကွက်အပေါ်သက်ရောက်မှုကြီးမားနေသည်။ လာမည့်ရက်များအတွင်း နိုင်ငံခြားငွေဈေးနှင့် အခေါက်ရွှေဈေးများ အပြောင်းအလဲ မြန်ဆန်နေသော်လည်း အရောင်းအဝယ် နည်းပါးနေမည်ဖြစ်သည်။

စက်သုံးဆီဈေး အနည်းငယ်မြင့်တက်လာ

ပြည်တွင်း စက်သုံးဆီဈေးကွက်အတွင်း ယခင်တစ်ပတ်ကထက် ဈေးအနည်းငယ် မြင့်တက်လာ ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းကြီးကြပ်ရေးကော်မတီမှသိရသည်။ နိုင်ငံတကာ ဈေးကွက်တွင်စက်သုံးဆီဈေး အနည်းငယ်မြင့်တက် လာရာ ပြည်ပမှတစ်ဆင့်တင်သွင်းရာတွင် ဈေးနှုန်း များလိုက်ပါမြင့်တက်လာခြင်းဖြစ်သည်။ ယခင်သီ တင်းပတ်အတွင်းက စက်သုံးဆီရည်òန်းဈေးကို (၉၂) ဓာတ်ဆီတစ်လီတာ (၂၈၀၅)ကျပ်၊ (၉၅)ဓာတ်ဆီ တစ်လီတာ (၂၈၆၅) ကျပ်၊ ဒီဇယ် တစ်လီတာ (၂၄၃၅) ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် (၃၀၁၀) ကျပ်ဖြင့် သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဆီရည် òန်းဈေးကို (၉၂) ဓာတ်ဆီ တစ်လီတာ (၂၈၈၅) ကျပ်၊ (၉၅) ဓာတ်ဆီ တစ်လီတာ (၂၉၄၀)ကျပ်၊ ဒီဇယ် တစ်လီတာ (၂၄၇၀)ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ (၃၀၅၅)ကျပ်ဖြစ်ကြောင်း မေလ(၆)ရက် ပေါက်ဈေးများအရသိရသည်။ ထို့ကြောင့် စက်သုံးဆီ အမျိုးစားအလိုက် တစ်လီတာ လျှင် (၅၀)ကျပ်မှ (၁၀ဝ)ကျပ်ဝန်းကျင်အထိ ဈေးများမြင့်တက်လာခြင်းဖြစ်သည်။ ပြည်တွင်း စက်သုံးဆီဈေးသည် ပြည် နယ်နှင့်တိုင်းအလိုက် ဒေသများပေါ်မူတည်ကာ ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်နိုင်သည်။ လာမည့် ရက် ပိုင်းအတွင်း စက်သုံးဆီဈေးမှာ အမြင့်ဈေးဖြင့်တက်ရိပ်ပြနေမည်ဖြစ်သည်။

ပို့ကုန်ကဏ္ဍအတွင်းမှ ပဲဈေးကွက်

ပြည်ပသို့ပို့ကုန်တင်ပို့မှုများ လတ်တလော ကောင်းမွန်နေရာ မြန်မာနိုင်ငံ၏စိုက်ပျိုးရေးထွက် ကုန်တစ်ခုဖြစ်သော ပဲမျိုးစုံဈေးကွက်သည် ဈေးကောင်းရ၍ အဆင်ပြေနေကြောင်း သိရသည်။ မန္တလေး ကုန်စည်ဒိုင်တွင် ဧပြီလနောက်ဆုံးပတ်အတွင်း ပဲတီစိမ်း(အညာ) တစ်တန်ပေါက်ဈေး ၃,၄၈၃ç၈၁၉ ကျပ် မှ မေလ (၂)ရက်တွင် တစ်တန်လျှင် (၃,၉၁၉,၂၉၆)ကျပ်ရှိလာပြီး တစ်ပတ်အတွင်း (၄၃၅,၄၇၇)ကျပ် ဈေး မြင့်လာကြောင်းသိရသည်။မြေထောက်ပဲတစ်တန်သည်လည်း မေလ ပထမပတ်တွင် (၃,၅၁၅,၅၇၂) ကျပ် ဈေးရှိခဲ့ပြီး ယခင်တစ်ပတ်ဈေးမှာ (၃,၂၈၈,၇၆၁) ကျပ်ရှိခဲ့ရာ၊ တစ်ပတ်အတွင်း (၅၆,၇၀၃) ကျပ်မြင့် တက်ခဲ့ပြီး၊ ပြီးခဲ့သည်လနှင့်နှိုင်းယှဉ်ပါက (၂၂၆,၈၁၁)ကျပ် မြင့်တက်လာသည်။ ကုလားပဲ အမျိုးအစား များဖြစ်သော ထိုင်ဝမ်၊ (၉၂၉)၊ V2 ၊ V7 များမှာ ငလျင်ဘေးသင့်ဒေသများထံ လှူဒါန်းရန် ဝယ်ယူမှု များပြားလာခြင်းကြောင့် ဈေးတက်ပြီး အရောင်းအဝယ်ကောင်းနေကြောင်းသိရသည်။ မေ (၆)ရက်တွင် ကုလားပဲ(ထိုင်ဝမ်)တစ်တန် ကို (၂၄၈၂၂၂၁) ကျပ်ရှိခဲ့ပြီး ပြီးခဲ့သည့်တစ်ပတ်ထက် (၁၄၁၅၃၀) ကျပ်၊ ပြီးခဲ့သည့်လထက် (၁၇၄၁၉၁) ကျပ် ဈေးမြင့်လာပြီး ကုလားပဲ ( ၉၂၉)သည်လည်း (၂ယ၅၅၈,၄၂၉) ကျပ်ဈေးရှိလာသဖြင့် တစ်လအတွင်း (၁၀၈,၈၆၉) ကျပ် မြင့်တက်လာခြင်းဖြစ်သည်။ကုလားပဲ (V2) ဈေးမှာ တစ်တန်လျှင် (၂,၆၇၈,၁၈၆) ကျပ်ရှိလာပြီး ပြီးခဲ့သည့်တစ်ပတ်ထက် (၈၇၀၉၅) ကျပ်၊ ပြီးခဲ့ သည့်လထက် (၁၅၂,၄၁၇) ကျပ်၊ ကုလားပဲ (V7) အမျိုးအစားမှာ တစ်တန်လျှင် (၂,၈၈၅,ဝ၃၇) ကျပ် ပေါက်ဈေးရှိရာ ပြီးခဲ့သည့် တစ်ပတ်ထက် (၇၆,၂၀၉)ကျပ်၊ ပြီးခဲ့သည့်လထက် (၁၆၃,၃၀၄)ကျပ် ဈေး တက်လာခြင်းဖြစ်သည်။ ပို့ကုန် ပဲများဖြစ်သည့် ပဲစင်းငုံ(နီ)နှင့် မတ်ပဲတို့မှာ မန္တလေး ကုန်စည်ဒိုင်အတွင်း အရောင်းအဝယ်ကောင်းမွန်နေပြီး ဗမာ၊ ရှမ်း၊ CP စသည့် ပြောင်းဆန်အမျိုး အစားများသည်လည်း အ ရောင်းအဝယ်အေးကာ ဈေးအနည်းငယ်ကျနေ ကြောင်း သိရသည်။ ပဲမျိုးစုံ ဈေးကွက်အတွင်း အ‌ ရောင်းအဝယ်ပြန်လည် ကောင်းမွန်လာခြင်းမှာ ငလျင်ဒဏ်သင့်ဒေသများသို့ အလှူဒါန ပြုခြင်းများ ကြောင့်ဖြစ်ကြောင်းသိရသည်။ လာမည့်ရက်ပိုင်း အတွင်း ပဲမျိုးစုံဈေးကွက်မှာ ဆက်လက် အရောင်း အဝယ်ကောင်းမွန်နိုင်ကြောင်းသိရသည်။

ငွေကြေးဖောင်းပွမှုမြင့်မားနေခြင်း

လတ်တလောမြန်မာနိုင်ငံ၏ဈေးကွက်အတွင်း ငွေကြေးဖောင်းပွမှု မြင့်တက်နေသောကြောင့် ပြည်သူလူထုအကြား ဝင်ငွေနှင့်ထွက်ငွေ မမျှတခြင်း များကြုံတွေ့နေရကြောင်းသိရသည်။ ယခင်ဘဏ္ဍာ နှစ်၏ငွေကြေးဖောင်းပွမှုမှာ (၂၀)ရာခိုင်နှုန်းအထက် ရှိနိုင်ကြောင်း စိးပွားရေးပညာရှင်များကခန့်မှန်းထား ကြသည်။ ထို့ကြောင့် လတ်တလောတွင် အထွေထွေ ကုန်ဈေးနှုန်းမြင့်တက်မှုများ ကြုံတွေ့နေရခြင်းဖြစ် သည်။ လုပ်ခလစာမှာ လွန်ခဲ့သော သုံးလေးနှစ်ဝန်းကျင်က ပမာဏဖြင့်သာအလုပ်များလုပ်ကိုင်နေရ သော်လည်း ကုန်စည်ဈေးနှုန်းများမှာ သုံးဆမှ လေးဆဝန်းကျင်အထိ ဈေးများမြင့်တက်လာခြင်းကြောင့် ဖြစ်သည်။ နိုင်ငံခြားငွေလဲဈေးနှုန်းများမှာ လတ်တလော အပြောင်းအလဲနည်းပါးနေသော်လည်း ပြည် တွင်းအထွေထွေကုန်ဈေးနှုန်းများမှာ ဆက်တိုက် အမြင့်ပိုင်းတွင် ရပ်တည်နေသည်။ ပုံမှန်အားဖြင့် ငွေလဲ ဈေးနှုန်းတည်ငြိမ်ပါက အထွေထွေကုန်ဈေးနှုန်းတည်ငြိမ်ရမည်ဖြစ်သော်လည်း ပုံမှန်မဟုတ်သည့် သွင်းကုန်ပို့ကုန်မူဝါဒများကြောင့် ပြည်တွင်းဈေးကွက်၌ ကုန်ဈေးနှုန်းများ မကျဆင်းခြင်းဖြစ်သည်။ ပြည်တွင်းဈေးကွက်အတွင်း သွင်းကုန်အများစုကိုသာ သုံးစွဲနေရခြင်းကြောင့် နိုင်ငံခြားငွေ အပြောင်းအ လဲတည်ငြိမ်စေကာမူ ကုန်ဈေးနှုန်းတည်ငြိမ်နိုင်မှု မရှိပေ။ ထို့ပြင် ပြည်တွင်းရှိ စုစုပေါင်းပြည်တွင်းထုတ် လုပ်မှုတန်ဖိုး GDP မှာ (၂၀၂၁)ခုနှစ်မှစတင်ကာ တဖြည်းဖြည်းကျဆင်းလာခြင်းနှင့် ကုန်သွယ်မှုပမာဏ တန်ဖိုးများမှာလည်း အနည်းဆုံးအဖြစ်ရောက်ရှိ နေခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းကို ဝင်ငွေမှ လိုက်မမီသော ပြဿနာဖြစ်ပေါ်လာခြင်းဖြစ် သည်။ နိုင်ငံတကာမှ စီးပွား‌ရေးပိတ်ဆို့မှုများကြောင့် ကုန် သွယ်မှုကျဆင်းခဲ့ခြင်းများရှိသည့်အပြင် ပြည်တွင်းမှ ပို့ကုန်သွင်းကုန်များအပေါ် ကန့်သတ်ချက်များ ကြောင့်လည်း စီးပွားရေးတုံ့ဆိုင်းလာခြင်း ဖြစ်သည်။ မကြာမီ ကာလအတွင်းမိုးရာသီသို့ ရောက်ရှိလာ မည်ဖြစ်ရာ အချို့သောအခြေခံစားသောက် ကုန်များသည် လက်ရှိကာလပေါက်ဈေးထက် ပိုမိုမြင့်တက် လာမည်ဖြစ်သည်။ မြန်မာ့စီးပွား‌ရေးဈေး ကွက်သည် ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုနှစ်ခုစလုံး အရောင်း အဝယ်အေးနေပြီး ငွေကြေးလှည့်လည်စီးဆင်းမှုအရ နှေးကွေးနေမည်ဖြစ်သည်။ အကျိုးဆက်အားဖြင့် သာမန်ပြည်သူလူထုမှာ ငွေကြေးတန်ဖိုးကျဆင်းခြင်းနှင့် အထွေထွေကုန်ဈေးနှုန်းများ ဆက်တိုက်မြင့် တက်ခြင်းကိုဆက်လက်ကြုံတွေနေရမည်ဖြစ်သည်။

Zawgyi Version:
တစ္ပတ္အတြင့္ ျမန္မာ့စီးပြားေရးေစ်းကြက္ သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News)

ယခုတစ္ပတ္အတြင္း ႏိုင္ငံတကာေဈးကြက္၌ ကမာၻ႔ေ႐ႊေဈးမ်ား မတည္မၿငိမ္ျဖစ္ေနရာ ျပည္ တြင္းေဈးကြက္အတြင္း သက္ေရာက္မႈ အတိုင္း အတာတစ္ခုအထိရွိေၾကာင္း ေ႐ႊလုပ္ငန္းရွင္မ်ားထံမွ သိရသည္။ ကမာၻ႔ေ႐ႊေဈးသည္ တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ (၃၃၀ဝ)ေက်ာ္တြင္ ဆက္လက္ တည္ရွိေနၿပီး အေျပာင္းအလဲျမန္ဆန္ေနသျဖင့္ ေရာင္းမွားဝယ္မွားမျဖစ္ေစရန္ ဂ႐ုစိုက္ေနရေၾကာင္း ေ႐ႊလုပ္ငန္းရွင္မ်ားထံမွသိရသည္။ ျပည္တြင္း ေ႐ႊ ေဈးကြက္အတြင္း၌ အေခါက္ေ႐ႊအေရာင္းအဝယ္ ‌ေအးေနသည့္အျပင္ (၁၅)ပဲရည္ေ႐ႊထည္မ်ားလည္း အ‌ေရာင္းအဝယ္ေအးေနေၾကာင္းသိရသည္။ မႏၲေလး ကုန္စည္ဒိုင္ႏွင့္ ရန္ကုန္ေဈးကြက္အတြင္း ပဲေဈးႏႈန္းမ်ား ျပန္လည္ျမင့္တက္လာေၾကာင္း ကုန္သည္မ်ား ထံမွသိရသည္။ ဧၿပီလကုန္ပိုင္းတြင္ျပည္ပသို႔ ပဲတင္ပို႔ မႈမ်ား ျပန္လည္အားေကာင္းလာျခင္းေၾကာင့္ ပဲေဈးႏႈန္းမ်ား ျမင့္တက္လာျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ျပည္တြင္း၌လည္း အလႉဒါနျပဳလုပ္သူ မ်ားျပားလာျခင္းေၾကာင့္ ျပည္တြင္းစားသုံးသည့္ ပဲေဈးမ်ားျမင့္တက္လာျခင္းျဖစ္ေၾကာင္း ကြၽမ္းက်င္သူ မ်ားက ခန႔္မွန္းထားၾကသည္။ ျပည္တြင္းစား အုန္းဆီေဈးကြက္တြင္ အထိုင္လက္ကားေဈး တစ္ပိႆာ လွ်င္ (၆၇၀ဝ)က်ပ္သတ္မွတ္ထားရာ ယခင္လ ကထက္ (၇၀)က်ပ္ခန႔္ ေဈးက်ဆင္းလာေၾကာင္း သိရသည္။ ျပင္ပေဈးကြက္အတြင္း စားအုန္းဆီေဈးမွာ တစ္ပိႆာလွ်င္ (၁၄၀ဝဝ)က်ပ္ဝန္းက်င္ျဖင့္ အေျပာင္းအလဲမရွိေၾကာင္းသိရသည္။ စက္သုံးဆီ ေဈးကြက္တြင္ ရန္ကုန္ၿမိဳ႕ ရွိ အထိုင္လက္လီေဈးမ်ား အနည္းငယ္ျမင့္တက္လာၿပီး စက္သုံးဆီတစ္လီတာ လွ်င္ (၈၀)က်ပ္ဝန္းက်င္ခန႔္ ျပန္လည္ျမင့္တက္ လာျခင္းျဖစ္သည္။ ႏိုင္ငံတကာတြင္လည္း စက္သုံးဆီေဈး အနည္းငယ္ျမင့္တက္ေနသည့္အတြက္ ျပည္ တြင္းေဈးမ်ားပါ လိုက္ပါျမင့္တက္လာျခင္းျဖစ္ေၾကာင္း သိရသည္။ လတ္တေလာ ျမန္မာႏိုင္ငံ၏ ေဈး ကြက္အေျခအေနသည္ ေငြေၾကးေဖာင္းပြမႈ ဒဏ္ကိုအျပင္းအထန္ ခံစားေနရေသာ သ႐ုပ္သကန္ေပၚ ထြက္လာေၾကာင္း ကြၽမ္းက်င္သူမ်ားကခန႔္မွန္းထား ၾကသည္။ (၂၀၂၁) ခုႏွစ္ေနာက္ပိုင္းတြင္ အႀကီးမား ဆုံး ေငြေၾကးေဖာင္းပြမႈ ဆက္တိုက္ျဖစ္ေပၚေနၿပီး ယခုႏွစ္၏ေငြေၾကးေဖာင္းပြမႈမ်ား (၂၀) ရာခိုင္ႏႈန္း အထက္တြင္ ဆက္လက္ရပ္တည္ေနႏိုင္ေၾကာင္း သိရသည္။ ေငြေၾကးေဖာင္းပြမႈေၾကာင့္ အေထြေထြ ကုန္ ေဈးႏႈန္းဆက္တိုက္ျမင့္တက္လာၿပီး လတ္တေလာတြင္ အေျခခံကုန္စည္မ်ားအထိ ေဈးကြက္သက္ ေရာက္မႈျဖစ္ေပၚေနသည္။ လုပ္သားမ်ားအတြက္ လုပ္ခလစာမွာ ယခင္ႏွစ္မ်ားအတိုင္း မေျပာင္းလဲဘဲ ရွိေနေသာ္လည္း ေငြေၾကးေဖာင္းပြမႈမွာ ဆက္တိုက္ျမင့္တက္လာျခင္းျဖစ္သည္။ ျပည္တြင္း အေျခခံ ကုန္ ေဈးႏႈန္းျမင့္တက္မႈသည္ ျပည္သူမ်ားအတြက္ လူမႈစီးပြားထိခိုက္လာေသာ အေျခအေနသို႔ေရာက္ ရွိလာ ေၾကာင္းသိရသည္။

ႏိုင္ငံျခားေငြလဲေဈးကြက္ႏွင့္ ေ႐ႊေဈးကြက္ အေျပာင္းအလဲ
ျပည္တြင္းေ႐ႊေဈးကြက္သည္ ကမာၻ႔ေ႐ႊေဈးအေျပာင္းအလဲအရ လတ္တေလာတြင္ တည္ၿငိမ္မႈ မရွိဘဲ အတက္အက်ျမန္ဆန္ေနေၾကာင္း သိရသည္။ ကမာၻ႔ေ႐ႊေဈးသည္ တစ္ေအာင္စလွ်င္ အေမရိ ကန္ေဒၚလာ (၃၃၀ဝ)ဝန္းက်င္၌ အတက္အက် ျမန္ဆန္ေနေၾကာင္းသိရသည္။ ကမာၻ႔ေ႐ႊေဈးသည္ ဧၿပီလ(၃၀)ရက္တြင္ ေ႐ႊတစ္ေအာင္စလွ်င္ (၃၃၁၀)ေဒၚလာမွျပန္လည္က်ဆင္းလာၿပီး ေမလ (၁) ရက္ တြင္ (၃၂၃၂) ေဒၚလာ ၊ ေမလ(၂)ရက္တြင္ (၃၂၄၆) ေဒၚလာ ၊ ေမလ(၅)ရက္တြင္ (၃၂၆၅)ေဒၚလာႏွင့္ ေမလ (၆)ရက္တြင္ (၃၃၇၅)ေဒၚလာျဖင့္ အတက္ အက် မတည္ၿငိမ္ေၾကာင္း သိရသည္။ ျပည္တြင္းေ႐ႊ ေဈးကြက္အတြင္း၌ အေျပာင္းအလဲ အနည္းအက်ဥ္းသာျဖစ္ေပၚခဲ့ရာ ႏိုင္ငံျခားေငြလဲ‌ေဈးႏႈန္းမ်ားတည္ ၿငိမ္ေနျခင္းေၾကာင့္ ျဖစ္ေၾကာင္းသိရသည္။ ျပည္တြင္း ျပင္ပေ႐ႊေဈးကြက္တြင္ အေခါက္ေ႐ႊတစ္က်ပ္သား လွ်င္ (၇၄)သိန္းအထိက်ဆင္းေနရာမွ ေမလ (၅)ရက္တြင္ (၇၄)သိန္းသုံးေသာင္းႏွင့္ ေမလ(၆) ရက္တြင္ (၇၅)သိန္းငါးေသာင္းအထိ ေဈးမ်ားျဖစ္ ေပၚခဲ့သည္။ ‌ေ႐ႊေဈးကြက္အတြင္း (၁၆)ပဲရည္ အေခါက္ေ႐ႊ အေရာင္းအဝယ္ေအးေနသည့္အျပင္ အ‌ေရာင္းအဝယ္ျပဳလုပ္ရာတြင္ ႀကိဳက္ေရာင္းႀကိဳက္ဝယ္ အေန အထားျဖစ္ေပၚေနေၾကာင္း ေ႐ႊလုပ္ငန္းရွင္ မ်ားထံမွသိရသည္။ လတ္တေလာတြင္ (၁၅)ပဲရည္ ေ႐ႊထည္ ေဈးကြက္မွာ ပုံမွန္အေရာင္းအဝယ္ျဖစ္ေနေသာ္လည္း ယခင္ႏွစ္မ်ားျဖင့္ႏႈိင္းယွဥ္ပါက အ‌ေရာင္းအဝယ္ နည္းပါးေၾကာင္း သိရသည္။
လက္ရွိအခ်ိန္သည္ ‌‌‌ေႏြစပါးေပၚခ်ိန္ျဖစ္ေသာ္လည္း ျပည္တြင္းေ႐ႊေဈးကြက္အတြင္း အေရာင္း အဝယ္ ေအးေနျခင္းျဖစ္သည္။ ႏိုင္ငံျခားေငြလဲေဈးကြက္သည္ ယခင္သီတင္းပတ္မ်ားအတိုင္း ေဈး တည္ၿငိမ္ေနေၾကာင္းသိရသည္။ ႏိုင္ငံျခားေငြလဲေဈးကြက္အတြင္းသို႔ ဗဟိုဘဏ္မွ တရားဝင္ေငြလဲ လိုင္စင္ရဘဏ္မ်ားမွတစ္ဆင့္ ႏိုင္ငံျခားေငြမ်ား ဆက္တိုက္ထုတ္ေရာင္းေနေသာေၾကာင့္ ေငြလဲႏႈန္းမ်ား တည္ၿငိမ္ေနေၾကာင္းသုံးသပ္မႈမ်ားလည္းရွိေနသည္။ ေငြေၾကးတန္ဖိုး အေျပာင္းအလဲနည္းပါးေသာ္ လည္း ကုန္စည္ေဈးႏႈန္းမ်ားမွာ ဆက္တိုက္ျမင့္တက္ေနဆဲျဖစ္သည္။ ေမလ(၆)ရက္ ျပင္ပေငြလဲ ေဈး ႏႈန္းမ်ားမွာ အေမရိကန္တစ္ေဒၚလာလွ်င္ (၄၄၁၀) က်ပ္၊ ထိုင္းေငြတစ္ဘတ္လွ်င္ (၁၃၄)က်ပ္၊ တ႐ုတ္ ေငြတစ္ယြမ္လွ်င္ (၆၁၁)က်ပ္၊ အႏၵိယ တစ္႐ူပီးလွ်င္ (၅၂)က်ပ္ ႏွင့္စင္ကာပူတစ္ေဒၚလာလွ်င္ (၃၄၃၀) က်ပ္ အသီးသီး ရပ္တည္ေနေၾကာင္းသိရသည္။ ႏိုင္ငံျခားေငြလဲႏႈန္း သည္ နယ္စပ္ကုန္သြယ္ေရးအေပၚ တိုက္႐ိုက္သက္ေရာက္ေနေသာ္လည္း လတ္တေလာ လက္နက္ကိုင္တိုက္ပြဲမ်ားေၾကာင့္ ကုန္သြယ္ေရး ရပ္တန႔္ေနရာ ျပည္တြင္းေဈးကြက္အေပၚသက္ေရာက္မႈႀကီးမားေနသည္။ လာမည့္ရက္မ်ားအတြင္း ႏိုင္ငံျခားေငြေဈးႏွင့္ အေခါက္ေ႐ႊေဈးမ်ား အေျပာင္းအလဲ ျမန္ဆန္ေနေသာ္လည္း အေရာင္းအဝယ္ နည္းပါးေနမည္ျဖစ္သည္။

စက္သုံးဆီေဈး အနည္းငယ္ျမင့္တက္လာ

ျပည္တြင္း စက္သုံးဆီေဈးကြက္အတြင္း ယခင္တစ္ပတ္ကထက္ ေဈးအနည္းငယ္ ျမင့္တက္လာ ေၾကာင္း စက္သုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴး ျခင္းႀကီးၾကပ္ေရးေကာ္မတီမွသိရသည္။ ႏိုင္ငံတကာ ေဈးကြက္တြင္စက္သုံးဆီေဈး အနည္းငယ္ျမင့္တက္ လာရာ ျပည္ပမွတစ္ဆင့္တင္သြင္းရာတြင္ ေဈးႏႈန္း မ်ားလိုက္ပါျမင့္တက္လာျခင္းျဖစ္သည္။ ယခင္သီ တင္းပတ္အတြင္းက စက္သုံးဆီရည္òန္းေဈးကို (၉၂) ဓာတ္ဆီတစ္လီတာ (၂၈၀၅)က်ပ္၊ (၉၅)ဓာတ္ဆီ တစ္လီတာ (၂၈၆၅) က်ပ္၊ ဒီဇယ္ တစ္လီတာ (၂၄၃၅) က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီတာလွ်င္ (၃၀၁၀) က်ပ္ျဖင့္ သတ္မွတ္ထားခဲ့ျခင္းျဖစ္သည္။ လက္ရွိတြင္ ဆီရည္ òန္းေဈးကို (၉၂) ဓာတ္ဆီ တစ္လီတာ (၂၈၈၅) က်ပ္၊ (၉၅) ဓာတ္ဆီ တစ္လီတာ (၂၉၄၀)က်ပ္၊ ဒီဇယ္ တစ္လီတာ (၂၄၇၀)က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီတာ (၃၀၅၅)က်ပ္ျဖစ္ေၾကာင္း ေမလ(၆)ရက္ ေပါက္ေဈးမ်ားအရသိရသည္။ ထို႔ေၾကာင့္ စက္သုံးဆီ အမ်ိဳးစားအလိုက္ တစ္လီတာ လွ်င္ (၅၀)က်ပ္မွ (၁၀ဝ)က်ပ္ဝန္းက်င္အထိ ေဈးမ်ားျမင့္တက္လာျခင္းျဖစ္သည္။ ျပည္တြင္း စက္သုံးဆီေဈးသည္ ျပည္ နယ္ႏွင့္တိုင္းအလိုက္ ေဒသမ်ားေပၚမူတည္ကာ ေဈးႏႈန္းအေျပာင္းအလဲ ျဖစ္ေပၚႏိုင္သည္။ လာမည့္ ရက္ ပိုင္းအတြင္း စက္သုံးဆီေဈးမွာ အျမင့္ေဈးျဖင့္တက္ရိပ္ျပေနမည္ျဖစ္သည္။

ပို႔ကုန္က႑အတြင္းမွ ပဲေဈးကြက္

ျပည္ပသို႔ပို႔ကုန္တင္ပို႔မႈမ်ား လတ္တေလာ ေကာင္းမြန္ေနရာ ျမန္မာႏိုင္ငံ၏စိုက္ပ်ိဳးေရးထြက္ ကုန္တစ္ခုျဖစ္ေသာ ပဲမ်ိဳးစုံေဈးကြက္သည္ ေဈးေကာင္းရ၍ အဆင္ေျပေနေၾကာင္း သိရသည္။ မႏၲေလး ကုန္စည္ဒိုင္တြင္ ဧၿပီလေနာက္ဆုံးပတ္အတြင္း ပဲတီစိမ္း(အညာ) တစ္တန္ေပါက္ေဈး ၃,၄၈၃ç၈၁၉ က်ပ္ မွ ေမလ (၂)ရက္တြင္ တစ္တန္လွ်င္ (၃,၉၁၉,၂၉၆)က်ပ္ရွိလာၿပီး တစ္ပတ္အတြင္း (၄၃၅,၄၇၇)က်ပ္ ေဈး ျမင့္လာေၾကာင္းသိရသည္။ေျမေထာက္ပဲတစ္တန္သည္လည္း ေမလ ပထမပတ္တြင္ (၃,၅၁၅,၅၇၂) က်ပ္ ေဈးရွိခဲ့ၿပီး ယခင္တစ္ပတ္ေဈးမွာ (၃,၂၈၈,၇၆၁) က်ပ္ရွိခဲ့ရာ၊ တစ္ပတ္အတြင္း (၅၆,၇၀၃) က်ပ္ျမင့္ တက္ခဲ့ၿပီး၊ ၿပီးခဲ့သည္လႏွင့္ႏႈိင္းယွဥ္ပါက (၂၂၆,၈၁၁)က်ပ္ ျမင့္တက္လာသည္။ ကုလားပဲ အမ်ိဳးအစား မ်ားျဖစ္ေသာ ထိုင္ဝမ္၊ (၉၂၉)၊ V2 ၊ V7 မ်ားမွာ ငလ်င္ေဘးသင့္ေဒသမ်ားထံ လႉဒါန္းရန္ ဝယ္ယူမႈ မ်ားျပားလာျခင္းေၾကာင့္ ေဈးတက္ၿပီး အေရာင္းအဝယ္ေကာင္းေနေၾကာင္းသိရသည္။ ေမ (၆)ရက္တြင္ ကုလားပဲ(ထိုင္ဝမ္)တစ္တန္ ကို (၂၄၈၂၂၂၁) က်ပ္ရွိခဲ့ၿပီး ၿပီးခဲ့သည့္တစ္ပတ္ထက္ (၁၄၁၅၃၀) က်ပ္၊ ၿပီးခဲ့သည့္လထက္ (၁၇၄၁၉၁) က်ပ္ ေဈးျမင့္လာၿပီး ကုလားပဲ ( ၉၂၉)သည္လည္း (၂ယ၅၅၈,၄၂၉) က်ပ္ေဈးရွိလာသျဖင့္ တစ္လအတြင္း (၁၀၈,၈၆၉) က်ပ္ ျမင့္တက္လာျခင္းျဖစ္သည္။ကုလားပဲ (V2) ေဈးမွာ တစ္တန္လွ်င္ (၂,၆၇၈,၁၈၆) က်ပ္ရွိလာၿပီး ၿပီးခဲ့သည့္တစ္ပတ္ထက္ (၈၇၀၉၅) က်ပ္၊ ၿပီးခဲ့ သည့္လထက္ (၁၅၂,၄၁၇) က်ပ္၊ ကုလားပဲ (V7) အမ်ိဳးအစားမွာ တစ္တန္လွ်င္ (၂,၈၈၅,ဝ၃၇) က်ပ္ ေပါက္ေဈးရွိရာ ၿပီးခဲ့သည့္ တစ္ပတ္ထက္ (၇၆,၂၀၉)က်ပ္၊ ၿပီးခဲ့သည့္လထက္ (၁၆၃,၃၀၄)က်ပ္ ေဈး တက္လာျခင္းျဖစ္သည္။ ပို႔ကုန္ ပဲမ်ားျဖစ္သည့္ ပဲစင္းငုံ(နီ)ႏွင့္ မတ္ပဲတို႔မွာ မႏၲေလး ကုန္စည္ဒိုင္အတြင္း အေရာင္းအဝယ္ေကာင္းမြန္ေနၿပီး ဗမာ၊ ရွမ္း၊ CP စသည့္ ေျပာင္းဆန္အမ်ိဳး အစားမ်ားသည္လည္း အ ေရာင္းအဝယ္ေအးကာ ေဈးအနည္းငယ္က်ေန ေၾကာင္း သိရသည္။ ပဲမ်ိဳးစုံ ေဈးကြက္အတြင္း အ‌ ေရာင္းအဝယ္ျပန္လည္ ေကာင္းမြန္လာျခင္းမွာ ငလ်င္ဒဏ္သင့္ေဒသမ်ားသို႔ အလႉဒါန ျပဳျခင္းမ်ား ေၾကာင့္ျဖစ္ေၾကာင္းသိရသည္။ လာမည့္ရက္ပိုင္း အတြင္း ပဲမ်ိဳးစုံေဈးကြက္မွာ ဆက္လက္ အေရာင္း အဝယ္ေကာင္းမြန္ႏိုင္ေၾကာင္းသိရသည္။

ေငြေၾကးေဖာင္းပြမႈျမင့္မားေနျခင္း

လတ္တေလာျမန္မာႏိုင္ငံ၏ေဈးကြက္အတြင္း ေငြေၾကးေဖာင္းပြမႈ ျမင့္တက္ေနေသာေၾကာင့္ ျပည္သူလူထုအၾကား ဝင္ေငြႏွင့္ထြက္ေငြ မမွ်တျခင္း မ်ားႀကဳံေတြ႕ေနရေၾကာင္းသိရသည္။ ယခင္ဘ႑ာ ႏွစ္၏ေငြေၾကးေဖာင္းပြမႈမွာ (၂၀)ရာခိုင္ႏႈန္းအထက္ ရွိႏိုင္ေၾကာင္း စိးပြားေရးပညာရွင္မ်ားကခန႔္မွန္းထား ၾကသည္။ ထို႔ေၾကာင့္ လတ္တေလာတြင္ အေထြေထြ ကုန္ေဈးႏႈန္းျမင့္တက္မႈမ်ား ႀကဳံေတြ႕ေနရျခင္းျဖစ္ သည္။ လုပ္ခလစာမွာ လြန္ခဲ့ေသာ သုံးေလးႏွစ္ဝန္းက်င္က ပမာဏျဖင့္သာအလုပ္မ်ားလုပ္ကိုင္ေနရ ေသာ္လည္း ကုန္စည္ေဈးႏႈန္းမ်ားမွာ သုံးဆမွ ေလးဆဝန္းက်င္အထိ ေဈးမ်ားျမင့္တက္လာျခင္းေၾကာင့္ ျဖစ္သည္။ ႏိုင္ငံျခားေငြလဲေဈးႏႈန္းမ်ားမွာ လတ္တေလာ အေျပာင္းအလဲနည္းပါးေနေသာ္လည္း ျပည္ တြင္းအေထြေထြကုန္ေဈးႏႈန္းမ်ားမွာ ဆက္တိုက္ အျမင့္ပိုင္းတြင္ ရပ္တည္ေနသည္။ ပုံမွန္အားျဖင့္ ေငြလဲ ေဈးႏႈန္းတည္ၿငိမ္ပါက အေထြေထြကုန္ေဈးႏႈန္းတည္ၿငိမ္ရမည္ျဖစ္ေသာ္လည္း ပုံမွန္မဟုတ္သည့္ သြင္းကုန္ပို႔ကုန္မူဝါဒမ်ားေၾကာင့္ ျပည္တြင္းေဈးကြက္၌ ကုန္ေဈးႏႈန္းမ်ား မက်ဆင္းျခင္းျဖစ္သည္။ ျပည္တြင္းေဈးကြက္အတြင္း သြင္းကုန္အမ်ားစုကိုသာ သုံးစြဲေနရျခင္းေၾကာင့္ ႏိုင္ငံျခားေငြ အေျပာင္းအ လဲတည္ၿငိမ္ေစကာမူ ကုန္ေဈးႏႈန္းတည္ၿငိမ္ႏိုင္မႈ မရွိေပ။ ထို႔ျပင္ ျပည္တြင္းရွိ စုစုေပါင္းျပည္တြင္းထုတ္ လုပ္မႈတန္ဖိုး GDP မွာ (၂၀၂၁)ခုႏွစ္မွစတင္ကာ တျဖည္းျဖည္းက်ဆင္းလာျခင္းႏွင့္ ကုန္သြယ္မႈပမာဏ တန္ဖိုးမ်ားမွာလည္း အနည္းဆုံးအျဖစ္ေရာက္ရွိ ေနျခင္းေၾကာင့္ ကုန္ေဈးႏႈန္းျမင့္တက္ျခင္းကို ဝင္ေငြမွ လိုက္မမီေသာ ျပႆနာျဖစ္ေပၚလာျခင္းျဖစ္ သည္။ ႏိုင္ငံတကာမွ စီးပြား‌ေရးပိတ္ဆို႔မႈမ်ားေၾကာင့္ ကုန္ သြယ္မႈက်ဆင္းခဲ့ျခင္းမ်ားရွိသည့္အျပင္ ျပည္တြင္းမွ ပို႔ကုန္သြင္းကုန္မ်ားအေပၚ ကန႔္သတ္ခ်က္မ်ား ေၾကာင့္လည္း စီးပြားေရးတုံ႔ဆိုင္းလာျခင္း ျဖစ္သည္။ မၾကာမီ ကာလအတြင္းမိုးရာသီသို႔ ေရာက္ရွိလာ မည္ျဖစ္ရာ အခ်ိဳ႕ေသာအေျခခံစားေသာက္ ကုန္မ်ားသည္ လက္ရွိကာလေပါက္ေဈးထက္ ပိုမိုျမင့္တက္ လာမည္ျဖစ္သည္။ ျမန္မာ့စီးပြား‌ေရးေဈး ကြက္သည္ ထုတ္လုပ္မႈႏွင့္ဝန္ေဆာင္မႈႏွစ္ခုစလုံး အေရာင္း အဝယ္ေအးေနၿပီး ေငြေၾကးလွည့္လည္စီးဆင္းမႈအရ ေႏွးေကြးေနမည္ျဖစ္သည္။ အက်ိဳးဆက္အားျဖင့္ သာမန္ျပည္သူလူထုမွာ ေငြေၾကးတန္ဖိုးက်ဆင္းျခင္းႏွင့္ အေထြေထြကုန္ေဈးႏႈန္းမ်ား ဆက္တိုက္ျမင့္ တက္ျခင္းကိုဆက္လက္ႀကဳံေတြေနရမည္ျဖစ္သည္။

Related news

© 2021. All rights reserved.