ကန်ကြီးထောင့်ဓါတ်မြေဩဇာစက်ရုံမှတစ်နှစ်တန်ချိန်သုံးသောင်းထုတ်လုပ်မည်

 266

(NP News) မေ ၁၅ ရက်
ဧရာဝတီ တိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ကံကြီး တောင့် မြို့နယ်တွင်တည်ဆောက်ထားသည့် အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်) စက်ရုံ မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ယူရီးယား ဓာတ်မြေဩဇာ တန်ချိန် (၃၀၀၀၀) ထုတ်လုပ်နိုင်ရန် လျာထား ဆောင်ရွက်ထား‌‌ကြောင်း သိရသည်။

တစ်လ လျှင်အနည်းဆုံး တန်ချိန် ၃၀၀၀ နှုန်းဖြင့် တစ်နှစ် အတွက်တန် ချိန် ၃၀၀၀၀ ထုတ်လုပ် သွားနိုင်ရန် ရည်ရွည် လျာထားကြောင်းသိရသည်။

" တလ ကို တန် ချိန် ၃၀၀၀ နဲ့ လည် ပတ် ထုတ်လုပ် ဖို့ လျာ ထား ပါ တယ်။ အခု ဘဏ္ဍာ နှစ် အစဧပြီ မှာလျာ ထား ချက် ထက်။ ကျော်လွန်ပြီး တန်ချိန် ၅၃၀၀ ထုတ် လုပ် ပြီးဖြစ်ပါတယ်။ကျွန်တော်တို့ပြည်နယ်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ demand ပေါ် မူတည်ပြီးတော့ထုတ် လုပ်မှု တွေ ပြု လုပ် နေတာ ဖြစ်ပါ တယ်လို့ " ကန်ကြီးထောင့် ဓာတ်မြေဩဇာစက်ရုံ ရဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ကန်ကြီးထောင့် ဓာတ်မြေဩဇာစက်ရုံသည် ဓာတ်မြေဩ ဇာ များ ထုတ်လုပ်ပြီး ဧရာဝတီတိုင်းဒေသကြီး အတွင်း ရှိ တောင်သူ များထံ သက်သာသော စျေး နှုန်း များဖြင့်ဖြန့်ဖြူးပေးနေကြောင်းသိရသည်။

ဧရာဝတီ တိုင်း ဒေ သကြီး အတွင်း ကန် ကြီး ထောင့် ဓာတ်မြေဩဇာစက်ရုံကို ၂၀၁၀ -၂၀၁၁ ဘဏ္ဍာနှစ်မှာစ တင်လည်ပတ်ခဲ့ပြီး ၊ စတင်ထုတ်လုပ် ချိန်မှ လက်ရှိ ၂၀၂၅ ခုနှစ် မေ ၆ ရက်အထိ ထုတ်လုပ်မှု ၆၃၀၂၉၉ ဒဿ မ ၇၀ တန်ထုတ်လုပ်နိုင်ခဲ့ကြောင်းသိရသည်။

Zawgyi Version:
ကန္ႀကီးေထာင့္ဓါတ္ေျမဩဇာစက္႐ုံမွတစ္ႏွစ္တန္ခ်ိန္သုံးေသာင္းထုတ္လုပ္မည္
(NP News) ေမ ၁၅ ရက္
ဧရာဝတီ တိုင္းေဒသႀကီး ၊ ပုသိမ္ခ႐ိုင္ ၊ ကံႀကီး ေတာင့္ ၿမိဳ႕နယ္တြင္တည္ေဆာက္ထားသည့္ အမွတ္ (၅) ဓာတ္ေျမဩဇာစက္႐ုံ (ကန္ႀကီးေထာင့္) စက္႐ုံ မွ ၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္အတြက္ ယူရီးယား ဓာတ္ေျမဩဇာ တန္ခ်ိန္ (၃၀၀၀၀) ထုတ္လုပ္ႏိုင္ရန္ လ်ာထား ေဆာင္႐ြက္ထား‌‌ေၾကာင္း သိရသည္။

တစ္လ လွ်င္အနည္းဆုံး တန္ခ်ိန္ ၃၀၀၀ ႏႈန္းျဖင့္ တစ္ႏွစ္ အတြက္တန္ ခ်ိန္ ၃၀၀၀၀ ထုတ္လုပ္ သြားႏိုင္ရန္ ရည္႐ြည္ လ်ာထားေၾကာင္းသိရသည္။

" တလ ကို တန္ ခ်ိန္ ၃၀၀၀ နဲ႔ လည္ ပတ္ ထုတ္လုပ္ ဖို႔ လ်ာ ထား ပါ တယ္။ အခု ဘ႑ာ ႏွစ္ အစဧၿပီ မွာလ်ာ ထား ခ်က္ ထက္။ ေက်ာ္လြန္ၿပီး တန္ခ်ိန္ ၅၃၀၀ ထုတ္ လုပ္ ၿပီးျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ျပည္နယ္တိုင္းေဒသႀကီးအစိုးရ အဖြဲ႕ရဲ႕ demand ေပၚ မူတည္ၿပီးေတာ့ထုတ္ လုပ္မႈ ေတြ ျပဳ လုပ္ ေနတာ ျဖစ္ပါ တယ္လို႔ " ကန္ႀကီးေထာင့္ ဓာတ္ေျမဩဇာစက္႐ုံ ရဲ႕ တာဝန္ရွိသူတစ္ဦး က ေျပာသည္။

ကန္ႀကီးေထာင့္ ဓာတ္ေျမဩဇာစက္႐ုံသည္ ဓာတ္ေျမဩ ဇာ မ်ား ထုတ္လုပ္ၿပီး ဧရာဝတီတိုင္းေဒသႀကီး အတြင္း ရွိ ေတာင္သူ မ်ားထံ သက္သာေသာ ေစ်း ႏႈန္း မ်ားျဖင့္ျဖန႔္ျဖဴးေပးေနေၾကာင္းသိရသည္။

ဧရာဝတီ တိုင္း ေဒ သႀကီး အတြင္း ကန္ ႀကီး ေထာင့္ ဓာတ္ေျမဩဇာစက္႐ုံကို ၂၀၁၀ -၂၀၁၁ ဘ႑ာႏွစ္မွာစ တင္လည္ပတ္ခဲ့ၿပီး ၊ စတင္ထုတ္လုပ္ ခ်ိန္မွ လက္ရွိ ၂၀၂၅ ခုႏွစ္ ေမ ၆ ရက္အထိ ထုတ္လုပ္မႈ ၆၃၀၂၉၉ ဒႆ မ ၇၀ တန္ထုတ္လုပ္ႏိုင္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.