အခွန်ပေးဆောင်ခြင်းမရှိသည့် ပြည်ပအလုပ်သမားအေဂျင်စီ (၂၀)ကျော်ကို လိုင်စင်ပယ်ဖျက်၍ အမည်မည်း စာရင်းရေးသွင်းသွားမည်

 381

စော (NP News) - မေ ၁၈
ပြည်ပအလုပ်သမားအေဂျင်စီ (၂၀)ကျော်အနေဖြင့် မေလ ၃၁ရက်နေ့မတိုင်မီ အခွန်ပေးဆောင်ခြင်းမရှိပါက ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ပယ်ဖျက်၍ အမည်မည်းစာရင်း (Black List) ရေးသွင်းမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက နိုင်ငံပိုင်သတင်းစာထဲတွင် ထည့်သွင်းကြေညာထားခြင်းဖြစ်သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ နိုင်ငံအလိုက်အလုပ်သမားစေလွှတ်ခဲ့မှုအပေါ် သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ် လနောက်ဆုံးထား၍ အခွန်စည်းကြပ်မှုခံယူပြီး ပြန်လည်တင်ပြကြရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်က သက်ဆိုင်ရာအေဂျင်စီများထံသို့ အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင်အခွန်စည်းကြပ်မှုခံယူရမည့် အေဂျင်စီများအနက် အခွန်ပေးဆောင်ခြင်းမရှိသေးသည့် အေဂျင်စီများကို ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်နောက်ဆုံးထား၍ အခွန်စည်းကြပ်မှုခံယူကြရန် ၂၀၂၅ခုနှစ် မေလ ၉ ရက်တွင်လည်း သက်ဆိုင်ရာအေဂျင်စီများထံသို့ အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် အခွန်စည်းကြပ်မှုခံယူခြင်းမရှိသည့် အေဂျင်စီ ၂၈ ခုအနေဖြင့် မေလ ၃၁ ရက် မတိုင်မီ သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများတွင် အခွန်စည်းကြပ်မှုခံယူ၍ အချိန်မီတင်ပြကြရန်နှင့် အခွန်ပေး ဆောင်ခြင်းမရှိပါက ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ပယ်ဖျက်၍ အမည်မည်း (Black List) စာရင်းရေးသွင်းမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
အဆိုပါအေဂျင်စီ (၂၈)မှာ AUNG SAN MOE CO., LTD၊ DIAMOND BAGAN GENERAL SERVICES CO., LTD၊ FORE SIGNAL INT'L SERVICES CO; LTD၊ FORERUNER MYANMAR CO., LTD၊ GLOBAL CHAMPION CO., LTD၊HTOO AUNG HLYAN CO.,LTD၊ JJA SUPPORT CO.,LTD၊ JMK Service Co., Ltd၊ JOB SUCCESS CO., LTD၊ MAX SUCCESS CO., LTD၊ MOE MOE FAMILY GENERAL SERVICES CO., LTD MINGALAR ASIA CO.,LTD၊ MYA YEIK HLYAN CO.,LTD၊ GWE KYAL WINT CO.,LTDနှင့် ROYAL FOUR SEA SERVICES CO., LTDတို့ဖြစ်ကြောင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် S.M.Z CO.,LTD၊ SEVEN DAY AYAR LWIN CO., LTD၊ SHWE LWIN LWIN CO., LTD၊ SHWE POE MYANMAR GROUP CO.,LTD၊ SHWE THIRI CHAN THAR SERVICES CO., LTD၊ SHWE ZIN INTER CO., LTD၊ SOTHERN TREASURE CO., LTD၊ SUPER TIP CO., LTD၊ SWAN AUNG MYIN GENERAL SERVICES CO.,LTD၊ THAW TAR MYINT MOH SERVICES CO., LTD၊ VEGA & MIRA CO.,LTD၊ YA WAI MYAING FAMILY CO., LTD၊ YADANAR SU LATT CO., LTDတို့လည်း ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
အခြန္ေပးေဆာင္ျခင္းမရွိသည့္ ျပည္ပအလုပ္သမားေအဂ်င္စီ (၂၀)ေက်ာ္ကို လိုင္စင္ပယ္ဖ်က္၍ အမည္မည္း စာရင္းေရးသြင္းသြားမည္
ေစာ (NP News) - ေမ ၁၈
ျပည္ပအလုပ္သမားေအဂ်င္စီ (၂၀)ေက်ာ္အေနျဖင့္ ေမလ ၃၁ရက္ေန႔မတိုင္မီ အခြန္ေပးေဆာင္ျခင္းမရွိပါက ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ပယ္ဖ်က္၍ အမည္မည္းစာရင္း (Black List) ေရးသြင္းမည္ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ႏိုင္ငံပိုင္သတင္းစာထဲတြင္ ထည့္သြင္းေၾကညာထားျခင္းျဖစ္သည္။
၂၀၂၃-၂၀၂၄ ဘ႑ာေရးႏွစ္အတြက္ ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ရေအဂ်င္စီမ်ားမွ ႏိုင္ငံအလိုက္အလုပ္သမားေစလႊတ္ခဲ့မႈအေပၚ သက္ဆိုင္ရာၿမိဳ႕နယ္အခြန္႐ုံးမ်ားတြင္ ၂၀၂၄ ခုႏွစ္၊ ဩဂုတ္ လေနာက္ဆုံးထား၍ အခြန္စည္းၾကပ္မႈခံယူၿပီး ျပန္လည္တင္ျပၾကရန္ ၂၀၂၄ ခုႏွစ္၊ ဇြန္လ ၇ ရက္က သက္ဆိုင္ရာေအဂ်င္စီမ်ားထံသို႔ အေၾကာင္းၾကားခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္အခြန္စည္းၾကပ္မႈခံယူရမည့္ ေအဂ်င္စီမ်ားအနက္ အခြန္ေပးေဆာင္ျခင္းမရွိေသးသည့္ ေအဂ်င္စီမ်ားကို ၂၀၂၅ ခုႏွစ္၊ ေမလ ၃၁ ရက္ေနာက္ဆုံးထား၍ အခြန္စည္းၾကပ္မႈခံယူၾကရန္ ၂၀၂၅ခုႏွစ္ ေမလ ၉ ရက္တြင္လည္း သက္ဆိုင္ရာေအဂ်င္စီမ်ားထံသို႔ အေၾကာင္းၾကားခဲ့ၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ အခြန္စည္းၾကပ္မႈခံယူျခင္းမရွိသည့္ ေအဂ်င္စီ ၂၈ ခုအေနျဖင့္ ေမလ ၃၁ ရက္ မတိုင္မီ သက္ဆိုင္ရာၿမိဳ႕နယ္အခြန္႐ုံးမ်ားတြင္ အခြန္စည္းၾကပ္မႈခံယူ၍ အခ်ိန္မီတင္ျပၾကရန္ႏွင့္ အခြန္ေပး ေဆာင္ျခင္းမရွိပါက ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ပယ္ဖ်က္၍ အမည္မည္း (Black List) စာရင္းေရးသြင္းမည္ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။
အဆိုပါေအဂ်င္စီ (၂၈)မွာ AUNG SAN MOE CO., LTD၊ DIAMOND BAGAN GENERAL SERVICES CO., LTD၊ FORE SIGNAL INT'L SERVICES CO; LTD၊ FORERUNER MYANMAR CO., LTD၊ GLOBAL CHAMPION CO., LTD၊HTOO AUNG HLYAN CO.,LTD၊ JJA SUPPORT CO.,LTD၊ JMK Service Co., Ltd၊ JOB SUCCESS CO., LTD၊ MAX SUCCESS CO., LTD၊ MOE MOE FAMILY GENERAL SERVICES CO., LTD MINGALAR ASIA CO.,LTD၊ MYA YEIK HLYAN CO.,LTD၊ GWE KYAL WINT CO.,LTDႏွင့္ ROYAL FOUR SEA SERVICES CO., LTDတို႔ျဖစ္ေၾကာင္းထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ S.M.Z CO.,LTD၊ SEVEN DAY AYAR LWIN CO., LTD၊ SHWE LWIN LWIN CO., LTD၊ SHWE POE MYANMAR GROUP CO.,LTD၊ SHWE THIRI CHAN THAR SERVICES CO., LTD၊ SHWE ZIN INTER CO., LTD၊ SOTHERN TREASURE CO., LTD၊ SUPER TIP CO., LTD၊ SWAN AUNG MYIN GENERAL SERVICES CO.,LTD၊ THAW TAR MYINT MOH SERVICES CO., LTD၊ VEGA & MIRA CO.,LTD၊ YA WAI MYAING FAMILY CO., LTD၊ YADANAR SU LATT CO., LTDတို႔လည္း ပါဝင္ေၾကာင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.