အမေရိကန်-တရုတ် ကုန်သွယ်ရေး တင်းမာမူအတွက် ဂျီနီဗာသဘောတူညီချက်က အဖြေလား

 206

တင်ဇာ (NP News)မေ-၂၀
ခုချိန်မှာတော့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ လျော့ပါးသွားနိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနှစ်ခုဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဆွေးနွေးပွဲတွေ စတင် နေပါပြီ။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဇန်နဝါရီလမှာ တရုတ်နိုင်ငံအပေါ် အခွန် တွေ တိုးမြှင့် ကောက်ခံပြီးတဲ့နောက် ပထမဆုံးအကြိမ် ထိပ်တန်းအဆင့် ဆွေးနွေးပွဲအဖြစ် နှစ်ဖက်စလုံးက ထိပ်တန်း ကုန်သွယ်ရေးအရာရှိတွေဟာ မေလ (၁၀) ရက် စနေနေ့မှာ စတင်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ သမ္မတ ဒေါ်နယ်ထရမ့် စတက်လာပြီးကတည်းက နှစ် နိုင်ငံစလုံးဟာ တစ်ဖက်နဲ့တစ်ဖက် အခွန်တွေ တိုးမြှင့် ကောက်ခံခဲ့တာကြောင့် တင်းမာမှု မြင့်တက်လာခဲ့တယ်။ တရုတ်ကုန်ပစ္စည်းတွေအပေါ် အမေရိကန်ရဲ့ အခွန်အသစ်တွေဟာ (၁၄၅) ရာခိုင်နှုန်းအထိ တိုးလာနေပြီး အမေရိကန်က တရုတ်ဆီ တင်ပို့တဲ့ ကုန် ပစ္စည်းတချို့ဟာ (၁၂၅) ရာခိုင်နှုန်း အခွန်ကောက်ခံနေရတယ်။ ရက်သတ္တပတ်ပေါင်းများစွာကြာအောင် နှစ်နိုင်ငံကြား ကုန်သွယ်မှုအခြေအနေဟာ တင်းမာပြီး တစ်ခါတစ်ရံ ပြင်းထန်တဲ့စကားလုံးတွေနဲ့ တစ် ဖက်က တခြားတစ်ဖက်ကို လူဆိုးအဖြစ်ဖန်တီးပုံဖော်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ဒီသီတင်းပတ် ကုန် မှာတော့ သူတို့ဟာ ညှိနှိုင်းစားပွဲမှာ မျက်နှာချင်းဆိုင် တွေ့ဆုံနေကြတယ်။

ခိုင်မာမှုရှိလာတဲ့ တရုတ်ရဲ့ အနေအထား
အပြန်အလှန် အခွန်တိုးကောက်မှုတွေ အကြိမ်ပေါင်းများစွာရှိခဲ့ပေမယ့် နှစ်ဖက်စလုံးက အခြေ အနေ တင်းမာမှုကို ဖြေလျှော့ချင်တဲ့လက္ခဏာတွေ ပြသနေတယ်။ ဒါပေမဲ့ ဘယ်သူက အရင်လျှော့ပေး မလဲဆိုတာတော့ သေချာမသိခဲ့ပါဘူး။ စင်ကာပူနိုင်ငံရဲ့ ISEAS-Yusof Ishak Institute မှ အကြီးတန်း ဧည့်သုတေသီနဲ့ အမေရိကန် ကုန်သွယ်ညှိနှိုင်းရေးမှူးဟောင်း စတီဖင် အိုလ်ဆင်က “ဘယ်ဘက်ကမှ နောက်ဆုတ်နေတယ် ဆိုတာမျိုး မမြင်စေချင်ကြဘူး” လို့ ပြောထားတယ်။ ဒါ့ပြင် ‘ဆွေးနွေးပွဲတွေ အခုမှ ဖြစ်ပေါ်လာတာဟာ နှစ်နိုင်ငံစလုံးက တစ်ဖက်ကို လိုက်လျောလိုက် တယ်လို့မထင်စေဘဲ ရှေ့ဆက်သွားနိုင်တယ်လို့ ဆုံးဖြတ်ထားလို့ပဲ’ လို့ ဆိုတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က “ဆွေးနွေးပွဲတွေ ကို အမေရိကန်ရဲ့ တောင်းဆိုချက်အရ ပြုလုပ်နေတာ ဖြစ်တယ်” လို့ အလေးအနက် ပြောကြားခဲ့တယ်။ ဒါပေမယ့်လည်း ထရမ့်အစိုးရက “တရုတ်အရာရှိတွေက သူတို့စီးပွားရေး ပြိုလဲနေတာကြောင့် လုပ်ငန်း တွေ ပြန်လည်စတင်ချင်နေတယ်” လို့ ပြောဆိုခဲ့တယ်။ “သူတို့က ကျွန်တော်တို့ စတင်ခဲ့တယ်လို့ ပြော တာလား။ ကောင်းပြီလေ၊ သူတို့ရဲ့ မှတ်တမ်းတွေကို ပြန်လေ့လာသင့်တယ်လို့ ကျွန်တော်ထင်တယ်” လို့ ထရမ့်က ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာ ပြောကြားခဲ့တယ်။
ဒါပေမဲ့ ဆွေးနွေးပွဲတွေ နီးကပ်လာတာနဲ့အမျှ ထရမ့်ဟာ ပိုပြီး သံတမန်ဆန်တဲ့ လေသံကို သုံး လာတယ်။ “ငါတို့အားလုံး အပျော်တမ်းဂိမ်းတွေ ကစားလို့ရတယ်။ ဘယ်သူက အရင်ဖုန်းခေါ်ခဲ့လဲ၊ ဘယ် သူက မခေါ်ခဲ့ဘူးလဲဆိုတာ အရေးမကြီးဘူး။ ဘာဖြစ်ခဲ့သလဲဆိုတာပဲ အရေးကြီးတယ်” လို့ ထရမ့် က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောခဲ့တယ်။
ပေကျင်းအတွက် အချိန်ကိုက်မှုကလည်း အဓိကကျနေတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ရှီကျင် ဖျင်ရဲ့ မော်စကိုခရီးစဉ်အတွင်း ဖြစ်နေလို့ပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို အောင်ပွဲခံ ခဲ့တဲ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် မော်စကိုရဲ့ အောင်ပွဲနေ့ ချီတက်ပွဲကို သမ္မတရှီဟာ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့တယ်။ ရှီကျင့်ဖျင်ဟာ ကမ္ဘာ့တောင်ပိုင်းက ခေါင်းဆောင်တွေနဲ့ အ တူ ရပ်တည်ခဲ့တယ်။ ဒါဟာ ထရမ့်အစိုးရအတွက် တရုတ်ဟာ ကုန်သွယ်ရေးအတွက် တခြား ရွေးချယ် စရာတွေ ရှိရုံသာမက ကမ္ဘာ့ခေါင်းဆောင် တစ်ဦးအနေနဲ့လည်း ရပ်တည်လာနိုင်တယ်ဆိုတဲ့ သတိပေး ချက်တစ်ခုပါ။ ဒါက ပေကျင်းကို ညှိနှိုင်းရေး စားပွဲဆီ ဦးတည်နေချိန်မှာတောင် ခိုင်မာအားကောင်းတဲ့ ပုံ ကို ပြသခွင့်ရစေတယ်။

အပြုသဘောဆောင်တဲ့ရလဒ်တွေနဲ့ဆွေးနွေးပွဲ

အမေရိကန်နဲ့တရုတ်တို့ဟာ တနင်္ဂနွေနေ့မှာ အရေးပါတဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေကို အပြု သဘောဆောင်တဲ့မှတ်ချက်တွေနဲ့ အဆုံး သတ်လိုက်တယ်။ အမေရိကန်အရာရှိတွေက အမေရိကန်ရဲ့ ကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချဖို့ “သဘောတူညီချက်” ရရှိခဲ့တယ်လို့ ချီးကျူးပြောဆိုခဲ့ပြီး တရုတ် အရာရှိတွေက နှစ်ဖက်စလုံးဟာ “အရေးကြီးတဲ့ သဘောတူညီချက်” ရရှိခဲ့ပြီး နောက်ထပ် စီးပွားရေး ဆွေးနွေးဖိုရမ်အသစ်တစ်ခုကို စတင်ဖို့ သဘောတူခဲ့တယ်လို့ ပြောပါတယ်။
ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်တို့ဟာ တနင်္လာနေ့ မေလ (၁၂) ရက်မှာ အံ့အား သင့်စရာ ကောင်းလောက်အောင် တိုးတက်မှု တစ်ခုအနေနဲ့ ရက်ပေါင်း (၉၀) အစပိုင်းကာလ အတွက် တစ်ဖက်နဲ့တစ်ဖက် ကုန်ပစ္စည်းတွေအပေါ် ကောက်ခံထားတဲ့ အခွန်တွေကို သိသိသာသာ လျှော့ချဖို့ သဘောတူလိုက်တယ်။ ဒါဟာ ပြင်းထန်တဲ့ကုန်သွယ်ရေးစစ်ပွဲကို လျော့ပါးစေပြီး ကမ္ဘာ့ဈေးကွက်တွေ ကို မြှင့်တင်ပေးလိုက်တာဖြစ်တယ်။
နှစ်ဖက်စလုံးက “ရေရှည်တည်တံ့ပြီး အပြန်အလှန်အကျိုးရှိတဲ့ စီးပွားရေးနဲ့ ကုန်သွယ် ဆက်ဆံ ရေးရဲ့ အရေးပါမှုကို အသိအမှတ်ပြုတယ်” လို့ သူတို့ရဲ့ကြေညာချက်မှာ ဖော်ပြထားတယ်။ အမေရိကန် သမ္မတရဲ့ ကြီးမားတဲ့အခွန်တွေကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ ခုဆိုရင် အနည်းငယ် ပြေလျော့လာသလိုဖြစ်လာတာကြောင့် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေက ဝမ်းမြောက်ဝမ်းသာ ဖြစ်လာကြတယ်။ ကနဦးပိုင်းမှာ အဲဒီအခွန်တွေဟာ ငွေကြေးဈေးကွက်တွေကို မငြိမ်မသက်ဖြစ်စေခဲ့ပြီး ထောက်ပံ့ရေးကွင်းဆက်တွေကို အနှောင့်အယှက်ဖြစ်စေသလို စီးပွားရေးကျဆင်းမှုတွေအပေါ် စိုးရိမ်မှု တွေ တိုးပွားစေခဲ့တယ်။
သဘောတူညီချက်အရ အပြန်အလှန် အခွန်လျှော့ချမှုတွေကို မေလ(၁၄)ရက်မှာ စတင် အသက် ဝင်စေမှာဖြစ်တယ်။ ဖေဖော်ဝါရီနဲ့ မတ်လ တွေမှာ သမ္မတထရမ့်က တရုတ်နိုင်ငံအပေါ် ကောက်ခံခဲ့တဲ့ ဖန်းတနယ်လ်ဆေးနဲ့ဆက်စပ်တဲ့ (၂၀)ရာခိုင်နှုန်း အခွန်တွေကတော့ ဆက်လက်တည်ရှိနေမှာဖြစ်တယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးက ရက်ပေါင်း (၉၀) အတွင်း နှစ်ဖက်စလုံးက ကောက်ခံ ထားတဲ့ “အပြန်အလှန်” အခွန်တွေကို (၁၁၅) ရာခိုင်နှုန်းအထိ လျှော့ချဖို့ သဘောတူခဲ့ကြတယ်။
အဲဒါရဲ့ အဓိပ္ပာယ်ကတော့ ပူးတွဲကြေညာချက်အရ အမေရိကန်ဟာ တရုတ်ကုန်ပစ္စည်းတွေ အပေါ် ကောက်ခံထားတဲ့ အလုံးစုံအခွန်တွေကို (၁၄၅) ရာခိုင်နှုန်းကနေ ယာယီအားဖြင့် (၃၀) ရာခိုင်နှုန်း အထိ လျှော့ချပေးမှာဖြစ်ပြီး တရုတ်က လည်း အမေရိကန်သွင်းကုန်တွေအပေါ် ကောက်ခံထားတဲ့ အခွန် တွေကို (၁၂၅) ရာခိုင်နှုန်းကနေ (၁၀) ရာခိုင်နှုန်းအထိ လျှော့ချပေးမှာဖြစ်တယ်။

ဘာတွေဆက်ဖြစ်လာနိုင်သလဲ

ပူးတွဲကြေညာချက်အရ နှစ်ဖက်စလုံးဟာ တရုတ် ဒုတိယဝန်ကြီးချုပ် ဟိုလီဖန်၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်နဲ့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ဂျေမီဆန်ဂရီယာတို့ ဦး ဆောင်ပြီး “စီးပွားရေးနဲ့ ကုန်သွယ်ရေးအကြောင်း ဆက်လက်ဆွေးနွေးဖို့ ယန္တရားတစ်ခု” တည်ထောင် ဖို့ လည်း သဘောတူခဲ့ကြတယ်။ “လိုအပ်ရင် နှစ်ဖက် စလုံးက ဒီဆွေးနွေးမှုတွေကို တရုတ်နိုင်ငံနဲ့ အမေရိ ကန်နိုင်ငံမှာ အလှည့်ကျ ဒါမှမဟုတ် တတိယနိုင်ငံမှာ ပြုလုပ်နိုင်တယ်”လို့လည်း ထပ်လောင်းပြောကြား ထားတယ်။ တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပူးတွဲကြေညာ ချက်ဟာ “ကွာဟချက်တွေကို ပိုမိုပေါင်းကူးနိုင်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်း စေဖို့ အခြေခံ အုတ်မြစ်ဖြစ်သလို အခြေအနေတွေ ဖန်တီးပေးနိုင်တယ်” လို့ ပြောကြားခဲ့တယ်။ ပေကျင်းရဲ့ အားတက် သရောရှိပြီး အပြုသဘောဆောင်တဲ့လေသံဟာ အမေရိကန်ကုန်သွယ်ရေး ပဋိပက္ခနဲ့ ပတ်သက်ပြီး သူတို့ အရင်ပြောကြားချက်တွေနဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေတယ်။ ရက်သတ္တပတ် ပေါင်းများစွာကြာအောင် တရုတ်အရာရှိဟာ စိန်ခေါ်တဲ့လေသံနဲ့ပြောခဲ့ပေမယ့် ညှိနှိုင်းစားပွဲကို လာဖို့လုပ်တဲ့ အခါမှာတော့ အမေရိ ကန်က သူတို့အပေါ်ကောက်ခံထားတဲ့ အခွန်အားလုံးကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တယ်။ တိုးတက်မှု ဟာ မမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတင်ပဲ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးက ဆွေးနွေးပွဲတွေရဲ့ရည်မှန်းချက်ဟာ “တင်းမာမှုလျှော့ချရေး”သာ ဖြစ်ပြီး ထရမ့်ရဲ့ အခွန်မူဝါဒ စတင်ချိန်ကတည်းက အမေရိကန်နဲ့ တရုတ်တို့ဟာ လက်တွေ့အားဖြင့် အခြေအနေ တင်းမာနေခဲ့တာ ကြောင့် “ကြီးမားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်” မဖြစ်နိုင်ဘူးလို့ ယုံကြည်ထားခဲ့တာပါ။ ခြုံကြည့် ရင် ညှိနှိုင်းမှုတွေဟာ ထရမ့်ရဲ့ ပထမသက်တမ်းတုန်းက ဖြစ်ခဲ့သလိုပဲ လပေါင်းများစွာ ကြာမြင့်နိုင်တယ် လို့ မျှော်လင့်ရတယ်။
ယခင်ကလည်း နှစ်နှစ်နီးပါး အပြန်အလှန် အခွန်ကောက်ခံမှုတွေပြုလုပ်ခဲ့ပြီးနောက် အမေရိ ကန်နဲ့ တရုတ်တို့ဟာ (၂၀၂၀) ပြည့်နှစ် အစောပိုင်းမှာ အခွန်တချို့ကို ရပ်ဆိုင်းတာ ဒါမှမဟုတ် လျှော့ချဖို့ အတွက် “အဆင့်တစ်” သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်။ အဲဒီအချိန်တုန်းကတောင် တရုတ်အစိုးရရဲ့ အဓိက စက်မှုလုပ်ငန်းတွေအတွက် ထောက်ပံ့ငွေတွေ ဒါမှမဟုတ် ကျန်ရှိနေတဲ့ အခွန် တွေကို ဖယ်ရှားဖို့ အချိန်ဇယားလိုမျိုး ပိုပြီးခက်ခဲတဲ့ ကိစ္စရပ်တွေ မပါဝင်ခဲ့ဘူး။
အမှန်တကယ်တော့ အဲဒီအခွန်အများစုဟာ ဂျိုးဘိုင်ဒန်ရဲ့ သမ္မတသက်တမ်းတစ်လျှောက်လုံး ဆက်လက်တည်ရှိခဲ့ပြီး ထရမ့်ရဲ့ နောက်ဆုံးအခွန်တွေက အရင်အခွန်တွေအပေါ်မှာ ထပ်တိုးလာတာ ဖြစ်တယ်။ ဒီတစ်ကြိမ်မှာ ပေါ်ပေါက်လာနိုင်တာကတော့ “စတီးရွိုက်ထိုးထားတဲ့ အဆင့်တစ် သဘော တူညီချက်” ဖြစ်နိုင်တယ်လို့ မစ္စတာအိုလ်ဆင်က ပြောပါတယ်။ ဆိုလိုတာက အဲဒါဟာ အရင်သဘော တူညီချက်ထက် ပိုကျယ်ပြန့်ပြီး ပြဿနာဖြစ်နိုင်တဲ့အချက်တွေကို ဖြေရှင်းဖို့ ကြိုးစားပါလိမ့်မယ်တဲ့။ ဝါရှင်တန်က တရုတ်ကို ပိုမိုတင်းကြပ်စွာ အရေးယူစေလိုတဲ့ တရားမဝင် ဖန်းတနယ်လ် ကုန်သွယ်မှု ကနေ ပေကျင်းရဲ့ မော်စကိုရဲ့ ဆက်ဆံရေးအထိ ပြဿနာအများအပြား ရှိနေပါသေးတယ်။
ဒါပေမဲ့ အဲဒါတွေအားလုံးဟာ အဝေးကြီးမှာပဲ ရှိပါသေးတယ်။ အမေရိကန်-တရုတ် ကုန်သွယ် ဆက်ဆံရေးကို ဒုက္ခပေးနေတဲ့ ပွတ်တိုက်မှုတွေကို ချက်ချင်းကြီး ဖြေရှင်းနိုင်သေးမှာ မဟုတ်ပါဘူး။ တင်းမာနေရာကနေ ခဏတာ ရပ်တန့်သွားတာမျိုးဖြစ် တယ်။ တည်ငြိမ်တဲ့ကုန်သွယ်ဆက်ဆံရေးဖြစ်ဖို့ တော့ အချိန်အတော်ကြာဆွေးနွေးရဦးမှာဖြစ်သလို ကံမကောင်းရင် ထရမ့်ရဲ့ ဒုတိယသက်တမ်းတစ် လျှောက်လုံး အမေရိကန်-တရုတ်ကုန်သွယ်ရေး စစ်ပွဲကြီး ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

Zawgyi Version:
အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရး တင္းမာမူအတြက္ ဂ်ီနီဗာသေဘာတူညီခ်က္က အေျဖလား
တင္ဇာ (NP News)ေမ-၂၀
ခုခ်ိန္မွာေတာ့ အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရးစစ္ပြဲ ေလ်ာ့ပါးသြားႏိုင္မယ့္ အေျခအေနမွာ ရွိေနပါတယ္။ ကမာၻ႔အႀကီးဆုံး စီးပြားေရးႏွစ္ခုဟာ ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ႕မွာ ေဆြးေႏြးပြဲေတြ စတင္ ေနပါၿပီ။ အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္က ဇန္နဝါရီလမွာ တ႐ုတ္ႏိုင္ငံအေပၚ အခြန္ ေတြ တိုးျမႇင့္ ေကာက္ခံၿပီးတဲ့ေနာက္ ပထမဆုံးအႀကိမ္ ထိပ္တန္းအဆင့္ ေဆြးေႏြးပြဲအျဖစ္ ႏွစ္ဖက္စလုံးက ထိပ္တန္း ကုန္သြယ္ေရးအရာရွိေတြဟာ ေမလ (၁၀) ရက္ စေနေန႔မွာ စတင္ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတယ္။ သမၼတ ေဒၚနယ္ထရမ့္ စတက္လာၿပီးကတည္းက ႏွစ္ ႏိုင္ငံစလုံးဟာ တစ္ဖက္နဲ႔တစ္ဖက္ အခြန္ေတြ တိုးျမႇင့္ ေကာက္ခံခဲ့တာေၾကာင့္ တင္းမာမႈ ျမင့္တက္လာခဲ့တယ္။ တ႐ုတ္ကုန္ပစၥည္းေတြအေပၚ အေမရိကန္ရဲ႕ အခြန္အသစ္ေတြဟာ (၁၄၅) ရာခိုင္ႏႈန္းအထိ တိုးလာေနၿပီး အေမရိကန္က တ႐ုတ္ဆီ တင္ပို႔တဲ့ ကုန္ ပစၥည္းတခ်ိဳ႕ဟာ (၁၂၅) ရာခိုင္ႏႈန္း အခြန္ေကာက္ခံေနရတယ္။ ရက္သတၱပတ္ေပါင္းမ်ားစြာၾကာေအာင္ ႏွစ္ႏိုင္ငံၾကား ကုန္သြယ္မႈအေျခအေနဟာ တင္းမာၿပီး တစ္ခါတစ္ရံ ျပင္းထန္တဲ့စကားလုံးေတြနဲ႔ တစ္ ဖက္က တျခားတစ္ဖက္ကို လူဆိုးအျဖစ္ဖန္တီးပုံေဖာ္ဖို႔ ႀကိဳးစားခဲ့ၾကတယ္။ ဒါေပမဲ့ ဒီသီတင္းပတ္ ကုန္ မွာေတာ့ သူတို႔ဟာ ညႇိႏႈိင္းစားပြဲမွာ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံေနၾကတယ္။

ခိုင္မာမႈရွိလာတဲ့ တ႐ုတ္ရဲ႕ အေနအထား
အျပန္အလွန္ အခြန္တိုးေကာက္မႈေတြ အႀကိမ္ေပါင္းမ်ားစြာရွိခဲ့ေပမယ့္ ႏွစ္ဖက္စလုံးက အေျခ အေန တင္းမာမႈကို ေျဖေလွ်ာ့ခ်င္တဲ့လကၡဏာေတြ ျပသေနတယ္။ ဒါေပမဲ့ ဘယ္သူက အရင္ေလွ်ာ့ေပး မလဲဆိုတာေတာ့ ေသခ်ာမသိခဲ့ပါဘူး။ စင္ကာပူႏိုင္ငံရဲ႕ ISEAS-Yusof Ishak Institute မွ အႀကီးတန္း ဧည့္သုေတသီနဲ႔ အေမရိကန္ ကုန္သြယ္ညႇိႏႈိင္းေရးမႉးေဟာင္း စတီဖင္ အိုလ္ဆင္က “ဘယ္ဘက္ကမွ ေနာက္ဆုတ္ေနတယ္ ဆိုတာမ်ိဳး မျမင္ေစခ်င္ၾကဘူး” လို႔ ေျပာထားတယ္။ ဒါ့ျပင္ ‘ေဆြးေႏြးပြဲေတြ အခုမွ ျဖစ္ေပၚလာတာဟာ ႏွစ္ႏိုင္ငံစလုံးက တစ္ဖက္ကို လိုက္ေလ်ာလိုက္ တယ္လို႔မထင္ေစဘဲ ေရွ႕ဆက္သြားႏိုင္တယ္လို႔ ဆုံးျဖတ္ထားလို႔ပဲ’ လို႔ ဆိုတယ္။
ဒါေပမဲ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ေျပာေရးဆိုခြင့္ရွိသူ လင္က်န႔္က “ေဆြးေႏြးပြဲေတြ ကို အေမရိကန္ရဲ႕ ေတာင္းဆိုခ်က္အရ ျပဳလုပ္ေနတာ ျဖစ္တယ္” လို႔ အေလးအနက္ ေျပာၾကားခဲ့တယ္။ ဒါေပမယ့္လည္း ထရမ့္အစိုးရက “တ႐ုတ္အရာရွိေတြက သူတို႔စီးပြားေရး ၿပိဳလဲေနတာေၾကာင့္ လုပ္ငန္း ေတြ ျပန္လည္စတင္ခ်င္ေနတယ္” လို႔ ေျပာဆိုခဲ့တယ္။ “သူတို႔က ကြၽန္ေတာ္တို႔ စတင္ခဲ့တယ္လို႔ ေျပာ တာလား။ ေကာင္းၿပီေလ၊ သူတို႔ရဲ႕ မွတ္တမ္းေတြကို ျပန္ေလ့လာသင့္တယ္လို႔ ကြၽန္ေတာ္ထင္တယ္” လို႔ ထရမ့္က ဗုဒၶဟူးေန႔က အိမ္ျဖဴေတာ္မွာ ေျပာၾကားခဲ့တယ္။
ဒါေပမဲ့ ေဆြးေႏြးပြဲေတြ နီးကပ္လာတာနဲ႔အမွ် ထရမ့္ဟာ ပိုၿပီး သံတမန္ဆန္တဲ့ ေလသံကို သုံး လာတယ္။ “ငါတို႔အားလုံး အေပ်ာ္တမ္းဂိမ္းေတြ ကစားလို႔ရတယ္။ ဘယ္သူက အရင္ဖုန္းေခၚခဲ့လဲ၊ ဘယ္ သူက မေခၚခဲ့ဘူးလဲဆိုတာ အေရးမႀကီးဘူး။ ဘာျဖစ္ခဲ့သလဲဆိုတာပဲ အေရးႀကီးတယ္” လို႔ ထရမ့္ က ၾကာသပေတးေန႔မွာ သတင္းေထာက္ေတြကို ေျပာခဲ့တယ္။
ေပက်င္းအတြက္ အခ်ိန္ကိုက္မႈကလည္း အဓိကက်ေနတယ္။ ဘာလို႔လဲဆိုေတာ့ ဒါဟာ ရွီက်င္ ဖ်င္ရဲ႕ ေမာ္စကိုခရီးစဥ္အတြင္း ျဖစ္ေနလို႔ပါပဲ။ ဒုတိယကမာၻစစ္အတြင္း နာဇီဂ်ာမနီကို ေအာင္ပြဲခံ ခဲ့တဲ့ ႏွစ္ (၈၀) ျပည့္ အထိမ္းအမွတ္အျဖစ္ ေမာ္စကိုရဲ႕ ေအာင္ပြဲေန႔ ခ်ီတက္ပြဲကို သမၼတရွီဟာ ဂုဏ္ထူးေဆာင္ ဧည့္သည္ေတာ္အျဖစ္ တက္ေရာက္ခဲ့တယ္။ ရွီက်င့္ဖ်င္ဟာ ကမာၻ႔ေတာင္ပိုင္းက ေခါင္းေဆာင္ေတြနဲ႔ အ တူ ရပ္တည္ခဲ့တယ္။ ဒါဟာ ထရမ့္အစိုးရအတြက္ တ႐ုတ္ဟာ ကုန္သြယ္ေရးအတြက္ တျခား ေ႐ြးခ်ယ္ စရာေတြ ရွိ႐ုံသာမက ကမာၻ႔ေခါင္းေဆာင္ တစ္ဦးအေနနဲ႔လည္း ရပ္တည္လာႏိုင္တယ္ဆိုတဲ့ သတိေပး ခ်က္တစ္ခုပါ။ ဒါက ေပက်င္းကို ညႇိႏႈိင္းေရး စားပြဲဆီ ဦးတည္ေနခ်ိန္မွာေတာင္ ခိုင္မာအားေကာင္းတဲ့ ပုံ ကို ျပသခြင့္ရေစတယ္။

အျပဳသေဘာေဆာင္တဲ့ရလဒ္ေတြနဲ႔ေဆြးေႏြးပြဲ

အေမရိကန္နဲ႔တ႐ုတ္တို႔ဟာ တနဂၤေႏြေန႔မွာ အေရးပါတဲ့ ကုန္သြယ္ေရး ေဆြးေႏြးပြဲေတြကို အျပဳ သေဘာေဆာင္တဲ့မွတ္ခ်က္ေတြနဲ႔ အဆုံး သတ္လိုက္တယ္။ အေမရိကန္အရာရွိေတြက အေမရိကန္ရဲ႕ ကုန္သြယ္ေရးလိုေငြျပမႈကို ေလွ်ာ့ခ်ဖို႔ “သေဘာတူညီခ်က္” ရရွိခဲ့တယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ၿပီး တ႐ုတ္ အရာရွိေတြက ႏွစ္ဖက္စလုံးဟာ “အေရးႀကီးတဲ့ သေဘာတူညီခ်က္” ရရွိခဲ့ၿပီး ေနာက္ထပ္ စီးပြားေရး ေဆြးေႏြးဖိုရမ္အသစ္တစ္ခုကို စတင္ဖို႔ သေဘာတူခဲ့တယ္လို႔ ေျပာပါတယ္။
ဒီေဆြးေႏြးပြဲနဲ႔ပတ္သက္လို႔ အေမရိကန္နဲ႔ တ႐ုတ္တို႔ဟာ တနလၤာေန႔ ေမလ (၁၂) ရက္မွာ အံ့အား သင့္စရာ ေကာင္းေလာက္ေအာင္ တိုးတက္မႈ တစ္ခုအေနနဲ႔ ရက္ေပါင္း (၉၀) အစပိုင္းကာလ အတြက္ တစ္ဖက္နဲ႔တစ္ဖက္ ကုန္ပစၥည္းေတြအေပၚ ေကာက္ခံထားတဲ့ အခြန္ေတြကို သိသိသာသာ ေလွ်ာ့ခ်ဖို႔ သေဘာတူလိုက္တယ္။ ဒါဟာ ျပင္းထန္တဲ့ကုန္သြယ္ေရးစစ္ပြဲကို ေလ်ာ့ပါးေစၿပီး ကမာၻ႔ေဈးကြက္ေတြ ကို ျမႇင့္တင္ေပးလိုက္တာျဖစ္တယ္။
ႏွစ္ဖက္စလုံးက “ေရရွည္တည္တံ့ၿပီး အျပန္အလွန္အက်ိဳးရွိတဲ့ စီးပြားေရးနဲ႔ ကုန္သြယ္ ဆက္ဆံ ေရးရဲ႕ အေရးပါမႈကို အသိအမွတ္ျပဳတယ္” လို႔ သူတို႔ရဲ႕ေၾကညာခ်က္မွာ ေဖာ္ျပထားတယ္။ အေမရိကန္ သမၼတရဲ႕ ႀကီးမားတဲ့အခြန္ေတြေၾကာင့္ ျဖစ္ေပၚလာခဲ့တဲ့ ကုန္သြယ္ေရးစစ္ပြဲဟာ ခုဆိုရင္ အနည္းငယ္ ေျပေလ်ာ့လာသလိုျဖစ္လာတာေၾကာင့္ ကမာၻလုံးဆိုင္ရာ ရင္းႏွီးျမႇဳပ္ႏွံသူေတြက ဝမ္းေျမာက္ဝမ္းသာ ျဖစ္လာၾကတယ္။ ကနဦးပိုင္းမွာ အဲဒီအခြန္ေတြဟာ ေငြေၾကးေဈးကြက္ေတြကို မၿငိမ္မသက္ျဖစ္ေစခဲ့ၿပီး ေထာက္ပံ့ေရးကြင္းဆက္ေတြကို အေႏွာင့္အယွက္ျဖစ္ေစသလို စီးပြားေရးက်ဆင္းမႈေတြအေပၚ စိုးရိမ္မႈ ေတြ တိုးပြားေစခဲ့တယ္။
သေဘာတူညီခ်က္အရ အျပန္အလွန္ အခြန္ေလွ်ာ့ခ်မႈေတြကို ေမလ(၁၄)ရက္မွာ စတင္ အသက္ ဝင္ေစမွာျဖစ္တယ္။ ေဖေဖာ္ဝါရီနဲ႔ မတ္လ ေတြမွာ သမၼတထရမ့္က တ႐ုတ္ႏိုင္ငံအေပၚ ေကာက္ခံခဲ့တဲ့ ဖန္းတနယ္လ္ေဆးနဲ႔ဆက္စပ္တဲ့ (၂၀)ရာခိုင္ႏႈန္း အခြန္ေတြကေတာ့ ဆက္လက္တည္ရွိေနမွာျဖစ္တယ္။ ဒါေပမဲ့ ႏွစ္ဖက္စလုံးက ရက္ေပါင္း (၉၀) အတြင္း ႏွစ္ဖက္စလုံးက ေကာက္ခံ ထားတဲ့ “အျပန္အလွန္” အခြန္ေတြကို (၁၁၅) ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ဖို႔ သေဘာတူခဲ့ၾကတယ္။
အဲဒါရဲ႕ အဓိပၸာယ္ကေတာ့ ပူးတြဲေၾကညာခ်က္အရ အေမရိကန္ဟာ တ႐ုတ္ကုန္ပစၥည္းေတြ အေပၚ ေကာက္ခံထားတဲ့ အလုံးစုံအခြန္ေတြကို (၁၄၅) ရာခိုင္ႏႈန္းကေန ယာယီအားျဖင့္ (၃၀) ရာခိုင္ႏႈန္း အထိ ေလွ်ာ့ခ်ေပးမွာျဖစ္ၿပီး တ႐ုတ္က လည္း အေမရိကန္သြင္းကုန္ေတြအေပၚ ေကာက္ခံထားတဲ့ အခြန္ ေတြကို (၁၂၅) ရာခိုင္ႏႈန္းကေန (၁၀) ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးမွာျဖစ္တယ္။

ဘာေတြဆက္ျဖစ္လာႏိုင္သလဲ

ပူးတြဲေၾကညာခ်က္အရ ႏွစ္ဖက္စလုံးဟာ တ႐ုတ္ ဒုတိယဝန္ႀကီးခ်ဳပ္ ဟိုလီဖန္၊ အေမရိကန္ ဘ႑ာေရးဝန္ႀကီး စေကာ့ဘက္ဆန႔္နဲ႔ အေမရိကန္ ကုန္သြယ္ေရး ကိုယ္စားလွယ္ ေဂ်မီဆန္ဂရီယာတို႔ ဦး ေဆာင္ၿပီး “စီးပြားေရးနဲ႔ ကုန္သြယ္ေရးအေၾကာင္း ဆက္လက္ေဆြးေႏြးဖို႔ ယႏၲရားတစ္ခု” တည္ေထာင္ ဖို႔ လည္း သေဘာတူခဲ့ၾကတယ္။ “လိုအပ္ရင္ ႏွစ္ဖက္ စလုံးက ဒီေဆြးေႏြးမႈေတြကို တ႐ုတ္ႏိုင္ငံနဲ႔ အေမရိ ကန္ႏိုင္ငံမွာ အလွည့္က် ဒါမွမဟုတ္ တတိယႏိုင္ငံမွာ ျပဳလုပ္ႏိုင္တယ္”လို႔လည္း ထပ္ေလာင္းေျပာၾကား ထားတယ္။ တ႐ုတ္ႏိုင္ငံ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ပူးတြဲေၾကညာ ခ်က္ဟာ “ကြာဟခ်က္ေတြကို ပိုမိုေပါင္းကူးႏိုင္ဖို႔နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈကို ပိုမိုနက္ရႈိင္း ေစဖို႔ အေျခခံ အုတ္ျမစ္ျဖစ္သလို အေျခအေနေတြ ဖန္တီးေပးႏိုင္တယ္” လို႔ ေျပာၾကားခဲ့တယ္။ ေပက်င္းရဲ႕ အားတက္ သေရာရွိၿပီး အျပဳသေဘာေဆာင္တဲ့ေလသံဟာ အေမရိကန္ကုန္သြယ္ေရး ပဋိပကၡနဲ႔ ပတ္သက္ၿပီး သူတို႔ အရင္ေျပာၾကားခ်က္ေတြနဲ႔ လုံးဝဆန႔္က်င္ဘက္ ျဖစ္ေနတယ္။ ရက္သတၱပတ္ ေပါင္းမ်ားစြာၾကာေအာင္ တ႐ုတ္အရာရွိဟာ စိန္ေခၚတဲ့ေလသံနဲ႔ေျပာခဲ့ေပမယ့္ ညႇိႏႈိင္းစားပြဲကို လာဖို႔လုပ္တဲ့ အခါမွာေတာ့ အေမရိ ကန္က သူတို႔အေပၚေကာက္ခံထားတဲ့ အခြန္အားလုံးကို ဖယ္ရွားေပးဖို႔ ေတာင္းဆိုခဲ့တယ္။ တိုးတက္မႈ ဟာ မေမွ်ာ္လင့္ထားတဲ့အရာတစ္ခုျဖစ္လာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ အပတ္ကတင္ပဲ အေမရိကန္ ဘ႑ာေရး ဝန္ႀကီးက ေဆြးေႏြးပြဲေတြရဲ႕ရည္မွန္းခ်က္ဟာ “တင္းမာမႈေလွ်ာ့ခ်ေရး”သာ ျဖစ္ၿပီး ထရမ့္ရဲ႕ အခြန္မူဝါဒ စတင္ခ်ိန္ကတည္းက အေမရိကန္နဲ႔ တ႐ုတ္တို႔ဟာ လက္ေတြ႕အားျဖင့္ အေျခအေန တင္းမာေနခဲ့တာ ေၾကာင့္ “ႀကီးမားတဲ့ ကုန္သြယ္ေရး သေဘာတူညီခ်က္” မျဖစ္ႏိုင္ဘူးလို႔ ယုံၾကည္ထားခဲ့တာပါ။ ၿခဳံၾကည့္ ရင္ ညႇိႏႈိင္းမႈေတြဟာ ထရမ့္ရဲ႕ ပထမသက္တမ္းတုန္းက ျဖစ္ခဲ့သလိုပဲ လေပါင္းမ်ားစြာ ၾကာျမင့္ႏိုင္တယ္ လို႔ ေမွ်ာ္လင့္ရတယ္။
ယခင္ကလည္း ႏွစ္ႏွစ္နီးပါး အျပန္အလွန္ အခြန္ေကာက္ခံမႈေတြျပဳလုပ္ခဲ့ၿပီးေနာက္ အေမရိ ကန္နဲ႔ တ႐ုတ္တို႔ဟာ (၂၀၂၀) ျပည့္ႏွစ္ အေစာပိုင္းမွာ အခြန္တခ်ိဳ႕ကို ရပ္ဆိုင္းတာ ဒါမွမဟုတ္ ေလွ်ာ့ခ်ဖို႔ အတြက္ “အဆင့္တစ္” သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ၾကတယ္။ အဲဒီအခ်ိန္တုန္းကေတာင္ တ႐ုတ္အစိုးရရဲ႕ အဓိက စက္မႈလုပ္ငန္းေတြအတြက္ ေထာက္ပံ့ေငြေတြ ဒါမွမဟုတ္ က်န္ရွိေနတဲ့ အခြန္ ေတြကို ဖယ္ရွားဖို႔ အခ်ိန္ဇယားလိုမ်ိဳး ပိုၿပီးခက္ခဲတဲ့ ကိစၥရပ္ေတြ မပါဝင္ခဲ့ဘူး။
အမွန္တကယ္ေတာ့ အဲဒီအခြန္အမ်ားစုဟာ ဂ်ိဳးဘိုင္ဒန္ရဲ႕ သမၼတသက္တမ္းတစ္ေလွ်ာက္လုံး ဆက္လက္တည္ရွိခဲ့ၿပီး ထရမ့္ရဲ႕ ေနာက္ဆုံးအခြန္ေတြက အရင္အခြန္ေတြအေပၚမွာ ထပ္တိုးလာတာ ျဖစ္တယ္။ ဒီတစ္ႀကိမ္မွာ ေပၚေပါက္လာႏိုင္တာကေတာ့ “စတီး႐ြိဳက္ထိုးထားတဲ့ အဆင့္တစ္ သေဘာ တူညီခ်က္” ျဖစ္ႏိုင္တယ္လို႔ မစၥတာအိုလ္ဆင္က ေျပာပါတယ္။ ဆိုလိုတာက အဲဒါဟာ အရင္သေဘာ တူညီခ်က္ထက္ ပိုက်ယ္ျပန႔္ၿပီး ျပႆနာျဖစ္ႏိုင္တဲ့အခ်က္ေတြကို ေျဖရွင္းဖို႔ ႀကိဳးစားပါလိမ့္မယ္တဲ့။ ဝါရွင္တန္က တ႐ုတ္ကို ပိုမိုတင္းၾကပ္စြာ အေရးယူေစလိုတဲ့ တရားမဝင္ ဖန္းတနယ္လ္ ကုန္သြယ္မႈ ကေန ေပက်င္းရဲ႕ ေမာ္စကိုရဲ႕ ဆက္ဆံေရးအထိ ျပႆနာအမ်ားအျပား ရွိေနပါေသးတယ္။
ဒါေပမဲ့ အဲဒါေတြအားလုံးဟာ အေဝးႀကီးမွာပဲ ရွိပါေသးတယ္။ အေမရိကန္-တ႐ုတ္ ကုန္သြယ္ ဆက္ဆံေရးကို ဒုကၡေပးေနတဲ့ ပြတ္တိုက္မႈေတြကို ခ်က္ခ်င္းႀကီး ေျဖရွင္းႏိုင္ေသးမွာ မဟုတ္ပါဘူး။ တင္းမာေနရာကေန ခဏတာ ရပ္တန႔္သြားတာမ်ိဳးျဖစ္ တယ္။ တည္ၿငိမ္တဲ့ကုန္သြယ္ဆက္ဆံေရးျဖစ္ဖို႔ ေတာ့ အခ်ိန္အေတာ္ၾကာေဆြးေႏြးရဦးမွာျဖစ္သလို ကံမေကာင္းရင္ ထရမ့္ရဲ႕ ဒုတိယသက္တမ္းတစ္ ေလွ်ာက္လုံး အေမရိကန္-တ႐ုတ္ကုန္သြယ္ေရး စစ္ပြဲႀကီး ဆက္ရွိေနဦးမွာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.