ယူအေအီးထံ အမေရိကန်ဒေါ်လာ(၁ ဒသမ ၄)ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေရောင်းချဖို့ အမေရိကန်ခွင့်ပြု

 274

Pika (NP News) - မေ ၁၄

ယူအေအီးနိုင်ငံကို အမေရိကန်ဒေါ်လာ(၁ ဒသမ ၄)ဘီလျံတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာလေယာဉ်တွေနဲ့ စက်ပစ္စည်းကိရိယာတွေ ရောင်းချဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်တယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

ယူအေအီးနိုင်ငံကို ရောင်းချဖို့ခွင့်ပြုခဲ့တဲ့ ပစ္စည်းတွေထဲမှာ အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ပံ့ပိုးပေးမှုတွေလုပ်ဆောင်ပေးမယ့် အမေရိကန်ဒေါ်လာ(၁ ဒသမ ၃၂)ဘီလျံတန်ဖိုးရှိ CH-47F Chinook ရဟတ်ယာဉ်(၆)စင်းနဲ့ အခြားစက်ပစ္စည်းတွေပါဝင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ အမေရိကန်အရာရှိက "ယူအေအီးနိုင်ငံဟာ ဒီပစ္စည်းတွေကို ရှာဖွေကယ်ဆယ်ရေး၊ ဘေးအန္တရာယ် ကယ်ဆယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့နဲ့ အကြမ်းဖက်မှုတန်ပြန်ရေးလုပ်ငန်းတွေမှာ အသုံးပြုသွားပါလိမ့်မယ်။ ယူအေအီးနိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသမှာ နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေးတိုးတက်မှုတို့အတွက် အရေးပါတဲ့အမေရိကန်ရဲ့ မိတ်ဖက်နိုင်ငံဖြစ်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

ယူအေအီးနိုင်ငံကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့် သွားရောက်မလည်ပတ်ခင် ရက်ပိုင်းအလိုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ယူအေအီးကို စစ်လက်နက်ပစ္စည်းရောင်းချဖို့ခွင့်ပြုချက် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

zawgyi version
ယူေအအီးထံ အေမရိကန္ေဒၚလာ(၁ ဒသမ ၄)ဘီလ်ံတန္ဖိုးရွိ စစ္လက္နက္ပစၥည္းေတြေရာင္းခ်ဖို႔ အေမရိကန္ခြင့္ျပဳ
Pika (NP News) - ေမ ၁၄

ယူေအအီးႏိုင္ငံကို အေမရိကန္ေဒၚလာ(၁ ဒသမ ၄)ဘီလ်ံတန္ဖိုးရွိ စစ္ဘက္ဆိုင္ရာေလယာဥ္ေတြနဲ႔ စက္ပစၥည္းကိရိယာေတြ ေရာင္းခ်ဖို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ခြင့္ျပဳလိုက္တယ္လို႔ အေမရိကန္အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

ယူေအအီးႏိုင္ငံကို ေရာင္းခ်ဖို႔ခြင့္ျပဳခဲ့တဲ့ ပစၥည္းေတြထဲမွာ အေမရိကန္ရဲ႕ႏိုင္ငံျခားေရးမူဝါဒနဲ႔ အမ်ိဳးသားလုံၿခဳံေရးကို ပံ့ပိုးေပးမႈေတြလုပ္ေဆာင္ေပးမယ့္ အေမရိကန္ေဒၚလာ(၁ ဒသမ ၃၂)ဘီလ်ံတန္ဖိုးရွိ CH-47F Chinook ရဟတ္ယာဥ္(၆)စင္းနဲ႔ အျခားစက္ပစၥည္းေတြပါဝင္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ အေမရိကန္အရာရွိက "ယူေအအီးႏိုင္ငံဟာ ဒီပစၥည္းေတြကို ရွာေဖြကယ္ဆယ္ေရး၊ ေဘးအႏၲရာယ္ ကယ္ဆယ္ေရး၊ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အေထာက္အပံ့နဲ႔ အၾကမ္းဖက္မႈတန္ျပန္ေရးလုပ္ငန္းေတြမွာ အသုံးျပဳသြားပါလိမ့္မယ္။ ယူေအအီးႏိုင္ငံဟာ အေရွ႕အလယ္ပိုင္းေဒသမွာ ႏိုင္ငံေရးတည္ၿငိမ္မႈနဲ႔ စီးပြားေရးတိုးတက္မႈတို႔အတြက္ အေရးပါတဲ့အေမရိကန္ရဲ႕ မိတ္ဖက္ႏိုင္ငံျဖစ္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

ယူေအအီးႏိုင္ငံကို အေမရိကန္သမၼတေဒၚနယ္ထရမ့္ သြားေရာက္မလည္ပတ္ခင္ ရက္ပိုင္းအလိုမွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ယူေအအီးကို စစ္လက္နက္ပစၥည္းေရာင္းခ်ဖို႔ခြင့္ျပဳခ်က္ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.